Sunday, March 22, 2015

လီကွမ်းယူ နောက်ဆုံးနေ့များ




စင်ကာပူနိုင်ငံ စတင်တည်ထောင်ခဲ့သူ လီကွမ်းယူ (၉၁နှစ်) - ကျမ်းမာရေးအခြေအနေ အလွန်ဆိုးလို့ စင်ကာပူနိုင်ငံသက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးဆေးရုံ၊  အက်စ်ဂျီအက်စ် Singapore General Hospital မှာ ဆေးရုံတင်ထားတာ တစ်ပါတ်ရှိသွားပါပြီ။ ယနေ့ 21 Mar 2015 မှာ အခြေအနေ ပိုပြီးဆိုးဝါးလာတယ်လို့ အစိုးရသတင်းဌာနက ထုတ်ပြန်ပါတယ်။
သူ့ရဲ့သားဖြစ်သူ စင်ကာပူလက်ရှိ ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘုတ်မှာ "Dear Papa, Hope you get better!, လို့ရေးလိုက်ချိန် ဆုတောင်း၊ အားပေး၊ ကျေးဇူးတင်တဲ့ ကွန်မင့်မြောက်များစွာ ရောက်ရှိလာပါတယ်။ ဆေးရုံကို အလွန်များပြားလှတဲ့ ဆုတောင်း၊ ပန်းစည်းများ ထားစရာနေရာမရှိအောင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးက ပို့ပေးနေဆဲ ဖြစ်ပါတယ်။
 မြန်မာနိုင်ငံလိုပဲ အတူ၊ စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ် ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့ပါတယ်။  ၁၉၅၉ ခုနှစ်မှာ လီကွမ်းယူ စင်ကာပူပြည်နယ်အစိုးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးမှုးအဖြစ် အရွေးချယ်ခံရပြီး၊ ၁၉၆၅ ခုနှစ်မှာ ဗြိတိသျှအစိုးရထံက လွတ်လပ်ရေးရခဲ့ပါတယ်။ မလေးရှားနိုင်ငံက စင်ကာပူပြည်နယ်ကို လက်မခံတဲ့အတွက် သီးသန့်နိုင်ငံအဖြစ် စတင်ရပ်တည်ခဲ့ပါတယ်။
စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံး တက္ကသိုလ် ဖြစ်ပါတယ် ..တယ်လို့စင်ကာပူ့ကို ချဲ့ကားပြီး ရေးကြပါတယ်။ ကမ္ဘာ့တက္ကသိုလ် ရွေးချယ်ရေး မူနဲ့ညီအောင် လုပ်ယူထားလို့ တကယ်တော့  စင်ကာပူတက္ကသိုလ်ဟာ. အရှေ့တောာင်အာရှပဲ ထိပ်တန်းဖြစ်ပါတယ်။ ဖြစ်မှာပါ။ အခုထိ ဂျပန်တက္ကသိုလ်များကို လုံးဝမယှဉ်နိုင်သေးပါဘူး။ တရုပ်တက္ကသိုလ်များကလည်း တဟုန်ထိုးတက်နေပါတယ်။ အဲ.. အခြေခံပညာအဆင့်၊ ဒီပလိုမားအဆင့်မှာတော့ ကမ္ဘာ့ထိပ်တန်း ပညာရေးဖြစ်ပါတယ်။ စင်ကာပူ တိုးတက်တာ အထူးသဖြင့် ဘီစနက် Business ငွေရအောင်လုပ်တဲ့နေရာမှာ အလွန်တော်ပါတယ်။ ဘက်စုံ ကမ္ဘာ့အဆင့်မီအောင် ကမ္ဘာ့ထိတ်တန်း ပညာရှင်များကို ငှားရမ်း၊ လုပ်ကိုင်စေလေ့ရှိပါတယ်။ လူသားအရင်းအမြစ် Human Resource တနည်းအားဖြင့် ပညာရေးစနစ်ကို ကလေး၊ လူငယ်၊ လူကြီး အားလုံး ကျောင်းသားရော၊ လုပ်ငန်းခွင်မှာပါ..ထောက်ပံ့ကြေးပေးပြီး အထူးအားပေး၊ သင်တန်း မတတ်မနေရ၊ သင်ကြားပေးပါတယ်။
.
