Wednesday, April 1, 2015

လူရည်မလည်သောဝန်ကြီးတွေ


မတ်လ ၂၃ ရက်နေ့က ကွယ်လွန်သွားတဲ့ စင်္ကာပူဝန်ကြီးချုပ်ဟောင်းရဲ့ ရုပ်ကလာဒ်ကို last respect သွားပေးဖို့ ည ၉;၀၀ နာရီလောက်မှာ စတင်တန်းစီလိုက်တယ်။ တစ်ရွေ့ရွေ့နဲ့ ဘောလုံးကွင်းပြင်ကြီးထဲကိုရောက်သွားပါတယ်။ ရှေ့မှာ အရမ်းကြပ်ညပ်နေလို့ သက်တောင့် သက်သာ နားနေကြရင်း အချိန်က နံနက်တစ်နာရီခွဲ ဝန်းကျင်ရှိသွားပါပြီ။ မိုးဖွားလေးတွေကျလာလို့ တဲအောက်, ထီးအောက်ကို ဝင်ခိုလှုံဖို့ ကြိုးစားရင်း လူတစ်စု ဆုတောင်း သီချင်းဆိုနေတာ သဲသဲကွဲကွဲကြားလာရတယ်။

လက်ခုပ်သံတွေကလည်းညီ.., လူတွေကလည်း ကွင်းအပြည့် "Blessings"သီချင်းကို ပုဂ္ဂိုလ်တစ်ယောက်က ဦးဆောင်ပြီး လူအုပ်ကြီးက စည်းချက်ဝါးချက်နဲ့ ဟန်ချက်ညီညီ သီဆိုနေကြတာ ရင်တောင်ခုန်မိပါရဲ့...။
"Blessings"
We pray for blessings, we pray for peace
Comfort for family, protection while we sleep
We pray for healing, for prosperity
We pray for Your mighty hand to ease our suffering
And all the while, You hear each spoken need
Yet love us way too much to give us lesser things
'Cause what if your blessings come through rain drops
What if Your healing comes through tears
What if a thousand sleepless nights are what it takes to know You're near
What if trials of this life are Your mercies in disguise
We pray for wisdom, Your voice to hear
We cry in anger when we cannot feel You near
We doubt your goodness, we doubt your love
As if every promise from Your word is not enough
And all the while, You hear each desperate plea
And long that we'd have faith to believe
'Cause what if your blessings come through rain drops
What if Your healing comes through tears
What if a thousand sleepless nights are what it takes to know You're near
What if trials of this life are Your mercies in disguise
When friends betray us
When darkness seems to win
We know that pain reminds this heart
That this is not,
This is not our home
It's not our home
'Cause what if your blessings come through rain drops
What if Your healing comes through tears
What if a thousand sleepless nights are what it takes to know You're near
What if my greatest disappointments or the aching of this life
Is the revealing of a greater thirst this world can't satisfy
What if trials of this life
The rain, the storms, the hardest nights
Are your mercies in disguise..,

သီချင်းလေးလည်းပြီးသွားရော.., အလယ်က ပုဂ္ဂိုလ်က လူအုပ်ကြီးကိုကျေးဇူးတင်လို့ လူအုပ်ကြီးကလည်း ထိုပုဂ္ဂိုလ်ကို ကျေးဇူးတင်လို့.., လက်ဆွဲနှုတ်ဆက် ဖက်လဲတကင်းပေါ့ဗျာ။ ဒီလူကြီး မြင်ဖူးပါတယ်လို့မှတ်နေတာ
ဒု-ဝန်ကြီးချုပ် Mr TEO Chee Hean (Deputy Prime Minister and
Coordinating Minister for National Security and
Minister for Home Affairs) ဖြစ်နေတာတွေ့ရတယ်။
မိုးလေးလည်း တိတ်သွားပြီဆိုတော့ ရှေ့ကို ဆက်လျှောက်ကြတယ်။ ပြည်သူတွေသွားဖို့ ဘောင်ခတ်ထားတဲ့ လိုင်းရဲ့တစ်ဖက်မှာ "mineral water .., mineral water" ဆိုပြီး ရေဝေပေးနေတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရပြန်တယ်။ ရန်ကုန်အဝေးပြေးကားဂိတ်က ကွမ်းယာ၊ ရေဗူးရောင်းတဲ့ ဈေးသည်လေးတွေကို သွားသတိရမိလိုက်တယ်။ မစွံရင် နေ့တွက်မကိုက်တော့မယ့် လေသံမျိုးနဲ့ သူ့ထက်ငါအပြိုင် ဈေးဝယ်သူတွေကို ဆွဲဆောင်တဲ့ လေသံမျိုး.., ရေဗူးတွေ ဝေပေးနေတယ်။
အတူလာတဲ့ စင်္ကာပူနိုင်ငံသူအစ်မကြီးက စပ်စုလွန်းတဲ့ကျွန်တော့်ကို လက်တို့ပြီး အခုရေဝေနေတဲ့ တစ်ယောက်လည်း ဝန်ကြီးပဲတဲ့။ သူလက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့ Dr Vivian BALAKRISHNAN (Minister for the Environment and Water Resources) အသက်ခပ်ငယ်ငယ်နဲ့ အိန္ဒိယလူမျိုး ဝန်ကြီးတစ်ပါးကိုတွေ့လိုက်မိပြန်တယ်။
လူအုပ်ထဲကနေ ဓါတ်ပုံရိုက်ခွင့်မရခဲ့ပေမယ့် တစ်လမ်းလုံးစဉ်းစားနေမိတာက သူတို့နိုင်ငံက ဝန်ကြီးတွေ နဲ့ ကိုယ့်နိုင်ငံက ဝန်ကြီးတွေအကြောင်းပါ။ သူတို့ဆီက လက်ထောက် ဝန်ကြီးချုပ်က လူအုပ်ထဲမှာ မိသားစုလို သီချင်းဆိုပြီး ရင်းနှီးမှု ယုံကြည်မှုကိုတည်ဆောက်တယ်။ ကျွန်တော်တို့ဆီက ဝန်ကြီးချုပ်က ရဟန်း ရှင်လူ ပြည်သူကို နှိပ်စက်ညှင်းပန်းဖို့ အမိန့်အာဏာတွေပေးတယ်။
သူတို့ဆီက ဝန်ကြီးတွေက ပြည်သူကို အသေးအဖွဲကိစ္စလေးဖြစ်တဲ့ ရေဗူးပေးပြီး ချစ်ခင်မှုကိုတည်ဆောက်တယ်။ ကျွန်တော်တို့ဆီက ဝန်ကြီးတွေက နယ်လှည့်ပါးရိုက်ဖို့ ကြုံးဝါးတယ်။
စင်္ကာပူက ဝန်ကြီးတွေကအတာလား.., မြန်မာပြည်က ဝန်ကြီးတွေက ခေတ်မှီတာလားလို့ ခုထိစဉ်းစားလို့ မရသေးပါလားကွယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...