Tuesday, October 1, 2013

ပြောနည်း ၁၀၀ အခန့်သုံး/အရပ်သုံးစကားပြော (အပိုင်း ၆)


25. KEEP A MEETING IN ORDER (အစည်းအဝေးထုံးစံလိုက်နာမှုရှိစေခြင်း)

We can’t all speak at once.
We can't all speak at once. Heather, you start.
ကျွန်တော်တို့အားလုံးဝိုင်းပြောနေလို့မရဘူး။ ဟီသာ ခင်ဗျားစပြော။

Let’s concentrate on
Let's concentrate on the agenda for the day.
ဒီနေ့ရဲ့အစည်းအဝေးအစီအစဉ်အပေါ်အာရုံစိုက်ကြပါစို့။


Shall we take turns?
Shall we take turns? We can vote one by one.
အလှည့်ကျ ပြောကြမယ်လေ။ တစ်ယောက်ပြီးတစ်ယောက် ဆန္ဒမဲပေးနိုင်တယ်။

Please lower your voice.
Please lower your voice. You won't convince anyone by shouting.
ခင်ဗျားအသံနည်းနည်းတိုးပြောပါ။ (ဒေါသနဲ့) အော်ပြောလို့ ဘယ်သူမှလက်ခံလာမှာမဟုတ်ဘူး။

Will you let Maria speak?
Jason, will you let Maria speak? She has important things to say.
ဂျေဆင်။ မာရီယာ့ကိုပြောခွင့်ပေးပါဦးလား။ သူ့မှာအရေးကြီးတာတွေပြောစရာရှိတယ်။

26. KEEP A MEETING IN TRACK (အစည်းအဝေးအားလမ်းကြောင်းမှန်ထိန်းပေးခြင်း)

That’s another subject
Finance is another subject altogether. Now we'll just talk about sales.
ဘဏ္ဍာရေးက တခြားဘာသာရပ်လုံးလုံးဖြစ်တယ်။ အခု အရောင်းသက်သက်ကိုပဲ ဆွေးနွေးကြမယ်။

We can’t discuss that issue
We can't discuss that issue today. It's not on the agenda.
ကျွန်တော်တို့ အဲဒီ ကိစ္စကိုဒီနေ့မဆွေးနွေးနိုင်ဘူး။ အစီအစဉ်ထဲမှာအဲဒါမပါဘူး။

That's outside the scope
That's outside the scope of our meeting so we'll leave it for now.
အဲဒါ ကျွန်တော်တို့အစည်းအဝေးရဲ့ ဘောင်အပြင်ဘက်မှာဆိုတော့ အခုတော့ခဏဘေးဖယ်ထားလိုက်ပါ။

Let's get back on track
Let's get back on track. We're wasting too much time.
လိုရင်းပြန်ကောက်ကြပါစို့။ ကျွန်တော်တို့အချိန်ဖြုန်းတာများနေတယ်။

We’re digressing
We're digressing. I want to stick to the main subject.
ကျွန်တော်တို့ ဘေးချော်ထွက်နေပြီ။ ပင်မခေါင်းစဉ်ကိုပဲ ဆက်သွားချင်တယ်။

27. COME BACK TO A TOPIC (အကြောင်းအရာ၊ ခေါင်းစဉ်သို့ ပြန်လှည့်ခြင်း)

Now, where were we?
Now, where were we? Yes, prime time ratings.
အခု ပြောနေတာဘယ်ရောက်နေပါလိမ့်။ အော်ဟုတ်ကဲ့  လူကြည့်များဆုံးအချိန် အောင်မြင်မှုအဆင့်အတန်း။

*** prime time ratings. = ကြော်ညာ၊ အစီအစဉ်တစ်ခု၏ ရုပ်မြင်သံကြား၊ ရေဒီယိုတွင် ပရိတ်သတ်ကြည့်ရှုမှုအများဆုံးအချိန် (ဥပမာ ည ၆ နာရီ မှ ၉ နာရီကြား) တွင် ကြည့်ရှုသူ ရာခိုင်နှုန်းအကဲဖြတ်ချက်။

What were we saying?
What were you saying when Carol interrupted us?
ကာရိုးဖြတ်ပြောလိုက်တဲ့အချိန်တုန်းက ခင်ဗျားဘာပြောနေတာလဲ

As I was explaining
As I was explaining before lunch, higher prices don't always deter buyers.
နေ့လည်စာမစားခင်ကရှင်းပြခဲ့သလိုဘဲ ဈေးနှုန်းကြီးတာဟာ ၀ယ်ယူသူကို အမြဲတမ်း အဟန့်အတားပြုတာတော့ မဟုတ်ဘူး။

Return to
Let's return to point five: Clay Corporation.
ပဉ္စမအချက် ကိုပြန်သွားကြပါစို့။ Clay Corporation.

