ဆရာမကြီး ဒေါ်နုနုဝင်းတင် ရေးတဲ့ ပညာရေးနဲ. ပတ်သက်တဲ့စာ
ပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို တည်းခိုရာ ကျောင်းဝင်းထဲကတောင်မှ မထွက်ရသေးဘူးမီးသတ်ပိုက် ရေ အမြှောက် ကားကြီးတွေ ၊ မီးသတ်ကားကြီးတွေ ၊ လက်နက်ကိုင် ရဲတပ်ရင်းကြီးတွေ ၊ ထစ်ကနဲ ဆို ပေါ်ပေါက်လာတတ်တဲ့ လက်နက်များ ကိုင်ဆောင်ထားပြီးဒေါသ ထွက်နေတဲ့ လူအုပ်ကြီးတွေ နဲ. ကျောင်းတိုက်ကို ၀ိုင်းပတ်ထားပြီးအပ်တိုတစ်ချောင်းတောင်မှ မပါတဲ့ ကလေးတွေကို ညမှောင်မှောင်မှာ ၀င်စီး ဖို. သို.မဟုတ်အကြမ်းဖက် ဖြို ခွဲ ဖို. နှိမ်နင်းရန် ကြံစည် စီမံနေသူများ နဲ. ပါဝင်နေသူများကို တစ်ခု လောက်တော့ မေတ္တာ ရပ်ခံ ပြောပြချင်ပါတယ် ။
ဒီမိုကရေစီဆိုဒါမျိုးကို မကြားဘူး မသိဘူး မကျင့်သုံးဘူး တဲ့ အစိုးရ ဖြစ်အောင် နိုင်ငံတကာအလယ်မှာ ဒါလား ဒီမိုကရေစီနိုင်ငံလို. ပြော ပီး လှောင်ပြောင် သရော်ခံရအောင် တွန်းပို.ဘို.ကြံစည်နေကြသလား လို. မေးကြည်. ချင်ပါတယ် ။ မိမိနိုင်ငံ အစိုးရကို နလဘိန်းတုန်း မသိနားမလည်တဲ့ အစိုးရ အဖြစ်နဲ. ကမ္ဘာ့ အလည်မှာ အရှက်တကွဲ အကျိုး နည်းအောင် မကြံစည် မဆောင်ရွက်မိ ကြပါစေနဲ. ။
ဒီမို ကရေစီ နိုင်ငံ မှန်ရင် တက္ကသိုလ်ကျောင်းသားတွေရဲ. သပိတ်ဆိုဒါ မကြာခဏ ပေါ်ပေါက်နေစမြဲ ပါဘဲ ။ဘာကြောင့် ဆို ကျောင်းသား ဆိုဒါ ပညာရေးစံနစ်ရဲ. အများပြားဆုံးသော နံပါတ်(၁) Stakeholders တွေ Customers တွေ ဖြစ်လို. ပါဘဲ ။ ခု မြန်မာနိုင်ငံအတွင်းမှာ လာရောက်ဖွင့်လျစ်နေကြတဲ့ International Schools တွေမှာ ဆိုလည်း Customer is always right လို. ကျင့်သုံး နေကြဒါပါဘဲ ။

ဒီတော့ မြန်မာနိုင်ငံ တက္ကသိုလ် တွေမှာလည်း ကျောင်းသားတွေဟာ ကျောင်းလခလည်း ပေးပြီး တက်နေကြရတယ် ။ ကျူရှင်တွေလည်း ဈေးကြီးပေးပြီး တက်နေကြရတယ် ။ ဒါဟာ ကျောင်းသားက ကျောင်းလခ ပေးထားပေမဲ့ ကျောင်းက တတ်အောင်မသင်နိုင်ကြလို.နောက်ထပ် ပိုက်ဆံ မကုန်သင့်ဘဲ ကုန်ပြီး အပင်ပန်းခံ အချိန်ကုန် ခံပြီး ထပ်တက် နေကြရတယ်ဆိုကတည်း က ဒိကျောင်းတွေ က ကျောင်းသားတွေကို တတ်မြောက်အောင် ထိရောက်အောင် သင်မပေး လိုက်နိုင်ဘူး ဆို ဒါ ထင်ရှားတဲ့ သက်သေ ပါဘဲ ။တစ်ခါ ကလေးတွေ ဒီလို အကုန်ခံထားကြရတဲ့ ကြားထဲမှာ များလှစွာသော Corruptions တွေ အမျိုးမျိုးကြောင့် ဆိုင်ရာ ပိုင်ရာကို လာဘ်ပေး လာဘ်ယူတွေ ကလည်း ထပ်လုပ်ရ ထပ်ကုန်ရပြန်ပါသေးတယ် ။
ဒီတော့ ပညာရေးရဲ. အရေးအကြီးဆုံးသော Customers , Consumers and Stakeholders တွေ ဖြစ်သော ကျောင်းသားတွေမှာ သူတို. သင်ယူ နေရတဲ့ ပညာရေးကို မကြိုက်ရင် သူတို.မှာပြောပိုင်ခွင့် ဆွေးနွေးပိုင်ခွင့် ပြောင်းပေးဘို. တောင်းဆို နိုင်ခွင့် အားလုံး ရှိပါတယ် ။နိုင်ငံတော်ကို ဒီမိုကရေစီ နည်းနဲ. တကယ်သွားနေပြီ လို. ပြောချင်ရင်တော့ ဒီလို ကျောင်းသားတွေဆန္ဒပြခွင့် တောင်းဆိုခွင့် ဆွေးနွေးခွင့် တွေဟာ ကျောင်းသားတွေမှာ အပြည်.အ၀ ရှိနေရပါတယ် ။

