Thursday, October 10, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၁၀)

သစ်ထူးလွင်



Posted: 10 Oct 2013 07:24 AM PDT

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိတယ်လို့ UPI သတင်းက ဖေါ်ပြပါတယ်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရေးအတွက် မြန်မာနဲ့အတူ ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ စင်္ကာပူတို့ သဘောတူညီခဲ့ကြပါတယ်။ ဓါတ်အားပမာဏ မက်ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မယ့် အဲဒီစက်ရုံကို မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီး
ဌာန၊ မြန်မာ Daimon Palace Services လီမိတက်တို့နဲ့အတူ အိန္ဒိယ Orange Powergen လီမိတက်၊ စင်္ကာပူ Global Adviser လီမိတက်တို့ ပူးပေါင်းတည်ဆောက်ကြမယ်လို့ သိရပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 07:17 AM PDT

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်အတွင်း တည်ဆောက်နေသော နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ်ကမ်းနှင့် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် စီမံကိန်းတို့နှင့် နီးသော ယာမြေများကို မန္တလေးမြို့ခံ တရုတ်ဝယ်လက်များကြောင့် တစ်နှစ်အတွင်း ဆယ်ဆခန့် ပေါက်ဈေး မြင့်တက် သွားကြောင်း အဆိုပါဒေသ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Oct 2013 07:11 AM PDT
ပြည်မြို့လယ်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်တွင် (၆၆) နှစ်မြောက် အာဇာနည်နေ့၌ ဒေသန္တရက ထုတ်ပြန်သော အမိန့်ကို ချိုးဖောက်ကာ ပန်းခွေချသောကြောင့် ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရသူ ကိုသိမ်းမင်းထွန်းကို ဒဏ်ငွေ ကျပ်၂၀၀ သို့မဟုတ် ထောင်ဒဏ် ခုနှစ်ရက် ကျခံစေရန် အောက်တိုဘာလ ၉ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း ပြည်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 10 Oct 2013 06:58 AM PDT

မြစ်ကြီးနားမှာ ကျင်းပတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ပြည်ထောင်စုအဆင့် ၃ ရက်ကြာ ဆွေးနွေးပွဲဟာ အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု မရဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဦးဆွမ်လတ်ဂမ် ခေါင်းဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ နောက်ဆုံးနေ့အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မရရှိပေမယ့် အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ ကေအိုင်အို ပါဝင်နိုင်ရေး အပါအ၀င်သဘော တူညီချက် ၇ ချက် ရရှိခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Oct 2013 06:56 AM PDT
မယ်စကြာဝဠာမြန်မာ အဖြစ် တရားဝင်ရွေးချယ်ခံထားရတဲ့ မိုးစက်ဝိုင်ရဲ့မိဘနှစ်ပါးဟာ တရုတ်
လူမျိုးများဖြစ်နေတာကြောင့်ဟုဆိ
ုကာ တခြားမြန်မာအမျိုးသမီးအလှမယ်တစ်ဦးကို အစားထိုး
သွားရောက်စေဖို့ လူတစ်စုမှ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေဟာ ဒီနေ့ (အောက်တိုဘာ
လ ၉ ရက်) အွန်လိုင်းစာမျက်နှာများမှာ ပျံ့နှံနေပေမယ့် ပွဲစီစဉ်သူဘက်မှ လူရွေးချယ်ပွဲကို ထပ်
လုပ်မှာမဟုတ်ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 06:52 AM PDT

မယ်စကြာဝဠာ မြန်မာ မိုးစက်ဝိုင်ဟာ တရုတ်သတင်းစာတွေမှာ မြန်မာကိုယ်စားပြု တရုတ်အမျိုးသမီး သွားပြိုင်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့အတွက် ဝေဖန်မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ နှစ်ပေါင်းငါးဆယ်ကြာ မယ်စကြာဝဠာ ပြိုင်ပွဲနဲ့ ကင်းဝေးခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှစပြီး ပြန်လည်ပြိုင်ပွဲဝင်ဖို့ လူရွေးချယ်တဲ့အခါ ဒီလ သုံးရကပ်နေ့က မိုးစက်ဝိုင်ကို နိုင်ငံကိုယ်စားပြုပြိုင်ဖို့ မယ်စကြာဝဠာ မြန်မာအဖြစ် ရွေးချယ်ခဲ့တာပါ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 06:45 AM PDT

