Tuesday, October 1, 2013

“ဆိုက်ပရပ်စ်က နတ်သမီးအကြောင်း”

Ann Lee shared နမ်းမဝ(အဖြူရောင်နတ်သမီး)'s photo.

ဟိုး.......ရှေးရှေးတုန်းက...“ဆိုက်ပရပ်စ်”လို့ခေါ်တဲ့ ကျွန်းကလေးတစ်ခုမှာ “အက်ဖရိုဒိုက်”(Aphrodite) လို့ခေါ်တဲ့ အချစ်နတ်သမီးလေး(Goddess of Love) တစ်ပါးရှိတယ်။
အဲဒီမင်းသမီးလေးကို ဖန်ဆင်းရှင် အဖိုးဖြစ်သူက..ပင်လယ်ရေမျက်နှာပြင်ကို သူ့ရဲ့လက်နဲ့ရိုက်ပြီး လှိုင်းများထစေကာ ဖြစ်ပေါ်လာတဲ့ ရေမြှုတ်တွေကနေတဆင့် “အက်ဖရိုဒိုက်” မင်းသမီးလေး ကို မွေးဖွားခဲ့တယ်။

မင်းသမီးလေး ဖွားမြင်တဲ့ အဲဒီကမ်းခြေမှာ “Rock of Aphrodite”လို့ခေါ်တဲ့ ကျောက်တုံးကြီးကို ဂရိ(Greece)နိုင်ငံကနေ တန်ခိုးနဲ့ယူဆောင်လာပြီး ပင်လယ်ကမ်းခြေမှာ တည်ထားခဲ့တယ်..။

မင်းသမီးလေးဟာ အရွယ်ရောက်လာတော့ “အာကာ့မတ်စ်” (Acamas)လို့ခေါ်တဲ့ ပန်းပေါင်းစုံ၊ဆေးမြစ်၊သစ်ဥ၊သစ်ဖု တို့စုံလင်စွာပေါက်ရောက်တဲ့ ဒေသက နွယ်ပင်တွေနဲ့ ဖုံးအုပ်နေတဲ့ ရေတံခွန်ရှိတဲ့ လှိုင်ဂူသေးသေးလေးတစ်ခုမှာ ရေသွားချိုးလေ့ရှိတယ်။
အဲဒီနေရာကို မင်းသမီးလေးဟာ သူ့ရဲ့ရွှေဝေါယာဉ်ကြီးကို စီးပြီး ရေအောက်ကနေ မြေလျှိုး...(အဲ..မှားလို့/ ရေလျှိုး)ပြီးသွားလေ့ရှိတာကြောင့် အဲဒီနေရာကို “Beth of Aphrodite” လို့ခေါ်တွင်စေခဲ့တယ်။

“အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့အသားအရောင်ဟာလည်း ရွှေရောင်ကဲ့သို့ဝါဝင်းပြီး သိပ်ချော သိပ်လှတဲ့ အဆင်းရုပ်သွင်နဲ့ပြည့်စုံတာကြောင့် တန်ခိုးရှင် မင်းညီ/ မင်းသားတို့ရဲ့အလည်မှာ ထင်ရှားခဲ့တာပေါ့။ မင်းသမီးလေးဟာ သိပ်လှတဲ့ “အာကာ့မတ်စ်”ဒေသရဲ့ အရှင်သခင် “ဇာတ်စ်”(Zeus)Father of the God နဲ့ချစ်ကြွမ်းဝင်ခဲ့တယ်။ သူတို့ချစ်သူစုံတွဲတွေ ကျက်စားခဲ့တဲ့နေရာလေးကတော့ “Mount Olympus”လို့ခေါ်တဲ့ နှင်းတွေနဲ့ပြည့်နှက်နေတဲ့ “ထရိုဒို”(Troodos Mauntain) တောင်ပဲဖြစ်တယ်။ [Image]အဲဒီမှာတင် မင်းသမီးလေးကို တဖက်သတ်ကြိုက်နေတဲ့ “ပါ့ပို့စ်”(Paphos) လို့အမည်တွင်တဲ့ တခြားမြို့က ဘုရင်“ပေမလွန်”(Pygmalion) မင်းသားလေးဟာ အသဲကွဲပြီး မခံမရပ်နိုင်ပဲ “အက်ဖရိုဒိုက်” မင်းသမီးလေးရဲ့ပုံတူရုပ်ထုကို ပြုလုပ်ပြီး [Image]မှော်အတတ်နဲ့ အသက်သွင်းကာ “နို့ရည်ကဲ့သို့အဆင်းရှိသော”လို့အဓိပ္ပါယ်ရတဲ့ “ဂါလတီယာ”(Galatea) ဘွဲ့အမည်နဲ့ “အက်ဖရိုဒိုက်”မင်းသမီးလေးရဲ့ကိုယ်ပွားကို ဖန်ဆင်းပြီး လက်ဆက်ခဲ့ကြတယ်။
အဲဒီမင်းသားလေးနဲ့ ကိုယ်ပွားမင်းသမီးလေး“ဂါလတီယာ”တို့ လက်ဆက်ခဲ့ကြတဲ့ နေရာကတော့ ကျမ လက်ရှိနေထိုင်လျှက်ရှိသော “ပါ့ပို့စ်”မြို့လေးပဲဖြစ်ပါတယ်
အဲဒီအချစ်ဇာတ်လမ်းလေးကို အစွဲပြုပြီး အင်္ဂလန်ကစုံတွဲအတော်များများဟာ ဒီမြို့လေးကို တကူးတကလာပြီး လက်ထပ်ပွဲတွေကျင်းပလေ့ရှိတယ်။ [Image]တခုထူးခြားတာက “အက်ဖရိုဒိုက်”မင်းသမီးလေးမွေးဖွားရာ ကမ်းခြေက ကျောက်တုံးလေးတချို့ဟာ အသဲပုံသဏ္ဍာန်ဖြစ်နေပြီး / ကျောက်တုံးလေးတွေထဲက အကြောလေးတွေဟာ ပန်းပုံသဏ္ဍန်လေးတွေပေါ်နေတာကို တွေ့ရတတ်ပါတယ်။ [Image]ချစ်သူစုံတွဲတွေဟာလည်း “Rock of Aphrodite” လို့ခေါ်တဲ့ ကျောက်တုံးကြီးပေါ်မှာ မိမိတို့ရဲ့ဆန္ဒကိုချရေးကာ၊ အဲဒီကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီး ချစ်သူတွေ ဆုံဆည်းကြဖို့ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့သိရပါတယ်။
အဲဒီကျောက်တုံးကြီးရဲ့မျက်နှာပြင်မှာ ချစ်သူစုံတွဲတွေရဲ့အမှတ်တရရေးထားတဲ့ စာတန်းလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
နောက်တခုက “အက်ဖရိုဒိုက်”မင်းသမီးလေးရေချိုးတဲ့ Bath of Aphrodite က ထွက်ရှိတဲ့ စိမ့်စမ်းရေနဲ့မျက်နှာသစ်ရင် မျက်နှာပွင့်လန်းတယ်..တဲ့။
ပြီးတော့ မင်းသမီးလေးစီးခဲ့တဲ့ ရွှေဝေါယာဉ်ကြီးကိုလည်း အဲဒီရေတံခွန်လျှိုလေးရဲ့အောက်မှာ သိုက်ပစ္စည်းအဖြစ်နဲ့ နစ်မြုတ်နေဆဲလို့ဒေသခံတွေက ယုံကြည်ကြတယ်။


[Image]
ကဲ.... အချစ်ရာဇဝင်လေးတွေနဲ့ပြည့်နှက်နေတဲ့ “ဆိုက်ပရပ်စ်”ကိုရောက်ရင်
[Image]“Rock of Aphrodite” ကျောက်တုံးကြီးပေါ်မှာ စာရေးပြီး ကျောက်တုံးကြီးကို (၃)ပတ် ပတ်ပြီးဆုတောင်းဖို့ရယ်..၊ “Bath of Aphrodite”က စိမ့်စမ်းရေနဲ့ မျက်နှာသစ်ဖို့ မမေ့ကြနဲ့နော်။

.................

ပုံအပြည့်အစုံ ကြည့်ချင်ရင်
http://seaandangel.blogspot.com/2011/01/blog-post.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...