Thursday, March 19, 2015

၃ လ မှ ၆ လ ထိ ကလေးငယ် နဲ့ ဖွံ့ ဖြိုးမှု မိုင်တိုင်များ



ကလေးတွေဟာ သူနှုန်းနဲ့သူ ဖွံ့ ဖြိုး ကြီးထွားပုံခြင်းမတူကြပါဘူးး
ပျမ်းမျှအားဖြင့် တိုးတက်မှုကိုသာဖော်ပြလိုက်ပါတယ်..
တချို့ဟာ ဖော်ပြထားတဲ့ နှုန်းထက် မြန်ချင် မြန်မယ် .နှေးချင်နှေးမယ်..မတူပဲ ကွဲပြားခြားနိုင်မှု ရှိနိုင်ပါတယ်
ခြုံ ပြောရရင် ဒီကာလဟာ ကလေးတွေ အတွက် ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ကာလပါပဲ ။
စွမ်းဆောင်ရည် အသစ်တွေ ၊ သတိပြု သိရှိလာတဲ့ အချက်တွေ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ကာလပါ. " ပထမဆုံး"  တွေ အများကြီး ဖြစ်ပေါ်လာတယ်၊

ပထမဆုံးး ရယ်ခြင်း
ပထမဆုံး ရွင်မြူးခြင်းး
ပထမဆုံးစကားသံထွက်ပြခြင်းးး
ကလေးဟာ စွမ်းဆောင်ရည် အသစ်ကိုပထမဆုံး စလုပ်တက်ပီဆိုရင် ထပ်ခါထပ်ခါ လုပ်ပြတက်တာကိုတွေ့ရလိမ့်မယ်
တစ်ချို့ကလေးဟာ စွမ်းဆောင်ရည်အသစ်ကို ချက်ချင်းထုက်ဖော်ပြသခြင်းမပြု နိုင်သေးပဲ နည်းနည်းနောက်ချန်ပီး အချိန်တန်မှ  ဖော်ထုတ်ပြတာမျိုးလည်းတွေ့ရတယ် ။
 
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး မှု မိုင်တိုင်များးး
+++++++++++++++++++
၃ လ
- အရာဝတ္ထု ပစ္စည့်းများ လက်ဖြင့်ဆုပ်ကိုင်တက်လာပီ
-သူ့လက်ကိုပါးစပ်ထဲ ထည့်တက်လာပီ
-မှောက်လျက်အိပ်နေစဉ် ဦးခေါင်း ပခုံးတို့ကို လက်ဖျံပေါ်တွေ အားပြုထောင်တက်လာပီ
- ဦးခေါင်းလှုပ်ရှားမှု များ ပိုမိုထိန်း သိမ်းတက်လာပီ
 
၎လ
-မှောက်လျက်အနေအထားမှ လက်ဖျံများကိုအားပြုပီး ဦးခေါင်းနဲ့ရင်ဘက်ကို ၉၀ ဒီဂရီထိမနိုင်လာတယ်
- စောစီးစွာ ပေါ်ပေါက်ခဲ့တဲ့ တုန့်ပြန်မှုများဖြစ်တဲ့ ကြောက်လန့်တဲ့ တုန့်ပြန်မှု စသည်တို့ ကွယ်ပျောက်သွားတယ်
-မျက်လုံးနဲ့ ခနာကိုယ်တို့ရဲ့ ဆက်စပ်လှုပ်ရှားမှု  ပိုမိုတိုးတက်လာတယ် ၊ လက်ကို ပါးစပ်သို့ဆွဲ ယူကာ လက်ချောင်းများကို စုပ်တက်လာတယ်
-ပါးစပ်မှ သွား ရည်များကျလာပီ
-ပတ်လက် အနေအထားမှ ဘေးကိုစောင်းတက်လာပီ
-မက်တက်ရပ်သည့် အနေအထားပြုလုပ်ပေးလျှင် ခြေထောက်တွေကိုအားပြုတက်လာပီ ။

၅ လ
-ကိုင်ပေးထားလျှင် ထိုင်တက်လာပီ
-လက်မောင်းများကို အားပြုလျက်ရှေ့ဘက်သို့တွားသွားတက်လာပီ
-သွားငုတ်တိုလေး ပေါက်စ ပြုလာပီ
-အရာဝတ္တုများကို လက်နှစ်ဖက် ဖြင့်ဆုပ်ကိုင်တက်လာပီ
-တွေ့ရာပစ္စည်းကို လက်ဖြင့်ကောက်ကိုင်၍ ပါးစပ်ထဲ ထည့်လာပီ
-မှောက်လျက်မှ ပတ်လတ်လှန်တက်ပီ
-ထိုင်သည့်ပုံစံလုပ်ပေးသော အခါ ဦးခေါင်းနှင့်ရင်ဘက် တစ်ဖြောင့်တည်းဖြစ်အောင် နေတက်လာပီ
 
၆လ
-တစ်ယောက်တည်း ထိုင်တက်ပီ
-ခနာကိုယ်အပေါ်ပိုင်းကို လက်များပေါ်သို့ အားပြုတက်လာပီ၊
- ပက်လက်မှ မှောက်တက်လာပီ
- အရာဝတ္တုပစ္စည်းတစ်ခုခုကို လက်တစ်ဖက်မှ အခြားလက်တဖက်ဖက်သို့ ပြောင်းကိုင်တက်လာပီ
- အသံမြည်အောင်ကြိတ်ဝါးလာပီ
-ခြေထောက်တွေကို ပါးစပ်ထဲ ဆွဲယူတတ်လာ ခြေချောင်းကလေးတွေနဲ့ ကစားတက်လာပီ။

