Tuesday, October 22, 2013

နိဂုံးမချုပ်နိုင်သေးတဲ့ အချစ်ခေါင်းစဉ်အောက်က ကောင်မလေး

*အမလေးနော် ဒီအချိန် မိန်းကလေးတစ်ယောက် အိမ်ပြန်ချိန်လား ၊ ကိုယ်ကိုယ်ကို ဘာထင်နေလဲ နွယ် ၊ ပတ်ဝန်းကျင်က လူကြီးသူမတွေက မဆုံမလို့ ထင်နေဦးမယ် ၊ မိတင်တို့ ပြောဆို ဆုံးမနေတာ အိမ်စောင့်နတ်အသိဆုံးဘဲဟေ့*


စေ့ထားတဲ့ တံခါးကိုဖွင့် အိမ်ပေါ်လှမ်းတက်လိုက်ကတည်းက ဆက်တိုက် ဒီဂျေပွတ်နေတဲ့ ဒေါ်လေး အပျိုကြီးရဲ့ အသံ။

လွယ်ထားတဲ့ ကျောပိုးအိတ်လေးကို ပုခုံးပြောင်းလွယ်ကာ အခန်းထဲကို တန်းဝင်လိုက်သည်။ အခန်းတံခါးကို တစ်ခါတည်းလော့ချကာ မအိပ်ချင်သေးတဲ့ မျက်လုံးတွေကို ဇွတ်မှိတ်ထားခြင်းဖြစ် အန်တီတင် ဒီဂျေပွတ်သံကို ဥပက္ခာပြုထားလိုက်ရပါတော့သည်။

ခုချိန်မှာ နွယ် ခေါင်းထဲအလုပ်တစ်ခု ရဖို့က အသည်းသန်အရေးကြီးနေသည်။ အန်တီတင်က အပျိုကြီးပီပီ နွယ် ကို ချစ်တဲ့စိတ်တစ်ခုဘဲ သူမှာရှိသည်။ တစ်လစာ အိမ်အသုံးစရိတ် ပိုက်ဆံ လေး ပေးလိုက်ရင် သူဘ၀က အေးဆေးနေပြီလို့ ယူဆသူတစ်ဦး ။အဲဒီတစ်လစာရဖို့အတွက် နွယ် ရုန်းကန်လှုပ်ရှားရတာတွေကိုတော့ အန်တီတင် မသိဘူး။ သိအောင်လဲ နွယ်က အသိပေးတတ်သူ မဟုတ်ပြန် ။ အသက်လဲကြီးပါပြီ။ အေးအေးဆေးဆေး နေပါစေဆိုတဲ့ စိတ်နဲ့ နွယ် ပြသနာ နွယ်ဘာသာ ဖြေရှင်းခဲ့တာချည်းပါပဲ ။ကိုယ်ကျင့်တရားနဲ့ ပတ်သတ်ပြီး ထိခိုက်နစ်နာ စေမယ့် အလုပ်မျိုးကလွဲလျှင် အလုပ်မှန်သမျှ နွယ် အကုန်လုပ်သူပါ ။ ခုလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်က ရပ်နားသွားပြီမို့ နွယ်တစ်ယောက် အလုပ်လက်မဲ့ ဖြစ်ရပြန်ပြီ ။ နစ်နာကြေး သုံးလစာပေးပေမယ့် နောက်ထပ် အလုပ် သစ်တော့ ရှာရပေအုံးမည်ပေါ့ ။ မနက်ဖြန်တော့ အလုပ်သစ်တစ်ခုကို ရှာရမည် ။ ကဲ မနက်ဖြန်အတွက် အားသစ်တွေ ရအောင် အိပ်စက်ခြင်းဖြင့် အနားယူရပေအုံးမည် ။

