Friday, March 27, 2015

ကိုးနှစ်အရွယ် စူပါမော်ဒယ်


ကိုးနှစ်အရွယ် စူပါမော်ဒယ်တစ်ယောက် ဖြစ်တဲ့ ခရစ်တီးနား ပင်မီနိုဗာ ဟာ ကမ္ဘာ့အချောအလှဆုံး အမျိုးသမီးငယ်လေးအဖြစ် တင်စားခေါ်ဝေါ်ခံရပါတယ်။
သူမကတော့ သူမရဲ့ မော်ဒယ်တစ်ယောက်ရဲ့ ဘဝကို အသက်သုံးနှစ်အရွယ်မှစတင်ခဲ့ပြီး နာမည်ကျော် ပွဲကြီးတွေဖြစ်တဲ့ Vogue, Armani, Dolce, Gabbana နဲ့ Mirror တို့မှာ ထင်ရှားတောက်ပစွာ ပါဝင်ခဲ့ပါတယ်။
သူမအနေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း အလင်းလက်ဆုံးကြယ်တစ်ပွင့်ဖြစ်နေပြီး သူမရဲ့ Facebook စာမျက်နှာမှာဆိုရင် ၂.၁ မီလီယံ ပရိတ်သတ်တွေရှိနေပြီး instagram မှာလည်း follower ပေါင်း ၃၁၅၀၀၀ ရှိလို့နေပါပြီ။
ဒါပေမယ့် တစ်ချို့ဝေဖန်သူတွေကတော့ ပင်မီနိုဗာဟာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ သိပ်ကိုငယ်ရွယ်လွန်းနေသလို တစ်ချို့အမြင်ကကြည့်ရင်လည်း သူမရဲ့ အသက်အရွယ်နဲ့ ဆွဲဆောင်အားပြင်းတဲ့ ကိုယ်နေဟန်ထားတွေနေပြီး ဓာတ်ပုံအရိုက်ခံတာဟာ မသင့်လျော်တဲ့လုပ်ရက်တစ်ခုလို့လည်း ကောက်ချက်ချလို့ရပါတယ် လို့ ဝေဖန်လျက်ရှိပါတယ်။


သူမရဲ့ Facebook မှာ လတ်တလော တင်လိုက်တဲ့ ပုံအောက်မှာတော့ မှတ်ချက်ပေးမှုတွေက ပျင်းထန်နေပါတယ်။ မှတ်ချက်ကတော့ သိပ်ကို လှပလွန်းတဲ့ မိန်းကလေးပါ ဒါပေမယ့် ဒီလိုပုံမျိုးတွေရိုက်ပြီး ဆွဲဆောင်နေတာကတော့ သိပ်ကိုမှားယွင်းနေပါတယ်။ မိဘတွေရဲ့ အုပ်ထိန်းမှု ညံ့ဖျင်းခြင်းပြယုဂ်ပဲ လို့ဝေဖန်နေကြပါတယ်။
နောက်ကွန်မန့်တစ်ခုကတော့ "ဘုရားရေ သူမဟာ ဒီလို ဆွဲဆောင်အားပြင်းတဲ့ပုံတွေရိုက်ဖို့ လုံးဝမဖြစ်သင့်တဲ့ အရွယ်ပါ။ ဒီလိုမြင်နေတာ ငါတစ်ယောက်ထဲများလား" လို့ရေးထားပါတယ်။
အခြားသူတွေကတော့ သူမဟာ မော်ဒယ်လုပ်ဖို့ သင့်လျော်တဲ့အရွယ်ကိုတော့ ရောက်နေပါပြီ။ ဒါပေမယ့် သူမဟာ ကလေးဆိုတာကိုတော့ မေ့လို့မဖြစ်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။
Facebook စာမျက်နှာတွင် ဖော်ပြချက်အရကတော့ ခရစ်တီးနားဟာ အင်တာနက်ပေါ်မှာ သူမကိုယ်တိုင် ပုံတွေစာတွေ တင်တာမဟုတ်ပဲ Mirror အေဂျင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ သူမအမေက လူမှုကွန်ယက်တွေပေါ်မှာ ခရစ်တီးနား ကိုယ်စား ပုံတွေတင် စာတွေရေးပြီး စီမံခန့်ခွဲနေတာဖြစ်ပါတယ်။ သူမရဲ့ facebook စာမျက်နှာမှာဖော်ပြထားတာတော့ သူမဟာ ဖခင်ဖြစ်သူ ရုရှားဘောလုံးသမား ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလားပွဲတွင် ပါဝင်ကစားခဲ့ဖူးသူ ပင်မီနော့ဗ် နဲ့ မိခင်ဖြစ်သူ မော်ဒယ်ဖြစ်တဲ့ ဂလစ်ကရီယာ ရှီရိုကိုဗာ တို့ရဲ့ သမီးအလှလေးလို့လည်း ဖော်ပြထားပါသေးတယ်။
ဒါ့အပြင် နောက်တစ်ခု ဖော်ပြထားတာတော့ သူမရဲ့ အသက်အရွယ်နဲ့ မကိုက်ညီတဲ့ မသင့်လျော်တဲ့ ပုံတွေ စာတွေ ဗီဒီယိုတွေလာတင်မယ်ဆိုရင်တော့ ချက်ချင်းဖြုတ်ချပစ်ရပါလိမ့်မယ်လို့ ဆိုထားပါတယ်။
ဘယ်လိုပဲ သူမဘက်က မသင့်လျော်တဲ့ ပုံတွေကို လက်မခံနိုင်ဘူးလို့ ကြိုကာထားသော်ငြားလည်း သူမရဲ့ တစ်ချို့ ပုံတွေကတော့ သူမအသက်အရွယ်နဲ့ မသင့်တော်သေးတဲ့အတွက် ကလေးသူငယ်တွေအပေါ် ကာမစိတ်လွန်ကဲနေတဲ့ အချို့လူယုတ်မာတွေအတွက် လမ်းစဖွင့်ပေးနေတာလားလို့ မေးခွန်းထုတ်သူတွေထုတ်နေကြပြီး သူမရဲ့ မော်ဒယ်အေဂျင်စီ ကုမ္မဏီဖြစ်တဲ့ Mirror ကိုလည်း သူမဟာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ သိပ်ငယ်လွန်းနေသလား ဆိုတဲ့ မေးခွန်းကိုလည်း ၇၃ရာခိုင်နှုန်းသော တုန့်ပြန်သူတွေကလည်း ထိုမေခွန်းနဲ့ပတ်သက်ပြီး ဟုတ်ပါတယ်လို့ အဖြေတွေပြန်ပေးကြပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...