Tuesday, October 1, 2013

အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း - ဖားအောက်တောရဆရာတော်

Buddhavasa Tiloka's photo.
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အာနာပါနကို အားထုတ်ရာ၌ အရေးတကြီး လိုက်နာရမည့် စည်းကမ်းချက်များ
ကို သိထားဖို့လိုသည် ---
၁။ အရှည်
၂။ အတို
၃။ အစ-အလယ်-အဆုံး = အကုန်လုံး
၎။ ငြိမ်းအောင်ကျင့်ခြင်း = သိမ်မွေ့အောင်, ငြိမ်းအောင် = ချုပ်အောင်ကျင့်ခြင်း


ဤသို့ အဆင့် (၄) ဆင့်ရှိရာ ၀င်လေ-ထွက်လေ အာရုံ၌ ဘာဝနာစိတ်ကိုငြိမ်ဝပ်
စွာ ကပ်တည်နေအောင် ထိမှုထင်ရှားရာ နှာသီးဖျားသို့မဟုတ် အထက်နှုတ်ခမ်း
တစ်နေရာမှ စောင့်၍ လေဟူသည့် =(၀င်လေ-ထွက်လေ ဟူသည့်)ပညတ်အာ
ရုံအတုံးအခဲ၌ ဘာဝနာစိတ်ကိုငြိမ်ဝပ်စွာ တည်နေအောင် စိုက်ရှုနိုင်သောအခါ ---

၁။ အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်
ရှားရှားသိအောင် -

၂။ အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်-အဆုံး အကုန်လုံးကိုထင်ထင်
ရှားရှားသိအောင် ၀င်လေ-ထွက်လေကို ဆက်၍ ရှုရ၏။

၃။ ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ် အသက်ရှူမြန်အောင်, တစ်
နည်း - ရှည်အောင်/တိုအောင် သက်သက် မပြုပြင်ဘဲ သဘာဝအတိုင်း ပုံမှန်
သာ အသက်ရှူနေပါ။

၎။ ထိုသို့ရှုရာ၌ -
ဖုဋ္ဌုဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာသမ္ပဇ္ဇတိ။
(၀ိသုဒ္ဓိ၊၁၊၂၇၁။)

ဆိုလိုရင်း --- ၀င်သက်လေ-ထွက်သက်လေ ထိမှုထင်ရှားရာ နှာသီးဖျား
သို့မဟုတ် အထက် နှုတ်ခမ်း အရပ်ကသာ စောင့်၍ ၀င်လေ-ထွက်လေကိုသတိ
ကပ်၍ ပွားများ အားထုတ်သူ၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာ
ဝနာသည် ပြီးစီးပြည့်စုံနိုင်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)

ဤအထက်ပါ စည်းကမ်းကို လက်မလွှတ်ပါနှင့်။

၅။ သမာဓိအဆင့်မြင့်လာသော် ၀င်သက်လေ-ထွက်သက်လေမှာအဆင့်ဆင့်
အလွန် သိမ်မွေ့လာတတ်သည်။ ထိုအခါတွင် -

(က) အသက်ရှူနှေး၍ (ရှည်နေလျှင်)လည်း သိမ်မွေ့သော ရှည်သော လေ၏
အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင်,

( ခ ) အသက်ရှူမြန်၍ (တိုနေလျှင်)လည်း သိမ်မွေ့သော တိုသောလေ၏
အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဆက်ရှုနေပါ။

( ဂ ) ထိုအခါ၌ သိမ်မွေ့လွန်း၍ မထင်မရှား ဖြစ်လာသော ၀င်လေ-ထွက်လေ
ကို ထင်ရှားအောင် သက်သက် ပြုပြင်၍ အသက်မရှူပါနှင့်။ သဘာဝအတိုင်း
သိမ်မွေ့သော ၀င်လေထွက်လေမှာသာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ထိရာ
အရပ်(= နှာသီးဖျား/အထက်နှုတ်ခမ်း)ကို လက်မလွှတ်ပါနှင့်။

၆။ နိမိတ်ပေါ်လာခဲ့သော် မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အရောင်မှာ ပရိကမ္မ
နိမိတ်ဖြစ်သည်။ ပကတိသော ၀င်လေ-ထွက်လေမှာလည်း ပရိကမ္မနိမိတ်ပင်ဖြစ်
သည်။ ပရိကမ္မနိမိတ်ဟူသည် အခြေခံပရိကမ္မသမာဓိ ဖြစ်ပေါ်လာရန် အာရုံအ
ဖြစ်ရပ်တည်၍ ကျေးဇူးပြုပေး-နေသော အကြောင်းတရားဟုဆိုလိုသည်။

