Friday, October 4, 2013

မြန်မာသမ္မတများ (၁၉၄၈ မှ ယနေ့အထိ)

ပလီပလာ ထွေကာလီကာ shared ရသစုံ's photo.

၁။ စ၀်ရွှေသိုက် (၁၉၄၈ မှ ၁၉၅၂ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများလေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။ စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။
ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်လေသည်။ ၁၉၃၇-ခု၊ ဇွန်လတွင် မြောက်ပိုင်း သိန္နီစော်ဘွား၏ နှစ်မတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၂။ ဒေါက်တာဘဦး (၁၉၅၂ မှ ၁၉၅၇ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂) မှ (၁၃.၃.၁၉၅၇) ထိ ထမ်းဆောင်ခဲ့လေသည်။ ဒေါက်တာဘဦးကို ၁၈၈၇-ခု မေလ ၂၆ ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊ အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ကိုးယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ဘိုးဘေးများမှာ မင်းမျိုးမင်းနွယ် ဖြစ်လေသည်။ ၁၉၁၃-ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့် လက်ထက်ပြီး သား၂ယောက် ထွန်းကားခဲ့သည်။ ၁၉၂၂ တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့် ကွယ်လွန်ပြီးနောက် ၁၉၂၃ တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး ၅ ယောက် ထွန်းကားခဲ့သည်။ ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆ နှစ် တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၃။ ဦးဝင်းမောင် (ခ) မန်းဝင်းမောင် (၁၉၅၇ မှ ၁၉၆၂ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇) မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ ဦးဝင်းမောင်ကို ၁၉၁၆-ခု၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ရွာ၌ အဖ ဦးရွှေရင်၊ အမိဒေါ်သာယာတို့မှ ဖွားမြင်ခဲ့သည်။ ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။ ၁၉၄၂-ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ မန်းဝင်းမောင်သည် (၄.၇.၁၉၈၉) အသက် ၇၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၄။ ဦးနေ၀င်း (၁၉၇၄ မှ ၁၉၈၁ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတတာဝန်ကို (၂.၃.၁၉၇၄) မှ (၉.၁၁.၁၉၈၁) ထိ ထမ်းဆောင်ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ ဦးနေ၀င်းကို ၁၉၁၁-ခုနှစ်၊ မေလ ၂၄ ရက်၊ ဗုဒ္ဒဟူးနေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် အဖ ဦးဖိုးခ အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦး ဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ ပထမဆုံး ဒေါ်သန်းညွန့်နှင့် လက်ထက်ကာ သား ၁ ယောက်၊ ဒုတိယ ဒေါ်တင်တင်နှင့် လက်ထက်ကာ သား၂ယောက်၊ တတိယ ဒေါ်ခင်မေသန်းနှင့် လက်ထက်ကာ သားသမီး၃ယောက် ထွန်းကားခဲ့သည်။ ၁၉၇၂-ခုတွင် ဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ၁၉၇၃-ခုတွင် ဒေါ်နီနီမြင့်နှင့် လက်ထက်ခဲ့သည်။ ထို့နောက် ၁၉၇၆-ခုတွင် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့် လက်ထက်ပြီး ငါးလသာ ပေါင်းသင်းနေ ထိုင်ခဲ့သည်။ ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၅။ ဦးစန်းယု (၁၉၈၁ မှ ၁၉၈၈ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁) မှ (၂၅.၇.၁၉၈၈) ထိ ထမ်းဆောင်ခဲ့သည်။ ဦးစန်းယုကို ၁၉၁၈-ခု၊ မတ်လ ၃ ရက်၊ တနင်္ဂနွေနေ့၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် အဖ ဦးစံဖေ၊ အမိ ဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။ ၁၉၄၇-ခုတွင် အင်းစိန်အစိုးရ ကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့် လက်ထက်ခဲ့ပြီး သမီး ၄ ယောက် ထွန်းကားခဲ့သည်။ ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက် ၇၈ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၆။ ဦးစိန်လွင် (၁၉၈၈ မှ ၁၉၈၈ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတတာဝန်ကို (၂၅.၇.၁၉၈၈) မှ (၁၂.၈.၁၉၈၈) ထိ ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်ကို ၁၉၂၄-ခု၊ ဇန်န၀ါရီလ၊ ၂၇ ရက်၊ တနင်္ဂနွေနေ့တွင် ပေါင်မြို့၌ အဖ ဦးရွှေရင်၊ အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ ဒေါ်ရွှေတင် (ခ) ဒေါ်တင်တင်လှိုင်နှင့် လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။ ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက် ၈၁ နှစ် တွင် ကွယ်လွန်ခဲ့သည်။ ၇။ ဒေါက်တာ မောင်မောင် (၁၉၈၈ မှ ၁၉၈၈ ထိ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈) မှ (၁၈.၉.၁၉၈၈) ထိ ထမ်းဆောင်ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ ဇန်န၀ါရီလ၊ ၃၁ရက်၊ စနေနေ့၊မန္တလေးမြို့တွင် အဖဦးဆင့်၊ အမိ ဒေါ်အေးတင်တို့မှ ဖွားမြင်လေသည်။ မွေးချင်းအနက် တစ်ဦးတည်းသောသား ဖြစ်သည်။ ၁၉၄၇-ခုတွင် ဒေါ်ခင်မြင့်နှင့် လက်ထက်ခဲ့ရာမှ သားသမီး ၇ ယောက် ထွန်းကားခဲ့သည်။ ဒေါက်တာ မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၈။ ဦးသိန်းစိန် (၂၀၁၁ မှ ) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။ ၂၀၀၈ခု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံးရွေးချယ်ခံရသော သမ္မတဖြစ်သည်။ (၄.၂.၂၀၁၁) တွင် သမ္မတတာဝန်ကို ထမ်းဆောင်ရသည်။ ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖ ဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်တို့မှ ဖွားမြင်လေသည်။ ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့် လက်ထက်ပြီး သားသမီး ၃ယောက် ထွန်းကားလေသည်။ ယခုအခါ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင် နေထိုင်လျက်ရှိသည်။

 c.c Chan AyeYouth @[129348003879193:274:ရသစုံ]
  (source အလင်းမျက်ဝန်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...