Thursday, October 10, 2013

ဝိုင်ခါးခါးလောက်နဲ့ မမှောက်မားစေလို…

ခုနှစ်သက္ကရာဇ်တော့မမှတ်မိတော့ဘူး၊ သေချာတာကတော့ အိန္ဒိယမှာ လူပျိုကြီး မစ္စတာ အဗ္ဗဒူကာလမ် (Mr. A.P.J. Abdul Kalam ) ကသမတဖြစ်ပြီး နောက်လူပျိုကြီးတယောက်ဖြစ်တဲ့ မစ္စတာ ဗာ့ခ်ျပါယီး ( Mr.Atal Bihari Vajpayee ) ကဝန်ကြီးချုပ်ဖြစ်နေချိန်မှာ အိန္ဒိယအလှမယ်နှစ်ယောက် တယောက်က မယ်ကမ္ဘာဖြစ်ပြီး နောက်တယောက်က မယ်စကြာဝဠာဖြစ်လာတယ်။
ဒီတော့အိန္ဒိယသားကုလားတွေ အုတ်အော်သောင်းသဲ ချီးမွမ်းကြဂုဏ်ပြုကြ ဝမ်းမြောက်သဝဏ်တွေပိုကြနဲ့ သမတကော ဝန်ကြီးချုပ် ဝန်ကြီး ဝန်ကလေးမကျန် သဲသဲလှုပ်နေကြတယ်။ အဲဒီအချိန်မှာ သတင်းသမားတယောက်က အနောက်ဘင်္ဂလားနယ် ဝန်ကြီးချုပ်ဖြစ်တဲ့ မာ့က္စဝါဒီ မစ္စတာ ဂျိုတီဘာဆူး ( Mr. Jyoti Basu ) ကိုသွားဆွတယ်။ သူကဘာမှမပြောပဲ ငြိမ်နေတာကိုး၊ အလှမယ်တယောက်ကဆို သူ့ပြည်နယ်က ဘဂ်ါလီမလေး။ ဒီတော့ မစ္စတာ ဘာဆူးက “ဖောက်ပြန်တဲ့အရင်းရှင်တွေရဲ့ ပြည့်တန်ဆာအိမ်ထောင်ရေးစနစ်ထဲက ဗန်းပြသားစပ်လုပ်ငန်းမှာ ဆုရတာဘာဂုဏ်ယူစရာရှိလို့လဲ” လို့ပြန်ဖြေလိုက်တာ အိန္ဒိယတပြည်လုံးငြိမ်သွားရော၊ သမတတို့ ဝန်ကြီးချုပ်တို့လည်း ရှက်ကိုးရှက်ကန်းတွေဖြစ်ကျန်ခဲ့ရော။
ခုလည်းဗမာပြည်မှာ ဒီလုပ်ငန်းနဲ့ပါသတ်ပြီး လူမျိုးရေးအထိချဉ်းတဲ့ အငြင်းပွားမှုတွေဖြစ်နေတာ တွေ့ရတယ်။ အဲလောက်ထိဖြစ်သင့်လို့လား၊ ဖြစ်ထိုက်လို့လား။ တကယ်တော့ အငြင်းပွားမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပုံစံကနေ သွေဖယ်ပြီးဖြစ်လာတယ်။ ဘယ်က ဘာပယောဂတွေ ဘယ်လောက်ပါလဲတော့ မသိနိုင်ဘူး။
ခေတ်အဆက်ဆက်က အာဏာပိုင်တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု၊ နိုင်ငံရေးသတ္တိကင်းမဲ့မှု၊ တာဝန်မဲ့မှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာမဲ့မှုရဲ့ အကျိုးဆက်ကြောင့်ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမွတ်ဆလင်များရဲ့ ခိုးဝင်အခြေချမှု နယ်မြေပြဿနာဟာ ဘာသာရေးဆန်ဆန် မွတ်ဆလင်ဆန့်ကျင်ရေးအသွင်ပြောင်းသွားခဲ့လို့ တပြည်လုံးမီးတောက်ပြီး ဘာသာကွဲတဲ့ ပြည်သူတွေအချင်းချင်းတွေကြား သံသယများနဲ့ မလုံခြုံတဲ့ဘဝကိုရောက်သွားရတယ်။ တချို့သောဗမာမွတ်ဆလင် အထူးသဖြင့်ပြည်ပရောက်တွေရဲ့ ပြဿနာကို အမျိုးသားအကျိုးစီးပွားထက် ငါ့ဘာသာ ငါ့အယူဆိုပြီးမျက်စီရပ်တည်ပြောဆို လုပ်ကိုင်ဆောင်ရွက်တွေကလဲ မီးလောင်ရာလေပင့် ဖြစ်ခဲ့တယ်။ နောက်ဆုံးရာစုနှစ်တွေချီပြီး အတူယှဉ်တွဲနေထိုင်လာကြတဲ့ တိုင်းရင်းသား ရခိုင်နဲ့ ကမန်အမျိုးသားတွေအကြား အပြန်အလှန်မယုံမကြည် သတ်ဖြတ်တဲ့အထိဖြစ်လာတယ်။ ကမန်အမျိုးသားတွေရဲ့ ခိုကိုးရာမဲ့အခြေအနေက ကြေကွဲခံစားနာကျင်စရာဖြစ်သလို ရခိုင်အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကလည်း လစ်လျူရှုလို့မရတဲ့ အရေးကိစ္စဖြစ်ပါတယ်။ ဒီအရေးကိစ္စဟာ အထက်မှာပြောခဲ့သလို ခေတ်အဆက်ဆက်က အာဏာပိုင်တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု၊ နိုင်ငံရေးသတ္တိကင်းမဲ့မှု၊ တာဝန်မဲ့မှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာမဲ့မှုရဲ့ အကျိုးဆက်ကြောင့်ဖြစ်ခဲ့ရတဲ့ နိုင်ငံ့အရေးကိစ္စသာဖြစ်ပါတယ်။ တာဝန်မဲ့ခဲ့သူတွေက တာဝန်မရှိခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကြားကို ပစ်ချခဲ့လို့မီးတောက်ခဲ့တာဖြစ်ပါတယ်။
