Thursday, April 7, 2016

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၄)

သစ်ထူးလွင်


Posted: 07 Apr 2016 06:54 AM PDT
နေပြည်တော် ဧပြီ ၇ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာထူထောင်နိုင်ရေး၊ အုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်ရေးနှင့် အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး တို့ အတွက် ကနေဒီယန်ဒေါ်လာ (၄၄)သန်း ကူညီထောက် ပံ့ပေး သွားမည်ဟု ကနေဒါနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ စတီဗင်ဒီရွန်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
Posted: 07 Apr 2016 05:59 AM PDT
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ဟာ ပြည်သူလူထု က ရွေးကောက် တင်မြှောက် လိုက်တဲ့ လက်ရှိအစိုးရရဲ့ ဦးစားပေး လုပ်ငန်းတခု ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ကျင့်သုံးသွားမယ်လို့ ပြောလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီကနေ့ ဧပြီလ ၇ ရ
Posted: 07 Apr 2016 05:10 AM PDT
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်နဲ့ လာရောက်တွေ့ဆုံတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ ကတိပြုပြောကြားသွားပါတယ်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ကမ်းလှမ်းချက်ကိုတော့ မြန်မာအစိုးရသစ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကလည်း ကြိုဆိုခဲ့ကြတာ
Posted: 07 Apr 2016 04:53 AM PDT
(ဓာတ်ပုံ-၀န်ကြီးရာထူးကို လက်ခံသော ရမ်းဗြဲ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင်/ ဓာတ်ပုံ- နိရဉ္စရာ) နိရဉ္စရာ၊ ဧပြီ ၇ NLD မှ ကမ်းလှမ်းသော ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးနေရာကို လက်ခံပါက ထိထိရောက်ရောက် အရေးယူမည်ဟု ရခိုင်အမျိုးသားပါတီ ( ANP) က သတိပေးထားသည့်ကြားမှ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူးရေး၊
Posted: 07 Apr 2016 04:42 AM PDT
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒမတ်စကတ်မြို့ အစွန်အဖျားဒေသ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)     ဒမတ်စကတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)     IS စစ်သွေးကြွ အဖွဲ့သည် ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေ စက်ရုံမှ ဆီးရီးယား အလုပ်သမား ဝန်ထမ်း ၃၄၄ ဦး အား ပြန်ပေးဆွဲ ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရကြောင်း အစိုးရအား ထောက်ခံသည့် Sham FM က ဧပြီလ ၆ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ IS စစ်သွေးကြွများသည် မြို့တော် ဒမတ်စကတ် အရှေ့မြောက်ပိုင်း
Posted: 07 Apr 2016 04:39 AM PDT
အိန္ဒိယနိုင်ငံ Telangana ပြည်နယ်တွင် ပူးပြင်းသော နေရောင်အောက်၌ သွားလာနေကြသော ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)     နယူးဒေလီ ၊ ဧပြီ ၇ ရက် ( ဆင်ဟွာ )     အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်တွင် ပြီးခဲ့သော ရက်ပိုင်းက ကျရောက်ခဲ့သည့် ပြင်းဒဏ်သော အပူလှိုင်း ဒဏ်ကြောင့် လူပေါင်း ၇ဝ ဦးသေဆုံးကြောင်း အိန္ဒိယ အစိုးရအကြီးတန်း အရာရှိတစ်ဦးက ဧပြီ ၇ ရက်တွင် ပြောကြားလိုက်သည်။ “ အခုချိန်ထိ အပူ
Posted: 07 Apr 2016 04:31 AM PDT
