အိပ်ယာက မထဘဲ ပြုလုပ်နိုင်မယ့် ယောဂပုံစံ
Author: lubo601 |
8:30 PM |
No မှတ်ချက် |
အိပ်ယာက ထစရာမလိုဘဲ ပြုလုပ်နိုင်မယ့် ယောဂပုံစံတစ်မျိုးကို ယောဂ
သင်ကြားပြသသူတစ်ဦးက တီထွင်ခဲ့ပါတယ်။ ဘော့စတွန်မြို့ရှိ Yoga Life Centre
ကိုတည်ထောင်သူ Vydy Bielkus က အိပ်ယာကမထမီ မိနစ်အနည်းငယ်ကြာ
ဒီယောဂကိုကျင့်ပေးရင် တစ်နေ့တာလုံး လန်းဆန်းနေပြီး စိတ်ဖိစီးမှုများကို
လျော့ကျစေမယ်လို့ ပြောကြားထား ပါတယ်။ သူမက ဒီယောဂပုံစံကို
နောက်ကိုမှီထားတဲ့ နတ်သမီးပုံစံ(reclining goddness pose)ံလို့
ခေါ်ဆိုကြောင်း ပြောပြခဲ့ပါတယ်။ ဒီပုံစံမှာ ခြေဖ၀ါးနှစ်ဖက်ကို ထိထားရပါမယ်။
ဒူးကို ဘေးဘက်ကို ကွေးထား ရမှာဖြစ်ပြီး လက်နှစ်ဖက်ကိုတော့ ဘေးဘက်ကို
ဆန့်ထားခြင်းသို့မဟုတ် ဦးခေါင်းနားမှာ ထားခြင်းကို ပြုလုပ်ပေးထားရပါမယ်။
ကျောသို့မဟုတ် ခေါင်းအောက်မှာ ခေါင်းအုံးခုပေးထားလို့ ရပါတယ်။ဒီပုံစံဟာ
အိပ်ယာ မ၀င်ခင်ရော၊ အိပ်ယာမထခင်ကော လုပ်ဖို့သင့်တော်တဲ့ ကျင့်စဉ်ဖြစ်ပြီး
စိတ်ညစ်ထေးမှုကို သန့်စင်ပေးတယ်လို့ ဆိုထားပါတယ်။ ဒီယောဂရဲ့
ပုံစံတစ်မျိုးဖြစ်တဲ့ leg-up-the wall ဆိုတဲ့ ပုံစံမှာတော့ အိပ်ယာထဲမှာပဲ
ခေါင်းရင်းဖက် သို့ မဟုတ် ခြေရင်းဖက်က နံရံကိုမှီပြီး
ခြေထောက်တစ်ချောင်းလုံးကို ကန်ထားတဲ့ပုံစံတစ်မျိုးဖြစ်ပါတယ်။
ပေါင် ကနေ ခြေဖနောင့်အထိ တစ်ဖြောင့်တည်းထားတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
ပုံစံနှစ်မျိုးလုံးမှာ ခြေထောက်နောက်ဖက်ပိုင်း နာနေရင် ကွေးနေတာကို
နည်းနည်းဆန့် ၊ဆန့်နေတာကို နည်းနည်းကွေးစသဖြင့် လိုက်လျော ညီထွေ
ပြုလုပ်ပေးသင့်ပါတယ်။ နောက်ထပ် အားအင်သစ် ပေးစွမ်းနိုင်တာကတော့ child’s
pose ပါပဲ။ ဒီပုံစံမှာတော့ အိပ်ယာပေါ်မှာ လေ့ကျင့်သူဟာ ဒူးထောက်ထိုင်ရမှာ
ဖြစ်ပြီး တင်ပဆုံ အကွာအဝေးအတိုင်း ဒူးကိုထားပါ။ နောက်ပြီး ဦးခေါင်းကို
ညွှတ် ချပါ။ လက်ကိုဆန့်တန်းထားပါ။
သန့်စင် ref: ANI Health Updates
အိပ်ယာက ထစရာမလိုဘဲ ပြုလုပ်နိုင်မယ့် ယောဂပုံစံတစ်မျိုးကို ယောဂ သင်ကြားပြသသူတစ်ဦးက တီထွင်ခဲ့ပါတယ်။ ဘော့စတွန်မြို့ရှိ Yoga Life Centre ကိုတည်ထောင်သူ Vydy Bielkus က အိပ်ယာကမထမီ မိနစ်အနည်းငယ်ကြာ ဒီယောဂကိုကျင့်ပေးရင် တစ်နေ့တာလုံး လန်းဆန်းနေပြီး စိတ်ဖိစီးမှုများကို လျော့ကျစေမယ်လို့ ပြောကြားထား ပါတယ်။ သူမက ဒီယောဂပုံစံကို နောက်ကိုမှီထားတဲ့ နတ်သမီးပုံစံ(reclining goddness pose)ံလို့ ခေါ်ဆိုကြောင်း ပြောပြခဲ့ပါတယ်။ ဒီပုံစံမှာ ခြေဖ၀ါးနှစ်ဖက်ကို ထိထားရပါမယ်။ ဒူးကို ဘေးဘက်ကို ကွေးထား ရမှာဖြစ်ပြီး လက်နှစ်ဖက်ကိုတော့ ဘေးဘက်ကို ဆန့်ထားခြင်းသို့မဟုတ် ဦးခေါင်းနားမှာ ထားခြင်းကို ပြုလုပ်ပေးထားရပါမယ်။ ကျောသို့မဟုတ် ခေါင်းအောက်မှာ ခေါင်းအုံးခုပေးထားလို့ ရပါတယ်။ဒီပုံစံဟာ အိပ်ယာ မ၀င်ခင်ရော၊ အိပ်ယာမထခင်ကော လုပ်ဖို့သင့်တော်တဲ့ ကျင့်စဉ်ဖြစ်ပြီး စိတ်ညစ်ထေးမှုကို သန့်စင်ပေးတယ်လို့ ဆိုထားပါတယ်။ ဒီယောဂရဲ့ ပုံစံတစ်မျိုးဖြစ်တဲ့ leg-up-the wall ဆိုတဲ့ ပုံစံမှာတော့ အိပ်ယာထဲမှာပဲ ခေါင်းရင်းဖက် သို့ မဟုတ် ခြေရင်းဖက်က နံရံကိုမှီပြီး ခြေထောက်တစ်ချောင်းလုံးကို ကန်ထားတဲ့ပုံစံတစ်မျိုးဖြစ်ပါတယ
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment