Thursday, March 26, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၃)

သစ်ထူးလွင်


Posted: 26 Mar 2015 06:58 AM PDT
ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မပါဝင်တဲ့  အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို  အမျိုးသား လွှတ်တော်က  ဒီကနေ့ အတည်ပြု လိုက်ပါတယ်။ ဥပဒေမူကြမ်းကို တပိုဒ်ချင်းစီ အလိုက် အတည်ပြုပြီး နောက်ဆုံး ဥပဒေကြမ်း တခုလုံးကို မဲခွဲအတည်ပြုတဲ့အခါမှာတော့ ကန့်ကွက်သူ ၉ ယောက်လောက်ပဲရှိပြီး ဥပဒေကြမ်းကို အတည်ပြု လိုက်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အဓိကအချက်တွေမအောင်မြင်ဘဲ အရင် ဥ
Posted: 26 Mar 2015 06:58 AM PDT
အစိုးရတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်  (တီအန်အယ်လ်အေ) တို့ တိုက်ပွဲတွေကြောင့် နမ့်ခမ်းမြို့နယ်ထဲရှိ ကျေးရွာ ၆ ရွာက ဒေသခံ ၂၀၀၀ လောက် နမ့်ခမ်းမြို့ကို ထွက်ပြေးရောက်ရှိနေကြပါတယ်။ နမ့်ခမ်းမြို့နယ်အနီး အမြင့်ဆုံးတောင်ပေါ်မှာတည်ရှိတဲ့ ကောင်းဝိုင်းကျေးရွာတ၀ိုက်မှာ မတ်လ ၂၄ နဲ့ ၂၅ နှစ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ကောင်းဝိုင်းရွာနဲ့ အနီးနား ရွာတွေဖြစ်တဲ့ မန်ကန်၊ မန်ကောင်း၊ မန်ထန်းစ
Posted: 26 Mar 2015 06:58 AM PDT
အင်္ဂါနေ့က Germanwings ကုမ္ပဏီပိုင် လေယာဉ် ပြင်သစ် နိုင်ငံ၊ အဲလ်ပ် တောင်တန်းပေါ် ပျက်ကျ စဉ်မှာ လေယာဉ်ကို ဂျာမန် လက်ထောက် လေယာဉ်မှူးက တစ်ယောက်တည်း ထိန်းချုပ်နေခဲ့တာ ဖြစ်ပြီး လေယာဉ် ပျက်ကျအောင် သူက တမင် ဆောင်ရွက်ခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။ လေယာဉ် ပျက်ကျချိန်မှာ လက်ထောက် လေယာဉ်မှူးက လေယာဉ် ဦးခန်းထဲမှာ တစ်ယောက်တည်း ရှိနေခဲ့ပြီး လေယာဉ် အမြင့်ပေ နိမ့်ဆင်းအောင် တမင် ထိန်းချုပ် ဆောင်ရွက်
Posted: 26 Mar 2015 06:54 AM PDT
ကချင် ပြည်နယ် မြစ်ကြီးနား မြို့ရှိ အထင်ကရ မနောကွင်း၌ မူးယစ်ဆေး သုံးစွဲနေသည့် သူများအား တွေ့ရစဉ်။ ဓါတ်ပုံ - (IRIN) ကချင်ပြည်နယ် ဖားကန့် မြို့နယ် အတွင်းရှိ နမ့်မော် အရပ်တွင် ကက်သလစ် ဘာသာရေး အသင်းတော် KBC နှင့် နမ့်မော် ဒေသခံများ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကောင်အထည် ဖော်ရာတွင် ထိုမူးယစ် ဆေးဝါး ရောင်းချ သူများမှ အကြမ်းဖက် ခဲ့ရာတွင် ဒဏ်ရာ ရရှိခဲ့သူများ ဆေးရုံမှ ပြန်ဆင်း သွားပြီ ဖြစ်ြေ
Posted: 26 Mar 2015 06:25 AM PDT
ရှီယာ ဟူသီ သူပုန်တွေကို ဆော်ဒီ အာရေဗျားက ယီမင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်ရှိ ဆော်ဒီ သံအမတ်က ပြောပါတယ်။ သမ္မတ Abdrabbuh Mansour Hadi ရဲ့ တရားဝင် အစိုးရကို ကာကွယ်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာဖြစ်တယ်လို့ ဆော်ဒီသံအမတ် Adel al-Jubeir က ပြောပါတယ်။ ဟူသီသူပုန်တွေနဲ့ ပူးပေါင်းတပ်တွေ ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားပြီးနောက် အေဒင် လေတပ်စခန်းကို ကြာသပတေးနေ့မှာ ပြန်လည်သိမ်းပို
