Tuesday, October 8, 2013

ဦးနှောက်က အိတ်ကပ်ကို အဆုံးဖြတ်ပေးပါတယ်။ ။

Nlp Myatsayarညောင်လေးပင်နယ်သူနယ်သားများ ဆုံစည်းရာ

သင်ယူရေးအတွက် ငွေကြေးသုံးကို သုံးရတယ်။
အိုဘားမားလိုလူမည်းတစ်ယောက်က လူဖြူလောကမှာ ခြေစုံရပ်နိုင်တာ၊
ဒီကနေ့အိုဘားမားဖြစ်ခဲ့တာဟာ သင်ယူခြင်းကြောင့်ပါပဲ။ သင်ယူခြင်းက သင့်ရဲ့စမှတ်ကို အဆုံးအဖြတ် မပေးနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ အလေးသာမှုကို အဆုံးအဖြတ်ပေးပါတယ်။


တကယ်လို့ ကမ္ဘာ့အချမ်းသာဆုံး ဘီလ်ဂိတ်ကိုဖမ်းပြီး အာဖရိကကို ကျွန်တော်တို့ပို့ထားလိုက်မယ်။ ပြီးတော့ သူ့ကို ငွေကြေးတစ်ပြားမှ ပေးမသုံးဘူးဆိုပါစို့။
ဘီလ်ဂိတ်ဟာ ခဏလေးနဲ့ ပိုက်ဆံရှိလာမယ်ဆိုတာကို ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရင်းအနှီးက သူ့ဦးနှောက်ထဲက အသိဉာဏ်ပညာတွေဖြစ်နေလို့ပါပဲ။

တစ်နည်းပြောရရင် ငွေကို ကိုယ့်ဦးနှောက်အတွက် ရင်းနှီးမြှုပ်နှံတာဟာ အလုံခြုံဆုံး ဘဏ္ဍာငွေဖြစ်တယ်။ ဘယ်ရောက်ရောက် ထမင်းမငတ်တော့ဘူး။

တချို့က ဒီလိုအတွန့်တက်ကောင်းတက်လိမ့်မယ်... "တစ်နေ့သုံးနပ်တောင် နပ်မမှန်ချင်ဘူး။ အကြွေးကလည်း ပတ်လည်ဝိုင်းနေတယ်။ ဘယ်က ပိုက်ဆံနဲ့ သင်ယူရဦးမလဲ၊ ပြီးတော့ သင်ယူတိုင်း ချက်ချင်းအကျိုးရလဒ်ခံစားရတာလည်း မဟုတ်ဘူး"

ဒီလိုလူမျိုးက ငွေကြေးတွေကို သူ့ဦးနှောက်ထဲ ရင်းနှီးမြှုပ်နှံမယ့်သူ မဟုတ်ပါဘူး။

တကယ်တမ်းမှာ ဆင်းရဲမွဲတေလေ ဦးနှောက်က နလန်ထဖို့အတွက် အကောင်းဆုံးအရင်းအနှီးဖြစ်လေပါ။ ဦးနှောက်ထဲ ပိုပြီးရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ဦးနှောက်ဆင်းရဲရင် (အသိပညာချို့တဲ့ရင်) ဘဝဆင်းရဲမှာပဲ...

“ ဦးနှောက်က အိတ်ကပ်ကို အဆုံးအဖြတ်ပေးပါတယ်။ ”

မူရင်းက အရှည်ကြီး.. http://v.book.ifeng.com/book/ts/8512/663462.htm



*** ဒီဆောင်းပါးက အိုဘားမားရဲ့ဟောပြောချက်ဆိုပြီး အင်တာနက်မှာ ဟော့နေလို့ လိုက်ရှာဖတ်ကြည့်တာ တရုတ်စာရေးဆရာတစ်ဦးရေးထားတဲ့ စာအုပ်တစ်အုပ်ထဲက အခန်းတစ်ခန်းက စာတစ်ပိုဒ်ဖြစ်နေတယ်။ ပညာရေးအတွက် ငွေကြေးမြှုပ်နှံသင့်တဲ့အပိုင်းလေးကို သဘောကျလို့ ဘာသာပြန်မျှဝေလိုက်ပါတယ်။

Credit to >>https://www.facebook.com/99sanay?hc_location=timeline<<thanks.

— in Nyaunglebin, Myanmar.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...