Tuesday, April 7, 2015

ကင်ဆာ အတွက်ဆေးကောင်းတလက်

 
 ဆေးရုံကလက်လွှတ်လို့ အိမ်ပြန်ခေါ်လာတဲ့လူနာတွေကိုမြန်မာဆေးမီးတိုနဲ့ကုခါ
မှအမြစ်ပြတ်ပျောက်သွားတယ်ဆိုတာတွေမကြာခဏကြားဖူးပါတယ်။ ခုတစ်ခါလည်း လာပြန်ပါပြီ။ သားအိမ်ကင်ဆာဖြစ်လို့ဆေးရုံကလက်လွှတ်တဲ့လူနာတဲ့
မြန်မာဆေးမီးတိုနဲ့ကုလိုက်တာကောင်းသွားပြန်ပြီတဲ့ လူနာကလည်း
ကျွန်တော်တို့ site ဝင်းထဲမှာဆိုတော့သွား၍မေးဖြစ်ပါသည်။ 

လူနာဖြစ်သူ အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်လှိုင်နှင့်တွေ့ဆုံ စကားပြောခဲ့ရပါသည် ။ လူနာမှာ လန်းဆန်းနေပြီး ယခင်ကကဲ့သို့ယောင်ယမ်းကိုက်ခဲခြင်းလဲ မရှိတော့ကြောင်း စိတ်ရှည်စွာဖြေကြားပေး ပါသည်။ မြန်မာရွက်ပုန်းသီးဆေးစွမ်းများမှာ အံ့မခန်း အစွမ်းထက်လှပေသည်။
နောက်တစ်နေ့တွင် ပို၍သေချာအောင် ခွဲစိတ်အထူးကုဘွဲ့လွန်သင်တန်း တက်ရောက်နေသော Dr: မျိုးခန့်ကိုကိုနှင့် အတူလူနာအိမ်သို့ထပ်မံသွားရောက်ခဲ့ပါသည်။ ဓာတ်ခွဲခန်းဆေး
မှတ်တမ်းများအားထုတ်ပြခဲ့ပါသည် ဆေးမှတ်တမ်းများအရ Cancer Cell များပျံ့နှံ့နေ၍သားအိမ်ထုတ် ပစ်သော်လည်း အကြောင်းမထူးနိုင်ကြောင်း ဆရာဝန်ကြီးများမှပြောသဖြင့်ဆေးရုံမှဆင်းလာ ရကြောင်း အိမ်ရောက်သော အခါယောင်းယမ်းကိုက်ခဲသောဝေဒနာအပြင်းအထန်ခံရကြောင်း ထမင်း မပြောနှင့်ရေသောက်လျှင် ပင်ပြန်အန်ကြောင်း မထနိုင်ပဲအိပ်ရာထဲလဲနေရကြောင်းသေမည့်နေ့ ကို စောင့်မျှော်နေရကြောင်း နောက်ဆုံးတွင်ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအမြစ်ကိုသွေးပြီးသောက်ကြောင်း လို့ဝေဒနာရှင်ကိုယ်တိုင်မှဆေးမြစ်ကိုကိုင်ပြီးရှင်းပြပါသည်။


ဆေးသောက်ပြီးသည်နှင့်ဝမ်းခေါင်းတစ်ခုလုံးပူရှိန်းသွားပြီးခါး ဆီးစပ်တို့တွင်စစ်စစ် စစ်စစ်နှင့် တဖြုတ်ဖြုတ်ခံစားရပါသည်ကျမအထင်အထဲမှအမြစ်များပြတ်သွားသည်ဟုထင်ပါသည်။
၅ ရက်လောက်ကြာတော့ အကိုက်အခဲသက်သာပြီး အစာလဲစားနှိုင်လာပါတယ်။ ခုဆေးသောက်တာ၁လရှိပါပြီ လုံးဝမကိုက်တော့ပါ။ ထမင်းလဲစားကောင်းလို့ပြန်ဝလာပါပြီဟုဒေါ်ခင်လှိုင်ကရှင်းပြပါတယ်။
(ကာယကံရှင်၏ခွင့်ပြုချက်အရ ရောဂါဖြစ်စဉ်ဆေးမှတ်တမ်း ကာယကံရှင်၏ပုံ နေရပ်နှင့်ဆေးမြစ်လမ်းညွှန် တို့ကို တင်ပြပေးလိုက်ပါတယ်)


အမည် ဒေါ်ခင်လှိုင်
နေရပ် ဘုရင့်နောင်တံတားစီမံကိန်းဝန်း
ရန်ကုန်


ဆေးမြစ်အမည် ပျဉ်းမမြစ် (အပွင့်ဖြူပွင့်သော)
သုံးစွဲနည်း ၁ ဆန်ဆေးရေနှင့်သွေး၍စတီး
ဇွန်းသောက်ပါ (တနေ့၃ကြိမ်)
၂ အရက်ဆီနှင့်ရော၍လိမ်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...