Thursday, April 14, 2016

နိုင်ငံ့ဝန်ထမ်း လစာတိုးရေး လေးချက် အခြေခံ

စီးပွားရှင်

၁) နိုင်ငံဝန်ထမ်းများ လစာတိုး သမိုင်း
က၊ ၁၉၇၂ ခုနှစ်၊အောက်တိုဘာလ(၁)ရက်။
ထိုအချိန်က အောက်ခြေ ဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၁၀၀ ကျပ် ဖြစ်သည်။

ခ၊ ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁)ရက်။
၁၉၇၂ခုနှစ်မှ ၁၇ နှစ်အကြာ တွင် အောက်ခြေ ဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၄၅၀ ကျပ်ဖြစ်သည်။

ဂ၊ ၁၉၉၃ ခုနှစ်၊ ဧပြီလ (၁)ရက်။
၁၉၈၉ ခုနှစ်မှ နောက်(၄) နှစ် အကြာတွင် အောက်ခြေဝန်ထမ်း တစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၆၀၀ ကျပ်ဖြစ်သည်။
ဃ၊ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ(၁)ရက်။
၁၉၉၃ ခုနှစ်မှ (၇)နှစ် အကြာ တွင် အောက်ခြေဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၃၀၀၀ ကျပ်ဖြစ်သည်။
င၊ ၂၀၀၆ ခုနှစ်၊ မတ်လ (၂၄)ရက်။
၂၀၀၀ပြည့်နှစ်မှ (၆)နှစ် အကြာ တွင် အောက်ခြေဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၁၅၀၀၀ ကျပ်ဖြစ်သည်။
စ၊ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်။
၂၀၀၆ခုနှစ်မှ နောက် (၄)နှစ်အကြာတွင် အောက်ခြေဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၃၅၀၀၀ကျပ်ဖြစ်သည်။
ဆ၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ(၁)ရက်။
၂၀၁၀ပြည့်နှစ်မှ နောက်(၃)နှစ် အကြာတွင် အောက်ခြေဝန်ထမ်း
တစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၅၅၀၀၀ကျပ်ဖြစ်သည်။
ဇ၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ(၄)ရက်။
၂၀၁၃ခုနှစ်မှ နောက်(၁)နှစ် အကြာတွင် အောက်ခြေဝန်ထမ်းတစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။
ဈ၊ ၂၀၁၅ ခုနှစ်၊ မတ်လ(၂၅)ရက်။
၂၀၁၄ ခုနှစ်မှ နောက်(၁)နှစ် အကြာ တွင် အောက်ခြေဝန်ထမ်း တစ်ဦး ဖြစ်သည့် ရုံးအကူ တစ်ဦး၏လစာမှာ ၁၂၀၀၀၀ ကျပ်ဖြစ်သည်။
ယင်းသို့ လစာတိုးမြှင့်ပေးခဲ့သည့် အခြေအနေများကို လေ့လာကြည့်ပါက အနည်းဆုံးတိုးပေးခဲ့သည့်အချိန်မှာ ၁.၄.၁၉၈၉ ခုနှစ်မှ ၁.၄.၁၉၉၃ ခုနှစ်တွင် ဖြစ်ပြီး တိုးပေးသည့် ပမာဏမှာ ၁၅၀ ကျပ်ဖြစ်သည်။
အများဆုံးတိုးပေးခဲ့သည့် အချိန်မှာ ၁.၄.၂၀၀၀ ခုနှစ်မှ ၂၄.၃.၂၀၀၆ ခုနှစ်တွင်ဖြစ်ပြီး(၃၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်တိုးပေးခဲ့သည့်အတွက် လစာ၏ (၅)ဆအထိ တိုးမြှင့်ပေးခဲ့သည်။ လစာတိုးပေးခဲ့ သည့်အကြိမ်အရေအတွက် (၈)ကြိမ် ရှိပြီ ဖြစ်သည်။

၂) နိုင်ငံ့ဝန်ထမ်းလစာတိုးမြှင့်ပေးရေးတွင် အစိုးရအနေဖြင့် အခြေခံသည့် အချက်များ
နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေ အား ပြည်သူ့ဘဏ္ဍာရန်ပုံငွေမှ ခွဲဝေကျခံ သုံးစွဲရခြင်းကြောင့် လစာတိုးမြှင့်မှု အတွက် သုံးစွဲကုန်ကျမည့်ငွေကြေး ပမာဏကို နိုင်ငံတော်ကကျခံသုံးစွဲနိုင်ခြင်း ရှိ၊ မရှိ၊ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက်သာမက နှစ်စဉ် စဉ်ဆက် မပြတ်ကျခံသုံးစွဲနိုင်ခြင်း ရှိ၊ မရှိ၊
နိုင်ငံ့ဝန်ထမ်းလစာ တိုးမြှင့်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ယခင်က ဖြစ်ခဲ့ဖူးသည့် ကုန်စည်ဈေးနှုန်း မြင့်တက်ခြင်း၊ ပြည်သူလူထု မဖြစ်မနေသုံးစွဲရသည့် အခြေခံစားကုန်ဈေးနှုန်း မြင့်တက် လာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်း။
နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပြီး လစာနှုန်းထား တိုးမြှင့် ပေးသကဲ့သို့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် စက်ရုံ အလုပ်ရုံများမှ ဝန်ထမ်း၊ အလုပ်သမားများ၏ လုပ်ခလစာကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ပုဂ္ဂလိက ကဏ္ဍအပေါ် အကျိုးသက်ရောက်မှု။
နိုင်ငံ့ဝန်ထမ်းလစာအတွက် နိုင်ငံတော်၏ဘဏ္ဍာ ရန်ပုံငွေမှ သာမန်အသုံး စရိတ်အဖြစ်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု များအတွက် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ်လည်းကောင်း ကျခံသုံးစွဲလျက်ရှိရာ နိုင်ငံ့ဝန်ထမ်း လစာတိုးမြှင့် သုံးစွဲမှုကြောင့် ပြောင်းလဲဖြစ်ပေါ်လာမည့် သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အနေအထား
နိုင်ငံတော်၏ လက်ရှိဘဏ္ဍာရေးအခြေအနေ၊ ငွေရေးကြေးရေး အခြေအနေ။