************************************************************

နွယ် အိပ်ရာမှ နိုးနိုးချင်း ပထမဦးဆုံး ခေါင်းထဲ ၀င်လာတဲ့ အသိက ဒီနေ့ထုတ်သတင်းစာကို ဖတ်ရမည်။ အလုပ်ခေါ်ကြေငြာတွေကို ရှာဖွေရပေမည် ။ နွယ် တစ်ကိုယ်ရေ သန့်ရှင်းမှု လုပ်ပြီးချိန်တွင် အပြင်သွားဖို့ အဆင့်သင့်ဖြစ်နေပြီ။ ထမင်းစားခန်းသို့ ၀င်လိုက်တယ်ဆိုရင်ဘဲ မနက်စာ ပြင်ဆင်နေသည့် အန်တီတင်ကို အဆင်သင့်တွေ့ရပါသည်။ နွယ် ကိုမြင်တာနဲ့ မျက်စောင်းခဲကာ စားတော်မူပါ ဆိုတဲ့ ချစ်ဒေါသ စကားသံဖြင့်ဆီးကြိုလေဧ။် ။

ချစ်စနိုးဖြင့် အန်တီတင် ပါးဖောင်းဖောင်းကြီးတွေကို တစ်ချက်နမ်းလိုက်ပါသည် ။ ဒီအနမ်းလေးသည်ညကအိမ်ပြန် နောက်ကျတဲ့အတွက် တောင်းပန် အနမ်း ဆိုတာကိုပြောစရာမလိုဘဲ အန်တီတင် သိနေမှာပါ ။ အန်တီတင်ပြင်ပေးတဲ့ မနက်စာကို စားရင်း မျက်လုံးက ယနေ့ထုတ် သတင်းစာပါ အလုပ်ခေါ်ကြေငြာများကို ရှာဖွေရပါသည် ။ ။ ဟော် တွေ့ပါပြီ..... အလုပ်ကြေငြာတစ်ခု ။ နွယ် စိတ်ဝင်စားသွားသည် ။ ကြေငြာကိုဖတ်ပြီးချိန်မှာတော့ ထိုအလုပ်ကို သွားလျှောက်ကြည့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က တစ်ပါတည်းချပြီးသား ဖြစ်နေလေသည်။

*****************************************

သတင်းစာကြေငြာဖြတ်ပိုင်းထဲက လိပ်စာအတိုင်း နွယ် ရောက်လာခဲ့သည်။ ခြံစောင့်ရဲ့ဦးဆောင်ခေါ်ဆိုမှုဖြင့် အိမ်ရှင် အန်တီနဲ့ တွေ့ဆုံ ကာ အင်တာဗျူးဖြေရပါသည် ။ အိမ်ရှင် အန်တီပြောပြချက်အရ သူသားသည် စိတ်ဝေဒနာတစ်ခုကိုခံစားနေရကြောင်း ၊အမျိုးသမီးဆုံးပါးသွာထဲ အခန်းထဲက မထွက်တော့ဘဲ အခန်းအောင်းပြီး နေလိုက်တာ ၂နှစ်ဆိုတဲ့ အချိန်ကာလကို တိုင်ခဲ့လေပြီဖြစ်ကြောင်း ၊ ပုံမှန် အိပ်ချိန်အိပ် စားချိန်စား ဖြစ်အောင်ဖြောင်းဖျ ပြောဆိုကာ ဂရုစိုက်ပေးမယ့် သူမျိုးကို လိုချင်နေကြောင်းနဲ့ လခ ကောင်းကောင်းချီးမြှင့်မယ်ဆိုတာကိုပါ သိလိုက်ရတယ်။ သူမပြောတဲ့ အချက်လက်တွေကို လိုက်နာနိုင်မယ်ဆိုရင် တစ်ပတ် အစမ်းခန့်မယ် ။ သူတို့သဘောကျရင်ဆက်ပြီး အလုပ်လုပ်လို့ရမည် ။ သဘောမကျရင်တော့ အလုက်ဆင်လုပ်ခွင့်မရဘူးပေါ့ ။ နွယ်မှာလည်း ခုလောလောဆယ် အလုပ်တစ်ခုက မဖြစ်မနေလိုအပ်နေတာရယ် ၊ ပေးမယ့် လခက မက်လောက်စရာမို့ အစမ်းလုပ်ကြည့်ဖို့ လက်ခံလိုက်မိပါသည်။