Posted: 26 Mar 2015 06:13 AM PDT
အစိုးရက နိုင်ငံဝန်ထမ်းတွေအတွက် အနိမ့်ဆုံးလစာကို ကျပ် ၁သိန်း ၂ သောင်းကနေ  အမြင့်ဆုံးလစာ ကျပ် ၅ သိန်းအထိ ရာထူးအဆင့်အလိုက်တိုးပေးမယ်လို့  ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။ လက်ရှိ အနိမ့်ဆုံးဝန်ထမ်းလစာ ကျပ် ၇သောင်းခွဲ ပေးနေရာကနေ ၁သိန်း၂သောင်း၊ အမြင့်ဆုံးဝန်ထမ်းလစာကိုတော့ လက်ရှိ ကျပ် ၂သိန်းခွဲက  ကျပ် ၅သိန်း တိုးပေးတာဖြစ်လို့  ရာထူးအနိမ့်ဆုံးအဆင့် ၀န်ထမ်းက ကျပ်
Posted: 26 Mar 2015 01:28 AM PDT
မြန်မာလူငယ်တ၀က်လောက်ဟာ အလယ်တန်း ပညာ ကိုတောင် ပြီးအောင်မသင်နိုင်ပဲ သင့်တင့် ကောင်းမွန်တဲ့ အလုပ်အကိုင်ရဖို့ အလားအလာလည်း နည်းပါးနေတယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းခွင် ၀င်ရောက်လာတဲ့ လူငယ်အများအပြားဟာ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှု နိမ့်ပါးပြီး စီးပွားရေးတိုးတက်ဖို့အတွက် သဘာဝအရင်းအမြစ် တွေကို အလွန်အမင်း မှီခိုနေရတယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ်(အေဒီ
Posted: 26 Mar 2015 01:24 AM PDT
ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ်၊ Vung Ang စီးပွားရေးဇုံတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း တခုမှ ငြမ်းပြိုကျတဲ့အတွက် အနည်းဆုံး အလုပ်သမား ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၃၀ ခန့်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက အုတ်ကျိုးအုပ်ပုံများအကြား ပိတ်မိသေဆုံးသူများကို ရှာဖွေလျက်ရှိပါတယ်။ အလုပ်သမားအားလုံးဟာ ဗီယက်နမ်လူမျိုးများဖြစ်ကြပြီး စက်မှုလုပ်ငန်းနယ်မြေအတွင်း ဆိပ်ကမ်းရှိ က
Posted: 26 Mar 2015 01:16 AM PDT
အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။ မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား ကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်း
Posted: 26 Mar 2015 12:02 AM PDT
 နိုင်ငံဝန်ထမ်းလစာများအား အနိမ့်ဆုံးလစာ တစ်သိန်းနှစ်သောင်းကျပ်မှ အမြင့်ဆုံးလစာ ကျပ်ငါးသိန်း အထိ တိုးမြှင့်ပေးလိုက်ပါတယ်။  ကာကွယ်ရေး ဦးစီးချုပ်ရဲ့  လစာကိုတော့  ၁၂ သိန်းကနေ သိန်း ၃၀ အထိ တိုးမြှင့် ပေးထားပါတယ်။ လစာနှုန်းထားများ တိုးမြှင့်မှုကြောင့် မူလက ပေးအပ်ထားတဲ့ ရှားပါးစရိတ် သုံးသောင်းကျပ်ကိုလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
Posted: 25 Mar 2015 11:44 PM PDT