၇။ ၀ါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အရောင်နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်
သည်။

ဂ။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော နိမိတ်မှာ
ပဋိဘာဂနိမိတ်ဖြစ်သည်။ အဆင့်အမြင့်ဆုံးသော နိမိတ်ဖြစ်သည်။ ဤကား
ယေဘုယျ အဖြစ်များသော နိမိတ်တည်း။

၉။ သို့သော် နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်နိုင်သည်။

၁၀။ ဘာဝနာသညာ ကွဲပြားမှု -

ဧ၀ံ ဧကမေ၀ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ၊ သညဇဥှိ
ဧတံ သညာနိဒါနံ သညာပဘ၀ံ။ တသ္မာ သညာနာနတာယ နာနတော
ဥပဋ္ဌာတိ။ (၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၇၇။)

သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေ၀ ပ၀တ္တသညာနံ နာနာဝိ
ဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)

ဆိုလိုရင်း --- တစ်ခုတည်းသော ကမ္မဋ္ဌာန်းပင်ဖြစ်လင့်ကစား နိမိတ်မပေါ်မီ ရှေ့
အဖို့က ရှေးမဆွက ဖြစ်ပေါ်နေသော ဘာဝနာသညာ အမှတ်သညာ ကွဲပြားမှု
ကြောင့် နိမိတ်အမျိုးမျိုး အရောင်အမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်ပေါ်လာရ
ခြင်း ဖြစ်၏။ မှန်ပေသည် --- ဤအာနာပါနနိမိတ်သည် ဘာဝနာသညာကြောင့်
ဖြစ်ပေါ်လာရ၏။ ဘာဝနာသညာလျှင် အကြောင်းရင်းခံရှိ၏။ ဘာဝနာသညာ
လျှင် အမွန်အစရှိ၏။ ထိုကြောင့် ဘာဝနာသညာကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး
ထင်လာရခြင်းဖြစ်၏။

၁၁။ ဘာဝနာသညာဟူသည် အာနာပါနကို ရှုနေသော ရင့်ကျက်လာသော စိတ်
ငြိမ်ဝပ်မှု, ၀င်လေ-ထွက်လေ အာရုံ၌ ငြိမ်ဝပ်စွာ စိတ်ကပ်တည်နေမှု သမာဓိနှင့်
ယှဉ်တွဲလျက် ဖြစ်ပေါ်လာသော အမှတ်သညာတည်း။ ထိုအချိန်အခါမျိုးတွင် အ
ထူးသဖြင့် ပေါ်လာသောနိမိတ်ပေါ်၌ ဘာဝနာစိတ်ကို ငြိမ်နေအောင် လှုပ်မရ
အောင် ကပ်မထားနိုင်သေးသော အခါမျိုး၌ ]ဤသို့သော နိမိတ်...ဤသို့သော
နိမိတ်...} စသည်ဖြင့် အမှတ်သညာများ ပြောင်းရွှေ့နေပါက ထိုအမှတ်သညာ
ကွဲပြားသလောက် နိမိတ်များလည်း ကွဲပြားနေတတ်ပါသည်။ နိမိတ်တွေ အမျိုး
မျိုးပြောင်းနေပါက ဘာဝနာစိတ်မှာလည်း အာရုံတစ်ခုတည်းကိုသာ စူးစူးစိုက်
စိုက် ကြာရှည်စွာ မရှုပွားနိုင်သည့်အတွက် တဖြည်းဖြည်း သမာဓိလျောကျသွား
တတ်သည်။

၁၂။ တစ်ဖန် နိမိတ်က ဝေးကွာနေခဲ့လျှင် ထိုဝေးကွာနေသော အထူးသဖြင့် နှာ
သီးဖျား/အထက်နှုတ်ခမ်းအရပ်တွင် ကပ်၍ တည်,မနေသော ဝေးကွာသော
နိမိတ်ကို စိတ်လိုက်၍ စိုက်နေပါက အထက်တွင်တင်ပြထားသော ၀င်လေ-ထွက်
လေထိမှုထင်ရှားရာ ဌာနဖြစ်သည့် နှာသီးဖျား/အထက်နှုတ်ခမ်းဆိုသည့် ထိရာအ
ရပ်ကို ကျော်လွန်သွားသဖြင့် အာနာပါနဘာဝနာသမာဓိမှာလည်း ဈာန်အဆင့်သို့
တိုင်အောင် မတိုးတက်နိုင်ဖြစ်တတ်သည်။