ခုလည်းဘာမဟုတ်တဲ့ မယ်ကိစ္စကိုအခြေခံပြီး လူမျိုးရေးဆန်ဆန် တရုတ်ဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်မှုတွေဖြစ်လာတယ်။ ပြောရမယ်ဆိုရင် ဒါဟာလည်း မွတ်ဆလင်ဆန့်ကျင်ရေးလိုပဲ အာဏာပိုင်တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှု၊ နိုင်ငံရေးသတ္တိကင်းမဲ့မှု၊ တာဝန်မဲ့မှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာမဲ့မှုရဲ့ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ငံ့အရေး အကြပ်အတည်းပြဿနာကို  တာဝန်မရှိခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကြားကို ပစ်ချဖို့ကြိုးစားတာဖြစ်ပါတယ်။ လူထုကြားမှာလည်း တရုတ်နဲ့ပါသက်ရင် မကြေလည်နိုင်စရာအချက်တွေရှိနေတယ်။
တရုတ်ပြည်ကတရုတ်တွေဟာ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီးတိုင်းပြည်ထဲက သယံဇာတအရင်းအမြစ်တွေကို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာအချောင်နှိုက်တာတွေ၊ လက်ပတောင်းတောင်ကိုဇွတ်အဓမ္မဖြိုဖျက်ဖို့တင်မက ဘိုးဘွားအမွေ သာသနိက အဆောက်အုံတွေကိုပါ မလေးမစား ဖျက်ဆီးမယ်တကဲကဲလုပ်နေတာတွေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာအကျိုးမှမရတဲ့ မြစ်ဆုံရေကာတာနဲ့ ကျောက်ဖြူ-ကူမင်းပိုက်လိုင်းကစ္စနဲ့ အဲဒီစီမံကိန်းတွေထဲကျရောက်နေတဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေကိုလစ်လျူရှုပြီး ခါပိုက်ဆောင်ဗမာစစ်အာဏာရှင်တွေကို အသုံးချထင်ရာကြဲနေတာတွေဟာ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့သူတိုင်း အတွက်ခံပြင်းနာကျည်းစရာတွေပါ။
ဒီကြားတည်းဘာမဟုတ်တဲ့ မယ်ရွေးပွဲမှာ မဟုတ်မဟတ်လုပ်ကြံပြီး လူတကာအော့နှလုံးနာတဲ့ လူ့တိရိစ္ဆာန်တွေရဲ့ အလိုကျဖန်တီးသွားတာက လူအများအတွက် ခံပြင်းဒေါသပေါက်ကွဲ စရာ ဖြစ်လာတယ်။ ကလေးမလေးကတရုတ်ဖြစ်နေတယ်။ ကျနော့အတွက် မယ်ရွေးပွဲမှာ ဘယ်သူဘာလူမျိုးဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ် သူတို့လုပ်ပုံ မတော်မတရားနိုင်လွန်းလို့ ဖဘ မှာဝေဖန်ထျက်တခုပေးမိပါတယ်။ ဒီလုပ်ပွဲကြီးမှာ အဓိကပါဝင်သူတဦးဖြစ်တဲ့ အဆိုတော် အယ်ခွန်းရီ က ကလေးမကို ဝိုင်းလက်ညိုးထိုးကြသူတွေကို ရန်တွေ့တဲ့စာမှာ အောက်က အတိုင်းပြောခဲ့တာပါ။
<<<အားကစားဝန်င်္ကြီးဋ္ဌာနရဲ့လမ်းညွှန်ကြီးကြပ်မှု ၊ကူညီပံ့ပိုးပေးမှု တို့နဲ့အတူ Hello Madam Co. က ငွေကြေးများစွာ အကုန်အကျခံပြီး Miss Universe ပြိုင်ပွဲ မှာ နိုင်ငံ့ ကိုယ်စားပြု ပါဝင်ပြီး
သွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ၃.၁၀.၀၁၃ ရက်နေ့ကမယ်ရွေးပွဲကျင်းပခဲ့ပါတယ်..

အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြံဥာဏ်ျားကိုပါ ရယူပြီး သမာသမတ်ကျတဲ့ ကျမတို့ ဒိုင်တွေက မှန်မှန် ကန်ကန် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ကြတာကိုလည်း အားလုံး အသိ
ပဲ ဖြစ်ပါလိမ့်မယ်..xxxxxxxxxx ဒါကြောင့် သားသမီးချင်း နှမချင်း ကိုယ်ချင်းစာနာပြီး အကောင်းမြင်
စိတ်ကလေးနဲ့ပြန်လည် သုံးသပ်ပေးကြစေချင်ပါတယ်..
(မမ လဇွန်ခွန်းရီ စာမျက်နှာမှ ကူးယူပါသည်).>>>>>
<Kyaw Than သူ့သဘောထားနဲ့ လူလုံးပြပုံကလုံးဝမှားတယ်..ဒါပေမယ့်စာနာလို့ဘာမှသိပ်မပြောပါ. သို့သော်လည်း ဒီရွေးပွဲလုပ်ပွဲကြီးမှာ ကိုယ်နှစ်သက်ခဲ့တဲ့ အဆိုတော် အယ်ခွန်းရီပါနေတာသိရတော့ စိတ်မကောင်းပါ..ပြန်စဉ်းစားတော့ မအံ့သြပါ..မဆလအဆွယ်အပွားဆိုတော့ ဇာတိပေါ်လာရတာပဲ..
P N ကိုယ့်နိုင်ငံ ကိုယ်စားပြုသွားမှာကိုဘာလို့မဆလ ကပါလာရတာလည်း
Kyaw Than မဆလ..တစည..နဝတ..နအဖ..ခုကြံ့ဖွတ် အားလုံးဟာ စစ်အာဏာရှင်သီတံတခုတည်းက ဖားစားတဲ့စားဖားများသာဖြစ်ပါတယ်၊ ကွာခြားချက်က အဟောင်းနဲ့ အသစ်..လက်ရှိအာဏာကိုင်ထားနိုင်သူနဲ့ လက်လွတ်နေသူပဲကွာပါတယ်။ တခါတလေခွက်စောင်းခုတ်ကြတာကလွဲလို့ အတွေးအကြံ အမူအကျင့် နဲ့ ဘုံအကျိုးစီးပွားကတူပါတယ်။လူတွေကအဲဒါတွေကိုရွံတယ်။ အဲဒါတွေနဲ့ပါတ်သက်ရင်လက်မခံနိုင်ဘူး ဒါကြောင့် ပြိတ္တာငရွှေအနွယ်တွေရဲ့ အလိုဆန္ဒအရ ဒီကလေးမလေးကိုဝိုင်းအသုံးချဖို့ ကြိုးစားကြတာပဲ။ သူတို့အကျိုးစီးပွားအတွက်လုပ်ဇာတ်ကြီးကို ဝိုင်းကကြတာ၊ အယ်ခွန်းရီမပြောနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းဆိုတဲ့ ဗွီအိုအေကလူလည်ပွဲစားအချောင်သမား သန်းလွင်ထွန်း ခေါ် အောင်နိုင်တောင်ပါသေးတယ်။ သူလည်းတချိန်က မဆလရေပေါ်ဆီအနွယ်ပဲ။ လူတွေကအဲဒါတွေကိုရွံတယ်။ အဲဒါတွေနဲ့ပါတ်သက်ရင်လက်မခံနိုင်ဘူး၊ အဖြေကဒါပဲ။>
ပြီးတော့ဒီကလေးမလေးထွက်လာတာက ပြိတ္တာငရွှေမြေး အော့ကျောလန် ဖိုးလပြွတ်နဲ့ ပြောတဲ့စကားက  မိခင်နဲ့ကလေးပေါင်မုန့်ထောပတ်သုပ်အဖွဲ့တို့ ထူးဖေါင်ဒေးရှင်းတို့နဲ့မှ လက်တွဲဆောင်၇ွက်မယ်ဆိုတော့ လူတကာရွံရှာတဲ့ အသိုင်းအဝိုင်းရဲ့နောက်ကွယ်က အကြံယုတ်တွေပေါ်ကုန်ရော။ ဒီပေါက်ကွဲ အငြင်းပွားမှုဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပုံစံကနေ သွေဖယ်ပြီးဖြစ်လာတယ်။ မယ်ကိစ္စကိုအခြေခံပြီး လူမျိုးရေးဆန်ဆန် တရုတ်ဆန့်ကျင်ရေး စည်းရုံးလှုံ့ဆော်မှုတွေဖြစ်လာတယ်။ ဒါကိုအခြေခံပြီး ဗမာတွေဟာ ဘာကိစ္စပဲဖြစ်ဖြစ် လူမျိုးရေးအစွန်းရောက်တယ်၊ ဘာသာရေးအစွန်းရောက်တယ်လို့ပုံဖော်လာတာတွေ တွေ့လာရတယ်။ အတွင်းအပြင်က ပယောဂတွေ ဝင်လာတယ်။
