Thursday, January 7, 2016

မဆူညံလျှင်မြန်မာမဟုတ် သရ၀ဏ်(ပြည်

Tharawon Pyay

ကျွန်တော်သည် လက်ဘက်ရည်သောက်မည်ဟု လမ်းထိပ်မှထွက်လာပြီး မြောက်ဥက္ကလာ သုနန္ဒာလမ်းအတိုင်းလျှောက်လာခဲ.ရာ တစ်ရပ်ကွက်လုံးသည်လမ်းထိပ်တိုင်းတွင် အသံချဲ.စက်များနှင်. အပြိုင်အဆိုင် သီချင်းများဖွင်.နေကြပေသည် ။ လမ်းတစ်လမ်းတွင်တောင်ဘက်ခြမ်းမြောက်ဘက်ခြမ်းဟူ၍ရှိရာ တောင်ဘက်ခြမ်းက အသံချဲ.စက်နှင်.ဆောင်းဘောက်များ ဆယ်လုံးဆယ်.ငါးလုံးခန်. ၊ မြောက်ဘက်ခြမ်းက ဆောင်းဘောက်များ ဆယ်.ငါးလုံးခန်. တစ်ဖွဲ.နှင်.တစ်ဖွဲ. ဆယ်.ငါးပေလောက်သာခွာ၍ အသံချဲ.စက်စစ်ပွဲကြီးဆင်နွှဲနေကြရာ (၇)လမ်းမှ (၁၅)လမ်းအထိ လမ်းတိုင်းလမ်းတိုင်းမှ သီချင်းများသည် ဆူညံပွက်၍ပေါင်းစည်းကာ နားစည်အတွင်းသို.ရောယှက်လုံးထွေး တစ်ပြိုင်နက်ထဲနားကွဲမတတ် ၀င်ရောက်လာကြသည်မှာအောက်ပါ အတိုင်းဖြစ်၏ ။
“ စပယ်ပွင်.လေးခေါင်းပေါ်မှာ ပန်ဆင်ထားကြတာ ၊အပျိုတွေလဲခေါင်းပေါ်မှာပန်ဆင်ထားကြတာ ၊သိက္ခာ၇ှိသော သန်.၇ှင်းသော အလှတ၇ားများနဲ.လောကကြီးကိုအလှဆင်မယ် “
“ နမောနမော နမောနမော ၊ က္ကုတိပိသောဘဂ၀ါ ၊ မဇ္ဈိမပဋိပဒါမဂ္ဂလမ်းစဉ် ၊ ထင်ထင်လင်းလင်းသိမြင်တော်မူသော “
“ ပရဟိတအကျိုးတော်ဆောင်သမားတွေ ၊နေရာတကာမှာ စွန်.လွှတ်ရင်းနဲ. အကျိုးတော်ဆောင်ခဲ.ကြတာတွေ “
“ ပြုံးလို.ရွှင်လို. ကလို.ခုန်လို. ၊ လှူဒါန်းပါဗျို. …. “
“ သိပ်ချစ်လွန်းလို. သစ္စာရှိသွားပြီ ၊ သိပ်ချစ်လွန်းလို.သစ္စာရှိသွားပြီ “
“ ပျော်ချင်သလားဟေ.လာခဲ.ပါ ဆွမ်းလောင်းပွဲတော်မှာ ၊ ကချင်သလားဟေ.လာခဲ.ကြ ဆွမ်ေးလာင်းပွဲတော်ညလေးတစ်ည “
“ လူဆိုသည်မှာ သီလသမာဓိသိက္ခာ ပြည်.စုံမှသာ ကြီးတဲ.သူ ရိုသေလေးစား၊ ငယ်သူကိုသနား ၊ ရွယ်တူကိုလေးစားကာ “
“ လာလမ်းကိုမျှော် ရွာလမ်းသို.မျှော် …နေ.စဉ်နေ.တိုင်းလွမ်းလို.မျှော် ၊ ပြန်လာခဲ.လို.အရောက်လှမ်းခဲ.ပါနော် “
ထိုအသံအားလုံးသည် သီးခြားစီ နားထဲသို.၀င်ခြင်းမဟုတ် ၊ ဟိုလမ်းမှဟိုတစ်ပိုင် ၊ သည်လမ်းမှသည်တစ်ပိုဒ် လေကြောင်းသင်.သည်.အသံသည် နားထဲသို. ဦးစွာဝင်လာခြင်းဖြစ်ပြီး ကျန်သီချင်းသံ (ကျွန်တော်.အတွက်တော.သီချင်းသံဆိုသည်ထက် ဆူညံသံဟုသာသတ်မှတ်ချင်တော.သည် ) များသည် ကပေါက်တိကပေါက်ချာ ဟိုတစ်ဝက်သည်တစ်ဝက်ရောယှက်လုံးထွေးကာ ဆူညံသံဗရုတ်သုတ်ခပွဲတော်ကြီးဖြစ်နေခြင်းဖြစ်သည် ။ ထိုဒဏ်ကို ကျွန်တော်တို.ရပ်ကွက်တွင် တစ်နှစ်လျှင် သုံးကြိမ်ခံကြရ၏ ။ ပထမဆုံးမှာသင်္ကြန်တွင်းဖြစ်သည် ။ သင်္ကြန်တွင်းဝယ် လမ်းတိုင်းမှနားကွဲမတတ်သော သီချင်းသံများကို မိုင်ကုန်တင်၍ ဆောင်းဘောက်စ်များစွာနှင်.ဖွင်.ကြ၏ ။ ထိုနည်းအတိုင်းပင် ကထိန်ပွဲတော်တွင်လုပ်ကြပြန်သည် ။ ဇန်န၀ါရီလဆန်း ( နတ်တော်လထဲ)တွင် ဆွမ်းသိမ်းအောင်ပွဲဟူ၍ ပွဲသဘင်ခံကြပြန်သည် ။ ရည်ရွယ်ချက်သည်ကားကောင်း၏ ။ ၀ါတွင်းသုံးလလုံး တနင်္ဂနွေနံနက်တိုင်း သံဃာတော်များကို အာရုံဆွမ်းချက်ကြလောင်းကြပြီး မိုးလေကင်းလွတ်သော နတ်တော်လ တွင် ဆွမ်းလောင်းအောင်ပွဲဟူ၍ ကျင်းပကြခြင်းဖြစ်သည် ။ အဓိပါယ်မှာကား လေးနက်၏ ။ ၀ါတွင်းသုံးလ ပြုလုပ်ခဲ.သော ကုသိုလ်ပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်ဖြစ်သည် ။ ညစဉ်ညတိုင်းညရှစ်နာရီဆိုလျှင် ၆ ညတိုင်တိုင် တရားပွဲလုပ်သည် ။ဆရာတော်တရားစဟောသည်နှင်. ကျွန်တော်တို.မှာ နိဗာန်သို.ချက်ခြင်းရောက်ကြသည် ။
အဘယ်.ကြောင်.ဆိုသော်တစ်နေ.လုံးဆူညံပွက်နေသောလမ်းထိပ်တိုင်းမှအသံချဲ.စက်များ တစ်ပြိုင်နက်တည်းရပ်သွားသောကြောင်.ဖြစ်သည် ။ ဆရာတော်တရားဟောသံသည် တိုးတိုးငြင်သာအသံသာဖြစ်ရာ ထိုတရားဟောနေသည်. နှစ်နာရီခန်.အတွင်းမှာအတော်ငြိမ်းချမ်းပေ၏ ။ သို.သော်တစ်နေ.လုံးမှာ ထိုသို.မဟုတ် လမ်းများသည် ဂုဏ်တုဂုဏ်ပြိုင် အသံချဲ.စက်ဆရာများငှား၍ အပြိုင်အဆိုင်သဘောဖြင်. အသားကုန်ဖွင်.နေကြရာ မည်သူမှ ဂီတ၏အရသာ ၊ သီချင်း၏ ရသကိုခံစားနိုင်စွမ်းမရှိတော.ပဲ တ၀ုန်းဝုန်းတဒုန်းဒုန်းသံများကိုသာကြားရတော.သည် ။ ဆောင်းဘောက်များစုပုံထားသော ရှေ.မှဖြတ်လျှောက်လျှင်ရင်ဘတ်ပင်တုန်လွန်းသဖြင်. ရင်ဘတ်ကို လက်ဖြင်.ဖိထားရ၏ ။