့ပြောဆိုပြီး လူနာနဲ့ တွေ့ရအောင် အိမ်ရှင်အန်တီခေါ်ဆောင်ရာ အပေါ်ထက်သို့ ရောက်လာခဲ့ပါသည် ။ အခန်းလေးထဲကို လှမ်းဝင်လိုက်မိတာနဲ့ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးတွေနဲ့ တစ်နေရာတည်းကို ခပ်ထွေထွေ စိုက်ကြည့်နေတဲ့ လူတစ်ယောက် ။ ပါးသိုင်းမွှေး ၊မုတ်ဆိတ်မွှေးတွေ ကြားကနေ ကြည့်ကောင်လွန်းနေတဲ့သူရုပ်သွင်ကို မြင်ရလိုက်ရတဲ့ အခိုက်တန့်လေးမှာ နွယ် စိတ်အာရုံတွေ အဖမ်းစားခံလိုက်ရသလို မှင်သက်သွားလေသည် ။ အချစ်ဆိုတာ အချိန်တွေ သတ်မှတ်ချက်တွေ မရှိဘူးဆိုတာ အမှန်များဖြစ်နေပြီလား။ အို…ခုန်လိုက်တဲ့ရင် ။ ခုချိန် အီးစီဂျီရိုက်ရင်တောင်ဆေးရုံတန်းတက်ရလောက်တဲ့ အနေထားပါလားနော်…။ သူကို ပြုစုဖို့ နွယ် အလိုလိုကို ခေါင်းညိမ့်လက်ခံလိုက်မိပါပြီ။

*******************************************************

နွယ် ကို သူအသိမှတ်မပြုပေမယ့် စိတ်အရှည်ဆုံးထားပြီး သူကို ဆက်ဆံပြုစုပေးမိပါသည် ။ သူအသိစိတ်တစ်ခုလုံး ချစ်ဇနီးသက်ဆီမှာဘဲ ရှိနေတာကို သိသိနဲ့ ရင်နာစွာ ချစ်နေမိသူက နွယ် ပါ ။ စတွေ့ကတည်းက နွယ် စိတ်ထဲ မှာ နေရာအပြည့် ထည့်ထားမိအောင် ရူးခဲ့သူဆိုရင် မမှားဘူးပေါ့ ။ သူ နဲ့ ပတ်သတ်တဲ့ ခံစားမှုတွေက နွယ် အတွက် မျှော်လင့်မဲ့ နေပြီးသားပါ ။ သူရဲ့ တုံ့ပြန်မှုကိုလည်း ဘယ်တော့မှ မရနိုင်ဘူးဆိုတာ နွယ်တစ်ထစ်ချတွက်ပြီးသားပါပဲ ။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးတောင် မထားရဲခဲ့ပါဘူး။ သူစိတ်မထင်ရင် အော်ငေါက်သံတွေကိုလဲ အကြိမ်ကြိမ် ကြားနေခဲ့ရပေမယ့် ချစ်တဲ့ စိတ်က သည်းခံခြင်းကို ကျားကန် ပေးထားပါသည်။ အချစ်က ပြောင်းပြန်အမြင်တွေကိုလဲ ပေးစွမ်းပေးတတ်တယ် ဆိုတာသိပ်မှန်တာပါပဲ။သူဘာဖြစ်ဖြစ် ဘာပြောပြော ဘာလုပ်လုပ် ချစ်စရာအပြုမူ လို့ပဲ နွယ် သတ်မှတ်ပါမည် ။နွယ် အမြင်ချင်ဆုံးက သူအပြုံးလေးတစ်ပွင့်ကိုပါပဲ ။ဘယ်တော့များမှ မြင်ရမှာလဲရှင်ရယ် ။ နွယ် ရှေ့မှာတခြားမိန်းမတစ်ယောက်ကို အသေအကြေ လွမ်းပြနေတဲ့ ယောကျာင်္းတစ်ယောက်ကို ရူးသွပ်စွာ ချစ်မိနေတဲ့ နွယ် ဒုက္ခကလဲ တော်တော် မသေးပါ ။ဒီနေ့ နွယ် ရောက်သွားတော့ သူဖျားနေပြီ။ ဆရာဝန်ပင့်ကာ ဆေးထိုးပေးပြီးတာနဲ့ သောက်ရမယ့်ဆေးတွေကို နွယ် တိုက်ရပါသည်။ အယောင်ယောင်အမှားမှားဖြစ်မိသည့်အထိ စိတ်တွေ ပူပန်နေမိပြန်သည် ။

