Thursday, October 10, 2013

ခြင်ဖြူတွေပေါက်တဲ့ မန္တလေး


နဲနဲ မှ အထိ မခံ
တွန်းလှန်ခဲ့ နန်းတော်ရှေ့
အုဌ်ကျစ်ကျော်အေး
ဒို့ မန္တလေး…ဟာ


နန်းပြဿဒ်တွေ တည်နေဆဲ မြို့
ယဉ်ကျေးမှုတွေ မြင်နေဆဲ မြို့
ဒီမြို့ကိုခြေချ မြေခတဲ့ထိ
နေချင်စရာကောင်းတဲ့ မြို့
ကိုယ့်မြေ ကိုယ့်ရေ ရဲ့ ရနံ
ကျုံးတဝိုက် အရပ်တည်
မင်းနေပြည် အမွေ မြို့
ဒီမြို့မှာ မွေးဖွား
ဂုဏ်ယူ စိတ် ထားခဲ့တဲ့မြို့
မြန်မာတို့ရဲ့ ပြယုဒ် ပေါ့။
ကျွန်ဘဝ သက်ဆင်း
တော်လှန်ရင်းနဲ့ ပြန်ကယ်
လူ ပင်လယ်တွေ လှိုင်းထ
နယ်ချဲ့ကို အံတုပြခဲ့တဲ့ မြို့
ကျုံးရေတွေ ရဲဖြာ
ကဲ ပါ့ကွာ မပြောနဲ့
သွေးနဲ့စတေးခဲ့တဲ့ မြို့။

ကျွန်ဖြစ်ရတဲ့မင်း ကတည်းက
နွံနစ်နေတာကို ဆယ်ရင်း
ခေတ်တွေကို ဖြတ်သန်း
ဗြိတိသျှ ဂျပန် လှန်
လွတ်လပ်ပြန်တော့
ပြည်တွင်းစစ်ရဲ့ ဒါဏ်
ဆိုရှယ်လစ်က ညစ်ပြန်
သမိုင်းလှန်မဟေ့ ဟစ်ကြွေး
၈၈ မှာ လည်း လက်မနှေးခဲ့ပါ
လှိုင်းကြီးကြီးနဲ့ လေထန်ပြခဲ့
မဟန်ချင်တော့ ပုဒ်မ ၁၄၄
အုပ်ချုပ်ရေးနှင့် နှိပ်ကွပ်ခံရပြန်ပေါ့..။

ဝပ်ပြားစေချင် သူတွေကနေ
အေးချမ်းသာယာရေး ပြောင်းသည်ထိ
ကျိတ်ခံ ရုန်းပြန်
အားမတန်သည် လား
မှားပြန် လေပြီ လားနဲ့
တုံဏိဘာဝေန စိတ်ခံ
ဒီလိုနဲ့ ရေစုန် မျောချခဲ့ရ..ပေါ့..။

ဟေ့ …ကျုံးရေပြင်ကို
လည်ပြန်ကြည့်ကြပါဦး
ဖျော့တော့တော့နဲ့ ဖြူနေသလားလို့ပါ
(အရောင်ဟတ်တာ နေမှာပေါ့)
ကျူံးပတ်လည်မှာ သားနားနေသမို့
အပြတ်မိုက်ဆိုပြီး ခိုက်မသွားနဲ့
အဲတာ တရုတ် တိုက်တွေ ဖြစ်နေပြီ ။

မျိုးချစ်မယ် ကြံတော့
ကာကွယ် မပေး
မျိုးဖျက်ချင်သူကိုတော့ အားပေး
နှမလည်း ပေးမယ့်သူတွေလက်ထဲမှာ
မြန်မာ့ မန္တလေး ဟာ
အပျိုရည် ပျက်ခဲ့ရတယ်…။

မြန်မာ မစစ်တဲ့ သွေးများစွာနဲ့
ကယ်ဆယ်ရေး ဆလိုင်းချိတ်
အဆုံး ဘိတ်မှာတော့
မန္တလေးဟာလည်း
နလန်မထူတော့ပါဘူး…။