တကယ်တမ်းဆို မယ်ရွေးပွဲမှာ ဘယ်သူဘာလူမျိုးဖြစ်ဖြစ် အရေးမကြီးပါဘူး။ လုပ်နည်းလုပ်ဟန် ဘယ်လောက် သမာသမတ်ကျလည်း၊ ဘယ်သူတွေနဲ့ ဘာကိုကိုယ်စားပြုသလဲကပိုပြီး အရေးကြီးပါတယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်မှာ လူမျိုးတိုင်းကတိုင်းပြည်ကို ကိုယ်စားပြုခွင့်ရှိပါတယ်။ နိုင်ငံသားတွေဖြစ်တဲ့ ဗမာပြည်ဖွား ဗမာပြည်သား တရုတ် ကုလားတွေလည်းကိုယ်စားပြုနိုင်တာပဲ။ အရေးကြီးတာက ကိုယ်စားပြုမဲ့သူဟာ တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုနိုင်လောက်တဲ့ အတွေးအမြင်၊ အသွင်အပြင်၊ အပြောအဆို၊ အမူအကျင့်တွေနဲ့ပြည့်စုံဖို့ပဲလိုပါတယ်။ မှတ်မိသလောက်တချိန်တုန်းက ကုလားကြီးဆရာ ကျားဘညိမ်းဟာ ခေါင်းပေါင်းကြီးနဲ့ တိုင်းပြည်ကိုကိုယ်စားပြုပြီး ဗမာကွလို့လက်မထောင်ပြီး ကမ္ဘာလှည့်လက်ဝှေ့ထိုးခဲ့သေးတာပဲ။ လူတွေကလည်းအားရကျေနပ် ချီးမွမ်းခဲ့ကြရတာပဲ။ ဒီတော့ကိုယ်စားပြုတယ်ဆိုတာ လူမျိုးထက် တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုနိုင်လောက်တဲ့ အတွေးအမြင်၊ အသွင်အပြင်၊ အပြောအဆို၊ အမူအကျင့်တွေနဲ့ပြည့်စုံဖို့ပဲလိုပါတယ်။ လုပ်နည်းလုပ်ဟန် ရွေးနည်းရွေးဟန်ကလည်း သမာသမတ်ကျဖို့လည်းလိုပါတယ်။
ဒါကြောင့် အထူးပြောလိုတာက စစ်အာဏာရှင်တွေနဲ့ပေါင်းပြီးတိုင်းပြည်ထဲက သယံဇာတ အရင်းအမြစ်တွေကို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာအချောင်နှိုက်တာတွေ၊ လက်ပတောင်း တောင်ကိုဇွတ်အဓမ္မဖြိုဖျက်ဖို့တင်မက ဘိုးဘွားအမွေ သာသနိက အဆောက်အုံတွေကိုပါ မလေးမစား ဖျက်ဆီးမယ်တကဲကဲလုပ်နေတာတွေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာအကျိုးမှမရတဲ့ မြစ်ဆုံရေကာတာနဲ့ ကျောက်ဖြူ-ကူမင်းပိုက်လိုင်းကစ္စနဲ့ အဲဒီစီမံကိန်းတွေထဲကျရောက်နေတဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေကိုလစ်လျူရှုပြီး ခါပိုက်ဆောင်ဗမာစစ်အာဏာရှင်တွေကို အသုံးချထင်ရာကြဲနေတဲ့ တရုတ်ပြည်ကတရုတ်တွေအပေါ် ခံပြင်းနာကျည်းချက်တွေကို ဘာမဟုတ်တဲ့မယ်ကိစ္စနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပုံစံကနေ သွေဖီမသွားစေပဲ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့သူတိုင်း နည်းမှန်လမ်းမှန်နဲ့ဆန့်ကျင်တိုက်ဖျက်သွားဖို့လိုပါတယ်။
ရဲဘော်ကျော်သန်း
၁၀၊၁၀၊၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...