ပိုစတာများ... (သစ်ကောင်းအိမ်)
ပိုစတာကြီးတွေ
ပြောင်းသွားတယ်
ကျော်ဟိန်း... ကျော်သူ...
စိုးသူ... ရန်အောင်...
ဒွေး...
ပိုစတာကြီးတွေရဲ့အောက်မှာ
ကွမ်းယာရောင်းရင်း
စမူဆာသုတ်စားရင်း
ဆူလေတဝိုက်မှာ လမ်းသလားရင်း
သွားမှာလား...
သွားမှာလား...
သွားမှာလား...
ပိုစတာကြီးတွေပေါ်မှာတော့
မင်းကိုနိုင် ကနေ...
မင်းသွေးသစ် ပြောင်းသွားပြန်ပြီကွာ...။
သစ်ကောင်းအိမ်
(၂၈ မတ်လ၊ ၂၀၁၅)
0 comments:
Post a Comment