မ------နှင့် မ------တို့သည် အဆိုပါနေအိမ်ရှိ အမျိုးသမီး (၇)ဦးခန့်အနက်မှ နှစ်ဦးနှင့် အလုပ်အကြောင်း ပြောဆိုစဉ် မော်ဒယ်ရှိုးလျှောက်သည့် လုပ်ငန်းအပြင် မကောင်းသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ရကြောင်း ပြောပြသိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ပြေးလာခဲ့ပြီး ကာမစပ်ယှက်ရန် ရည်ရွယ်၍ အကျင့်ဖျက်ဆီးခြင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 06:27 AM PDT

ရန်ကုန်မြို့တော်မှ မြန်မာနိုင်ငံ အလယ်ပိုင်းမြို့ကြီးများသို့ အဓိက ပြေးဆွဲနေသော အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အငှားယာဉ်မောင်း တစ်ဦးကို ဖမ်းဆီးရာမှ အဆိုပါ တပ်ဖွဲ့ဝင်များနှင့် အငှားယာဉ်မောင်း တစ်စုတို့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရှိရသည်။ အဆိုပါ ယာဉ်ရပ်နားစခန်း ယာဉ်ဆိုက်ရောက်ရာ ဂိတ်အမှတ် (၂) ဝင်းတွင် ခရီးသည် လာရောက် တင်ဆောင်သည့် အငှားယာဉ်မောင်း တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးရာ ယာဉ်မောင်းက ပြန်လည် ခုခံခဲ့သဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Oct 2013 06:24 AM PDT

တိုက်ကြီးနယ်က ထွက်တဲ့ ဖီးကြမ်းငှက်ပျောသီးချင်း အတူတူ အနှိမ်ခံရတယ်ဗျာ။ ဆေးနဲ့မှည့်ထားတဲ့ ငှက်ပျောသီးမို့တဲ့။ နေပါဦး ကျုပ်ကများ ဆေးနဲ့မှည့်ချင်လို့ အမှည့်ခံထားတယ် ထင်နေလား။ ခြံရှင် ကိုဖိုးသာတို့ လင်မယား သူ့သမီးလေးကျောင်းအပ်ဖို့ ပိုက်ဆံလိုလို့ တဲ့ဗျာ။ သိပ်မရင့်သေးမှန်း သိရဲ့နဲ့ ဆေးစိမ်လို့ရလောက်တဲ့ အနေလောက် အခိုင်တွေ အကုန်လုံး ချိုင်ပစ်လိုက်တာ။ ကောင်းကောင်းမရင့်သေးတဲ့ ကျုပ်တို့ပါ ပါကုန်တာပေါ့။ သိပ်မရင့်လည်းပဲ ဆေးစိမ်လိုက်တော့ ဝါရောင် လိုက်လာပြီး မှည့်သွားတာပေါ့ဗျာ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 05:55 AM PDT

အောက်တိုဘာလ ၁ ရက်နေ့က တောင်ကုတ်မှ သံတွဲသို့  သုံးဘီး တက္ကစီဖြင့် အသွား အကြမ်းဖက် အုပ်စု တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရ၍ သေဆုံးသွားသူ လူငယ် (၂) ဦး၏ အလောင်းကို မနေ့က ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်ဟု သံတွဲ လူမူ ကွန်ယက် ဥက္ကဌ ကိုစိန်ချစ်က ပြောသည်။ သေဆုံးသွားသူ လူငယ် (၂) ဦးမှာ ဖိုးတာ (ခေါ်) မောင်မောင်ဝင်း(၂၀) နှစ် နှင့် ရာဇာ (ခေါ်) မင်းခိုင်ရွှေ (၂၉) နှစ်တို့ ဖြစ်ကြပြီး သူတို့မှာ ရခိုင် ဗုဒ္ဓဘာသာများ ဖြစ်ကြသည်ဟု သူက ဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှာဖွေတွေ့ရှိထားသော အလောင်းကို သံတွဲ ဆေးရုံသို့ မယူမီ တွေ့ရစဉ်။ ( ဓါတ်ပုံ- Share Arakan News)

