Tuesday, October 22, 2013

"ကျွန်တော် မကြီးမြတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်ရှာတဲ့ပိုက်ဆံက ခင်ဗျားရှာရတာလောက် မပင်ပန်းဘူး"



တက္ကစီသမားတစ်ဦးက မျက်မမြင်ကျောင်းရှေ့မှာ မျက်မမြင်တစ်ဦးကို သူသွားလိုတဲ့နေရာဆီ လိုက်ပို့ခဲ့တယ်။
ကားပေါ်ကမဆင်းခင် မျက်မမြင်သမားက ကားခထုတ်ပေးတော့ တက္ကစီသမားက ကားခမယူဘူး။ မျက်မမြင်သမားကလည်း ကားခကိုအတင်းပေးတော့ တက္ကစီသမားက အဲဒီလိုစကားတစ်ခွန်းကို ပြောလိုက်ပါတယ်။

"ကျွန်တော် မကြီးမြတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်ရှာတဲ့ပိုက်ဆံက ခင်ဗျားရှာရတာလောက် မပင်ပန်းဘူး"

တက္ကစီသမားရဲ့သမီးလေးက သူ့ဘလော့မှာ "အဖေ့ရဲ့တက္ကစီသမားဘဝ"အကြောင်းတွေရေးတော့ ဒီအကြောင်းကိုပါ ရေးထည့်မိတယ်။ ဒါကို လူတွေဝိုင်းရှယ်လိုက်ကြတာ ရှယ်တဲ့အကြိမ်ပေါင်း ၆သောင်းကျော်သွားခဲ့တယ်။ အဲဒီနောက်တော့ ဒီလိုစိတ်ကောင်းရှိတဲ့ တက္ကစီသမားအကြောင်းကို သတင်းထောက်တွေကြောင့် လူတွေသိသွားခဲ့ကြတယ်။

တစ်ခါက အဲဒီတက္ကစီကို လူတစ်ယောက်ကငှားစီးခဲ့တယ်။ တက္ကစီခကို ကျသင့်တာထက်ပိုပေးတော့ တက္ကစီသမားက အံ့သြသွားတယ်။ ကားငှားစီးတဲ့သူက ပြောတယ် "ခင်ဗျားပြောတဲ့စကားကို ကျွန်တော်မှတ်မိနေသေးတယ်။ ကျွန်တော် မကြီးမြတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်ရှာတဲ့ပိုက်ဆံက ခင်ဗျားရှာရတာလောက် မပင်ပန်းဘူး။ နောက်ပိုင်းမှာလည်း မသန်စွမ်းသူတွေကို ခင်ဗျားဆက်လက်ကူညီနိုင်ပါစေ" လို့ ပြောလိုက်တယ်။
.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...