Wednesday, March 4, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၃)

သစ်ထူးလွင်


Posted: 04 Mar 2015 07:05 AM PST
မိုင်းတွင်းရှေ့မှာ အလုပ်သမားတွေရဲ့ ဆွေမျိုးတွေ စုရုံး စောင့်ဆိုင်းနေ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒွန်ညက်စ် ဒေသေမှာ ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ မိုင်းတူးသမား ၃၀ ကျော် သေဆုံးတယ်လို့ ယူဆရကြောင်း ယူကရိန်း သူပုန်တွေက ဘီဘီစီကို ပြောပါတယ်။ အခုချိန် အထိ အလောင်း ၁ လောင်းသာ ပြန်ရသေးပြီး ၁၄ ယောက် ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဟာ မနက်စောစောမှာ ဖြ
Posted: 04 Mar 2015 05:42 AM PST
မတ်လ ၃ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စခန်းမှူးတစ်ဦးကို တပ်သား တစ်ဦးက ယနေ့ နံက်နက်က သူကိုင်ဆောင်ထားသော ရိုင်ဖယ် သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု သတင်း ရရှိသည်။ “ ဟုတ်ပါတယ်။ ဒီနေ့မနက်က ဖြစ်တာပါ။ တခြား တပ်က အရာရှိတွေနဲ့ ၀ိုင်းဖွဲ့ လဘက်ရည် သောက်နေတာကို နောက်ကနေ အနီးကပ် ပစ်သတ်သွားတာပါ။ တစ်ချက်တည်းပါ” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။ သေဆုံးသူမှာ ဘူးသီးတောင်မြို့မ စခန်းမှူး ဒု
Posted: 04 Mar 2015 05:40 AM PST
မတ်လ ၃ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားလေဆိပ်တွင် စင်္ကာပူမှ ရောက်ရှိလာသော လေယာဉ် တစ်စီး အိမ်သာထဲမှ အလေးချိန် ရွှေ ၁၈ ဒသမ ၅ ကေစီ (kilograms) ရှိ ရွှေချောင်းများကို ရှာဖွေ ဖမ်းဆီးရမိသည်ဟု သိရသည်။ ယင်းရွှေချောင်းများ၏ တန်ဖိုးမှာ တာကာ ၉၅ သန်း (မြန်မာကျပ်ငွေနှင့်ဆိုလျှင် ကျပ်သန်းပေါင်း ၁၀၀၀) ခန့်ရှိသည်ဟု သိရသည်။ အင်္ဂါနေ့ မနက် ၁၁ နာရီခန့်တွင်  Regent airways လေကြောင်း လေယာဉ်အား ဒက္ကားလေဆိပ်တွင် ရပ်နားထားစဉ် သတ
Posted: 04 Mar 2015 05:54 AM PST
လက်ပံတန်းမြို့ခံတွေ ဆန္ဒပြနေ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောက်ခံကြောင်းနဲ့ ကျောင်းသား သပိတ်ကို ဆက်လက်ချီတက်ခွင့်ပြုဖို့ လက်ပံတန်းပြည်သူတွေက ရဲလုံခြုံရေးယူထားတဲ့နေရာကို လာရောက် တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေက ကျောင်းသားတွေနဲ့ တွေ့ခွင့်ပြုဖို့ တောင်းဆိုကြပါတယ်။ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရဲတပ်ဖွဲ့က စည်း ၃ စည်းခြားပြီး ပိတ်ဆို့လိုက်ပါတယ်။ ဓါတ်ပုံ - ကျော်ဇောဝင်း၊ 
Posted: 04 Mar 2015 03:51 AM PST
ဓါတ်ပုံ- ရဲရင့်ကျော် ဒါနဲ့စကားမစပ်ပြောရဦးမယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ၁၃၀၀ ပြည့်အရေးတော်ပုံ ကြီးကို ဖြစ်စေခဲ့တဲ့ ရေနံမြေသပိတ်တပ်ကြီးဟာလည်း ချောက်၊ ရေနံချောင်း၊ လမ်းရွာကနေ ရန် ကုန်မြို့ကို ခြေလျင်ချီတက်ခဲ့တာပါ။ နောက်ရန်ကုန်မြို့မှာ သပိတ်စခန်းချခဲ့တာပါ။ တိုင်းတပါး သားအစိုးရ၊ ကိုလိုနီအစိုးရ၊ နယ်ချဲ့အစိုးရ အုပ်ချုပ်ခဲ့တဲ့ခေတ်တုန်းကတောင် ရေနံမြေအလုပ်သ မားသပိတ်တပ်ကြီးဟာ ရန်ကုန်ြ