၃) လစာတိုးမြှင့်ပေးရေးရာတွင် ထည့်သွင်းစဉ်းစားသင့်သော အချက်များ
က၊ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဈေးကွက်မှ တစ်ဆင့်
ငွေတိုက်စာချုပ်များ ရောင်းချခြင်း နှင့်ရောင်းချမည့် ငွေတိုက်စာချုပ်များတွင် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့ အစည်းများမှ ရင်းနှီးမြှုပ်နှံ ရန်အတွက်
ဆွေးနွေးညှိနှိုင်းခြင်း၊ ထိုသို့ ညှိနှိုင်းမှုမဖြစ်နိုင်ပါက ငွေတိုက် စာချုပ် ရောင်း ချသည့် ဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုနိုင်ရန်အလို့ငှာ လိုအပ်သော နည်းဥပဒေများ ပြင်ဆင်ရန်။
ခ၊ ODA (Official Development Assistance) ရရှိမည် ဆိုပါက ရရှိမည့်ငွေကို အနာဂတ် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု စီမချက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်မှ ယင်းစီမံချက်များအတွက် ကျခံရမည့် အသုံးစရိတ်ကို ဖြတ်တောက်နိုင် မည် ဖြစ်။ ယင်းသို့ ဖြတ်တောက်လိုက်သည့် အသုံးစရိတ်များကို ဝန်ထမ်းလစာတိုးမြှင့်ရာမှာ ပြန်လည် အသုံးချနိုင်။
ဂ၊ လက်ရှိအနေအထားနှင့် လိုက်လျောညီထွေဖြစ်သည့် အခွန်းနှုန်း နိမ့်နိမ့်ဖြင့် အခွန်အခြေခံ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံသည့် နည်းစနစ် အသစ်ကိုလည်းဆောင်ရွက်သင့်။
ဃ၊ နိုင်ငံဝန်ထမ်းများရဲ့ လုပ်ခ၊ လစာနှုန်းများကို တိုးမြှင့်ပေးသဖြင့် လိုအပ်လာမယ့် ငွေအတွက် ငွေစက္ကူ ရိုက်နှိပ်ခြင်းဖြင့် ဆောင်ရွက်မည် ဆိုပါက ငွေကြေးဖောင်းပွခြင်းနှင့် အခြားသော မေခရို စီးပွားရေး မတည်ငြိမ်မှု များပေါ်ပေါက်လာနိုင်ပါသဖြင့် ငွေစက္ကူ ရိုက်နှိပ်ခြင်းကို ရှောင်ရှားသင့်။

၎) ကြိုတင်ဆောင်ရွက်ထားရမည့်အချက်များ
က၊ အစိုးရမှကျခံနေရသည့်အသုံးစရိတ်များမှ မလိုအပ်သည့် အသုံးစရိတ်များကိုလျှော့ချနိုင်မည့်နည်းလမ်းရှာဖွေရန်။
ခ၊ တိုးတက်ဖြစ်ပေါ်လာမယ့် အသုံးစရိတ်များကျခံသုံးစွဲနိုင်ရန် ဝင်ငွေရရှိနိုင် မည့် နည်းလမ်းများကို ကြိုတင် လျာထားစဉ်းစားရန်၊ (ဥပမာအားဖြင့် သဘာဝဓာတ်ငွေ့များ ရောင်းချခြင်းမှ ဝင်ငွေ တိုးတက်ရရှိခြင်း (သို့မဟုတ်) အခွန်စနစ်ပြုပြင်ပြောင်းလဲမှုပြုလုပ်ပြီးနောက် အခွန်ရငွေတိုးမြင့်လာခြင်း။
ဂ၊ နို်င်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားစေရန်နှင့် နိုင်ငံခြား မှ ထောက်ပံ့ငွေ၊ အတိုးနှုန်း သက်သာသော ချေးငွေများပါဝင်သည့် ထိရောက်သော ပြည်ပအကူအညီများ တိုးတက်လာအောင်ဆောင်ရွက်ရန်။
ဃ၊ ပေးချေရန်ရှိသောကြွေးမြီများအားဦးစားပေးအစီအစဉ်အလိုက် လျာထားပေးဆပ်ရန်။
င၊ အစိုးရငွေတိုက်စာချုပ်များထုတ်ဝေရောင်းချခြင်းကို အလေးထားဆောင် ရွက်ရန်နှင့် ငွေတိုက်စာချုပ်များ ရောင်းဝယ် သည့် ဈေးကွက်အား ဖွံ့ဖြိုးတိုး တက်စေမည့် ဆောင်ရွက်မှုများ ပြုလုပ်ရန်။
စ၊ အစိုးရအသုံးစရိတ်များသည့် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် တာဝန်ယူမှု ရှိစေရန်။

နိုင်ငံပိုင်သတင်းစာပါ “မြင့်ကျော် (ဇလွန်”၏ “ခေတ်အဆက်ဆက် နိုင်ငံ့ဝန်ထမ်းများ လစာတိုးပေးမှုနှင့် ပူပူနွေးနွေး ဒီမိုကရေစီ အစိုးရ”ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်- စီးပွားရှင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...