***

This leads us back to
This leads us back to the subject we were discussing yesterday.
ဒီဟာက မနေ့ကကျွန်တော်တို့ပြောနေတဲ့အကြောင်းအရာကို ပြန်ဦးတည်ပေးသွားတယ်။

28. POSTPONE AN ISSUE (ကိစ္စတစ်ရပ်/ဆွေးနွေးရန်အကြောင်းအရာတစ်ရပ်ကို ရွှေ့ဆိုင်းခြင်း)

We’ll defer
We'll defer the matter till we have all relevant information.
သက်ဆိုင်တဲ့အချက်အလက်တွေအားလုံးရတဲ့အထိ ဒီကိစ္စကို ရွှေ့ဆိုင်းထားပါမယ်။

Let’s leave
Let's leave this issue aside for the time being.
အခုလောလောဆယ်တော့ ဒီကိစ္စကို ဘေးဖယ်ထားကြပါစို့။

It’s too late to
It's too late to discuss advertising today. We'll have more time tomorrow.
ကြော်ငြာကိစ္စဆွေးနွေးဖို့ဒီနေ့နောက်ကျနေပြီ။ မနက်ဖန်အချိန်ပိုရတယ်။

Shall we leave it for?
Shall we leave the final decision for this afternoon's session?
နောက်ဆုံးဆုံးဖြတ်ချက်ကို နေ့လည်အစည်းအဝေး အတွက်ထားလိုက်မလား/(ပါစို့)။

Let’s postpone
Let's postpone the discussion till everyone has arrived.
အားလုံးစုံစုံညီညီရောက်တဲ့အထိ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းကြပါစို့။

31. FOCUS ON THE MAIN ISSUE (အဓိကပြဿနာပေါ်အာရုံစိုက်ခြင်း)

The major
The only major problem we need to solve is absenteeism.
ကျွန်တော်တို့ဖြေရှင်းရမည့်တစ်ခုတည်းသော အဓိကပြဿနာက ခွင့်မဲ့ပျက်ကွက်ခြင်းပဲ။

Our primary concern is
Our primary concern isn't only increased sales but better quality as well.
ကျွန်တော်တို့ရဲ့ပဓာနအလေးထားစရာကိစ္စက အရောင်းတိုးတက်လာတာသာမဟုတ်ဘဲနဲ့ အရေအသွေးပါပိုကောင်းလာဖို့ဖြစ်တယ်။

What is the real issue?
What's the real issue? Managers are not committed to their jobs.
တကယ့်ပြဿနာကဘာလဲ။ မန်နေဂျာတွေဟာ သူတို့အလုပ်ပေါ်ထိထိရောက်ရောက်နှစ်မြှုပ်မထားကြဘူး။

The most important
The most important hurdle of this negotiation is to convince Mr Lewis.
ဒီညှိနှိုင်းဆွေးနွေးပွဲရဲ့ အရေးအကြီးဆုံးအခက်အခဲက Mr Lewis ကိုယုံအောင်နားချ ဖို့ပဲဖြစ်တယ်။

We really need
We really need to look after our workforce.
ကျွန်တော်တို့ရဲ့လုပ်အားစု(၀န်ထမ်း)တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တကယ်လိုအပ်တယ်။


ဇာနည်(MyWay)
Andrew D. Miles ၏ "100 ways to say it in business English" စာအုပ်အား ရည်ညွန်ကိုးကားပါသည်။ Original E-book အား ဤ link တွင် ဖတ်ရှုနိုင်ပါသည်။ http://www.barcelonaenglish.com/ebooks
Read more:
ပြောနည်း ၁၀၀ - အခန့်စကား/အရပ်သုံး စကားပြောသင်ခန်းစာ (အပိုင်း ၁)ပြောနည်း ၁၀၀ - အခန့်စကား/အရပ်သုံးစကားပြောသင်ခန်းစာ (အပိုင်း ၂)ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးစကားပြောသင်ခန်းစာ (အပိုင်း ၃)ပြောနည်း ၁၀၀ အခန့်သုံး/အရပ်သုံး စကားပြော အပိုင်း (၄)ပြောနည်း၁၀၀ အခန့်သုံး/အရပ်သုံးစကားပြော အပိုင်း(၅)ပြောနည်း ၁၀၀ အခန့်သုံး/အရပ်သုံးစကားပြော (အပိုင်း ၆)ပြောနည်း ၁၀၀ အရပ်သုံး/အခန့်သုံးစကားပြော (အပိုင်း ၇)
ပြောနည်း ၁၀၀ အရပ်သုံး/အခန့်သုံး အင်္ဂလိပ်စကားပြော (၈)ပြောနည်း၁၀၀ အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း(၉)ပြောနည်း၁၀၀ အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း(၁၀)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း (၁၁)ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော အပိုင်း (၁၂)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁၃)
ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁၄)ပြောနည်း ၁၀၀ - အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော (အပိုင်း ၁၅)
ပြောနည်း ၁၀၀ အခန့်သုံး/အရပ်သုံး အင်္ဂလိပ်စကားပြော အပိုင်း (၁၆)

Read more: ပြောနည်း ၁၀၀ အခန့်သုံး/အရပ်သုံးစကားပြော (အပိုင်း ၆) - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:847915#ixzz2gVk8QWIn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...