Posted: 10 Oct 2013 05:43 AM PDT

ဒီကနေ့ ၁၀.၁၀.၂၀၁၃ ရက်နေ့မှာ တောင်ကြီးတက္ကသိုလ်ဝန်ထမ်းတွေက တောင်သူတွေကို တက္ကသိုလ်မြေအတွင်း ကျူးကျော်ဆောင်ရွက်ခြင်း မပြုရန်နှင့် ဖယ်ရှားပေးပါရန်ဟူသော အကြောင်းအရာ ခေါင်းစီးစာသားပါ စာရွက်တွေမှာ လက်မှတ်လိုက်ထိုးခိုင်းနေကြောင်
း တောင်သူများအရေး ကူညီပေးနေသူ
ရှမ်းပြည်မျိုးဆက်အဖွဲ့မှ ကိုအောင်မျိုးက ပြောသည်။ တောင်ကြီးကွန်ပျူတာ တက္ကသိုလ်အတွက် ရယူထားသော မြေဧရိယာမှာ ဧက(၄၈၀)ကျော်နေသည့် အတွက် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုမျှလောက် ကျယ်ဝန်းသော ကျောင်းဟူ၍ မရှိသေးကြောင်းဖြင့် ကိုအောင်မျိုးက ရှင်းလင်းပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 10 Oct 2013 05:38 AM PDT
ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ  မီးလောင်မှုဖြစ်ပွား
၈.၁၀.၂၀၁၃မနက်၀၂း၀၀နာရီခန့် တွင် အမှတ်(၅)အထည် စက်ရုံ ဓါတ်အားပေး ခွဲရုံ 66kv တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရသည့် အကြောင်းမှာ ယခင်နှစ် မကွေးတိုင်း လျှပ်စစ် စစ်ဆေးရေးမှ မကောင်းသောcircuit breaker များ လဲခိုင်းရာ မလဲသောကြောင့်ဟု သိရသည်။ စုစုပေါင်းခန့် မှန်းခြေသိန်းနှစ်ထောင်ခန့် ဆုံးရှုံးကြောင်း သိရသည်။ မီးလောင်ချိန် နောက်ကျမှ သိရသည့်အတွက် ပိုမိုလောင်ကြွမ်းခဲ့ကြောင်း စက်ရုံ ၀န်ထမ်း တဦးမှ Myanmar News Now ကို ပြောပြပါသည်။
Posted: 10 Oct 2013 04:14 AM PDT

အသက် ၁၈ နှစ်အောက် ၃ ဦးအပါအ၀င် ထိုင်းငါးဖမ်းလှေပေါ်ရောင်းစားခံ
ရတဲ့ မြန်မာလုပ်သား ၁၀ ဦးကို ထိုင်းအထူး စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန ဥက္ကဋ္ဌ ရဲမှူးကြီး နိုင်းထာရိတ့် ဖိန်းဒစ် နဲ့ အဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်င်္ပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 04:02 AM PDT

တရုတ် အစိုးရသည် နိုင်ငံ အနောက်ပိုင်း ရှင်းကျန်း ပြည်နယ်တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကို ဖြန့်ဝေလျက် ရှိသူ ၁၃၉ ဦးကို နှစ်လအတွင်း ဖမ်းဆီး ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ယင်း ဒေသသည် လူနည်းစု ယူဂါ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ ဒေသတစ်ခု ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား လာဖွယ် ရှိသည့် အန္တရာယ်များ မြင့်တက်လျက် ရှိသော်လည်း တရုတ် အစိုးရ သည် ယင်း ကိစ္စရပ် နှင့် စပ်လျဉ်း၍ သတင်းများကို ကျယ်ကျယ် ပြန့်ပြန့် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 03:53 AM PDT

ယမန်နေ့ ည ၈ နာရီခွဲ အချိန်တွင် ရန်ကုန် - မန္တလေး ကားလမ်းမကြီး ဘေး ပြည်ကြီးတံခွန် မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ မိုးထက်မြင့် လက်ဖက်ရည် ဆိုင်ရှေ့တွင် ယာဉ်မောင်း ဦးရာဂျမ်း ၃၂ နှစ် ( ဘန်းမွှေးရွာ ၊ နောင်ချိုမြို့နယ် နေသူ ) သည် နီဆန်းဒီဇယ် ခြောက်ဘီးကား ကို ရပ်ထားပြီး သော့ဖြုတ်၍ စက်မှုဇုန် ဘက်သို့ ထွက်ခွာ သွားစဉ် ယာဉ်နောက်လိုက် အောင်နိုင် ( မိုးကုတ်မြို့ နေသူ ) က ယာဉ်မောင်း မလာသေး၍ အချိန် ကြာမြင့် နေသဖြင့် ဘက်ထရီ ၀ိုင်ယာကြိုး နှစ်ချောင်းကို ရှော့ခ်တိုက်၍ စက်နှိုး မောင်းနှင် ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 10 Oct 2013 03:41 AM PDT

