Sunday, March 8, 2015

ကြိုးစားလျှင် ဘာမဆိုဖြစ်နိုင် ....


လူအများအကျိုး ကို ကိုယ်ကျိုး ရှေ့တင်လို့ လမ်းဘေး ဖိနတ်တိုက်တဲ့ကောင်ကလေး ဘ၀ကနေ ဘာဖြစ်သွားလဲ ကြားရင် မိတ်ဆွေ ယုံမှာ မဟုတ်ဘူး....
၁၉၄၅ ခုနှစ် အောက်တိုဘာ လ (၂၇) ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ် က ရွာေ လး တစ် ရွာမှာ ရှိတဲ့ လယ်သမား မိသားစု ကနေ ကောင်လေး တစ်ယောက် မွေးဖွား ခဲ့တယ်။ အဲဒီ မိသားစု ဟာ ဆင်းရဲ လွန်း တာကြောင့် ကောင်လေး ဟာ (၄) နှစ်သား အရွယ် ကတည်းက လမ်းေ ပါ် မှာ မြေပဲ ဆံ လိုက်ရောင်း ခဲ့ရတယ်။
ဒါတောင် အစား နပ် မှန်မှန် သူ မစားခဲ့ ရသလို Aဝတ် လုံ လုံ လည်း မဝတ်ခဲ့ ရပါဘူး။
ကျောင်း စတက်တဲ့ အရွယ် မှာ ကောင်လေး ဟာ ကျောင်းအား ချိန်တိုင်း အဖော် သူငယ်ချင်း နှ စ်ေ ယာက် နဲ့ ဖိနပ်လိုက် တိုက် ခဲ့တယ်။ တကယ် လို့ ဖိနပ်တိုက် သူ မရှိရင် သူတို့ ငတ် ရပါတယ်။
ကောင်လေး (၁၂) နှစ် အရွယ် တစ်ညမှာ ပင်မင်းဆိုင် သူဌေး တစ်ဦး ဖိနပ် လာ တိုက်ခဲ့တယ် ။ေ ကာင်လေးနဲ့ အဖာ် နှစ်ယောက် ဟာ သူ့ထက် ငါ ဖိနပ်တိုက် ရဖို့ အတွက် သူဌေး ဆီ ဝိုင်းအုံ သွား ခဲ့ ကြတယ်။ ကောင်လေး သုံးယောက် ရဲ့ တောင့်တ နေတဲ့ မျက်လုံးအစုံကို ကြည့်ပြီး သူဌေး ဆုံးဖြ တ် ရခက် သွားတယ်။ နောက်ဆုံး သူဌေး က အကြွေစေ့ နှစ်စေ့ ထုတ်ပြီး “ဘယ်သူ ပိုက်ဆံ လိုရင် ဘယ်သူ့ကိုငါ့ဖိနပ်တိုက်စေမယ်။ဖိနပ်တိုက်ခနှစ်ကျပ်ပေးမယ”် လို့ဆိုတယ်။
အဲဒီ တုန်းက ဖိနပ် တစ်ခါ တိုက်မှ ပြား (၂ဝ) ရတာပါ။ အခု (၁ဝ) ဆ လောက် ရမယ့် ပိုက်ဆံ က မိုးပေါ်က ကျလာ တဲ့ မုန့်တွေ လိုပဲ ကောင်လေး သုံးယောက် ရဲ့ မျက်လုံး ကို အရောက် လက် သွားစေ ခဲ့ပါတယ်။
“ကျွန်တော် မနက် ကတည်းက အစာ မစားရ သေးပါဘူး။ စားဖို့ ပိုက်ဆံ သာ ထပ် မရခဲ့ရင် ကျွန်ေ တာ် ဆာပြီး သေသွား လိမ့်မယ် ” လို့ အဖော် ကောင်လေး တစ်ယောက် က ဆိုတယ်။