*အကို ဘာမှမတွေးဘဲ အားရှိအောင် တစ်ရေးလောက်အိပ်လိုက်ပါလား*

*အင်း*

တစ်ကယ်တော့ သူဘ၀က သူဘေးက နွေးထွေးကြင်နာမှုတွေကို ပေးနေတဲ့ဇနီးရုတ်တရက်ကြီး ပျောက်သွားတော့ဆောက်တည်ရာ မရဖြစ်နေသူပါ ။ ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် ဇနီးသည် မရှိတော့တဲ့နောက်ပိုင်းသူဘ၀ ခြောက်သွေ့ အထီကျန် ကြေကွဲမှုတွေဖြင့်သာ ပြည့်နှက်နေခဲ့သူပေါ့ ။နွယ်ရဲ့ စာနာဖေးမမှုတွေနဲ့ သူကို မျှော်လင့်ရောင်ခြည်တွေ သန်းလာစေချင်မိပါသည်။ အတွေးစများကို တစ်စတစ်စတွေးရင်းဆေးအရှိန်ကြောင့် နှိစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူကို ထိုင်ကြည့်နေမိလိုက်ပါတော့သည် ။

**********************************

ကျွန်တော် အိပ်ယာကနိုးလာချိန်တွင် ပထမဦးဆုံးသတိထားမိသူကတော့ ကျွန်တော်ကို စိုက်ကြည့်နေတဲ့ နွယ် ဆိုတဲ့ ကောင်မလေး။

ကျွန်တော်ဘယ်လောက်အော်အော် အပြုံးမပျက်ရှိနေပေးတတ်သူပါ။ ကျွန်တော် အသိတွေ ရှိနေချိန်ဆိုခုလိုအကောင်လေးတွေ

တွေးပေးတတ်ပေမယ့် သတိကင်းလွတ်သွားချိန်များတွင်တော့ ဘာမှကို မမြင်တော့ပါဘူး။ခုလဲ ကျွန်တော် နိုးလာကိုတွေ့တာနဲ့

* အကို နိုးပြီးလား အဆာပြေတစ်ခုခုစာမလား…..ကြာဆံပြုတ်လေးဆို အဆင်ပြေမယ်ထင်တယ်။ ခဏနော်နွယ် သွားလုပ်ပေးမယ်…..*

သူဘာသူမေးသူဘာသူဖြေကာ ပြာပြာ ပြာပြာနဲ့ ထွက်သွားပါသည်။ပထမဆုံး စိတ်ထဲမှာ မဖွင့်တာကြာနေပြီဖြစ်တဲ့ ပြတင်းတံခါးများကို ဖွင့်ကြည့်ကာ ခြံထဲသို့ ကြည့်လိုက်သည် ။ရာသီဥတုက အေးမြမြလေးရှိရာ ပြတင်းတံခါးကို ဖွင့်လိုက်သည်နှင့်ပင် အအေးဓာတ်က ကျွန်တော် တစ်ကိုယ်လုံးကို လာရောက် ရိုက်ခတ်သွားသည် ။ နွယ်ဆိုတဲ့ မိန်းကလေး ကျွန်တော်ဆီ စတင်ရောက်ရှိလာတဲ့ နေ့လေးတွေကို ပြန်တွေးမိနေဧ။် ။ သက်မဟုတ်တဲ့ တခြားမိန်းမတစ်ယောက်အကြောင်းကို တွေးနေမိတာကို သတိပြုလိုက်မိတာနှင့် ရင်ထဲမှာလဲမောပန်းသွားခဲ့ပါသည်။ သက်မဟုတ်တဲ့ တစ်စိမ်းမိန်းကလေးတစ်ယောက်နဲ့ အနီးကပ် တူတူရှိနေခြင်းအတွက် ကျွန်တော် လိပ်ပြာမသန့်ပါ။ သက်နဲ့တူတူနေခဲ့တဲ့ မောင်ရဲ့ အခန်းထဲမှာ သက်ရဲ့အရိပ်တွေ ၊ သက်ရဲ့ အငွေ့အသက်တွေကလွဲလို့ ဘယ်အရာမှ မရှိစေချင်ခဲ့ ။ ဘယ်အရာကိုကိုမှလဲ ကျွန်တော် မလိုလားခဲ့ပါဘူး။အခုတော့ မမျှော်လင့်ဘဲ မေမေ ဇွတ်စီစဉ်ပေးမှုဖြင့် ကျွန်တော် နားမှာ နွယ်ဆိုတဲ့ မိန်းကတစ်ယောက် ရောက်ရှိနေခဲ့လေပြီ ။ ဟင်အင်း ဒါလုံးဝကို မဖြစ်စ်သင့်ဘူး။ ကျွန်တော် သက်ပြင်းလေးချကာ ပတ်ဝန်းကျင် သဘာအလှတရားကို ဆက်ကြည့်နေမိဧ။် ။