ယဉ်ကျေးမှုတွေ ဗိုင်းရပ်ပိုးကိုက်လို့
ဆင်ယင်မှုတွေ တိုနန့်
ဟေ…ဟေး..ကိုယ့်လူရေ
ကြည့်လို့ကောင်းသား
ကြည့်လို့ကောင်းသား နဲ့
ကိုယ့် နှမလေး တောင်
ရောမီသောဖော ရွတ်တတ်လာပေါ့ကွယ်…။

ဒီလိုသာ မသိကျိုးကျွံပြုရင်
တနေ့မှာ ကျွန်ပြုခံရတာထက် စိုးမယ်
ပြန်တိုက်ရအောင်က အမနဲ့ရ နှမနဲ့ရ
ပြန်ချအောင် အကိုနဲ့ရ မောင်နဲ့ရ
ဆန့်ကျင်မှုတွေ အားပေးရအောင်
သားသမီး သားမက် ချွေးမ ယောက္ခမ
ဘုရားဟောသလို ဖြစ်နေ
မတော်ဘူးတဲ့ တရုတ်မျိုးတွေချည်း
ဖြစ်နေမှ ရင်ကျိုးကြရင်ဖြင့်
မြန်မာမှာ မန္တလေးကို
ဒဏ္ဍာရီထဲက မြို့ ကလေးလို့
မေ့ကုန်ကြလိမ့်မယ်နော်..။

ဇနပုဒ် တဝိုက်က မေမျိုးမြတ်တို့
ငတ်တဲ့အခါ ရွှေလို ရွှေပေးတော့
ရေလို အေးသယောင်နဲ့
အရက်ပျံစွတ် ထုံဆေးထိုးပြီး
မျက်ရည်မကျ အပြုံးလှအောင်
မပျယ်ခင် နာရကောင်းမှန်း မသိခဲ့...။

ကိုယ်ခံအားတွေ ညံ့ဖျင်းစွာနဲ့
မြို့သစ်လမ်းမတန်းမှာ နေပြ
တာကော ကတော် အခေါ်ခံရရေး
လက်မနှေးပဲ ဘဝတွေ
လေလံ ပစ်ကြရော့မယ်
မယုံရင် ပုံပြင်မဖတ်နဲ့…
ကြုံရင်သာ စင်တင်ညတွေရဲ့
အိမ်ပြန်ချိန်ကို ထကြည့်ကြပေါ့....
ဝက်ဆီဖတ်တွေရဲ့ ရင်ခွင်မှာ
တီတီတာတာ ချွဲပြနေလိမ့်မယ်။

အသစ်ချပ်ကျွတ်တွေ ဈေးကောင်းနေတယ်
တပတ်နွမ်းလဲ ဝမ်းရေးလုံတယ်
ပိုးထိုးတော့ လမ်းဘေးရောက်
ဆေးဆိုးပြီး တမျိုးအလှချယ်
၈၄လမ်းမကြီးမှာ ညငှက်တွေပျံနေတယ်..။

ထိပ်တန်းမမှီ အရာမဝင်တော့လို့
မွေးရာပါကို လေလံတင်
ရတက်အေးလိမ့်မယ် မထင်နဲ့နော်….၊
အမြည်းစားတဲ့ စနစ် အမူးသမားတွေက
ပုရစ်ဖူးအလား အညွန့်ခူးဦးမယ်။
နလန်မထူလို့ ကံတလူ ကလည်းပြန်ခဲ့ပြီ။