မတ်ခ်ျလ ၂၆ ရက် ၂၀၁၅ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ စစ်တိုင်းရုံးအား အမည်မသိ လက်နက်ကိုင်လူတစုက မတ်ခ်ျ ၂၅ ရက် ည ၈ နာရီခန့် အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟုဆိုသည်။ လားရှိုးမြို့ ရပ်ကွက် ၁၀ ရန်အောင်မြင် ဘုရား အနီးမှ စစ်ရဟတ်ယာဉ် ရပ်နားထားသည့် ရမခ စစ်တိုင်းရုံးဝန်းအတွင်းသို့ RPG အမျိုး အစား ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ် သူမှာ မ
Posted: 25 Mar 2015 11:38 PM PDT
မတ်ခ်ျ ၂၅ ရက် ၂၀၁၅ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ မိုင်းယန်းမြို့နယ်မှ တဆင့် အထူး ဒေသ ၄ မိုင်းလား ဘက်သို့ သွားမည့် ကုန်စည်များအား လုံး မြန်မာအစိုးရအာဏာပိုင်ဘက် က ပိတ်ထားသည်မှာ တလ ကျော်ပြီ ဟုဆိုသည်။ ၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှ စ၍ ယနေ့အထိ ကျိုင်းတုံ - မိုင်းလားလမ်း၊ ကျိုင်းတုံ - မိုင်းယန်း - မိုင်းဖျဉ် - ဟိုတောဝ်းလမ်း၊ မိုင်းယောင်း - မိုင်းယု - နမ့်ပန်း လမ်းကြောင်းမှ
Posted: 25 Mar 2015 10:35 PM PDT
လေယာဉ်ပျက်ကျတဲ့ နေရာမှာ ရှာဖွေမှု လုပ်နေစဉ် (Credit: Reuters)  ပြင်သစ်နိုင်ငံမှာ ​ပျက်ကျသွားတဲ့ ​လေယာဉ်ရဲ့ ​black ​box ​မှတ်တမ်းမှာ ​ဘာတွေ ​ပါသလဲဆိုတာ ​မသိရသေးဘူးလို့ ​ပြောနေပေမယ့် ​နယူးယောက်ထိုင်းမ်စ် ​သတင်းအရ ​လေယာဉ်မှူးတစ်ယောက်က ​အခန်းပြင်ကို ​ခဏထွက်သွားပြီး ​ပြန်ဝင်လာဖို့ ​ကြိုးစားပေမယ့် ​ဝင်လို့ ​မရခဲ့ဘူးလို့ ​ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ ​ပါဝင်သူ ​တစ်ဦးကို ​ကိုးကားပြီး ​ဖော်ပြထား
Posted: 25 Mar 2015 11:15 PM PDT
ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများ ဆက်လက် တိုးမြှင့်မည့် လစာပမာဏ ကို တင်ပြသွားသည်။ Hluttaw Channel https://www.facebook.com/pages/Hluttaw-Channel
Posted: 25 Mar 2015 10:28 PM PDT
မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် က ညတိုက်ပွဲသဏ္ဍာန် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အင်္ဂါနေ့ညက ပြုလုပ်ခဲ့တယ်လို့ South China Morning Post သတင်းစာကဖော်ပြလိုက်ပါတယ်။ ကိုးကန့်နဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲဖြစ်နေစဉ်အတွင်း မကြာခင်ရက်ပိုင်းက မြန်မာတိုက်လေယဉ်ပျံတစ်စင်းက ကျဲချလိုက်တဲ့ ဗုံးကျည်တစ်လုံးကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီးနောက်
Posted: 25 Mar 2015 10:22 PM PDT
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ဖို့ စီစဉ်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။  ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ ဆုံဆွေးနွေးစဉ် အဲ့ဒီလိုပြောဆိုခဲ့တာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို မနေ့က ပြော ပါတယ်။ "သမ္မတကြီးနဲ့တွေ့တုန်းကတော့ ဆွေးနွေးစရာရှိ တာကို မြန်မြန်ဆွေးနွေးမယ်
