နိုင်ငံရေးကတိက၀တ်များ …မက်ဆေ့ခ်ျများ. နိုင်ငံရေးကတိက၀တ်များ …မက်ဆေ့ခ်ျများ
Khun Saing wrote a new note:
အင်္ဂလန်မှာလွှတ်တော်ကိုဖျက်သိမ်းထားပြီး နောက် ၃၈ရက်အကြာ ရွေးကောက်ပွဲကနေ -ကွန်ဆာဗေးတစ် (တိုရီ ) နိုင် ပြီးဒေးဗစ် ကင်းမရွန်းဝန်ကြီးချုပ်ပြန်ဖြစ် မလား။ ဒါမှမဟုတ် လေဘာပါတီနိုင်ပြီး အက်မီလီဘန်းတက်လာမလား သိရတော့မယ်ဖြစ်ပါတယ်။
ကင်းမရွန်းက ပြီးခဲ့တဲ့ငါးနှစ်အတွင်း တိုင်းပြည်စီးပွါးရေုးဦးမော့အောင် သူလုပ်ပေးခဲ့တယ်။ အက်မီလီဗန်းတက်လာရင် စီးပွါးရေးကသောင်းကနင်းတွေ ပြန်ကြုံကြရမယ်။ သူနဲ့ အက်မီလီဗန်းဘယ်သူ့ရွေးမလဲ ဆိုတဲ့ အဓိက နိုင်ငံရေးမက်ဆေ့ခ်ျကို ပေးပါတယ် ။
အက်မီလီဘန်း အဓိက နိုင်ငံရေး မက်ဆေ့ခ်ျကတော့ ဒီတခါကွန်ဆာဗေးတစ်တွေထပ်နိုင်ရင်
ဥရောပ-အီးယူကထွက်ရနိုင်တယ်။ ထွက်မထွက် ဆန္ဒခံယူပွဲလုပ်ကြလိမ့်မယ်။
အီးယူကထွက်လိုက်ရင် တိုင်းပြည် စီးပွါးရေးပျက်ပြီး အထီးကျန်ဖြစ်မယ့်အန္တရာယ်
ပြတ်ပြတ်ထင်ထင်ကြုံနေကြပြီ။ သူ့ကိုသာ မဲပေးကြ။ သူကတော့
အီးယူကမထွက်ဘူးဆိုတဲ့ မက်ဆေ့ခ်ျပေး စည်းရုံးနေပါတယ်။
အကြိတ်အနယ်အရမ်းဖြစ်လိမ့်မယ်။ ၂ပါတီလုံး ပြတ်ပြတ်သားသားနိုင်မယ်မဟုတ်ဘူး ဆိုတာတော့သေချာနေပါတယ်။ ပါတီအငယ် လစ်ဘရယ်ဒီမိုကရက် နဲ့ ပေါင်းမှ အစိုးရဖွဲ့နိုင်မယ်လို့ဟောကိန်း ထုတ်ကြပါတယ်။
ကျွန်တော်တို့ဆီက--၅နှစ်ရာသီမြန်မာပြည်ကုန်ကာနီးလို့ ---ခုနှစ် ရွေးကောက်ပွဲက ဘယ်လိုလာမလဲ ခုထိဘယ်သူမှမပြောနိုင်သေးပါဘူး။ ပြီးခဲ့တဲ့သက်တမ်းမှာဦးသိန်းစိန်အစိုးရ ဘာတွေများ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲေ ပးနိုင်ခဲ့ပါသလဲ။ ဘာတွေ ပြည့်စုံအောင်မြင်တယ်ပြောမလဲ။
( လယ်မြေသိမ်းပြသနာများ။ ကချင်ပြည်နယ်ကစစ်ပွဲ။ မြစ်ဆုံဆည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း။ ရခိုင်က ပြသနာ။ လူမျိုးရေးဘာသာရေးဆူပူလှုံဆော်များနဲ့ အကြမ်းဖက်မှုများ။ ကျောင်းသားသပိတ်များနဲ့ များလာတော့မယ့် နိုင်ငံရေးအကျဉ်းသားများ။ စသည်စသည် …… )
ပါတီတွေကော ဘယ်လိုကတိက၀တ်နဲ့ နိုင်ငံရေးမက်ဆေ့ခ်ျတွေ များ ပေးခဲ့ပြီး လာမယ့်သက်တမ်းမှာဘာတွေ လုပ်ပေးနိုင်ကြမလဲ။ လူထုက ဘယ်လို နားလည်ယုံကြည်နေသလဲ သိချင်လှပါတယ်။
ခွန်ဆိုင်း ( ၁-၄-၂၀၁၅)
ကင်းမရွန်းက ပြီးခဲ့တဲ့ငါးနှစ်အတွင်း တိုင်းပြည်စီးပွါးရေုးဦးမော့အေ
အက်မီလီဘန်း အဓိက နိုင်ငံရေး မက်ဆေ့ခ်ျကတော့ ဒီတခါကွန်ဆာဗေးတစ်တွေထပ်နိုင်ရင
အကြိတ်အနယ်အရမ်းဖြစ်လိမ့်မယ်။ ၂ပါတီလုံး ပြတ်ပြတ်သားသားနိုင်မယ်မဟုတ်ဘူး
ကျွန်တော်တို့ဆီက--၅နှစ်ရာသီမြန
( လယ်မြေသိမ်းပြသနာများ။ ကချင်ပြည်နယ်ကစစ်ပွဲ။ မြစ်ဆုံဆည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ပါတီတွေကော ဘယ်လိုကတိက၀တ်နဲ့ နိုင်ငံရေးမက်ဆေ့ခ်ျတွေ များ ပေးခဲ့ပြီး လာမယ့်သက်တမ်းမှာဘာတွေ လုပ်ပေးနိုင်ကြမလဲ။ လူထုက ဘယ်လို နားလည်ယုံကြည်နေသလဲ သိချင်လှပါတယ်။
0 comments:
Post a Comment