နယ်ချဲ့ရဲ့ကျေးကျွန် ဆိုတာ
တော်လှန်လို့ရတယ်…။

စနစ်ရဲ့ကျေးကျွန် ဆိုတာ
အမြှစ်လှန်လို့ရတယ်….။

မသိကျိုး ကျွံ ဆိုတာကတော့
စိတ်ဓါတ်တွေ လှန်ပစ်မှ ရမယ်..။

အဲတာ မင်းနှမ
အဲတာ ငါ့နှမ
အဲတာ မင်းအမျိုး
အဲတာ ငါ့အမျိုး
ကုန်ကုန်ပြောရင် မျိုးမြန်မာ
ကိုယ့်ကိုကိုယ်ပဲ စဉ်းစားပေါ့...၊
ကိုယ့်မင်းကိုယ်ချင်း
ကိုယ့်ထမင်း ပဲ ကိုယ်စားတယ် လို့
အသံကောင်းဟစ်ကြ
တစ်ပြားမှမရ ပဲ အလိုတူ
သမိုင်းတွင်မယ့် စာမျက်နှာမှာ
တရားခံ စာရင်း
ကိုယ့်ကိုကိုယ် မသွင်းကြနဲ့….။

မြိုးမြိုးမြတ်မြတ်ရရင် ဘီယာစတေရှင်
ကျိုးကြောင်းတိုက်ရင် စည်းစိမ်ရှင်စရိုက်နဲ့
အလှတရားကို ညစာသုံးဆောင်မယ်တဲ့…၊
စဉ်းစားပါဦး ကိုမြန်မာရေ
ကိုယ့်ချွေးနဲ့ကိုယ်ရှာ
ကိုယ့် ဝမ်းစာကိုတော့
တရုတ်ဆိုင်များ ဆက်ကြေးပေး
ကိုယ့်မျိုးမြန်မာ ကိုတော့
အားပေးလိုက်ပုံ က
ညလုံးပေါက်ဆို ဘယ်လောက်လဲတဲ့…။

အိမ်သုံးတွေ ချွေ မစု
စရိတ်သုံးတွေ ပြန်မရှု
လှလိုက်ချင်တာ စက်စက်ယို
ထစ်ခနဲဆို ပလာဇာမှာ ဝယ်ဖြုန်း
အသုံးလိုရင်မမှုပါ
ဟော ခုချက်ခြင်းသာ
တာကော ရင်ကို ထုလိုက်မှာပေါ့လို့
ခေတ်က နဲ့ယိုင်ပြီး စပွန်စာတွေပြိုင်
အဲဒီလိုသာ မနိုင်ကြရင်ဖြင့်
စဉ်းစားပါဦး မမြန်မာရေ....
တရုတ်ဆပ်ပြာတွေကြောင့်
အရောင် လက်ရင်း တောက်ရင်း
အထည်ဆွေးမှာ ထည့်မတွက်တော့
ရမက်ဇောတွေ ချွေမရတော့တဲ့ အခါ
မျက်ရည်ခွက်လေးသာ ဆောင်ထားပေတော့…။

အမျိုး ဘာသာ သာသနာအတွက်
စိဌံ တိတတု မရွတ်နိုင်တဲ့
စီနံ ဘိခုနီုတို့ စကားမပီ
မျက်ပေါက်ကျဉ်းတဲ့ မျိုးဆက်ဆီကို
ဒီဘဝတွေ ဆောက်တည်မလား
ဒီဘဝတွေ ထိုးဖောက်မည်လား
မရွံ့ မကြောက် စိတ်ထား
အမျိုးပျောက်မှာ တွေးထား
သခင်မှိုင်း စကားလို သခင်စိတ်ထားလို့
ထ ထ ကြွ ကြွ ဝိုင်းရှင်းလိုက်ရင်
ကြွ ကြွ ရွ ရွ မြန်မာ့အလှ
ပြန်ဆင်မြန်းနိုင်မယ် ဆိုတာ ယုံစေချင်တယ်....
ဒို့မမေ့တတ်ရင် သမိုင်းပေါ်တက်ခဲ့ကြပေါ့...
အမျိုးပျောက်မှာ စိုးကြောက်စေချင် ...
ယခုပင် တမိုးအောက်မှာ
တွဲလက်တို့ ငါတို့ညီစေချင်…။

ကိုဝိုင်ဝိုင်ကေ
25.4.12

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...