Posted: 25 Mar 2015 10:06 PM PDT
ဆော်ဒီအာရေးဘီးယားပိုင် တိုက်လေယာဉ်များ (Credit: Reuters)  ရီမန် ​နိုင်ငံတောင်ပိုင်းကို ​သိမ်းပိုက်ဖို့ ​ကြိုးစားနေတဲ့ ​Houthi ​အဖွဲ့ကို ​ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ ​ဒေသတွင်းက ​ညွန့်ပေါင်းတပ်ဖွဲ့တွေက ​ဝေဟင်ကနေ ​တိုက်ခိုက်မှု ​လုပ်နေပါတယ်။ Houthi ​အဖွဲ့ဟာ ​ရီမန်နိုင်ငံရဲ့ ​မြို့တော်ကို ​သိမ်းပိုက်ပြီး ​အရင်တစ်ပါတ်တုန်းကပဲ ​တတိယအကြီးဆုံး ​မြို့ဖြစ်တဲ့ ​Taiz ​မြို့ကို ​သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ
Posted: 25 Mar 2015 10:04 PM PDT
IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့ ​အဆက်အသွယ် ​ရှိတယ်လို့ ​ယူဆရသူ ​လူ ​နှစ်ယောက်ကို ​အင်ဒိုနီးရှား ​အစိုးရက ​မနေ့က ​ဖမ်းဆီးလိုက်ပြီး ​ဒါဟာ ​တစ်ပါတ်အတွင်း ​၇ ​ယောက်မြောက် ​ဖမ်းဆီးခံရခြင်း ​ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ​အကြမ်းဖက် ​ကွန်ယက်အဖွဲ့တွေနဲ့ ​IS ​အဖွဲ့တွေအကြား ​ဆက်ဆံရေး ​တိုးလာတာတွေ ​ရှိတယ်လို့ ​ပြောဆိုပြီးတဲ့နောက် ​လူနှစ်ယောက်ကို ​မနေ့က ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။ ဒါ့အပြင် ​အရင်ရက်တွေတုန်းက
Posted: 25 Mar 2015 10:02 PM PDT
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့လယ်ခေါင် သမ္မတနန်းတော်အနားမှာ အသေခံဗုံးခွဲမှုတခု မတ် ၂၅ ရက်နေ့က ဖြစ်ခဲ့လို့ လူ ၆ ဦး သေဆုံးပြီး တခြားလူ အယောက် ၃၀ ကျော် ဒဏ်ရာရပါတယ်။ အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားကို မောင်းလာခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုပစ်မှတ်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရင်အပတ်ကလည်း အူရပ်ဇ်ဂံခရိုင်ကနေ ကဘူးလ်ကို အလည်လာတဲ့ သြဇာကြီးတဲ့ ခရိုင်ရဲ
Posted: 25 Mar 2015 09:48 PM PDT
လီကွမ်ယုအကြောင်း ရေးထားတဲ့ စာအုပ်တွေနဲ့ သူကိုယ်တိုင် ရေးတဲ့ စာအုပ်တွေကို မြန်မာစာဖတ် ပရိသတ် အတော်များများရင်းနှီးပြီး ဖြစ်ပေမယ့် ‘ကျွန်ုပ်၏ ဘ၀တသက်တာ စိန်ခေါ်မှု’  (My  Lifelong Challenge)  စာအုပ်ကိုတော့ လူသိနည်းသလို ဘာသာပြန်ထားတာလည်း မတွေ့ရသေးပါဘူး။ ဒီစာအုပ်က စင်ကာပူရဲ့ ဘာသာစကား ၂ ခု သင်ကြားရေး ခရီးရှည်အကြောင်း၊ ငယ်စဉ် ပညာဆည်းပူးခဲ့ပုံ၊ ဘာသာစကား လေ့လာလိုက်စားမှု အတွေ့အကြုံနဲ့ ပညာရေးဝန်ကြီး ၀င်
Posted: 25 Mar 2015 07:52 PM PDT