“ကျွန်တော့် အိမ်မှာ အစာ ပြတ်နေ တာ ၃ ရက် ရှိသွား ပါပြီ။ အမေ က လည်း နေ မကောင်းဘူး။ အိမ် Aတွက် ကျွန်တော် စားစရာ ဝယ်ပြန် ပေးရမယ်။ ဒီလိုမှ မဟုတ်ရင် ညအိမ် ပြန်ရောက်ရင် ကျွန်တော်အရိုက်ခံရတော့မယ”် လို့နောက်ကောင်လေးတစ်ယောက်ကဆိုတယ်။
သူဌေး လက်ထဲ က ပိုက်ဆံ နှစ်ကျပ် ကို ကြည့်ပြီး ကောင်လေး ခဏ လောက် စU်းစား လိုက်တယ်။ ပြီးမှ “ တကယ် လို့ ဒီ ပိုက်ဆံ နှစ်ကျပ် ကို ကျွန်တော် ရခဲ့မယ် ဆိုရင် သူတို့ နှစ်ယောက် ကို တစ်ယောက် တစ်ကျပ်စီ ကျွန်တော်ပေး လိုက်မယ်” လို့ ပြေပါတယ်။ ကောင်လေး ရဲ့အပြောကို ကြားေ တာ့
သူဌေးကြီး နဲ့ ကျန်အဖော် နှစ်ယောက် ပါ အံအား သင့်သွား ကြတယ်။
“သူတို့ က ကျွန်တော် ရဲ့အကောင်းဆုံး သူငယ်ချင်း တွေပါ။ သူတို့ ဆာနေ တာ တစ်ရက် ရှိသွား ပါပြီ ။ ကျွန်တော် ကတော့ နေ့လယ် တုန်းက မြေပဲ ဆံလေး နည်းနည်း စားထား ရတော့ ဖိနပ်တိုက် ဖို့ အား ရှိ နေပါ သေးတယ်။ သူဌေး ရဲ့ ဖိနပ် ကို ကျွန်တော် တိုက် ပါရစေ။ သူဌေး ကို ကျေနပ် စေ ရ ပါမယ”် လို့ကောင်လေးကဆက်ပြောပါတယ်။
ကောင်လေး ကြောင့် သူဌေး ခံစား သွားမိ တယ်။ ကောင်လေး ကို သူဖိနပ် တိုက်စေခဲ့ပြီး ငွေနှစ် ကျပ် ကိုေ ပး လိုက် တယ်။ ကောင်လေး က ဘာမှ မပြောဘဲ ငွေနှစ်ကျပ် ကို ယူပြီး သူ့ အဖော် နှ စ်ေ ယာက်ကို ချက်ချင်း ခွဲပေး လိုက်တယ်။
ရက် အနည်းငယ် ကြာတော့ သူဌေး က ကောင်လေး ကို ရှာပြီး ကျောင်းအား ချိန်တိုင်း သူ့ ပင်မင်း ဆိုင် မှာ အလုပ် လုပ်စေ ခဲ့ တယ်။ ညစာ ထမင်းပါ ကျွေး ခဲ့တယ်။ လုပ်အားခ နည်း ပေမယ့် ဖိနပ် လိုက်တိုက် တာ ထက် စာရင် ပိုကောင်း ခဲ့ပါ တယ်။ ဒါဟာ ကိုယ့် ထက်ပို ဆင်းရဲ ကျပ်တည်း သူကို ကူညီ ခဲ့လို့ ရလာတဲ့ Aခွင့်Aရေး ဆိုတာကို ကောင်လေး သိတယ်။ ဒါကြောင့် နောင် နောက်ခါ မှာ သူတတ်စွမ်း သလောက် သူ့ ထက် ပို ကျပ်တည်း တဲ့ လူတွေကို တွေ့တိုင်း ကောင်လေး ကူညီ ခဲ့တော့တယ်။
နောက်တော့ သူဟာ ကျောင်း ရပ်နားပြီး အလုပ်ရုံ မှာ အလုပ်သမား ဝင်လုပ် ခဲ့တယ်။ အလုပ်သ မား တွေ အလုပ်သမား အခွင့်အရေး ရဖို့ သူ တောင်းဆို ခဲ့တယ်။ အသက် (၂၁) မှာ အလုပ်သမား အသင်းထဲ သူဝင် ခဲ့တယ်။ အသက် (၄၅) နှစ်မှာ အလုပ်သမား ပါတီ ကို သူတည်ထောင် ခဲ့တယ်။
