Thursday, March 5, 2015

ကြယ်ပဲ…. Sacha Inchi


ကြယ်ပဲက ပီးရူးနိုင်ငံ အင်ကာ ဒေသထွက်ဖြစ်ပါတယ်။
တရုပ်နဲ့ ပီရူးနိုင်ငံတို့ စိုက်ပျိုးရေးအလဲအလှယ်လုပ်ရင် တရုပ်နိုင်ငံမှာ စိုက်ဖို့ မျိုးယူသွားပါတယ်။ တရုပ်နိုင်ငံက အအေးဓါတ်များတဲ့အတွက် သိပ်မအောင်မြင်ဘူး။ အခုအခါ ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းရောက်လာပြီး စိုက်ပျိုးနေပြီဖြစ်ပါတယ်။ ဆေးဖက်ဝင် ပဲမျိုးဖြစ်ပါတယ်။
ဦးနှောက်မှတ်ညဏ်ကို အားပေးတဲ့ အိုမီဂါ 3 - 6- 9 တွေပါဝင်တယ်။ ဗီတာမင် A နဲ့  E ပါဝင်တယ်။ အစေ့ကို ညှစ်ပြီး ထွက်လာတဲ့ ဆီကို အသုံးပြုလို့ ရပြီဖြစ်တယ်။ ငါးကြီးဆီလိုပဲ သောက်သုံးနိုင်ပါတယ်။ အလှကုန်ပစ္စည်းများမှာလည်း အသုံးပြုပါတယ်။ အရွက်ကို လ္ဘက်ခြောက်အဖြစ်သောက်သုံးပါက အဆီဓါတ်နဲ့  အချိုဓါတ်ကျဆင်းပါတယ်။
တခါစိုက်ရင် အပင်သက်တမ်းက နှစ် 30-ကနေ နှစ် 50 အထိ သက်တမ်းရှိတယ်။ အစေ့ကို ပျိုးပြီး 45 ရက်အကြာမှာ စိုက်ခင်းထဲမှာ စိုက်လို့ ရပါတယ်။ စိုက်ခင်းပြောင်းပြီး 5 လအကြာမှာ အသီးစသီးပါတယ်။ တစ်ဧကမှာ အပင် 500 စိုက်ပျိုးနိုင်တယ်။ တစ်နှစ်သားကနေ အသီးတဖြေးဖြေးများလာပြီး အပင် 2 နှစ်သားအရွယ်ရောက်ရင် တစ်ပင်မှာ တစ်လကို 2 ကီလို ထွက်တယ်။ တစ်ကမှာ အပင် 500 စိုက်ပျိုးနိုင်တဲ့အတွက် တစ်ဧက တစ်လကို ကီလို 1000 ဖြစ်ပါတယ်။ တစ်ကီလို ပေါက်ဈေးက ဘတ် 40 ကနေ ဘတ် 60 အထိဖြစ်ပါတယ်။ တစ်ကီလိုကို အနှိပ်ဆုံးဈေး ကျပ်ငွေ 1200 ဖြစ်ပါတယ်။ တစ်ဧက မှာ ကီလိုတစ်ထောင်ဖြစ်တဲ့အတွက် ကျပ်ငွေ 12 သိန်းရမှာဖြစ်ပါတယ်။ တစ်နှစ် ကို တစ်ဧကမှာ ကျပ်ငွေ 144 သိန်းဖြစ်ပါတယ်။ ကုန်ကျငွေက စစိတ်ချိန်မှာ မျိုးဖိုး၊ တိုင်းထောင်နဲ့ စဉ်ခ၊တစ်ပတ်တစ်ခါရေလောင်းစရိတ်၊ 6 လတစ်ကြိမ် နွားချေးကြက်ချေးတို့ လို သဘာဝ မြေသြဇာ ပေးရပါမယ်။ ဓါတ်မြေသြဇာ လုံးဝ သုံးလို့ မရပါ။ ဆေးဖက်ဝင် ဖြစ်လို့ ဓါတုဆေးသုံးလို့  မရပါ။