တိမ်းရှောင် နေရတဲ့ ဒေသခံတွေ တအာင်းဒေသ၊ နမ့်ခမ်း မြို့နယ်နားမှာ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက် နံနက် တွေမှာ တအာင်း တပ်မတော် (TNLA) နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲဖြစ်လို့ ကောင်းဝိုင်း၊ မန်ကောင်း နဲ့ မန်ကန် ကျေးရွာ တွေက ဒေသခံ (၂ဝဝဝ) နီးပါး နမ့်ခမ်းမြို့နယ်၊ ဟိုနား ကျေးရွာ ဘက်ကို ထွက်ပြေး တိမ်းရှောင် နေရတယ် လို့ သိရပါတယ်။ အစိုးရ ဘက်က တက်လာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက် ရင်ဆိုင်မိပြီး တိုက်ပွဲ ဖြစ်တာလို့
Posted: 25 Mar 2015 06:49 PM PDT
အောင်တံခွန် သင်္ဘောက ၁၆၉ ဦး ကယ်တင် နိုင် ရခိုင် ကမ်းရိုးတန်း မှာ မတ်လ ၁၃ က နစ်သွားတဲ့ အောင်တံခွန် (၃) သင်္ဘော ကိစ္စ ရခိုင် ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စု ရေကြောင်း ပို့ဆောင်ရေး ဌာနက စုံစမ်းရေး ကော်မရှင် တွေ ဖွဲ့ စစ်ဆေးခဲ့ပြီး ဖြစ်ပေမယ့် အခု ရခိုင်ပြည်နယ် လွှတ်တော် ကပါ စုံစမ်းရေး ကော်မတီ တခု ထပ်ဖွဲ့တယ် လို့ သိရပါတယ်။ မတ်လ ၂၄ ရက်က ရခိုင်ပြည်နယ် လွှတ်တော် က အောင်တံခွန် သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက် ပြီး
Posted: 25 Mar 2015 06:49 PM PDT
ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရပါ ခွင့်ပြုထားတဲ့အတွက် အဲဒီလို ဆန္ဒပြသူတွေကို ဖမ်းဆီးခွင့်မရှိသလို၊ ရုံးတင်စစ်ဆေးခွင့်လည်း မရှိဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အကြမ်းဖမ် ဖြိုခွင်းပြီး ဖမ်းဆီးထားသူတွေကို ဗုဒ္ဓဟူးနေ့က
Posted: 25 Mar 2015 06:47 PM PDT
စင်္ကာပူနိုင်ငံကို တည်ထောင်သူ အမျိုးသား ခေါင်းဆောင်ဟောင်း လီကွမ်ယုရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားကို တက်ရောက်မယ့် သမ္မတရဲ့ ကိုယ်စားလှယ်အဖွဲ့ အမည်စာရင်းကို အမေရိကန်သမ္မတ Barack Obama က ကြေညာလိုက်ပါတယ်။ သမ္မတကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သမ္မတဟောင်း William J. Clintion က ဦးဆောင် တက်ရောက်မှာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့ထဲမှာ - စင်္ကာပူနိုင်ငံဆိုင်ရာ အမေရိန်သံအမတ်ကြီး Kirk Wagar, နိုင်ငံခြားရေးဝန်ကြီးဟောင်း
Posted: 25 Mar 2015 05:51 PM PDT
လှည်း ကူး မြို့ နယ်၊ မင်း ကုန်း အုပ် စု၊ လေး အိမ် စု ကျေး ရွာ အ နီး ရှိ ကြက် ဆူ စိုက် ခင်း အ တွင်း ၀င် ရောက် နေ ထိုင် စိုက် ပျိုး ကြ သူ များ ကို မတ် လ ၂၅ ရက် နေ့ နံက် ၇ နာ ရီ အချိန် တွင် ရန် ကုန် မြို့ တော် စည် ပင် သာ ယာ ရေး ကော် မ တီ မှ ဌာ န မှူး ဦး တင် ကို ကို ဦး ဆောင် ၍ အင် အား ၅၀၀ ခန့် က ဒေ သ ခံ များ အား ကြို တင် အ ကြောင်း ကြား ခြင်း မ ရှိ ပဲ ၀င် ရောက် ဖျက် စီး သွား ကြောင်း ===  ဓါတ်ပုံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...