Friday, October 18, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁၀)

သစ်ထူးလွင်


Posted: 18 Oct 2013 06:25 AM PDT

မြန်မာနိုင်ငံ မြို့ကြီးအချို့မှာ ဗုံးကွဲခဲ့မှုတွေနဲ့ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေး ရရှိမှု အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ဇော်ဝင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ကျောထောက်နောက်ခံ  စီးပွားရေးသမားတဦးက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေ ၀င်ရောက်တာကို နှောင့်ယှက်လိုတဲ့ သဘောနဲ့ လုပ်တာလို့ ပြောသွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 06:21 AM PDT

မုံရွာ-အမြင့်ကားလမ်း မြို့ဝင်ဘီးခွန်ကောက်ခံရေးစခန်းအနီး လမ်းဘေး အပန်းဖြေသောက်ရေအိုးခုနစ်လုံးတွင် အောက်တိုဘာ ၁၆ ရက် နံနက်က ရေအရောင်နှင့်အနံ့များ သံသယဖြစ်ဖွယ် ပြောင်းလဲနေသည်ကိုတွေ့ရှိရပြီးနောက်ပိုင်း သောက်သုံးသူအချို့ ဆေးဝါးကုသမှုခံယူရသည်ဆိုသည်မှာ ကောလာဟလများသာဖြစ်ကြောင်း မုံရွာမြို့၊ အမှတ် (၁)ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ကျော်ကျော်ညွန့်ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မုံရွာ-အမြင့်ကားလမ်းဘေးမှ ရေအရောင်၊ အနံ့ပြောင်းသွားခဲ့သော ရေအိုးစင်ကိုတွေ့ရစဉ် ဓာတ်ပုံ-မျိုးမင်းဦး - 7Day Daily


Posted: 18 Oct 2013 06:08 AM PDT

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင် (၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း အလုပ်သမား  ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:58 AM PDT
ပခုက္ကူခရိုင် မြိုင်မြို့နယ်သည် မြန် မာ့သမိုင်းအမွေအနှစ်များ ပေါကြွယ်ဝရုံ မျှမက စာဆိုပညာရှင်အများ  ပေါ်ထွက်ရာ ဒေသတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ ပေါ်တွင် လွန် ခဲ့သောအနှစ်သန်း ၄ဝက လူသား မျိုးနွယ်၏ အစောဆုံး ပရိုင်း မိတ်ကျောက်ဖြစ်ရုပ်ကြွင်းကို ထိုမြို့နယ်၌ တွေ့ရှိရ သည်။ ခေတ်အဆက် ဆက် ဆောက်လုပ်ခဲ့ သမျှသော အသားကျောင်း များတွင်လည်း နှစ်အရှည်ကြာဆုံးကျောင်း ကို ထိုမြို့နယ် ဗိမာန်မရွာတွင် တွေ့ရှိရ သည်။ ကျောင်းကြီး၏ ထုပ်တန်းပေါ်မှ စာကြောင်း ၁၃ ကြောင်းပါ ကမ္ပည်းစာ အရ ”မနောရမ္မာ ရွှေကျောင်း” ကြီးကို  မြန်မာနှစ် ၁၁ဝဝ ပြည့် (ခရစ်နှစ် ၁၇၃၈)က ဆောက် လုပ်ခဲ့သည်။ ယခု အခါ သက်တမ်း ၂၇၅ နှစ် ရှိပေပြီ။ သမိုင်းယဉ်ကျေးမှုအမွေမို့ ချစ်ကြရ မည်ဆိုလျှင် ထိုကျောင်းကို မြန်မာတို့ သံကွန်ချာ ခုနစ်ထပ် အုပ်ကာ ကုမ္ဘဏ် တစ်ထောင်အစောင့်အကြပ်ဖြင့် ထိန်း သိမ်းစောင့်ရှောက် ထားသင့်ပေသည်။  အမျိုးသား သမိုင်းယဉ်ကျေးမှု အမွေအ နှစ်များဖြစ် သဖြင့်ကျောင်းတွင်း ရှိ ကျောင်း နှင့် အတူလှူထားခဲ့သော အသုံးအဆောင် များကို စနစ်တကျထားရှိကာ ပြည်တွင်း ပြည်ပ ပညာရှင်များကို လာရောက်လေ့ လာနိုင်အောင် ဒေသယဉ်ကျေးမှု ပြ တိုက် အဖြစ် ပြုလုပ်ဖွင့်လှစ်ထားသင့် သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 18 Oct 2013 05:54 AM PDT

