Thursday, March 19, 2015

အင်တာဗျူး



အလုပ်အတွက် လာရောက်လျှောက်ထားသူ နှင့် အင်တာဗျူးသူ
တို့ အပြန်အလှန် မေးမြန်းဖြေဆိုနေကြသည်။
"လေယာဉ် ပေါ်မှာ အုတ်ခဲ ၅၀ ပါတယ်။ တစ်လုံးကို အပြင်ဘက်
လွှင့်ပစ်လိုက်ရင် အုတ်ခဲ ဘယ်လောက်ကျန်မလဲ"
"ဒါက လွယ်ပါတယ်။ ၄၉ လုံးကျန်တာပေါ့"

"ရေခဲသေတ္တာထဲကို အဆင့်သုံးဆင့်နဲ့ ဆင်တစ်ကောင်
ကို ဘယ်လို သွင်းမလဲ"
"ရေခဲသေတ္တာကို ဖွင့်၊ ဆင်ကိုထည့်၊ ရေခဲသေတ္တာကိုပြန်ပိတ်"
"ဒါဆို သမင်တစ်ကောင်ကို ကော အဆင့်လေးဆင့် နဲ့ ရေခဲသေတ္တာ
ထဲကို ဘယ်လိုထည့်မလဲ"
"ရေခဲသေတ္တာကိုဖွင့်၊ ဆင်ကိုထုတ်၊ သမင်ကိုထည့်၊ ရေခဲသေတ္တာကို
ပြန်ပိတ်"
"ခြင်္သေ့ရဲ့မွေးနေ့ပွဲ ကို အကုန်လုံးသွားတက်တယ်။ ဘယ်တစ်ကောင်
ကျန်နေလဲ"
"သမင်ပေါ့။ ရေခဲသေတ္တာထဲမှာရှိနေတာလေ . .။"
"မီးချောင်းတွေ ပေါတဲ့ ချောင်းတစ်ချောင်းကို အဖွားအို
တစ်ယောက် ဘယ်လို ကူးမလဲ"
"ဒီအတိုင်းပဲ . . အေးအေးဆေးဆေး ဖြတ်သွားရုံပဲ။ မီးချောင်းအား
လုံး ခြင်္သေ့ရဲ့ မွေးနေ့ပွဲကို ရောက်နေပြီလေ . . ။"
"ဒါပေမဲ့ အဲဒီ အဖွားအိုက သေသွားတယ်။ ဘာကြောင့်လဲ"
"အမ် . . အင်း . . ရေများနစ်သွားလို့လားဗျာ"
"လေယာဉ်ပေါ်က လွှင့်ပစ်လိုက်တဲ့ အုတ်ခဲ၊ သူ့ခေါင်း ကို သွားမှန်
လို့ သေတာ။ ကဲ . . မင်း ပြန်နိုင်ပြီ"
"ဂျာ . . . "
(KZO)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...