စားသုံးရန်မသင့်တဲ့ဆီတွေ မြန်မာနိုင်ငံအတွင်းကို လုံးဝအ၀င်မခံပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြည်ပကနေ ၀င်ရောက်တဲ့ စားအုန်းဆီကို အားထားနေရတဲ့ မြန်မာပြည်ဈေးကွက်မှာ ဆီအရောအနှောတွေ ပါဝင်နေမှုနဲ့ ပတ်သက်လို့   မေးမြန်းရာမှာ ကျန်းမာရေးဝန်ကြီးဌာန အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) ညွန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 03:35 AM PDT

သံတွဲနဲ့ ကျေးရွာတွေမှာ ထုတ်ပြန်ထားတဲ့ မနက် ၆ နာရီကနေ ည ၆ နာရီ မထွက်ရ မိန့်ကို ငပလီကမ်းခြေနဲ့ ဟိုတယ်ဇုန်မှာ ရုပ်သိမ်းလိုက်ပြီလို့ သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လှည့်လည် ကြေညာခဲ့ကြောင်း ဒေသခံ ဦးမောင်မောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း သံတွဲမြို့နဲ့ သဗြုချိုင်၊ ပေါက်တောအပါအ၀င် ကျေးရွာတချို့မှာ လူ ၅ ဦးသေ အများအပြားဒဏ်ရာရပြီး အိမ်ခြေ ၇၀ လောက် မီးလောင်ဖျက်ဆီးခံရတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် အစိုးရဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 03:08 AM PDT

ရာဇဝတ်ဂိုဏ်းသားများ နှင့် မျက်နှာချင်းဆိုင်တွေ့ပါက ရဲများဘက်မှ အရင်ပစ်ခတ်မိန့် အား မလေးရှားပြည်ထဲရေးဝန် ကြီးမှ ထုတ်ပြန်ခဲ့ကြောင်းသိရ သည်။ မကြာသေးမီက ဖြစ်ပွား ခဲ့သော ရာဇဝတ်ဂိုဏ်းနှင့်ဆက် နွှယ်သော အကြမ်းဖက်မှုများကြောင့် ပြည် ထဲရေးဝန်ကြီးဌာနမှ ရဲများအား အရင်ပစ် နောက်မှရှင်းဆိုသော အမိန့်ကို ထုတ်ပြန်လိုက်ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 02:59 AM PDT

5 Series ရုပ်သံလိုင်းတွင် ပြသမည့် လက်သန်းပြတ်တစ်ချောင်းရဲ့ ရာဇ၀င် ရုပ်သံ ဇာတ်လမ်း ရိုက်ကူးစဉ် ပြဿနာဖြစ်၍ သရုပ်ဆောင်မင်းရာဇာ က အမျိုးသမီး သရုပ်ဆောင်အသစ် အိမ့်နိုင်းဟန်ကို ရိုက်နှက်ပြုလုပ် ခဲ့ကြောင်း အိမ့်နိုင်းဟန်၏ ဖေ့ဘုတ်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ “အမှုကို မကြီးချင်ဘူး။ ရိုက်ကွင်းမန်နေဂျာက လျော်ကြေး လာပေးတယ်။ လျော်ကြေးကို မမက်ပါဘူး။ အခြားဘယ်ကိုမှလည်း မတိုင်ထားပါဘူး။ ရုပ်ရှင်အစည်းအရုံးက ဖြေရှင်း ပေးနိုင်မယ်လို့ ထင်ပါတယ်”ဟု သရုပ်ဆောင်သစ်ဖြစ်သူ အိမ့်နိုင်းဟန်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အိမ့်နိုင်းဟန်  ရိုက်နှက်ခံရတဲ့ ဒဏ်ရာများ

Posted: 10 Oct 2013 02:52 AM PDT


နေပြည်တော်၊အောက်တိုဘာ (၁၀)ရက်

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့် မဲပြားများ ဖယောင်း သုတ်ထားသည် ဆိုသော တိုင်ကြားမှု နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲဆိုထားမှုကို ပုဗ္မသီရီမြို့နယ် တရားရုံးက ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန် အမိန့် ချမှတ်လိုက်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဦးခင်မောင်သိန်း (စစ်ကိုင်း မြို့)
ဦးဖြိုးမင်းသိန်း (လှည်းကူးမြို့နယ်) ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွှန့်မြို့နယ်) ဒေါ် တင်တင်ရီ (ကျွန်းစု မြို့နယ် )တို့သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရပြီးနောက် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီဆောင်ရွက် ခြင်းမရှိဟုဆိုကာ အသီးသီး တရားစွဲဆို ခံခဲ့ရသော်လည်း အားလုံးမှာ အမှုနိုင်ခဲ့ကြသည်။