ပြီးခဲ့သော စက်တင်ဘာလအတွင်း အစိုးရထုတ်နေ့စဉ် သတင်းစာ များ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဌာနက အလုပ်ခေါ်ယူရာ တွင် အရည်အချင်း သတ်မှတ် ချက်တစ်ခု မှာ အစိုးရတက္ကသိုလ်တစ်ခုခု (နေ့ ကျောင်း)ဖြင့် ဘွဲ့ရပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ချက်ကို ဖတ်ရှုလိုက်ရပါသည်။ယင်းသတ်မှတ်ချက်ကို ဖတ်ရသော ကျွန်ေ တာ့်အနေဖြင့် အံ့သြတုန်လှုပ်မိပါ သည်။ အဘယ့်ကြောင့်ဆိုသော် အဝေး သင်တက္ကသိုလ်ဆိုသည်မှာ နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ဖွင့်လှစ်ထားသော တက္က သိုလ် တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အစိုးရတက္ကသိုလ်ချင်းအတူ တူ နေ့ကျောင်းနှင့် အဝေးသင် ခွဲခြား ခေါ်ယူခြင်းမှာ လုံးဝမဖြစ်သင့်သောကိစ္စ ဖြစ်ပါသည်။ အဝေး သင်ဘွဲ့ရများကို နှိမ့်ချထားသောသဘောဖြစ်နေပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:44 AM PDT

မိုးရာသီနောက်ပိုင်းကာလ ကလေးအများစုတွင် ဖြစ်ပွားလေ့ ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါကြောင့် မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံသို့ ကလေးငယ်ပေါင်း ၁၅၀၀ ခန့် လာရောက် ကုသခဲ့ရာ ယင်းအနက် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာစိန်ဟန်က The Voice သို့ အတည်ပြု ပြောကြားသည်။
“ဒီနှစ် ဇန်နဝါရီလကစပြီး လက်ရှိ အောက်တိုဘာလ ဒုတိယပတ်အထိ သေဆုံးတဲ့ကလေး ၁၀ ဦးခန့် ရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:41 AM PDT

အရေးပေါ်မီးသတ်ကန် ရေပိုက်ငုတ်များမှ ရေဖွင့်၍ ခိုးယူသုံးစွဲခြင်းနှင့် ရေပိုက်ငုတ် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပါက တရားစွဲဆို၍ ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် နည်းဥပဒေ တစ်ရပ်ကို ပြင်ဆင် ရေးဆွဲထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။ “လက်ရှိဥပဒေထဲမှာတော့ ဒဏ်ငွေ ၅၀,၀၀၀ ထိပါတယ်။ အခု အသစ်ပြဋ္ဌာန်းမယ့် နည်းဥပဒေ အသစ်ထဲမှာတော့ တရားစွဲဆိုပြီး ထောင်ဒဏ်ထိပါ အရေးယူနိုင်မယ့် ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲ ထားပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:29 AM PDT