ဒီမိုကရေစီ စံနစ်ကို သမိုင်းတလျှောက် ကျင့်သုံး လာခဲ့ကြတဲ့ နိုင်ငံတွေ မှာ သူတို.ရရှိတဲ့ တက္ကသိုလ် ပညာရေးရဲ. အရည်အသွေး (Quality ) ကို မကြိုက်လို. ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြဒါ တွေဟာ ကမ္ဘာပေါ်မှာ ခုမှမဟုတ် ရှေးနှစ်ပေါင်းများစွာ ကတည်းက ရှိနေတာပါ ။ သူတို.ဆီတွေမှာ ပွဲ က ဒိ့ထက်ကြမ်းသေးတယ် ။
၁၉၇၀ ခုနှစ်များ ဆိုဒါ ကမ္ဘာ့ ပညာရေးရဲ. Years of Crisis လို.ခေါ်ရလောက်အောင်ကို တက္ကသိုလ်ကျောင်းသားတွေ သပိတ်အများဆုံး မှောက်ခဲ့ကြတဲ့ ခုနှစ်တွေပါ ။ အဲဒီအချိန်က ကမ္ဘာပေါ်မှာ အသိပညာ အတတ်ပညာပေါက်ကွဲ ခြင်းလို. ပြောရလောက်အောင်အသိပညာတွေ အတတ်ပညာတွေ တစ်ဟုန်ထိုး တိုတက်လာနေလို. ကလေးတွေဟာ တက္ကသိုလ် က ဘွဲ.လည်း ရသွားရော သူတို.ကို သူတို. တက္ကသိုလ်တွေက ပေးလိုက်တဲ့ ပညာရပ်တွေသည် ခေတ်နောက်ကျ နေတော့ ဒါ မို. အလုပ်တွေအကိုင် တွေ မရကြတော့ဘဲ ဘွဲ.ရ အလုပ်လက်မဲ့ တွေ ပေါ်ပေါက်လာလို. သူတို.သင်ယူ ရရှိမည်. ပညာေ၇းကို အရည်အသွေး ပြည်.မီ လာစေရန် တောင်းဆို
ဆန္ဒ ပြကြဒါပါ ။ဒါတွေ ကို ကမ္ဘာ့ နိုင်ငံ အသီးသီး က တက္ကသိုလ် ကြီးများဟာ အမြော်အမြင်ကြီ့းစွာ နဲ. ပြုပြင်ပြောင်းလဲ ပေးခဲ့ကြပါတယ် ။

ဒီတော့ ခု ဘယ်လို ပြောပြော ကျွန်မတို. တက္ကသိုလ် တွေက သူတို.တတွေကို ဘ၀အာမခံချက်ရှိတဲ့ ပညာတွေ တကယ် ပေးနိုင်လိုက်ကြလို.လား ။မိမိတို. ရရှိတဲ့ ဘွဲ.နဲ. ထိုက်တန်အောင်ရော တတ်အောင်သင်ပေးလိုက်နိုင်ကြလို.လား ။ ပညာရေးကြီး ပြုပြင်ရန် လိုအပ် နေတာကို ကလေးတွေ က ကျောင်းသူ ကျောင်းသား
တွေမို. တောင်း နေကြတာဟာ သူတို.မှာ တောင်းပိုင်ခွင့် လည်း အပြည်.အ၀ ရှီသော တောင်းလည်း တောင်းသင့်သော Rights တွေသာ ဖြစ်ပါတယ် ။ အဲဒီလို Rights ရှိလို.တောင်းနေကြသူတွေကို တစ်ခါ အင်အားသုံးပြီး ဖြိုခွဲ ဦးမယ် ဆိုရင်တော့ သမိုင်းမှာ ဘယ်တော့မျှ ပြင်လို.မရတဲ့ မဟာ အမှားကြီး ၊ နိုင်ငံတကာက ၀ိုင်းဝန်းကဲ့ရဲ. ရယ်သွမ်းသွေးခံရမည်. အမှား ကြီး ဖြစ်သွားပါလိမ့်မယ် ။

ပြီးတော့  ကျောင်းသူ ကျောင်းသားကလေးတွေ ဆိုဒါ မိဘပြည်သူတွေရဲ. သားသမီးတွေပါ သားသမီးကို ထိရင် ဘယ်မိဘမဆို နာတတ်ပါတယ်။ မိဘချင်း သားသမီးချင်းစာနာပါ ။
ပြည်သူနဲ. အစိုးရကြားမှာ ဘယ်တော့မှ မကြေအေး နိုင်မည်. အမှားတွေ ကျူးလွန်ပြီး ကမ္ဘာမကြေဘူးဟေ့ .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ.လို. ဗိုလ်ချုပ်အောင်ဆန်း တို.အဖိုး သခင် ကိုယ်တော်မှိုင်း တို.ကို တစ်ခါ ပြန်တရမည်. အဖြစ်ကို မသွားမိ ၊ မကျူးးလွန်မိ ကြပါစေနဲ. လို. မေတ္တာရပ်ခံ လိုက်ပါတယ် ။
ကလေးတွေ အားလုံး ဘေးကင်း အောင်မြင် ကြပါစေ ။
.
ရေးသားသူ - ဆရာမကြီး ဒေါ်နုနုဝင်းတင်။
ကလေးတွေ အားလုံး ဘေးကင်း အောင်မြင် ကြပါစေ ။
.
ရေးသားသူ - ဆရာမကြီး ဒေါ်နုနုဝင်းတင်။
0 comments:
Post a Comment