စိုင်းနောင် - Popular Myanmar News Journal



Posted: 10 Oct 2013 02:46 AM PDT

မက်စ်မြန်မာကုမ္ပဏီ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေး ကုမ္ပဏီအား အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင် မက်စ် မြန်မာကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Max Myanmar Gems & Jewellery ကုမ္ပဏီကို စက်တင်ဘာ ၃၀ ရက်က ဖျက်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြပါရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 10 Oct 2013 02:35 AM PDT

မိုးထိမိုးမိ ရွှေလုပ်ကွက်မှ နောက် ဆုံးကျန်ရှိသော ဇုန် ၁ဝ အား အောက် တိုဘာ ၅ ရက်နေ့တွင် အင်အားသုံး ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်း ဖယ်ရှား ခံရသူများတွင် ပါဝင်ခဲ့သော ဦးအောင် ဆန်းလင်းက ပြောသည်။ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော် ကုမ္ပဏီနှင့် ရွှေလုပ်သား တို့ ၏ ရွှေမြင်တင် သဘောတူစာချုပ်ပါ အချက် ၆ ချက်အား ဖောက်ဖျက်ခြင်း ကို အကြောင်းပြု၍ ဖယ်ရှားရန် ကြိုးပမ်း သော်လည်း ယင်းနေ့တွင် လုပ်သားတို့ လက်မခံခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ ကြောင်း ၄င်းက ပြော သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 07:29 PM PDT

နယ်မြေခံ အစိုးရ တပ်မှူး များ၏ ဖိအားကြောင့် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ (NMSP) တပ်စခန်း တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့က ဆုတ်ခွာ ပေးခဲ့ ရကြောင်း အစိုးရ အရာရှိ များနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေး ခဲ့ရသည့် NMSP ၏ မော်လမြိုင်မြို့ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်းက ဆိုပါသည်။ “ ဒီဝဲကလိမှာ ရှိတဲ့ တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းက ဗိုလ်မှူးကြီး အောင်မင်းရယ်၊ အမှတ် (၃၁၅) တပ် က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်စိန်ရယ် သူတို့က ကျနော်တို့ သံဖြူဇရပ် ဆက်ဆံရေးရုံး အဖွဲ့ တွေကို သံဖြူဇရပ် စရဖ ရုံးမှာ ခေါ်တွေ့ ပြီးတော့ ရဲတံခွန် စခန်းကို အမြန် ပြောင်းပေးဖို့ အရှေ့တောင်တိုင်း အမိန့် ဆိုပြီး ပြောလိုက်တယ်”ဟု ဆိုပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 09 Oct 2013 05:34 PM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ ​NLD ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​၁၉၉၀ ​ပြည့်နှစ်တုန်းက ​ရရှိခဲ့တဲ့ ​EU ​Sakharov ​လူ့အခွင့်အရေးဆုကို ​ဥရောပပါလီမာန်မှာ ​ကိုယ်တိုင်သွားရောက် ​လက်ခံရယူတော့မယ်လို့ ​သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ​ဥရောပနိုင်ငံကိုသွားပြီး ​အောက်တိုဘာလ ​၂၂ ​ရက်နေ့မှာ ​အဲဒီဆုကို ​လက်ခံမှာဖြစ်တယ်လို့ ​ဥရောပလွှတ်တော်က ​ထုတ်ဖော်ပြောဆိုထားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်က ဗြိတိန်ပါလီမန်အတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် 

Posted: 09 Oct 2013 05:35 PM PDT
မန္တလေးမြို့၊ ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု တရားခံနှစ်ဦးဖြစ်သော မောင်သောင်းစုဇင် အသက်-၂၀ နှစ်၊  အဖ-ဦးကြံတင်၊ ဗန်းမော်နှင့် မောင်အောင်ကျော်ဟိန်း(ခ) အောင်ကျော်၊ အသက်-၁၉ နှစ် တို့ကို မန္တလေးတိုင်းဒေသကြီး မှူခင်းအကူဌာနမှ (CID ) ရဲအုပ်-မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့မှ (၇)ရက်အတွင်း ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့တယ်လို့ မန္တလေးမြို့အမှတ်(၁၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆေးထိုအပ်၊ အခင်းဖြစ်နေ့ အ၀တ်အစားနှင့် မြောင်းထဲ လွင့်ပစ်သော လက်အိတ်

ဂွရှင်၊ ကျောက်လှည့် ၊ ကက်ကြေး၊ လက်အိပ်တဖက်နှင့် သက်သေခံထည့်အိတ် 


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...