Thursday, October 10, 2013

အင်္ဂလိပ်စကားတွင် ဘယ်အခါမှာ Rather ကို အသုံးပြုပါသလဲ

(A) Rather (တော်တော်) ကို အတိုင်းအတာပြကြိယာထောက်အနေဖြင့် သုံးရာတွင် နာမ၀ိသေသနတွေ (adjectives) ကို အထူး ပြုနိုင်ပါသည်။
  • The film was rather good. (ရုပ်ရှင်ကတော်တော် ကောင်းတာပဲ။)
ကြိယာထောက်တွေ (adverbs)ကိုလည်း အထူးပြုနိုင်ပါသည်။
  • It happened rather quickly. (အဲဒါကတော့ တော်တော် မြန်မြန် ဖြစ်သွားတာပဲ။)
မှတ်ချက်။

1. Rather သည် fairly  (အသင့်အတင့်) ထက်ပို၍ အားပြင်းသော်လည်း very  (အရမ်း) လောက်တော့ မပြင်းထန်ပါ။


2. နာမ်ကိုလည်း အထူးပြုနိုင်ပါသည်။ ထိုအခါမျိုးတွင် နာမ်ကို အထူးပြုသော (a, an, the) article ရဲ့ရှေ့မှာ ထားရပါ တယ်။
  • It’s rather a problem. (ဒါဟာ အတော့်ကို ပြဿနာတစ်ခုဖြစ်နေတာပဲ။)
3. တစ်ချို့သော ကြိယာများကိုလည်း အထူးပြုနိုင်ပါတယ်။
  • I rather like it. (ဒါကို ကျွန်တော် တော်တော် ကြိုက် ပါတယ်။)

(B) ပို၍နှစ်သက်ကြောင်း ဖော်ပြလိုသောအခါ

Rather than (………..ကို…………ထက်ပို၍…………..) ကို အသုံးပြုပါသည်။
၎င်းကို parallel structures (အပြိုင်တည်ဆောက်ပုံများ) ကို နှိုင်းယှဉ်ရာတွင် အသုံးပြုပါသည်။
  • Let’s take the train rather than the bus. (ဘတ်(စ်)ကားစီးသွားတာထက် ရထားစီးသွားရအောင်။)
  • Rather you than me. (ငါမဟုတ်ဘဲ မင်းမို့လို့ တော်တော့တယ်)
  • I decided to write rather than e-mail. (e-mail ပို့တာထက် စာရေးဖို့ ဆုံးဖြတ်လိုက်တယ်)

…ပို၍ နှစ်သက်တယ် (Would rather)
၎င်းအသုံးအနှုန်းတွင် အောက်ပါ ပုံစံဖြင့် သုံးပါသည်။

Would rather (-‘d rather) + infinitive without “to”.
 (‘to’ မပါသော ကြိယာ၏ အခြေခံပုံစံ)

  • I’d rather leave now. (ကျွန်တော် အခုပဲ ပြန်ချင်ပါတယ်)

နောက်တစ်ပုံစံကတော့


Would rather + pronoun + past tense

  • I’d rather she came early. (သူ့ကို စောစောလာခဲ့စေချင်ပါတယ်။)
http://teacherclaudiamedeiros.blogspot.co.uk မှ Claudia Medeiros ၏ When do we use Rather in English? ကို ကိုးကားထားပါသည်။

Read more: အင်္ဂလိပ်စကားတွင် ဘယ်အခါမှာ Rather ကို အသုံးပြုပါသလဲ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A969882&xgs=1&xg_source=msg_share_topic#ixzz2hKNBfykP

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...