၁၃။ သို့အတွက် ပကတိသော ၀င်လေ-ထွက်လေမှ ဖြစ်ပေါ်လာသော နိမိတ်က
သာလျှင်, နှာသီးဖျား/အထက်နှုတ်ခမ်းအရပ်တွင် ပကတိသော ၀င်လေ-ထွက်
လေနှင့် တစ်သားတည်း တစ်ခုတည်းဖြစ်နေသော အာနာပါနနိမိတ် ကသာလျှင်,
ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်ပါမှသာလျှင် အာနာပါနသမာ
ဓိဘာဝနာသည် ပြီးစီးပြည့်စုံနိုင်ပေသည်။ ဈာန်အဆင့်သို့ တက်ရောက်နိုင်ပေ
သည်။

၁၄။ အထာနေန တံ နိမိတ္တံ္တံ နေ၀ ၀ဏ္ဏတော မနသိကိကာတဗ္ဗံ။ န လက္ခဏတော
ပစ္စဝေက္ခိတဗ္ဗံ။(၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊၂၇၈။)

နိမိတ်ထင်လာသောအခါ ထိုယောဂီပုဂ္ဂိုလ်သည် ထိုထင်လာသော နိမိတ်ကို -

(က) အရောင်ကိုလည်း အရောင်အနေနှင့်လည်း နှလုံးမသွင်းပါနှင့်။

( ခ ) ထိုနိမိတ်၌ ထိုဝင်လေ-ထွက်လေ၌ တည်ရှိသော မာ-ကြမ်း-လေး, ပျော့
-ချော-ပေါ့, ယိုစည်း-ဖွဲ့စည်း, ပူ-အေးç ထောက်တွန်းဆိုသည့် ဓာတ်ကြီးလေးပါး
တို့၏ သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။

( ဂ ) ထိုဝင်လေ-ထွက်လေကို သို့မဟုတ် နိမိတ်ကို ‘ဖြစ်ပျက် - အနိစ္စ/ဒုက္ခ/
အနတ္တ’ ဟု သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။

၁၅။ တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ၀ဍ္ဎယတော ၀ါတရာသိယေ၀ ၀ဍ္ဎတ၊ိ
သြကာသေန စ ပရိစ္ဆိန္နံ။ ဣတိ သာဒီန၀တ္တာ သြကာသေနစ ပရိစ္ဆိန္နတ္တာ န ၀ဍ္ဎေ
တဗ္ဗံ။ (၀ိသုဒ္ဓိ၊ဋ္ဌ၊၁၊၁၀၉။)

ပိစု ပိဏ္ဍာဒိဝသေန ဥပဋ္ဌဟန္တမ္ပိ နိမိတ္တံ ဝါတသင်္ဃာတ သန္နိဿယန္တိကတွာ ၀ုတ္တံ
“၀ါတရာသိယေ၀ ၀ဍ္ဎတီ”တိ။ သြကာသေန ပရိစ္ဆိန္နန္တိနာသိကဂ္ဂမုခနိမိတ္တာဒိသြကာ
သေန သပရိစ္ဆေဒံ။ ၀ါယောကသိဏ ၀ဍ္ဎနေ ၀ိယ န ဧတ္ထ ကောစိ ဂုဏော၊ ကေဝ
လံ ၀ါ ၀၀ဍ္ဎနမေ၀ါတိ အာဟ “သာဒီန၀တ္တာ”တိ။

ဆိုလိုရင်း --- အာနာပါနနိမိတ်ကို တိုးပွားအောင်လုပ်ခဲ့သော် ၀ါဂွမ်းစိုင် စသည့်
ပုံသဏ္ဌာန်အားဖြင့် ထင်လာသော အာနာပါန နိမိတ်ပင် ဖြစ်သော်လည်း ထို နိ
မိတ် ဟူသည် လေတို့၏ အပေါင်း-အစုသာဖြစ်ခြင်းကြောင့် လေအစုအပုံသာ
တိုးပွားလာ၏။ ၀ါယော ကသိုဏ်းကို တိုးပွားအောင်လုပ်သကဲ့သို့ ဤအာနာပါန
နိမိတ်အရာ၌ တိုးပွားအောင် လုပ်ခြင်းသည်အကျိုးမရှိနိုင်ပေ။ တစ်ဖန် ဤအာနာ
ပါနကမ္မဋ္ဌာန်းကို ၀င်လေ-ထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား/အထက်နှုတ်ခမ်း
မှာသာ ရှုရမည်ဟု ရှုရမည့် နေရာကိုလည်း အတိအကျ သတ်မှတ်ထား၏။ ထို
ကြောင့် နိမိတ်ကို ရှည်အောင်, တိုအောင်, ကြီးအောင်, သေးအောင်, လုံးအောင်,
ပြားအောင် စသည်ဖြင့် မပြုလုပ်ရပါ။

