Saturday, April 30, 2016

ရူးသွပ်စွာ ပျံသန်းခဲ့သူ

မှတ်စုကြမ်း
 
ထရပ်ကားမောင်းတဲ့ လယ်ရီဝေါ်လ်တာ ဟာ အားလပ်ချိန်တိုင်း သူ့အိမ်နောက်ဖေး မှာ ကုလားထိုင် တစ်လုံးချလို့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး လေပေါ် မှာ ပျံဝဲနေလေရဲ့ လို့ စိတ်ကူးယဉ်နေလေ့ ရှိပါတယ်။
တကယ်တော့ လယ်ရီဟာ ငယ်ငယ်လေး ကထဲက လေယာဉ် ပိုင်းလော့ အလွန် ဖြစ်ချင်သူ ဖြစ်ပါတယ်။ ကောင်းကင်ကနေ ကမ္ဘာမြေကြီး ကို လှမ်းကြည့်လိုက်ရရင်တော့ သိပ်ကောင်းမယ် ဆိုတဲ့ အတွေးကို ရူးသွပ်သူ တစ်ယောက် ဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်ပိုင်းလော့ ဖြစ်ဖို့ သင်တန်းလည်း မတက်နိုင်။ အခွင့်အရေးကလည်း မရှိတော့ လယ်ရီဝေါ်လ်တာ တစ်ယောက် ဒီအတိုင်းလေးပဲ စိတ်ကူးယဉ် နေရတာပေါ့။
သူ့ အိမ်နောက်ဖေးကနေ ဖြတ်သွားသူတိုင်းကလည်း လယ်ရီ့ကို ရူးကြောင်ကြောင် လူတစ်ယောက်လို့ သတ်မှတ်ထားကြပြီလေ။

 
ဒါပေမယ့် တစ်နေ့မှာတော့ လယ်ရီတီဗီမှာ ပါလာတာကို သူတို့တတွေ အံ့အားသင့်စွာ မြင်လိုက်ကြရတယ်။ ဒီ့ထက် ပိုအံ့အားသင့်စရာ ကောင်းတာက လယ်ရီဟာ လေပေါ်မှာ ပျံနေခဲ့ခြင်းပဲ ဖြစ်တယ်။
ဟီလီယမ်ဓာတ်ငွေ့ ဖြည့်ထားတဲ့ မိုးပျံပူဖောင်း အကြီးစားကြီးတွေ နဲ့ သူထိုင်နေကျ ကုလားထိုင်ကို ချိတ်ဆွဲလို့ တကယ့်ကို ဟိုးအမြင့်ဆုံး ကောင်းကင်ထက်မှာ လယ်ရီဟာ ပျံသန်းနေတယ်။
သူ့ကျောမှာ လေထီးလို့ယူဆရတဲ့ အိတ်တစ်ခုကို လွယ်ထားပြီးတော့ ရေဒီယိုတစ်လုံး၊ ဘီယာဘူး အချို့နဲ့ အသားညှပ်ပေါင်မုန့် အနည်းငယ် ရယ်ကို ကိုင်ထားတဲ့အပြင် လေပူဖောင်းတွေ လေလျှော့ ချဖို့ လေသေနတ် တစ်လက်ကိုပါ အရံသင့် ခါးကြား ထိုး ထားလေရဲ့။
ဒီလိုနဲ့ နောက်ဆုံးမှာ ရဲတွေက ဝိုင်းအော်ဟစ်ပြီး ပြန်ဆင်းခိုင်းတော့မှ လယ်ရီဟာ ပူဖောင်းတွေကို ဖောက်ရင်း ပြန်ကျလာတယ်။ အောက် ရောက် တဲ့အခါ စာနယ်ဇင်းသမားတွေက ဒီလောက် အမြင့်ကြီး တက် သွားတာ မကြောက်ဖူးလား မေးတော့ တာပေါ့။
ဒီတော့ လယ်ရီက ရိုးရိုးသားသားပဲ အရမ်းကြောက် ကြောင်း ဖြေခဲ့ တယ်။ ကြောက်တတ်တာများ ဘာလို့ လျှောက်လုပ် နေသေးလဲ လို့ စာနယ်ဇင်းသမားတွေက ထပ်မေးတယ်။
လယ်ရီက တစ်ခွန်းထဲ ပြန်ဖြေခဲ့တယ်။ "ဟ..! ထိုင်ပြီး စိတ်ကူးယဉ် နေလို့ ကျုပ် မိုးပေါ် မရောက်ဖူးလေ! ကြောက်တာနဲ့ပဲ အိပ်မက်ကို စွန့်လွှတ်ရမတဲ့လား!" တဲ့။
ကျွန်တော်တို့တွေ လယ်ရီဝေါ်လ်တာ လို စိတ်မမွေး ခဲ့လို့ ဘဝမှာ လိုချင် ဖြစ်ချင် တာတွေ ဘယ်နှစ်ခုများ လက်လွှတ်ခဲ့ကြ ပြီးပြီလဲဗျာ။ တွေးမိကြလား။
- မှတ်စုကြမ်းမှ ပြုစုရေးသားသည်။
 ‪#‎kyawnge‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...