ဓါတ်ပုံ (မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို လားရှိုးဆေးရုံမှာ ဒီကနေ့ တွေ့ရစဉ်) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအုပ်စု တဇီရွာမှာ လက်ဖက်ခူးရင်း မိုင်းနင်းမိတာကြောင့် ရွာသူအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရပြီး လားရှိုးမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ မနေ့က နေ့လယ် ထမင်းစားနားပြီး လက်ဖက်ခူးနေစဉ်မှာ မိုင်းနင်းမိတာဖြစ်တယ်လို့  ထိခိုက်ဒဏ်ရာရသူတွေ
Posted: 07 Apr 2016 04:29 AM PDT
လယ်ယာမြေပြဿနာတွေမှာ တရားမျှတမှုရှိစေဖို့အတွက်ဆိုပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာ ဒေသခံ ၁၀၀ လောက်က ရပ်စောက်မြို့တော်ခန်းမရှေ့ကနေ လွတ်လပ်ရေးကျောက်တိုင်အထိ ဒီနေ့မနက်က လမ်းလျှောက်ပြီး တောင်းဆိုကြပါတယ်။ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေကိစ္စတွေကို သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးစိန်ဝင်း က ပြောပါတယ်။ အဲ့ဒီ
Posted: 07 Apr 2016 04:22 AM PDT
ဝါရှင်တန်ပို့စ် နယူးဒေလီ၊ ဧပြီ-၇ ရဲတပ်ဖွဲ့က ဧပြီလ ၇ရက်နေ့က ပြောကြားချက်အရ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် တိုက်ခိုက်သူ သုံးယောက်က ကျောင်းသားတစ်ယောက်အား ဘင်္ဂလားဒေ့ရှ်မြို့တော်တွင် သူငယ်ချင်းတစ်ယောက်နှင့် လမ်းလျှောက်နေစဉ် ကန်ကျောက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်ဟု ဆိုသည်။ အစ္စလာမ်အစွန်းရောက်များက အနည်းဆုံး ဘလော့ဂါနှင့် စာအုပ်ထုတ်ဝေသူ ၅ယောက်ကို သတ်ဖြတ်ခဲ့သည့် ယမန်နှစ်က အလားတူတိုက်ခိုက်မှု တစ်သီတစ်တန်ြး
Posted: 07 Apr 2016 04:17 AM PDT
အင်ဒိုနီးရှားနာမည်ကျော်အဆိုတော် အသက် ၂၉နှစ်အမျိုးသမီးမစ်အိရာမီ ဘူလေသည် သီချင်းဆိုရင်း ပရိတ်သတ်များ ဆွဲဆောင်မှုရှိအောင် သူမ၏မွေဟောက်ကိုပါ ရှိုးပြသခဲ့ပါတယ်။ ပြသနေရင်း မတော်တဆခလုတ်တိုက်မိပြီး မြွေဟောက်အမြီးကို နင်းမိကာ မြွေဟောက်စိတ်ရိုင်းဝင်ပြီး သူမ၏ပေါင်ကို ကိုက်လိုက်ပါတယ်။ ဆေးရုံးဆေးခန်းလည်းသွားမပြ မြွေအဆိပ်ပြေဆေးလည်းမထိုးပဲ ရှေ့ဦးသူနာပြု အနည်းငယ်လုပ်ကာ ဆွဲမလျှော့တမ်းပဲ သီချင်းကိုပြီးအောင်ဆက်
Posted: 07 Apr 2016 04:03 AM PDT
ရန်ကုန် ဧပြီ ၇ ဒီမိုကရေစီ ပညာရေးသပိတ်မှ ဖမ်းဆီးခံထားရသည့် ကျောင်းသားများအနေဖြင့် ဒီမိုကရေစီနည်း ကျကျဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွတ်ငြိမ်းချမ်းသာခွင့်ထက် ပိုမိုလိုလားကြောင်း ဖမ်း ဆီးခံ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ယနေ့လှိုင်မြို့နယ်တရားရုံးတွင် ပြုလုပ်သည့် ရုံးထုတ်စစ်ဆေးမှု အပြီးတွင် ပြောကြားခဲ့သည်။ "ဒီမိုကရေစီ နည်းကျတဲ့ အခြေခံဥပဒေဆိုရင် နိုင်ငံရေး အကျ
Posted: 07 Apr 2016 03:58 AM PDT
နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူ များ ပြစ်မှုမှ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ နိုင်ငံရေး အကျဉ်းသားများ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံေ
Posted: 07 Apr 2016 03:47 AM PDT
၂၀၁၆ခုနှစ် ဧပြီလ ၇ရက်နေ့Global Timeသတင်းအရ ဗြိတိန်နိုင်ငံ ဆောက်သမ်တန်တွင် ညီအကိုနှစ်ယောက် သည် မိခင်အရင်းအားအက်စစ်နှင့်ပတ်ပြီး ၁နာရီအတွင်းတွင် လုံခြုံရေး ကင်မရာတွင် သူငယ်ချင်းနှင့် လက်ဝါး ရိုက်အောင်ပွဲခံနေပုံအားတွေ့မြင်ခဲ့ရသည်။  ညီဖြစ်သူ Billy Midmore ၂၂နှစ်နှင့် အကိုဖြစ်သူ Geoffrey Midmore ၂၆နှစ်တို့ကို ရဲမှဖမ်ဆီးခဲ့ပြီးပြင်းထန်စွာထိခိုက်စေမှုနှင့် အမှုဖွင့်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။  