တချို့ က ကုမ္ပဏီအနေနဲ့ မျိုးရောင်းပေးပြီး ထွက်လာတဲ့ ကြယ်ပဲကို စာချုပ်နဲ့ ပြန်ဝယ်တယ်။ စာချုပ် ချုပ်ခြင်းဟာ စိုက်ပျိုးသူအတွက် အကျိုးမရှိပဲ ကုမ္ပဏီ အတွက်သာ အကျိုးရှိပါတယ်။ ကုမ္ပဏီ က အကြောင်းပြချက်က အာမခံဈေးနဲ့ လက်ရှိပေါက်ဈေးပေးမယ်ဆိုပြီး ၀ယ်ပေးတာဖြစ်တယ်လို့ ဆိုတယ်။ နောက်ဆိုရင်လည်း တက်ကျဈေးကျဈေးအတိုင်း ၀ယ်မယ်လို့ စာချုပ်ထဲမှာပါတယ်။ ဈေးကျတဲ့အခါ ကျဈေးအတိုင်း ကုမ္ပဏီ က ၀ယ်မှာပဲ၊ မ၀ယ်ပဲ မနေဘူး။ ဒီတော့ ကုမ္ပဏီ ကိုတရားမစွဲနိုင်ဘူး။ တကယ်လို့ သာ တခြားဝယ်သူက ဈေးကောင်းပေးရင် စိုက်သူက ရောင်းလုပ်မရဘူး။ ကုမ္ပဏီ က တရားစွဲမှာသေချာတယ်။ အဲ့ဒီတော့ စာချုပ်မချုပ်ပဲ ကြိုက်တဲ့ဝယ်လက်ကို ရောင်းတာက စိုက်သူအတွက် ပိုပြီးလွတ်လပ်ပါတယ်။
ကြယ်ပဲက အခုအခါ ဈေးများလို့ စားသုံးဆီအဖြစ် အသုံးမပြုနိုင်တာဖြစ်ပါတယ်။ အနာဂတ်မှာ စိုက်သူများပြီး ဈေးကျမယ်ဆိုရင်တောင် ပဲဆီ၊နှမ်ဆီတို့ ထက် ပိုမကျနိုင်ပါ။ ဒါပေမယ့် ကြယ်ပဲက တစ်ခါပဲ စိုက်ပြီး နှစ် 50 လောက်အထိ သက်တမ်းရှည်တဲ့အတွက် တခြားပဲတွေစိုက်တာထက်ပိုပြီးတွက်ခြေကိုက်ပါတယ်။ နောက်ပြီး ရာဘာ လုံးဝမရောင်းရတဲ့အထိဖြစ်စရာ အကြောင်းမရှိပါ။နောက်တခုက ကြက်ပဲ စိုက်တဲ့နေရာက အကန့် အသတ်ရှိပါတယ်။အေးလွန်းနဲ့နေရာ၊ ရေမြှုပ်တဲ့နေရာ၊ တပါတ်တခါ ရေမလောင်းနိုင်တဲ့ နေရာမျိုးတွေမှာ စိုက်လို့ မရဘူး။ ဒါကြောင့် အများအပြားထွက်စရာ မရှိဘူး။ ဈေးကွက်ကတော့ တရုပ်နဲ့ ဥပရောပ အဓိက၀ယ်ပြီး ထိုင်းနိုင်ငံကတဆင့်သွားနေတာဖြစ်ပါတယ်။ google ထဲမှာ Sacha Inchi လို့ ရိုက်ထည့်လိုက်ရင် ကြယ်ပဲရဲ့ အသုံးဝင်ပုံနဲ့ ဈေးကွက်ကျယ်ပြန့် ပုံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်ခြံမှာ 4 ပင်စမ်းသတ်စိုက်ပျိုးထားတာ အသီးသီးနေပါပြီး။
 (တစ်ဧက တစ်လ 12 သိန်းဝင်ငွေရှိပါတယ်။)
တစ်ခါစိုက်ရင် နှစ် 30 မှ နှစ် 50 သက်တမ်းရှိတဲ့ပဲ၊ 
(မျိုးစေ့ လိုသူများ ကိုဇင် (တောင်ငူ) ဖုန်း 0949453180 ကိုဆက်သွယ်နိုင်ပါတယ်)
အသေးစိတ်ကို အောက်မှာ လေ့လာနိုင်ပါတယ်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...