Posted: 04 Mar 2015 04:11 AM PST
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန်က လစာတိုးပေးဖို့ ရွှေပြည်သာကနေ ဆူးလေဘုရားအထိ လမ်းလျှောက်ဆန္ဒပြကြတဲ့ အလုပ်သမား တစ်ရာကျော်ကို ရဲတပ်ဖွဲ့ဝင်တွေက ဒညင်းကုန်း သံလမ်းဆုံအရောက် မနက် ၁၀ နာရီလောက်မှာ ပိတ်ဆိုတားဆီးခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ညနေ ၅ နာရီကျော်လောက်မှာ အဲဒီအလုပ်သမားတစ်
Posted: 04 Mar 2015 03:32 AM PST
ပညာရေး ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အမျိုးသား လွှတ်တော် ကြားနားပွဲကို လက်ပံတန်းမှာ တားဆီးခံနေရတဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသား ကိုယ်စားလှယ် ၈ ဦး တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဗကသရဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်အရ ပေးပို့ထားတဲ့ အမျိုးသားပညာရေးဥပဒေ  ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ကြားနာ
Posted: 04 Mar 2015 03:29 AM PST
အခင်းဖြစ်ပွားမှု ပြန်လည်သရုပ်ဖော်ပြသစဉ် (ဓာတ်ပုံ – khaosod) ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ မြန်မာ အလုပ်သမား လူငယ်တဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  လူငယ် ၃ ဦးကို ဖမ်းဆီး လိုက်တယ်လို့  ခေါင်ဆွတ်ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ အသက် ၁၈ နှစ်အရွယ်  နိုင်းဖန်းလွန်း ခေါ် နိုင်းကိန်၊ အသက် ၁၇ နှစ်အရွယ် နိုင်းပီယနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ နိုင်းတေယ တို့ ၃ ဦးကို လူသတ်မှု ဖြစ်တဲ့ညက
Posted: 03 Mar 2015 10:30 PM PST
ရဲတပ်ဖွဲ့အနေနဲ့ ညှိနှိုင်းအဖြေရှာမှုကိုသာ စောင့်ဆိုင်းနေတာဖြစ်ပြီး အကြမ်းဖက်ဖို့ အစီအစဉ်မရှိကြောင်း လက်ပံတန်းမြို့က ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းနားမှာ တာဝန်ယူထားတဲ့ အမှတ် ၁၁ လုံခြုံရေးတပ်ဖွဲ့ခွဲ အကြီးအကဲ ဒုတိယရဲမှူးကြီး နန္ဒာဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောလိုက်ပါတယ်။ (ရိုက်ကူး ကျော်ဇောဝင်း/RFA) RFA Burmese (function(d, s, id) {  var js, fjs = d.getElementsByTagName(s)[0];  if (
Posted: 03 Mar 2015 09:35 PM PST
လက်ပံတန်းမြို့မှာ ဒုတိယမြောက်နေ့ ထိုင်သပိတ်ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို လူစုခွဲဖို့ အစိုးရက ဒီနေ့မနက် ၁ဝ နာရီမှာ သတိပေးလိုက်ပါတယ်။ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းက ကျောင်းသားသပိတ် သီချင်းများဖွင့်ပြီး "အရေးတော်ပုံ အောင်ရမည်၊ သပိတ် - သပိတ် မှောက်မှောက်" ကြွေးကြော်နေကြပါတယ်။ Photo: Kyaw Zaw Win/RFA လက်ပံတန်းမြို့မှာ ကျောင်းသားတွေနဲ့ ရဲတွေ ဒီနေ့မနက်ပိုင်းမြင်ကွင်း။ Photo: Kyaw Zaw Win
