Monday, March 30, 2015

မေးခွန်း၂ ခု။



မေးခွန်း (၁)
တခါက အမျိုးသမီးတဦးမှာ ကိုယ်ဝန်လွယ်ထားရသည်၊ သူသည် ကလေး- ၈ ယောက် မွေးထားပြီးဖြစ်သည်၊ ယင်းတို့အနက်မှ - ၃ ဦးမှာ နားမကြားကြပေ၊ ၂ - ဦးမှာမျက်စိမမြင်ကြပေ၊
၁ - ဦးမှာ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မရှိပေ၊ သူမကိုယ်တိုင်မှာ ဆစ်ဖလစ်ရောဂါ စွဲကပ်နေသေးသည်၊ သင်သူ့ကို ကိုယ်ဝန်ဖျက်ချဖို့ တိုက်တွန်းမည်လား၊ သို့မဟုတ် ထို ကလေးကိုမွေးခိုင်းမည်လား။
------------
မေးခွန်း (၂)
သင့်အား ကမ္ဘာ့ခေါင်းဆောင်တဦးအား ရွေးချယ်ရာတွင် မဲပေးခိုင်းပါမည်။ သင်၏မဲသည် အဆုံးအဖြတ်မဲဖြစ်သည်။
ယင်း ခေါင်းဆောင်လောင်းလျှာ -၃ ဦးမှာ :-

၁၊ မရိုးသားသော နိုင်ငံရေးသမားများနှင့် ရင်းရင်းနှီးနှီး ပေါင်းသည်၊ နက္ခတ်ဗေဒင် ယုံကြည်သည်၊ မိန်းမ -၂ ယောက်ရှိသည်၊ စီးကရက်နှင့် အရက်စွဲနေသည်။
၂၊ ရုံးအလုပ်လုပ်စဉ်က -၂ ခါ အလုပ်ထုတ်ခံရဘူးသည်၊
မွန်းလွှဲပိုင်းအထိတိုင် အိပ်စက်လေ့ ရှိသည်၊ ကောလိပ်တက်စဉ်က မူးယစ်ဆေးဝါး သုံးခဲ့ဖူးသည်၊ ညနေတိုင်း ဝီစကီကို စွဲစွဲလမ်းလမ်း သောက်သည်။
၃၊ သက်သတ်လွတ်သာ စားသည်၊ ဆေးလိပ် မသောက်တက်၊ အခမ်းအနားများ၌သာ ဘီယာသောက်သည်၊ သူ၏အမျိုးသမီးအပေါ်မလှည့်စားတက်။ သစ္စာရှိသည်။
သင်မည်သူ့ကို မဲပေးမည်လဲ?
-------
မေးခွန်း(၁)နှင့် ပတ်သက်၍;
အထက်ပါ အမျိုးသမီးအား ကိုယ်ဝန် ဖျက်ချစေလိုက်ပါက ကမ္ဘာကျော် ဂီတပညာရှင်ကြီး ဘီသိုဗင်ကို သတ်ပစ်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။
မေးခွန်း (၂) နှင့်ပတ်သက်၍;
၁ - မှာ အမေရိကန် သမ္မတကြီး ဖရန်ကလင်ရုစဘဲ့ပင် ဖြစ်သည်၊
၂ - မှာ ဗြိတိသျှဝန်ကြီးချုပ် ဝန်စတန်ချာချီ ဖြစ်သည်၊
၃ - မှာ ဂျာမဏီ ခေါင်းဆောင်ကြီး အဒေါ့(ဖ)ဟစ်တလာပင်ဖြစ်တော့သည်။
ထိုကြောင့် အကြောင်းအရာတိုင်းအဖြစ်ပျက်တိုင်းတွင်ရူ့ထောင့် ၃ ခုရှိပါသည်၊
- ကျွန်ုပ်တို့၏အထင်နှင့်အမြင်
- အခြားသူများ သို့မဟုတ် တဖက်လူများ၏ အထင်နှင့်အမြင်
-ကိစ္စတစ်ခုစီအတွက် အမှန်ဖြစ်ပေါ်လာနိုင်သောအခြေအနေ တို့ဖြစ်ပါသည်၊

စံ (ဘူမိဗေဒ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...