Thursday, March 26, 2015

ပညာနဲ့ သညာ


ကျွန်တော် ဆရာဦးဌေးကြွယ်အကြောင်းပြောတော့ ဆက်စပ်ပြီးပြောရမယ့်သူတစ်ယောက်အကြောင်း ပေါ်လာ တယ်။ သူကတော့ စောရောဂျယ်ဆိုတဲ့ ကရင်လူမျိုးတစ်ယောက်ပါ။ စောရောဂျယ်က တိုက်နယ်ဆေးရုံကြီးမှာ သန့်ရှင်းရေး။ ဒါပေမဲ့ နှစ်ပေါင်းများစွာဆေးရုံမှာ တာဝန်ထမ်းလာပြီး ဆရာဝန်ကြီးတွေ မလုပ်ချင်တဲ့ အလုပ်တွေ အားလုံး သူလုပ်ပေးရာကနေ ကျွမ်းကျင်လာတာ။
ဆရာဝန်ကြီးတွေက ရဲမှုခင်းအရ လူသေအလောင်းတွေလာပို့လို့ မစစ်ချင်ရင် စောရော်ဂျယ်ကစ⁠စ်၊ ပြီးရင် တွေ့တာကိုပြော၊ ဆရာဝန်ကမှတ်ချက်ရေး လက်မှတ်ထိုးပေးလိုက်တာပဲ။ အဲဒီတာဝန်တွေကို ခေတ်အဆက် ဆက် လုပ်လာတာဆိုတော့ ဆရာဝန်ကြီးတွေက ခွဲစိတ်ရင်တောင် ခွဲစိတ်ခန်းအကူနဲ့ လုပ်ပေးရတာလည်း ရှိတယ်။ နောက်ဆုံးဆရာဝန်ကြီးတွေက ဘယ်လောက်အထိ စောရော်ဂျယ်ကို ယုံသလဲဆိုရင် နောက်ဆုံး အဆင့် ခွဲစိတ်ထားတာတွေကို ပြန်ချုပ်ဖို့အတွက် သူ့ကိုထားပြီး ခွဲစိတ်ခန်းထဲက ထွက်လာတာမျိုးတွေတောင် ရှိတယ်။

စောရော်ဂျယ်ကလည်း တကယ့်ကျွမ်းကျင်တဲ့ ဆရာကြီးတွေဆီက လက်ထပ်သင်ပြီး အတွေ့အကြုံတွေများ တော့ သူလည်း ဆရာတစ်ဆူလောက်ကိုဖြစ်နေတာ။ တစ်ခါတုန်းက ဆေးရုံကို ရောက်လာတဲ့ ပူပူနွေးနွေး ဆရာဝန်မ လောင်းလေးတစ်ယောက် ခွဲမွေးရမယ့် လူနာကို ဘာမှမလုပ်တတ်လို့ ထိုင်ငိုနေတာကို
"ဆရာမ ဘေးနားမှာနေပေး၊ တာဝန်ယူပေး၊ လူနာက မခွဲရင် သေတော့မှာ၊ ကျွန်တော်လုပ်လိုက်မယ်" ဆိုပြီး အောင်မြင်အောင် ခွဲစိပ်မွေးပေးခဲ့သူပါ။
စောရော်ဂျယ်က အရမ်းခင်ဖို့ကောင်းတယ်။ တောကြိုအုံကြား သူက စစ်လွယ်အိတ်လေးတစ်လုံး လွယ်ပြီး လျှောက်သွားနေတာ။ ကျွန်တော်တို့ ရိုးမတောထဲက တိုက်နယ်ဆေးရုံကြီးဆိုတာကလည်း ဆရာဝန်ရှိရက်ထက် မရှိရက်တွေက ပိုများတော့ အရေးပေါ် ဆေးကုဖို့ဆိုတာ စောရော်ဂျယ်တို့လို အပ်ပုန်းတွေကိုပဲ အားကိုးနေကြရ တယ်။
သူက ဖျားနာ၊ အနာပေါက်စတဲ့ သာမန်ရောဂါတွေကတော့ အတော်လေးနိုင်တယ်။ ဒေါက်တာဌေးကြွယ်တို့လို ကြုံရာကျပမ်း ဖြစ်သလိုကုတတ်တဲ့ ဆရာဝန်ကြီးတွေဆီက လျှပ်တစ်ပြက်ကုနည်းတွေ အများကြီးတတ်ထား တယ်။ သူလည်း ဆေးထိုးအပ်ကိုင်တယ်။ ပုလင်းချိတ်ပေးတယ်။ ဆေးပေးတယ်။ အားလုံး ဆရာဝန်တစ် ယောက်တာဝန်တွေကို ခွဲစိတ်တာကလွဲပြီး လုပ်နိုင်တယ်။
စောရော်ဂျယ် သမီးတစ်ယောက်က ကျွန်တော့် ၈ တန်းအခန်းမှာ။ စာတော်တယ်။ သူနာပြုဆရာမ အရမ်းလုပ် ချင်တယ်။ သူ့သမီးကို ၈ တန်းအောင်ရင် မြို့ပို့ပြီး သင်တန်းတွေ တက်ခိုင်းချင်တာနဲ့ ကျွန်တော့်ဆီရောက်လာ ပြီး သမီးအခြေအနေ မကြာခဏစုံစမ်းတတ်တယ်။ ဒါကြောင့် သူနဲ့ ခင်သွားတာ။
တစ်နေ့ ကျွန်တော်က ရန်ကုန်ရောက်တုန်းစာအုပ်ဆိုင်တွေမှာ မွှေရင်းနဲ့ ဆရာဝန်တွေ မရှိတဲ့အရပ်မှာဆိုတဲ့ စာအုပ်လေးတစ်အုပ်ရလာတယ်။ စောရော်ဂျယ်အတွက် ရည်စူးပြီးဝယ်လာတယ်။ စာအုပ်လေးက ကောင်းလွန်း လို့ သူ့ကိုဖတ်စေချင်တာနဲ့ ရွာထဲကို သူ့အလာမစောင့်ဘဲ သူနေတဲ့ ရွာဘက်ထွက်လာပြီးသွားပေးမိတယ်။
စောရော်ဂျယ်က စာအုပ်ကို ကောက်ကိုင်လိုက်ပြီး ရယ်ချလိုက်တယ်။ ပြီးတော့မှ
"ဆရာကြီး ကျွန်တော် စာမတတ်ဘူး" တဲ့ဗျာ။
၂၃.⁠၃.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...