*******************************************************

ကွယ်လွန်ပြီးသည်မှာ ငါးနှစ်သက်တမ်းမျှ ကြာမြင့်သူတစ်ဦးအား ရူးသွပ်စွာ တမ်းတစွဲလန်းနေသူတစ်ဦး။ သူချစ်ဇန်ီးလေး သက်ထား ဆုံးပါးသွားတာကို သိနေပေမယ့်ခုချိန်ထိကို ကိုထက်တစ်ယောက် ဘယ်လိုမှ ဖြေဖျောက်လို့ မရနိုင်သေးပါဘူး။ သက်နဲ့ တူတူနေခဲ့တဲ့အခန်းလေးထဲမှာ အချိန်တွေကို ကုန်လွန်ဖြတ်သန်းခဲ့တာ ၅နှစ်တိုင်ခဲ့ပါပြီ။
မထင်မှတ်တဲ့ ခွဲခွာမှုမျိုးနဲ့ မောင်ဘ၀ထဲကနေ သက်ထွက်ခွာသွားတယ်နော်။ မောင် အတန်တန် တားနေတဲ့ ကြားက စိတ်မြန်လက်မြန် ရှိတတ်တဲ့ သက်အကျင့်က သက်ကို မောင်ဘေးကနေ ဆွဲထုတ်သွားခဲ့တယ် သက်ရယ်။…မောင်ကိုလူတွေက
အရူးတစ်ယောက်လိုသတ်မှတ်မယ်ဆိုလဲ သတ်မှတ်ကြပါ ။ အဲဒီနေ့က မောင်တာ သက်ကို နားလည်အောင်ရှင်းပြမယ်ဆို……သက်နဲ့မောင်တာ ရန်မဖြစ်ခဲ့ကြရင် ဆိုတဲ့ နောင်တတွေက ခုချိန်မှာ ဘာတစ်ခုမှ အသုံးမ၀င်နိုင်တော့ဘူးသက်ရယ် …သက်မှ မောင်ဘ၀ထဲမှာ ရှိမနေခဲ့တော့တာပဲ ။အသိမဲ့နေတာ မဟုတ်ပေမယ့် သက်နဲ့တူတူနေတဲ့ အခန်းလေးထဲမှာဘဲ ဘ၀ကိုအကျဉ်းချထားမိတာ မောင်ကိုယ်မောင် ဒဏ်ခတ်နေတယ်ဆိုတာ မောင်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူးသက် ။ သက်အပေါ် မောင် သစ္စာဖောက်တာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ထဲ ချစ်ဇနီး သက်ကို စိတ်ထဲကနေ ရှင်းပြနေရင်း ခုတင်ထက်က အိပ်ရာပေါ် သို့ ညင်သာစွာပဲ လှဲချလိုက်မိသည်။ ပန်းနုရောင် မျက်နှာကျက်လေးမှာ သက်အရိပ်ကလေး ထင်ဟပ်လို့ လာပြန်သည်။ မောင်ကို သိပ်ချစ်တဲ့ သက် ။မောင်ကိုယ်တိုင်ကလဲ မြတ်မြတ်နိုးနိုး တန်ဖိုးထားချစ်ရတဲ့ ချစ်သူလေး ။အားလုံးက ကျွန်တော်ကို ယဉ်ယဉ်လေးနဲ့ ရူးနေတာတဲ့။ ကျွန်တော်မရူးပါဘူး ။ သက်ကို ချစ်တဲ့ အချစ်တွေနဲ့ မောင်ရှင်သန်နေသူပါ ။ ဒါ ရူးသွပ်တာလား။ ဒါကို ရူးသွပ်ခြင်းလို့ သတ်မှတ်ရင်လဲ မောင် ကျေနပ်ပါသည် ။ လောကကြီးထဲမှာ သက်မရှိတော့ဘူး ။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ဒီအခန်းလေးထဲမှာတော့ သက်ရှိနေပါသေးသည် ။ မောင် နှလုံးသားထဲမှာ လဲ သက်ရှိနေပါသေးသည် ။ လောကကြီးထဲမှာ သက်မရှိတော့ဘူးဆိုတာမောင်လက်ခံပေမယ့်သက်ရဲ့ ချစ်ခြင်းတွေ ၊ ယုယကြင်နာခြင်းတွေ ဘယ်တော့မှ ပျောက်မသွားဘူးလို့ ကျွန်တော် ယုံကြည်နေမိတာ မှားသလား။