ကျွန်တော်တို.ဗုဒ္စဘာသာမြန်မာလူမျိုးတို.သည် အလှူအတန်းရက်ရောသည် ။ ဘာသာရေးကိုင်းရှိုင်း၏ ။ သို.သော် ဘာသာရေးနှင်. ဆူညံမှုကို အတူတူပဲဟုထင်နေကြသည် ။ မြတ်စွာဘုရားသည် ကုသိုလ်ပြုရာတွင် တိတ်ဆိတ်ငြိမ်သက်မှုကိုလိုလား၏ ။ မြတ်စွာဘုရား၏ကျောင်းတွင် ဆွမ်းစားလာပင်.ရာ အသံဟူ၍ အနည်းငယ်မှမကြားရပဲတိတ်ဆိတ်ငြိမ်သက်နေသောကြောင်. ရဟန်းများ ကျောင်းတွင်မရှိဘူးထင်၍ ဆွမ်းစားလာပင်.သော ၀ိသာခါအိမ်မှ အခိုင်းအစေမိန်းကလေးက ဆွမ်းစားမပင်.တော.ပဲ အိမ်ပြန်လာဖူးသည် ။ နောက်တော.၀ိသာခါက သွားသာသွားပါ ၊သံဃာတော်များရှိပါသည်ဟုပြောကာစေလွှတ်လိုက်ရသည် ။ မဟာစည် ၊ ပဏ္ဍိတရာမ ၊ ချမ်းမြေ.ရိပ်သာစသည်. တရားရိပ်သာများတွင်လည်း တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ကုသိုလ်ရေးဆောင်ရွက်နေတာတွေကိုသာတွေ.ရဖူးသည် ။ သို.သော် ရပ်ကွက်အတွင်းဓမ္မာရုံအပါအ၀င် နေရာအတော်တော်များများသည် ကုသိုလ်ရေး လုပ်ရာ တွင် အသံချဲ.စက်၊ ဆောင်းဘောက်နှင်.လောက်စပီကာများကို ပရိက္ခရာ ဆယ်ပါးထဲတွင်ထည်.သွင်းတွက်ချက်ထားသည်လာမသိ ၊ ဆူဆူညံညံ မလုပ်ရလျှင်မနေနိုင်တာ မြန်မာ.ဓလေ.ပင်ဖြစ်နေသည် ။ တကယ်တော.ဂီတပင်ဖြစ်စေ ၊ တရားဟောခြင်းပင်ဖြစ်စေ ၊ မိန်.ခွန်းပြောခြင်းပင်ဖြစ်စေ ကြားရသူနားခံသာသော သင်.တော်သည်.အသံအတိုင်းအတာသာဖြစ်သင်.သည် ။ ဖွံ.ဖြိုးပြီးနိုင်ငံများတွင် ပါတ်ဝန်းကျင်ဆူညံစေမှုသည် ၊ မီးလောင်မှုကဲ.သို. အရေးကြီးသောပြစ်မှုတစ်ခုဖြစ်သည် ။ ငါ.အိမ်မို.လို. ၊ ငါ.လမ်းမို.လို. ၊ ငါ.အလှူမို.လို. ထင်သလောက် စက်တွေငှားပြီး တစ်ရပ်ကွက်လုံးကြားအောင်ဖွင်.လိုက်မယ်ဟူသည်.အယူအဆမျိုးယဉ်ကျေးသောလူအသိုင်းအ၀ိုင်းမှာ မရှိတော.ပါ ။ တိုးတိတ်သော ၊ကြားသာရုံဖွင်.သော အသံသည် သာယာသံကိုဖြစ်စေပြီး ၊ စက်ကုန်တင်၍ဖွင်.ကြသော အသံများမှာ ဆူညံသံကိုသာဖြစ်ပေါ်စေပါသည် ။ဖွင်.သူကြားသူမည်သူ.ကိုမျှအကျိုးမရှိစေပါ ။ နားအာရုံချို.ယွင်းမှု ၊နှလုံးရောဂါ ၊ စိတ်တင်းကြပ်မှုများကိုသာဖြစ်ပေါ်စေပါသည် ။
