Wednesday, July 1, 2015

နည်း(၉)


မိမိဘယ်က လာသလဲဆိုတာ သတိရပါ။
====================
‪#‎ကိုယ်က‬ ဘယ်မျိုးနွယ်က ပေါက်ဖွားလာသလဲ ဆိုတာ တွေးကြည့်ပြီး ဂုဏ်ယူ
တတ်ပါစေ။ အပြောကျယ်ပြီး ရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးထဲမှာ မကြာခဏ ဆိုသလို
ကိုယ့်နေရာပျောက်သွားတတ်ပါတယ်။ ကိုယ်ဟာ ဘယ်မျိုးနွယ်စုက ဆင်းသက်
လာသလဲ ဆိုတာ သိရင် တော်တော်လေး စိတ်သက်သာမှု ရစေတတ်ပါတယ်။
အဲဒီလို သိလိုက်ရတာနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေပဲ ဖြစ်နေနေ ကိုယ့်သမိုင်း၊
ကိုယ့်နေရာနဲ့ ကိုယ့်ထူးခြားထင်ရှားမှုတွေက မပြောင်းမလဲ တည်ရှိနေမှာ ဖြစ်ပါ
တယ်။
@@@@@@@@@@

‪#‎ကျွန်တော်တို့အိမ်တွေကို‬ ကြည့်လိုက်ရင် အတူတူလိုချည်းပါပဲ။ ကိုယ်နေတဲ့
မြို့တွေကို ကြည့်ပြန်တော့လည်း ခပ်ဆင်ဆင်၊ ရုပ်ရှင်ဇတ်ကားတွေမှာ ကြည့်
လိုက်ပြန်တော့လည်း အတူတူ၊ ၀တ်တာဆင်တာကလည်း အတူတူဆိုတော့
တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မခြားနားသလို ဖြစ်နေပါတယ်။ ကျွန်တော်
တို့ အခု ရောက်နေတဲ့ကာလဟာ မျိုးတူဆင်တူတွေကို အများအပြား ထုတ်လုပ်
ထားကြတဲ့ ကာလပါ။ အဲဒီလို ဆင်တူတွေကြားထဲမှာ ကိုယ်က ပျောက်ဆုံးနေ
သလို ခံစားရပါတယ်။ ကျွန်တော်တို့တွေဟာ ကမ္ဘာလောကကြီးထဲမှာ ကိုယ်က
ဘယ်လို အံဝင်ခွင်ကျ ဖြစ်သလဲ ဆိုတာ သိချင်ကြပါတယ်။ ကိုယ် ဘယ်က လာတာ
လဲ၊ ဒီနေရာကို ကိုယ်ဘယ်လို ရောက်လာတာလဲ။ ကိုယ့်မိသားစု သမိုင်းနဲ့ ကိုယ့်
မျိုးနွယ်စု ဆင်းသက်လာပုံကို သိရရင် ကိုယ်ဘယ်သူလဲ၊ ဘယ်ကလာတာလဲ၊
ဘယ်လို အံဝင်ခွင်ကျ ဖြစ်သလဲ ပြောပြ နိုင်တာနဲ့အမျှ နေရထိုင်ရ ပိုအဆင်ပြေ
လာပါတယ်။
@@@@@@@@@@
‪#‎ကျောင်းသားတွေအပေါ်ကို‬ စမ်းသပ်လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာမှာ ကိုယ့်
မျိုးနွယ်စုကို ထင်ထင်ရှားရှား သိလာကြတဲ့ သူတွေဟာ ဘ၀မှာ စိတ်ကျေနပ်
မှု ၁၀ ရာခိုင်နှုန်း တိုးတက် ရရှိကြောင်း တွေ့ရှိရပါတယ်။
(ကြည်ရွှန်း - ပျော်ရွှင်ချမ်းသာ နည်းပေါင်း ၁၀၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...