အတွေးကမ္ဘာထဲက လှုပ်နှိုးလိုက်သူကတော့

*အကို*

နွယ် အသံကြောင့် အသံလာရာဆီကို ကြည့်လိုက်မိသည်။

*စာလို့ရပါပြီအကို*

နွယ် စိတ်ထဲ ထူးဆန်းအံ့သြသွားမိပါသည်။ ထူးထူးဆန်းဆန်းပါလား။….ပြတင်းတံခါးတွေဘာတွေဖွင့်လို့………နေကောင်းဖို့ လမ်းစတွေပေါ့ ။ ဟီးးးးးး ပျော်လိုက်တာကွာ။ နွယ်ဘယ်လောက်ထိ ဂရုစိုက်ပေးပေး သူကတော့တေမိကျောက်ရုပ်တစ်ရုပ်အဖြစ်က ပိုမလာခဲ့ပါဘူး။ နွယ် နှလုံးသားကို သိမ်းပိုက်ထားသူရေ နွယ် သိပ်ချစ်နေတယ်ဆိုတာ သိအောင်ဘယ်လိုပြောရမည်နည်း ။ အချိန်တိုတို လေး အတွင်း စိုးမိုးသွားခဲ့တာ ဘာကြောင့်လဲရှင်ရယ်။ ၀န်ခံချင်နေမိတယ်...နွယ် သူကို သိပ်ချစ်နေတယ်ဆိုတာကိုပေါ့။ အကို အတွက် နွယ်က ရင်ခွင်ဦး မဟုတ်ပေမယ့် ၊ နွယ် ရင်ခွင်လေးကတော့ အကို အတွက် ရင်ခွင်ဦးလေးပါ ။

*အကို*

တိုးဖွညင်သာစွာ ခေါ်သံလေးကြောင့် နွယ်လက်ထဲကို ကြာဆံပြုတ်ပုဂံလေး ထည့်ပေးလိုက်ပါသည်။ ပြီးတော့ အမုန်းမပါပေမယ့် ကြည်ဖြူမှုမရှိတဲ့ အသံနဲ့

*ငါ နှလုံးသားကို ဒုတိယအကြိမ် နှိုးဖို့ မင်းမကြိုးစားပါနဲ့ နွယ်......ငါနဲ့ ခပ်ဝေးဝေးတစ်နေရာမှာ ဘဲ မင်းနေပေးပါ။*