၁၆။ နှာသီးဖျား/အထက်နှုတ်ခမ်းဟူသည့် ထိမှုထင်ရှားရာနေရာကသာ စောင့်၍
ဝင်လေ-ထွက်လေကို ဆက်တိုက်သိအောင် ကြိုးစားခြင်းဖြင့် ၀င်လေ-ထွက်လေ
နှင့် နိမိတ် တစ်သားတည်း တစ်ခုတည်း ဖြစ်လာသောအခါ ထိုနှာသီးဖျား/အ
ထက်နှုတ်ခမ်းအရပ်တွင်သာ တည်ရှိသော နိမိတ်ကိုသာ စိုက်၍ရှုနေပါက, ဘာဝ
နာစိတ်ကို ထိုနိမိတ်၌ ကပ်ထားနိုင်ပါက မည်သည့်အရောင်ပင်ဖြစ်ပါစေ, မည်
သည့် ပုံသဏ္ဌာန်ပင်ဖြစ်ပါစေ အရောင်နှင့် ပုံသဏ္ဌာန်ကိုနှလုံးမသွင်းဘဲ အာနာပါ
န ကြောင့် ဖြစ်ပေါ်လာသော နိမိတ်ကိုလည်းအာနာပါနဟုပင် သဘောထား၍
ဘာဝနာစိတ်ကို ထိုနိမိတ်၌ ကပ်ထားနိုင်ပါက မီးခိုးရောင်မှ အဖြူရောင်, အဖြူ
ရောင်မှသောက်ရှူးကြယ်ရောင် စသည်ဖြင့် ဘာဝနာသမာဓိ ရင့်ကျက်သည်နှင့်
အမျှ အဆင့်ဆင့်ကူးပြောင်းကာ ဈာန်သို့ကူးမြောက်နိုင်ပေမည်။ နှာသီးဖျား/အ
ထက်နှုတ်ခမ်းနှင့် ဝေးကွာနေသောနိမိတ်အမျိုးမျိုးတို့ကို လိုက်ရှုနေပါက သမာဓိ
မှာတက်လိုက် ကျလိုက်ဖြစ်ကာ ဈာန်သို့ မကူးနိုင်ç ဈာန်သမာဓိအဆင့်သို့မ
ရောက်နိုင်ရှိတတ်သည်။ သတိရှိစေ။

၁၇။ နိမိတ်ကို အလွန့်အလွန် စူးစိုက်ပါက ကလာပ်အမှုန်များကိုတွေ့တတ်သည်။
ဈာန်သမာဓိသို့ ကူးလိုပါက ကလာပ်အမှုန်များကို တွေ့သောအခါ စိတ်ကို လျှော့
ချပေးပါ။ စိတ်ကို မလျော့မတင်းထား၍ နိမိတ်ကို စိုက်ရှုနိုင်ပါက ဈာန်သမာဓိ အ
ဆင့်သို့ တိုင်အောင်ကူးတက်နိုင်သည်။ နိမိတ်တွင် တည်ရှိသော ကလာပ်အမှုန်
အကြီးအသေးတို့ကို စိုက်ရှုနေပါက ထိုကလာပ်အမှုန်တို့မှာ ပေါ်လိုက်ပျောက်
လိုက် ဖြစ်နေသဖြင့် အာရုံက မငြိမ်သက်သော အာရုံဖြစ်ရကား သမာဓိမှာအာရုံ
၏ မငြိမ်သက်မှုကြောင့် မစူးမရှရှိတတ်သည်။ သမာဓိ လျောကျတတ်သည်။ သ
တိရှိစေ။

ဖားအောက်တောရဆရာတော်
ဖားအောက်တောရ
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
Buddhavasa Tiloka

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...