(၂ဝဝ၂) ခုနှစ် အောက်တိုဘာလ မှာ “ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေ အားလုံး တစ်နေ့ကို ထမင်း သုံးနှပ် မှန်မှန်စားစေရမယ”် ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်။ပြည်သူအများရဲ့အားပေးထောက်ခံမှု ကို သူ ရခဲ့ပြီး ဘရာဇီး နိုင်ငံရဲ့ (၃၅) ဦး မြောက် သမ္မတ ဖြစ်လာခဲ့ တယ်။ သူဟာ ဘရာဇီး သမိုင်း မှာ ပထမ ဦးဆုံး အလုပ်သမား ကနေ သမ္မတ ဖြစ်လာသူ ဖြစ်တယ်။ (၂ဝဝ၆) ခုနှစ်မှာ ဒုတိယ အ ကြိမ် သမ္မတအဖြစ် သူ ဆက်လက် အရွေးခံခဲ့ ရပြန်တယ်။
သူ သမ္မတ ဖြစ်တဲ့ (၈) နှစ် အတွင်းမှာ သူပြောခဲ့တဲ့ ကတိ အတိုင်း လက်တွေ့ အကောင် အ ထ ည် ဖော်ခဲ့ တယ်။ တစ် နိုင်ငံလုံးမှာ ရှိတဲ့ ၉၃% သော ကလေးငယ် တွေ နဲ့ ၈၃% သော အရွ ယ် ရောက်သူ တွေကို တစ်နေ့ သုံးနပ် မှန်စေခဲ့ တယ်။ သူ့ရဲ့ ဦးဆောင်မှု အောက် မှာ ဘရာဇီး နိုင်ငံ ကို “မြက်စားတဲ့ ဒိုင်နိုဆော ” ဘဝ ကနေ “ အမေရိကား တိုက်ရဲ့ ခြင်္သေ့ ” အဖြစ် တစ်ကမ္ဘာ လုံး ရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေး နိုင်ငံကြီး ဖြစ်စေခဲ့ တယ်။
သူကတော့ တခြားသူ မဟုတ် ပါဘူး။ (၂ဝ၁ဝ) နှစ်ကုန် ပိုင်းမှာ သမ္မတ အဖြစ် က တာဝန် ရပ်နား ခဲ့တဲ့ ဘရာဇီး သမ္မတ ဟောင်း Luiz Inacio Lula da Silva ပဲ ဖြစ်ပါ တယ်။ ကိုယ့်ကိုယ် ကို ဘယ်ေ တာ့ မှ လက် မလျော့ နဲ့ .. သူတစ်ပါး ကိုလည်း ဘယ်တော့မှ မစွန့်လွှတ် ပါနဲ့တဲ့။
တော်ထက် တဲ့ တစ်ကိုယ် ကောင်းဆန်ခြင်း က တစ်ပါးသူ ကောင်းစားရေး အတွက်ပါ။ သူတစ်ပါး ကို ကူညီနေစဉ် အတော အတွင်းမှာ သင် ဘုရား ဖြစ်လာလို့ ပါပဲ။ သူတစ်ပါး ကို ဂရုစိုက် လေလေ ကိုယ့်ကိုယ် ကို စိုးရိမ် ပူပန်စိတ် နည်း လေလေ တဲ့ —- Dalai Lama က ဟောခဲ့ပါတယ်။
အာကာ ထက် မြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...