သင်ယူမှုဆိုင်ရာဖွံ့ဖြိုးမှုမိုင်တိုင်များးး
++++++++++++++++++++++++
၃လ
- သူ့ကိုစကားပြောတက်လျှင် ဂူးဂူးဂဲဂဲ အသံပြန်ပေးတက်လာပီ
-အရာဝတ္တု တစ်ခုခု ရွေ့လျားရာနောက်သို့ မျက်လုံးလိုက်ကြည့်တက်လာပီ
-အသံကြားရာဘက်သို့ခေါင်းလှည့်ကြည့်တက်လာပီ
၎လ
-အသံနဲ့ရုပ်ဝတ္တုပစ္စည်းကိုတွဲမှတ်တက်လာပီ
-လက်ဖြင့်လှုပ်ရင် အသံထွက်တဲ့ကစားစရာတွေနဲ့ လှုပ်ယမ်းကစားတက်လာပီ
-မိခင်ရဲ့ နို့နဲ့ ခနကိုယ်ကို စူးစမ်းလေ့လာတက်လာပီ
-ဒ ၊မ၊ဘ စတဲ့ ဗျည်းအက္ခရာသံများ စတင်ဆိုတက်လာပီ

၅လ
-ကစားဖို့ပိုပီးတက်ကြွလာပီ
-အရာဝတ္တုတွေကိုပိုပီး ကြာကြာစူးစမ်းတက်လာပီ
-မှန်ထဲက ပုံရိပ်တွေကို အထူး စိတ်ဝင်စားတက်လာပီ
 
၆လ
 -အသံတွေကို လိုက်တုတက်လာပီ
-လှုံဆော်မှုအသစ်တွေကို ပိုပီးစိတ်ဝင်စားလာပီ
-မိဘနှစ်ပါးရဲ့ မျက်နှာတွေကို ကောင်းကောင်းမှတ်မိသွားပီ
-အောက်လွတ်ကျတဲ့ ပစ္စည်းတစ်ခုခုကို လိုကကြည့်တက်လာပီ

စိတ်ခံစားမှုဆိုင်ရာ မိုင်တိုင်များးးးးးးးးးးး
+++++++++++++++++++++
၃လ
- သူ့အားစကားပြောခြင်းကိုနှစ်သက်လာပီ
-သိပ်မငိုတော့
-မိဘများ အခန်းထဲဝင်လာတာမြင်ရင် အငိုရပ်သွားတယ်
-သောက်စို့နေကျ နို့ဗူးနဲ့ ရင်းနှီးတဲ့ အရာဝတ္တု ပစ္စည်းများကို ခွဲခြားမှတ်မိလာတယ်


- ကျယ်လောင်စွာရယ်မောတက်လာပီ
-ဂရုစိုက်မှုရအောင် ဂျီကျတက်လာတယ်
-စိတ်လှုပ်ရှားတဲ့အခါ စူးရှစွာအော်ခြင်း  ၊ လက်တွေရမ်းပြခြင်း ၊ အသက်တွေ ပြင်းပြင်းရူခြင်းကို ပြုလုပ်လာပီ
- အရာဝတ္တု အသစ်အဆန်းတွေ အပေါ်မှာ စိတ်ဝင်စားမှု ဖြစ်လာတယ်

၅လ
-ကစားနေရင်း ရယ်မောတက် မြူးတူးတတ်လာတယ်
- သူ့ကို ဂရုစိုက်ရန် တောင်းဆိုခြင်းနဲ့ ဂရုစိုက်မှုကို နှစ်သက်ခံစားခြင်းကိုဖြစ်လာတယ်
-မှန်ထဲမှ ရုပ်ပုံကိုပြုံး ပြတက်လာပီ
-စိတ်အပြောင်းအလဲမြန်လာပီ
 
၆လ
-ဧည့်သည် တစိမ်းရဲ့ချော့မြူ  မှုတွေကို သတိရှိရှိနဲ့ လက်ခံလာတယ်
-ပျော်ပျော်ရွင်ရွင်နဲ့ အိပ်ရာနိုးတက်ပီ
-သူကိုပွေ့ချီ ခိုင်းဖို့ လက်တွေ မြှောက်ပြတက်လာတယ်

အောက်ပါအတိုင်း ဖွံ့ဖြိုးမှု မိုင်တိုင်တွေ ချွတ်ယွင်းနေပီဆိုလျှင် အကူအညီလိုအပ်နေပါပီ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
- အသံကြားရာလိုက်မကြည့်ခြင်းးး
-တောက်ပတဲ့ အလင်းရောင်ကို လိုက်မကြည့်ခြင်း
-အရာဝတ္တုရွေ့လျားရာ သို့လိုက်မကြည့်ခြင်း
-နှာခေါင်းဖြင့် အသက်မရှုခြင်း
- မပြုံးတက်ခြင်း
-မှောက်လျက်အနေအထားမှ ခေါင်းမထောင်နိုင်ခြင်း
-ကလေးအားကိုင်ပေးထားစဉ် ဦးခေါင်းကိုမထိန်းနိုင်ခြင်း
-၆လမှာ ဆုပ်ကိုင်ခြင်း ၊ ကြောက်လန့်ခြင်း ၊ တုန့်ပြန်မှုများ ပျောက်မသွားခြင်း
-၅လမှာ ကိုယ်ကိုမလှိမ့်နိုင်ခြင်း
-၅လမှာ လက်နှစ်ဖက်စလုံး ဖြင့် မကိုင်တွယ်တက်ခြင်း
 အဲ့ဒီလိုများ ဖြစ်နေပါလျှင် ကလေးအထူးကုနဲ့ ပြသဖို့လိုအပ်ပါတယ်

Post by Fullmoon GuGu

Credit to . Dr. တင်မောင်ထွေး ( ကလေးသူငယ် ပြုစုပျိုးထောင်နည်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...