နာနာကြည်းကြည်း ပြောပြီး ကျောပေးထိုင်နေလိုက်သည်။ မင်း ငါအပေါ်မှာ စိတ်တွေယိုင်နေပြီဆိုတာ ငါသိတာပေါ့ မိန်းကလေး ။ ငါမင်းကို သနားပါမိပေမယ့် ငါရင်ထဲက သက်ရဲ့ နေရာလေးကို ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး ။ အစားထိုးဖို့ မလိုအောင်ကို သက်ကို ချစ်ရတဲ့ အချစ်တွေက ပြည့်နှက်နေခဲ့လေပြီ ။

*ကောင်းပါပြီ အကို ။ အကိုက မုန်းနေတယ်ဆို ရင် အကိုရှေ့မှာ နွယ်ကို မမြင်စေရပါဘူး။ အကို မယုံရင် စောင့်ကြည့်လိုက်ပါ။ အဲဒါ နွယ်ပေးတဲ့ကတိပါ အကို။*

* မင်းမှားနေပြီ။ ငါမင်းကို မမုန်းဘူး ။ အေး ချစ်လည်း မချစ်ဘူးကွ ။ ဘာလို့လည်းဆိုရင် သက်ကိုချစ်ခဲ့တာ တစ်ဘ၀စာအတွက်လေ။ ခုသက်မရှိတော့ပေမယ့် သက်နေရာကိုလည်း ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး ။ အစားထိုးဖို့လည်း လိုမှမလိုအပ်တာပဲလေ *

*********************

ဒီလိုနဲ့ ရက်တွေ လတွေ အလီလီ ပြောင်းခဲ့လိုက်တာ ကျွန်တော် ဘ၀လေးလဲ ခုဆို တော်တော်လေး နေသားတကျဖြစ်နေပါပြီ။ စိတ်တွေလဲ တည်တည် ငြိမ်ငြိမ်နဲ့ ရှင်သန်နေနိုင်နေနိုင်ခဲ့လေပြီ ။ ကျွန်တော်နှလုံးသားထဲမှာ သက်ကိုချစ်တဲ့ အချစ်တွေနဲ့ထာဝရ စိတ်ချမ်းသာစွာနေတတ်ခဲ့ပါပြီ ။ တခါတရံမှာတော့ ကျွန်တော်အပေါ် ဂရုတစ်စိုက်ရှိပေးခဲ့ဘူးတဲ့ နွယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရိုးသားစွာ အမှတ်ရမိ တတ်ပါသေးသည် ။

*********************

*နွယ် တစ်သက်လုံး ဒီတိုင်းနေသွားတော့မှာလား*

နွယ်ခြေလှမ်းတွေ ဧည့်ခန်းထဲ ၀င်လိုက်စဉ်မှာဘဲ အန်တီတင်ရဲ့ အမေးစကားက ဆီးကြိုနေခဲ့သည်။

*နွယ်ပြောလေ အန်တီမေးနေတာကို *

*နွယ်က ဘာကို လုပ်ပေးရမှာလဲ ...နွယ်အလုပ်ကို နွယ်လုပ်နေတာကို*

*ဟုတ်တယ်....လုပ်နေကျ အလုပ်တွေကို လုပ်နေတယ်....ဒါပေမယ့် နွယ် အပြုံး ၊ နွယ်အပျော်တွေကို အန်တီ မမြင်ရတာ ဘယ်လောက်ကြာနေပြီလဲ နွယ် အိမ်ထောင်ပြုရမယ့် အရွယ်ကို ရောက်နေပြီဖြစ်နေရက်နဲ့မရွေးချယ်ခဲ့ဘူး ။ တူတူတန်တန်တွေ လာတောင်းရမ်းနေသားနဲ့ ခေါင်းတစ်ခါခါ ဖြစ်နေတာတွေက ဘာလို့လဲဆိုတာ အန်တီတင်ထက် နွယ်ကိုယ် နွယ် ပိုသိမှာပါ ။ *