Posted: 07 Apr 2016 03:31 AM PDT
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး အားလက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)     နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)     မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးတို့ ယနေ့ နံနက်တွေ့ဆုံစဉ် အချက်လေးချက်ကို သံတမန် နည်းအရ သဘောတူခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တွေ့ဆုံပွဲ အပြီးတွင် မီဒီယာများသို့ ပြောကြားသည်။ ပထမ
Posted: 07 Apr 2016 03:27 AM PDT
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Hon. Stephane Dion တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)     နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)     ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအတွက် ကန်ဒေါ်လာ ၈သန်း စတင် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ ကနေ
Posted: 07 Apr 2016 03:25 AM PDT
ကနေဒါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ ဧပြီလ ၇ ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းစဉ်။ Photo: Win Ko Ko Latt/RFA မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရကို ထောက်ခံတဲ့အနေနဲ့ ကနေဒါနိုင်ငံက အမေရိကန်ဒေါ်လာ ၄၄ သန်းကူညီမယ် လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion က ပြောပါတယ်။ ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့
Posted: 07 Apr 2016 03:20 AM PDT
ဇလုံတောင် ဗန်းမောက် ဧပြီ ၇ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဇလုံတောင် ဘုရားဖူးယာဉ်တစ်စီးသည် ဧပြီ ၇ ရက် နံနက် ၆ နာရီခွဲက ဗန်းမောက်မြို့မှ ၉ မိုင် ၃ ဖာလုံ အကွာတွင် တိမ်းမှောက်မှုဖြစ်ခဲ့ရာ ခရီးသည်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယာဉ်မှာ ထွန်ကုံးခြောက်ဘီး ဖြစ်၍ ခရီးသည်၂၁ ဦးကို တင်ဆောင် ကာတောင်ပေါ်မှအဆင်းတွင် ဘရိတ် ပေါက်၍ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဗန်းမောက်မြို့နယ် ဇလုံတောင်
Posted: 06 Apr 2016 08:40 PM PDT
Update 7April 2016 လူဦးရေ သန်းပေါင်း၁၀၀ နေထိုင်နေတဲ့ အိန္ဒိယ နိုင်ငံ ဘီဟာ ပြည်နယ် မှာ အရက်မရောင်းရ ဥပဒေ စတင်ပြဌန်း လိုက်ကြောင်း သိရပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး Nitish Kumar နတစ်ကူမာ က ရွေးကောက်ပွဲကာလမှာ သူကတိပေးခဲ့အတိုင်း စတင် အကောင်အထည် ဖေါ်လိုက်တာပါ။ အရက်ကြောင့် မိသားစု ဘ၀တွေပျက်ပြီး လူငယ်တွေက ပိုရိုင်းဆိုင်းလာတယ်။ အရက်ပြင်းတွေ က လူစိတ်ကို ထိမ်းမရတော့ပဲ မှုခင်းတွေ များလာပါတယ်။ ကျန်းမာေ
Posted: 06 Apr 2016 08:26 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ်ကို ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျုးတဲ့အကြောင်း ဧပြီလ ၆ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသစ် ဦးထင်ကျော်တို့ကို တယ်လီဖုန်းဆက် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်ဘက်က ဦးဆောင်တဲ့ အစိုးရတရပ်ထံ ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းပေးတဲ့ သမိုင်းဝင်ဖြစ်ရပ်အတွက်
Posted: 06 Apr 2016 08:26 PM PDT
အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်မှာ အင်္ဂါနေ့က ကျင်ပခဲ့တဲ့ Republican ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်မှုမှာ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz က ပါတီတွင်း ရှေ့ကပြေးနေတဲ့ Donald Trump ကို အပြန်အသတ် အနိုင်ရလိုက်တဲ့အတွက် ပါတီညီလာခံ ကျင်းပတဲ့အချိန် သမ္မတကိုယ်စားလှယ်လောင်းကို အစကနေ ပြန်လည် ရွေးချယ်ရမယ့် ကြုံတောင့်ကြုံခဲ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရမယ့် အလားအလာ ပိုများလာနေပါတယ်။ အချိန်
Posted: 06 Apr 2016 08:17 PM PDT
ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ယခင်ပြည်နယ်အစိုးရ ညွှန်ကြားချက်အတိုင်း ဧပြီ လဆန်းပိုင်းမှစတင်ကာ ဒေသအာဏာပိုင်များက ဦးဆောင်၍ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်ပြည်နယ် ဖားအံခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က ဧပြီ ၅ ရက်နေ့တွင် ပြောသည်။ ၎င်းက “လိုင်စင်မဲ့ယာဉ်ဖမ်းတာနဲ့ပတ်သက်ပြီး အစိုးရအသစ်ကတော့ ဖွဲ့စည်းမှုမပြီးသေးတဲ့အတွက် ဘာမှ
Posted: 06 Apr 2016 08:06 PM PDT
ရန်ကုန် ဧပြီ ၆ ရက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စည်မော်ရွာတွင် ယနေ့ နံနက်၁၀ နာရီခန်က ဓညဝတီရေတပ်စခန်းမှ စစ်ကားတစ်စီး တိုက်၍ ၃ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။ သေဆုံးသွားသူ မိန်းကလေးငယ်မှာ စည်မော်ရွာမှ ဦးကျော်စွာမင်းရဲ့ သမီး ပွင့်နဒီမောင် (၃) နှစ်ဖြစ်ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ အတည်ပြု ပြောကြားသည်။ "ဓညဝတီရေတပ်စခန်းက ကားပျက်လို့ တွန်းယင်းနဲ့ မတော်တဆ တိုက်မိ
Posted: 06 Apr 2016 07:57 PM PDT
ဒီသီတင်းပတ်ထဲမှာ ထွက်ပေါ်လာတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသမားတွေ၊ ချမ်းသာကြွယ်ဝသူတွေ၊ ကျော်ကြားသူတွေ ပါဝင်တဲ့ စာရင်း စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲလောက်ကို ကွန်ပြူတာ ဖောက်ထွင်းသူ ဟက်ကာတွေက ခိုးယူခဲ့တာဖြစ်ပြီး သူတို့ရုံးထဲက လူတွေကြောင့် ပေါက်ကြားတာ မဟုတ်ဘူးလို့ Panama က ဥပဒေအကျိုးဆောင်အဖွဲ့က ပြောပါတယ်။ Mossack Fonseca လို့ခေါ်တဲ့ Panama က ဥပဒေအကျိုးဆောင်အဖွဲ့ကို တည်ေ
Posted: 06 Apr 2016 07:56 PM PDT
Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ ပါဝင်သူတွေဟာ တရားဥပဒေ ချိုးဖောက်ရာ ရောက်မရောက် သေသေချာချာ မပြောနိုင်ပေမဲ့ ဒါဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလ
Posted: 06 Apr 2016 07:56 PM PDT
Iceland ဝန်ကြီးချုပ် Sigmundur David Gunnlaugsson က သူဟာ သတင်းတွေထဲ အရင်ဖော်ပြခဲ့သလို နှုတ်ထွက်တာမဟုတ်ဘဲ သူ့ပါတီက ဒုတိယအကြီးအကဲကို အချိန်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ဖို့ပဲ အကြံပြုခဲ့တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကြေညာချက်ကို အင်္ဂါနေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ Progressive ပါတီရဲ့ အကြီးအကဲအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေမှာ ဖြစ်ကြောင်း ဆက်ပြီး ဖော်ပြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...