စီးပွားရေးနဲ့စစ်ရေးကိုတော့ ဆရာကြီးအစ္စရေးနိုင်ငံကို အတုယူခဲ့ပါတယ်။ CPF ငွေကြေးစနစ်ကို အောင်မြင်စွာထူထောင်ရင်း နိုင်ငံတကာမှာ ဘီလျံပေါင်း ၆၀၀ကျော် ရင်းနှီးမြှတ်နှံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မူဆလင် မလေးရှား၊ အင်ဒိုနီးရှား အိမ်နီးနိုင်ငံ၂ခုနဲ့ အဆင့်ပြေအောင်  နိုင်ငံတော်အလံမှာ လခြမ်းတံဆိပ် ထည့်ထားတာ၊ အမေရိကန် လေယဉ်တင်သင်္ဘောအုပ်စုကြီး အနားမှာအမြဲရှိနေအောင် လုပ်ထားတာတွေ ... တော်ရုံလူ မလုပ်နိုင်ပါဘူး။ ရိုးသားဖြောင့်မတ်ပြီး၊ အစိုးရထိပ်တန်းအရာရှိများ အဂတိလိုက်စားမှု လုံးဝမရှိအောင် လုပ်နိုင်ခြင်းနဲ့ နိုင်ငံကို စတင်ခဲ့ပါတယ်။ ကမ္ဘာ့ အဂတိအနည်းဆုံး နိုင်ငံအဖြစ် ထိပ်တန်းက နှစ်ပေါင်းများစွာ ရပ်တည်နေတာ အခု ၂၀၁၅ အထိပဲဖြစ်ပါတယ်။ အခွန်ကောက်စနစ် နဲ့ အခွန်ရရှိငွေဘတ်ဂျတ်သုံးစွဲမှု အဲဒီ(၂)ခု မှာ စာရင်းစစ်အဖွဲ့ Auditor နဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့ CPIB www.cpib.gov.sg  နှစ်ခုကို အကြွမ်းမဲ့နီးပါး အာဏာများစွာ ပေးထားပါတယ်။ အစိုးရ ဝန်ထမ်းများရဲ့ လစာနဲ့စားဝတ်နေရေးလဲ ဖူလုံအောင် လုပ်ပေးခဲ့ပြီး၊ အဂတိအနည်းဆုံး နိုင်ငံအဖြစ် ကမ္ဘာ့ရင်းနှီးမြှတ်နှံသူများ အခုချိန်ထိ တဟုန်ထိုး ရောက်လာနေဆဲ ဖြစ်ပါတယ်။
.
ရေးရရင် အများကြီးပေမဲ့ ..ငယ်စဉ်က အတန်းပညာမှာ စင်ကာပူမြို့ ကနေ ဒုတိယပဲရခဲ့ လီကွမ်းယူ ပထမရတဲ့ ပီနန်မြို့က
Kwa Geok Choo  ဆိုတဲ့ မိန်းကလေးကို ဘယ်တော့မှ မနိုင်ဘူး။ လီကွမ်းယူ ငယ်စဉ်ကတည်းက မနာလိုစိတ်မရှိပဲ အဲဒီမိန်းကလေးနဲ့ မိတ်ဖွဲ့ခဲ့ပါတယ်။ လန်ဒန် ကင်းဘရိတ်တက္ကသိုလ်က ဥပဒေပညာ အတူသွားရောက် သင်ချိန်မှာ ချစ်ကြိုက်လက်ထပ်ခဲ့ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးစလုံး ဥပဒေပညာရှင်များ ဖြစ်ပါတယ်။
 
ဆိုးတဲ့အချက်တွေလဲ ရှိပါတယ်။ အတိုက်အခံ အင်အားကြီးလာနိုင်ရင် အကျဉ်းချခြင်း၊ ဥပဒေပညာကျွမ်းကျင်တဲ့အတွက် ပြည်တွင်းပြည်ပ တရားရုံးတွေမှာ အတိုက်အခံများကို တရားစွဲရော်ကြေးငွေတွေ အများကြီးတောင်းပြီး၊ မပေးနိုင်တဲ့အထိ Bankrupt လူမွဲဖြစ်အောင်လုပ်လေ့ ရှိပါတယ်။
 