အန်တီတင် တစ်ယောက်စကားရှည်ကြီးကို ပြောလိုက်လို့ မောသွား

ဟန်ဖြင့် နွယ်မျက်နှာလေးကို ငေးကြည့်နေပါသည်။ နွယ်ပြန်ပြောလာမယ့်

စကားတွေကိုလဲ စောင့်စားနေဟန် တူပါသည် ။ ရင်ထဲက အသံမဲ့သော စကားတွေကို နွယ်ဆိုနေမိတာ အန်တီတင်ကြားနိုင်မည် မဟုတ်ပါ။

နွယ် နှလုံးသားက အကို ဆီမှာပါ အကိုရယ်။ နွယ် အကို မဟုတ်တဲ့ တခြားသူကို ဘယ်လို အင်အားမျိုးမွေးပြီး လက်ခံရမှာလဲရှင်။ နွယ်လေ အကို ကိုမြင်မြင်ချင်း ချစ်ခင်စုံမက်မိခဲ့တယ် ။
အကိုက မလိုအပ်ဘူး မင်းသွားတော့လို့ ဆိုလာပြန်တော့လည်း ကျေကျေနပ်နပ်နဲ့ အကိုဘေးကနေ ထွက်လာပေးခဲ့ပါတယ် အကို ။ အကို မမြင်နိုင်တဲ့နေရာလေးတေါကနေ အကို ကို သွားကြည့်တဲ့အချိန်တိုင်း တည်ကြည်ခန့်ညားနေတဲ့ အကိုရုပ်သွင်ကို မြင်ရတိုင်း ကြည်နူးကျေနပ်စွာ ဖြေသိမ့်နိုင်ရပြန်ပါတယ် ။ အချစ်ဆိုတာကို သိပ်ကိုးကွယ်ကာ တန်ဖိုးထား ချစ်တတ်တဲ့ အကိုလို ခင်ပွန်းသည်ကို ပိုင်ဆိုင်ခွင့်ရတဲ့ သက်အစားလည်း ဂုဏ်ယူဝမ်းမြောက်
ရပြန်တယ် အကို ။ အချစ်ဆိုတဲ့ ခံစားမှုကို ခံစားရတဲ့ သူတိုင်းဟာ

* * * အချစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်ကို ရောက်ပြီ ဆိုတာနဲ့ နိဒါန်းဖြစ်တဲ့ ခံစားတတ်ခြင်း ကို စတင်ပတ်သတ်ရပါတယ် ။ စာကို ဖြစ်တဲ့ အလွမ်းတွေကို ရင်ဝယ်ပိုက်ရပြန်ပါတယ် ။ ၊ နိဂုံး ချုပ်ဖြစ်တဲ့ဆုံစည်းရခြင်းအတွက် ပျော်ရွင်မှု (သို့မဟုတ်) လမ်းခွဲရခြင်းအတွက် နာကျင်မှု ဆိုတဲ့ ခံစားချက်တွေကို တစ်ဆင့်စီ ခံစားရခြင်းဖြင့် အဆုံးသတ်ကြရတယ် ။ *** နွယ် ဆိုတဲ့ ကျွန်မကြတော့နိဒါန်း ခံစားတတ်ခြင်း ၊ စာကို လွမ်းခြင်းတွေကို ကျော်လွန်ခဲ့ပေမယ့်….ခုထိ နိဂုံးမချုပ်နိုင်သေးတဲ့အချစ်ခေါင်းစဉ်အောက်မှာ စောင့်နေရသူ တစ်ယောက်အဖြစ် အချစ်စာစီစာကုံး တစ်ပုဒ်ကို ရေးသားနေရပါတယ် အကို ။ နိဂုံးမချုပ်နိုင်သေးတဲ့ အချစ်ခေါင်းစဉ်အောက်က ကောင်မလေးတစ်ယောက်အဖြစ် နဲ့ အကို့ သက်ကို ချစ်တဲ့ အချစ်ထက်မကျော်ရင်တောင် မလျော့တဲ့ ချစ်ခြင်းတွေနဲ့ အဝေးတစ်နေရာကနေ အကို့ ကို မြတ်နိုးစွာ ချစ်နေပါတော့မည် ။

*********************

ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...