မီးခိုးကို pollution ဟုခေါ်သလို အသံဆူညံမှုကိုလည်း Noise Pollution ဟုခေါ်ပါသည် ။ အသံတစ်ခုသည် ဆူညံသလား မဆူညံဘူးလားဆိုတာ ဒက်ဆီဘယ်( Decibel ) ဟူသော ယူနစ်ဖြင်.တိုင်းတာပါသည် ။ အမြင်.ပေနှစ်သောင်းတွင်ပျံသန်းနေသောဂျက်လေယာဉ်အင်ဂျင်စက်သံ၏ဆူညံမှုသည် ဒက်ဆီဘယ် (၁၁၀) ရှိပြီး ထိုအသံသည် သုံးပေအကွာမှကပ်၍တီးလိုက်သော ကားဟွန်းသံနှင်. ဒက်ဆီပယ် (ဆူညံမှုပမာဏ)ခြင်းတူပါသည် ( ကျွန်တော်တို.ရပ်ကွက်မှဖွင်.နေသောဆောင်းဘောက်အသံများမှာ သုံးပေအကွာမှကားဆယ်စီးဟွန်းတီးနေသလောက်ကျယ်လောင်ပါသည် ၊ဒက်ဆီဘယ် ၂၀၀ တော.အသာလေးရှိမည် ) ။ သာမန်အားဖြင်.အသံတစ်ခုသည် ၄၅ ဒက်ဆီဘယ်ကျော်လွန်လျှင်လူတစ်ယောက်သည်ကောင်းစွာအိပ်မပျော်နိုင်တော.ပေ ။ ဒက်ဆီဘယ် ၈၅ ဆိုလျှင် နားရောဂါစတင်ရနိုင်ပေသည် ။ ဒက်ဆီဘယ် ၁၂၀ ရှိပြီဆိုလျှင် နားထဲမှနာကျင်ခြင်း (နားမခံသာခြင်း ) ဖြစ်မည်ဖြစ်သည် ။ယဉ်ကြောထူထပ်သောနေရာတစ်နေရာမှအသံများကို ပေ ၁၀၀ အကွာအဝေးမှနားထောင်လျှင်ပင် ဒက်ဆီဘယ် ၅၀ ရှိသည်ဆို၏ ။ထိုအသံကိုပင် ကားမှန်ဖွင်.ထားသော ယာဉ်မောင်းတစ်ဦး (သို.မဟုတ်) လမ်ဘေးတွင်ခြေလျှင်လျှောက်နေသောလူတစ်ယောက်သည် ဆူညံသံဒက်ဆီဘယ် ၇၀ ရှိမည်ဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၂ မှစကာ ဆူညံသံထိမ်းချုပ်ရေးဥပဒေကိုပြဌာန်းခဲ.ပြီး ပါတ်ဝန်းကျင်နှင်. အလုပ်ခွင်တွင် ဆူညံသံလျှော.ချရေးကို ဥပဒေဖြင်.ကာကွယ်တားဆီးခဲ.ပါသည် ။
မြို.ပြ၏ဆူညံသံများကြောင်. လူတို.၏အကြားအာရုံသည်တဖြည်းဖြည်းကျဆင်းလာကြောင်း သုတေသန ၊ရလာဒ်များကဆိုထားပါသည် ။ မြန်မာနိုင်ငံတွင်လည်း တိကျရေရာသော ဆူညံသံထိန်းချုပ်ရေးဥပဒေ ( Anti Noise Pollution Law ) ကို အမြန်ဆုံး ရေးဆွဲပြဌာန်းဖို.လိုပြီဟုအကြံပြုတင်ပြရပါသည် ။ သို.မဟုတ်ပါက မြန်မာမှန်လျှင် နားလေး ၊ နားထိုင်းများဖြစ်ကုန်ကြမည်.ဘေးအန္တရာယ်ရှိနေပါကြောင်း ။
သရ၀ဏ်(ပြည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...