ဒါပေမဲ့... အခုခေတ် စီးပွားရေးအင်ပါယာ ထူထောင်ခဲ့ပုံကတော့ အလွန်တော်ပါတယ်။ link ပေးလိုက်ပါတယ်။ CPF အစိုးရငွေစုဘဏ် တစ်ခုကို တည်ထောင်ပြီး၊ ပြည်သူလူထု ထည့်ဝင်ငွေများ၊ တနည်းအားဖြင့် အခွန်ငွေများကို တိုးပွားအောင် ကမ္ဘာ့ထိပ်တန်း စီးပွားရေးပညာရှင်များ ငှားရမ်းလုပ်ကိုင်စေခဲ့ပါတယ်။ ဥပမာ အမေရိကန် အခြေအနေမကောင်းလို့ Bank Of America မှာ ဘီလျံပေါင်းများစွာ ထည့်ဝင်ထားတဲ့ ရင်းနှီးငွေတွေကို ၂၀၀၉ နောက်ပိုင်းမှာ Bank Of China တရုပ်ပြည်ဘက် တဖြေးဖြေး ရွှေ့ပြောင်းပါတယ်။
၁၉၅၉ ခုနှစ် လီကွမ်းယူ ခေါင်းဆောင်တဲ့ ပီအေပီပါတီ People's Action Party (PAP) ရွေးကောက်ပွဲနိုင်ပြီး အာဏာရခဲ့ပါတယ်။ ရွေးကောက်ပွဲတိုင်းမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ မှာတော့ သူ့လက်ထောက် ဂိုချောက်ထောင်ကို ဝန်ကြီးချုပ်ရာထူး လွဲအပ်ပါတယ်။ အနားယူလိုက်ပေမဲ့ လွှတ်တော်ကိုယ်စလှယ် အဖြစ် သူ့နယ်မြေမှာ ဘယ်အတိုက်အခံမှ လာရောက် မပြိုင်လို့ ပြိုင်ဖက်မရှိ အနိုင်ရခဲ့တာချည်း ဖြစ်ပါတယ်။ ၂၀၀၄ မှာတော့ သူ့ရဲ့ သားကြီးဖြစ်တဲ့ လီရှန်လုန်း ဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံအကြီးကဲ ဖြစ်လာပါတယ်။ အာဏာရ ပီအေပီ ပါတီက လက်ရှိ ပါလီမန်မှာ အမတ် ၈၇ နေရာမှာ ၈၀ နေရာနဲ့ အပြတ်အသတ် အာဏာကို ထိန်းချုပ်ထားပါတယ်။ လက်ရှိအချိန်ထိ အစိုးရ ပါလီမန်အမတ် အဖြစ် ရှိနေပါတယ်။
သူ့သားသမီးတွေ သား(၂)ယောက်၊ လီရှန်လုံး(လက်ရှိ နိုင်ငံအကြီးကဲ) Lee Hsien Loong နဲ့ ညီမ အာရုံကြောဆရာဝန် လီဝေလင်း Lee Wei Ling  နဲ့ သားငယ် လီရှန်ယန်း Lee Hsien Yang တို့ရှိပါတယ်။ ဇနီးသည်ကတော့ ၂၀၁၀ မှာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်မှာ နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့တဲ့ ဇနီးဖြစ်သူ  Kwa Geok Choo ကတည်းက စိတ်ထိခိုက်ခဲ့ပါတယ်။ အဲဒီကတည်းက အစိုးရတာဝန်များကို တာဝန်ယူမှု များစွာလျှော့ချခဲ့ပါတယ်။ လူထုအမြင်မှာလဲ သိပ်မတွေ့ရတော့ပါဘူး။  ၂၀၁၃ မှာ ကိုယ်တိုင်ရေးစာအုပ်မှာ သူဟာ အလွန်အားနည်းလာပြီဖြစ်လို့ မြန်မြန်သေဆုံးချင်နေပြီ လို့ရေးထားပါတယ်။ အကယ်၍ သူသတိမဲ့ သေခါနီးဖြစ်နေရင် ကျန်ရစ်သူများက သူ့ကို အသက်မသေအောင် ခေတ်မှီ အသက်ကယ်၊ နှလုံး၊ အသက်ရှု စက်များတပ်ဆင်ပေးခြင်းမလုပ်ဖို့ Advance Medical Directive, a legal document  ဥပဒေနဲ့လက်မှတ်ထိုး စာချုပ်လုပ်ထားပါတယ်။ 
မိုးမခသတင်းဆောင်းပါး
၂၂ မတ်လ ၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...