Posted: 03 Mar 2015 08:48 PM PST
မီးမလောင်ခင် တွေ့ရသော ထီးကလိုးသော့ စာသင်ကျောင်းသစ် မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီးကလိုးသော့ကျေးရွာတွင် ဒေါနအရှေ့ဘက် ဒေသ အခြေစိုက် ကရင်လူထု အခြေပြုကွန်ရက် (KCBNG)မှ ဦးစီး၍ မကြာမီက ဆောက်လုပ်ပြီးစီး သွားသော မူလတန်း အဆင့် စာသင်ကျောင်းသစ် ကျောင်းတစ်ကျောင်းမှာ ဖေ ဖော်ဝါရီ ၂၆ရက်နေ့က မီးလောင်ခံရကြောင်း သိရသည်။ ၎င်းမူလတန်းစာသင်ကျောင်းဆောင်သစ်ကို ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ဖွင့်
Posted: 03 Mar 2015 08:41 PM PST
မတ် ၂ရက်၊ ၂၀၁၅ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူအုပ်စုတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် အစိုးရ စစ်တပ်တို့ကြား ဖေဖော်ဝါရီ ၂၇ရက်နေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားခဲ့ရာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ခို့သောခိုစခန်း အခြေစိုက် အစိုးရစစ်တပ် စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် (စကခ-၅)လက်အောက်ခံ
Posted: 03 Mar 2015 08:38 PM PST
ပဲခူးတိုင်း လက်ပံတန်းမြို့ အောင်မြေ ဗိမာန် ဘုန်ကြီး ကျောင်းရှေ့ ထိုင်သပိတ် လုပ်ဆောင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ဒီကနေ့ မနက်မှာ သံဆူးကြိုးတွေချပြီး လုံခြုံရေး အင်အား ပိုမို တင်းကျပ် ချထားတယ်လို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ကိုမင်းမင်းဇော်က ပြောပါတယ်။ “ဒီနေ့အခြေအနေက မနေ့က အခင်းအကျင်းပုံစံနဲ့မတူတော့ဘူး။ ရဲက တားတဲ့ပုံစံက သံဆူးကြိုးတွေကို ကျနော်တို့ရှေ့ မျက်နှာချင်းဆိုင်
Posted: 03 Mar 2015 08:35 PM PST
Philip Blackwood (Credit: AFP)  မြန်မာနိုင်ငံက ​အရက်ဘားတစ်ခုမှာ ​အလုပ်လုပ်ကိုင်နေတဲ့ ​နယူးဇီလန်နိုင်ငံသား ​တစ်ဦး ​ဗုဒ္ဓဆင်းထုတော်ကို ​မဖွယ်မရာ ​ပြုတဲ့အတွက် ​အပြစ်ပေးခံရမယ့် ​အနေအထား ​ရှိနေပါတယ်။ Philip ​Balckwood ​ဟာ ​VGastro ​ဘားရဲ့ ​မန်နေဂျာဖြစ်ပြီး ​အခုလောလောဆယ် ​မြန်မာနိုင်ငံသား ​ဘားပိုင်ရှင်အပြင် ​တခြား ​မြန်မာ ​မန်နေဂျာ ​တစ်ဦးနဲ့အတူ ​အင်းစိန်ထောင်မှာ ​ချုပ်နှောင်ခံနေရပါတယ်။ ပြီးခဲ့တဲ့
Posted: 03 Mar 2015 08:35 PM PST
အင်ဒိုနီးရှား နှစ်ဦးကို ကျွန်းတစ်ကျွန်းပေါ်က အကျဉ်းထောင်ဆီ ပို့ဖို့ စီစဉ်နေပုံ (Credit: ABC licensed)  အင်ဒိုနီးရှားနိုင်ငံမှာ ​သေဒဏ်ချမှတ် ​ခံနေရတဲ့ ​သြစတြေးလျ ​နိုင်ငံသား ​နှစ်ဦးကို ​ပစ်သတ်ဖို့ ​အင်ဒိုနီးရှား အာဏာပိုင်တွေက ​ဒီမနက်မှာပဲ ​ကျွန်းတစ်ကျွန်းက ​ထောင်ဆီကို ​ပို့ဆောင်လိုက်ပြီ ​ဖြစ်ပါတယ်။ Kerobokan ​အကျဉ်းထောင်ကို ​သွားရောက်ခဲ့တဲ့ ​အေဘီစီ ​သတင်းထောက် ​George ​Roberts ​က ​ထောင်ပြင်ပ
Posted: 03 Mar 2015 08:34 PM PST
မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင် ဒီနှစ်နွေဟာ အရင်နစ်တွေထက်အပူချိန်ရော ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းတွေပါ မြင့်တက်မှာဖြစ်လို့ အပူဒဏ်အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၅ ခုနစ် နွေရာသီမှာ ဖြစ်ပေါ်မယ့် အပူချိန်ဟာ အပူချိန်မြင့်တက်လေ့ရှိတဲ့ ဒေသတွေအပြင်  မြန်မာပြည်မြောက်ပိုင်းကအေးတဲ့ ဒေသတွေမှာပါ အပူချိန်ပိုမယ်လို့ သူက ခန့်မှန်းပါတယ်။ နိုင်ငံအတွ
Posted: 03 Mar 2015 08:32 PM PST
ဓာတ်ပုံ – ရိုက်တာ ပါကစ္စတန်အာဏာပိုင်တွေက ကလေးတွေကို ပိုလီယိုကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့ ရာနဲ့ချီတဲ့ ကလေးမိဘတွေကို ဖမ်းခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က ပြောပါတယ်။ တာလီဘန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းတွေထဲကတခုမှာ ပိုလီယိုကင်းစင်ရေး အားထုတ် မှုတွေကို လူ့အဖွဲ့အစည်းက အတိုက်အခံ လုပ်နေသလို တာလီဘန်ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ ပါကစ္စတန် အနောက်မြောက်ပိုင်းက ခီဘာဒေသ ကျန်းမာရေး ညွှန်မှူးက သြ
Posted: 03 Mar 2015 06:58 PM PST
သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ ခံခဲ့ရသူ ရုရှားအတိုက်အခံ ခေါင်းဆောင် Boris Nemtsov ရဲ့ဈာပန (မတ် ၃၊ ၂၀၁၅) ရုရှားအတိုက်အခံ ခေါင်းဆောင် Boris Nemtsov ကို အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ သို့တည်းမဟုတ် သမ္မတ Vladimir Putin အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်ပိုင်းက အမိန့်ပေးတဲ့ အတွက် အစိုးရလိုလားတဲ့ အဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်လိုက်တာလို့ သူ့အနေနဲ့ ယုံကြည်ကြောင်း အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံ ခေါ
Posted: 03 Mar 2015 08:16 PM PST
လက်ပံတန်းမှာ ကြွေးကြော်သံတွေနဲ့အတူ ထိုင်သပိတ်ဆင်နွဲနေတဲ့ကျောင်းသားတွေ။ (မတ်လ ၃၊ ၂၀၁၅) လက်ပံတန်းမြို့မှာ လုံခြုံရေးရဲတွေ ပိတ်ဆို့ထားတဲ့ ကျောင်းသား သပိတ်ပင်မစစ်ကြောင်းမှာ ရွှေဝါရောင်နဲ့ ရဟန်းပျို သံင်္ဃာတော်တွေ ဦးဆောင်ပြီး အင်္ဂါနေ့တညလုံး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ခင်းအချိန်ထိ မဟာအောင်မြေဘုန်းကြီးကျောင်း လမ်းထိပ်ရှေ့မှာ လုံခြုံရေးရဲတွေနဲ့ နှစ်ဖက်ထိပ်တိုင်ရင်ဆိုင်ဆဲဖြစ်ပါတယ်။ အနယ်နယ်အရ
Posted: 03 Mar 2015 03:42 PM PST
မိုးညှင်း မတ် ၃ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်သို့ ရေကျော်ရပ် နန်းမား ကျေးရွာနေ ယာဉ်မောင်း သက်ပိုင်ကျော်(ခ)ဇေယျာထူး မောင်းနှင်သော ယာဉ်အမှတ် SD/------ တုံဖုံးကား အပြာရောင်ယာဉ်သည် အင်းတော်ကြီး နန့်မွန်တောင် ထိပ်အဆင်း မြေနီဖြတ်လမ်း မိုင်တိုင် ၁၃/ဝ နှင့် ၁၃/၁ ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှော
Posted: 03 Mar 2015 03:41 PM PST
ကြံခင်း မတ် ၃ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကွေ့မအုပ်စု ချောင်းခွကျေးရွာ တွင် မတ် ၃ ရက် နံနက် ၁ဝ နာရီခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မတ် ၃ ရက် နံနက် ၁ဝ နာရီခန့်က ကြံခင်းမြို့နယ် ကွေ့မ အုပ်စု ချောင်းခွရွာနေ ဒေါ်ပေါက်စ(ခ) ဒေါ်ခင်အုန်းမြင့် (၄၆နှစ်)သည် နေအိမ်မီးဖိုတွင် ခရမ်းသီးပြုတ်အိုးတည်ထားခဲ့ပြီး နွားလှန်သွားနေစဉ် မီးဖိုမှ နေ
Posted: 03 Mar 2015 03:42 PM PST
လောက်ကိုင် ပြည်သူတွေ စစ်ပြေးရှောင်ခဲ့ရ လောက်ကိုင် ဒေသတိုက်ပွဲ တွေကြား အရပ်ဝတ် နဲ့ သူတွေ ၆၀ ကျော် သေဆုံး ခဲ့ရပြီ လို့  အလောင်း တွေကို အခု ရက်ပိုင်း မှာပဲ မီးသင်ဂြိုလ် ပေးခဲ့ ရတဲ့သူ က ပြောပါတယ်။ လောက်ကိုင် မြို့ တွင်း မှာ တော့ အလောင်းတွေ မရှိ တော့ဘူး လို့ ဆိုပါတယ်။ သေဆုံးသူ တွေဟာ သေနတ် ဒဏ်ရာနဲ့  ဦးခေါင်းနဲ့  ကိုယ်ခန္ဓာ တွေမှာ ထိမှန် သေဆုံး ကြတာ ဖြစ်ပြီး အမျိုးသမီးနဲ့  သက်ကြီးရွယ်အို တွေ ပါဝင်
Posted: 03 Mar 2015 03:41 PM PST
အမှုတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ မတ်လ ၃ ရက်နေ့ က တောင်ကုတ်မြို့ဒေသခံတွေ တရားရုံးရှေ့မှာ ဆန္ဒပြစဉ်။ Photo: RFA ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တရားရုံးမှာ အကျင့်ပျက်ခြစားမှုတွေရှိနေပြီး အမှုတွေကို မှန်မှန် ကန်ကန်ဆုံးဖြတ်ပေးဖို့ ဒေသခံ ၁၀၀ လောက်က တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။ အဲဒီတရားရုံးမှာ ပြစ်ဒဏ်တွေကို လျော့ပေါ့ချမှတ် တာတွေ ရှိနေတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေတာကို အမြ
Posted: 03 Mar 2015 03:41 PM PST
ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ်မှာ မတ်လ ၃ ရက်နေ့က နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်နေစဉ်။ Photo: Kyaw Htoon Naing/RFA လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်ရဖို့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ ထုတ်ပေးနိုင်အောင် ဆောင် ရွက်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြော ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့န
Posted: 03 Mar 2015 03:41 PM PST
ပေကျင်း မတ် ၃ တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် လူ ၁၃ ဦးဒဏ်ရာ ရရှိပြီး အော်ပရာကုမ္ပဏီမှ လူ ၂ဝ သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာက ဖော်ပြခဲ့သည်။ အဆိုပါ မတော်တဆမှုသည် ဟီနန်ပြည်နယ်အလယ်ပိုင်း လင်ဇူး မြို့တွင် အင်္ဂါနေ့အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသ တွင်းအစိုးရ၏ သတင်းရင်းမြစ်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တိမ်းမှောက်သွားသော ဘတ်စ် 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...