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုစစ်တမ်း သဘောထားNLD ပါတီမှ ကောက်ယူစဉ်တွင် ကြံ့ခိုင်ရေး ပါတီ သဘောထား ကြေညာချက်အရ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲပါက နိုင်ငံသားများအတွက် ပြဿနာများ ကြုံလာနိုင်ကြောင်း၊ ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကလည်း အစိုးရနှင့် လွှတ်တော်ပါ ပျက်သွားနိုင်ပြီး ငြိမ်းချမ်းရေးလည်း ထိခိုက်နိုင်ကြောင်း စသည်ဖြင့် မီဒီယာသို့ ထုတ်ဖော်ပြောကြားချက်မှာ အခြေခံဥပဒေကို ပြင်ဆင်လိုသည့် (သို့မဟုတ်) အသစ်ရေး ဆွဲ လိုသည့် နိုင်ငံရေး စိတ်ဝင်စားသူ ပြည်သူများကို ကြံ့ခိုင်ရေးပါတီ အနေဖြင့် ခြိမ်းခြောက် သည့် သဘောဆောင်ကြောင်း ပြောဆို ဝေဖန်လျက် ရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:21 AM PDT
ဆီးဂိမ်း လှုံ့ဆော်မှု ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အစိုးရပိုင် ကြေးမုံ သတင်းစာတွင် သတင်းရေးသား ဖော်ပြခဲ့ရာ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာကို သတင်းဓာတ်ပုံ ထည့်သွင်း ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံ မှာလည်း ပုံနှင့်အမည် လွဲမှား ဖော်ပြ ထားခဲ့သည်။အောက်တိုဘာ ၁၃ ရက်ထုတ် ကြေးမုံ သတင်းစာ နောက်ကျောဖုံးတွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပြီး သတင်း၏ အဆက်ကို စာမျက်နှာ ၅ ကော်လံ ၁ တွင် ဆက်လက် ဖော်ပြရာတွင် အဆိုပါပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာပုံကို စာရေးသား ထည့်သွင်းထားခြင်း ဖြစ်ပြီး ယင်းဓာတ်ပုံမှာ လည်း မော်ဒယ် ကေကေ မိုးမြင့်ပုံ ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အောက်တိုဘာ ၁၃ရက်နေ့ထုတ် ကြေးမုံပါပုံ (ဘယ်)
အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံပါပုံ (ညာ)

Posted: 18 Oct 2013 05:08 AM PDT

တရားဝင် အလှူခံခွင့်ပြုထားသည့် ထောက်ခံစာကို မိတ္တူဆွဲပြီး လိမ်လည်အလှူခံကာ ကိုယ်ကျိုးအတွက်သုံးစွဲနေသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား အရေးယူခဲ့မှု အောက်တိုဘာ ၁၅ရက်က နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နေပြည်တော် ပျဉ်းမနားရှိ သာသနာ ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဆရာတော်နှင့်အဖွဲ့ တို့သည် အောက်တိုဘာ ၁၅ရက် နံနက် ၁၀နာရီက ရွာကောက်ရပ်ကွက်တွင်း လိုက်လံအလှူခံနေသူ သုံးဦးအား စစ်ဆေးမေးမြန်းရာ အလှူခံဖြတ်ပိုင်းစာအုပ်တစ်အုပ်၊ အလှူခံခွင့်ပြုပါရန် လျှောက်ထားခြင်း ခေါင်းစဉ်ပါ ကွန်ပျုတာဖြင့် ပြန်လည်ကူးထားသော ထောက်ခံစာတစ်စောင်တို့ တွေ့ရှိရသည်ဟုဆိုသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 05:00 AM PDT

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရသဖြင့် သေဆုံးသွားသည်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်ပွားပုံမှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ မဇာခြည်မိုး၊ အသက် (၅)နှစ် (၈)လ၊ (ဘ) ဦးမောင်ဇော်သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် အဖွားဖြစ်သူ ဒေါ်လင်းကြည် တရားပွဲသို့ တရားနာသွားနေစဉ် အစ်မဖြစ်သူ မမိမြတ်နိုး၊ အသက် (၈)နှစ်နှင့်အတူ နေအိမ်၌ ညအိပ်ကျန်နေခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Oct 2013 04:22 AM PDT
မလေးရှားနိုင်ငံမှ အေပီအမ် မော်တော်ကား လုပ်ငန်းစုအား မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်းများနှင့် မော်ဒယ်များ ထုတ်လုပ်ရောင်းချ ရန်အတွက် စက်ရုံတစ်ခု တည်ဆောက်ခွင့်အား မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ချပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အေပီအမ်အနေဖြင့် APM Auto Components Myanmar Co., Ltd. ဟူသော အမည်ဖြင့် ပဲခူးတိုင်း ဒေသကြီးအတွင်း၌ ၁၂ ဟက်တာ ကျယ်ဝန်းသော စက်ရုံတစ်ရုံအား တည်ဆောက်ခွင့် ရရှိတော့မည် ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 04:06 AM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လဝက်ခန့် ကြာမြင့်မည့် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်တော်ဝင် စစ်တက္ကသိုလ်ဖြစ်သည့် Sandhurst Military Academy တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင် ငါးရက်ကြာနေ ထိုင်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာအင်ဒရူးပတ်ထရစ်က အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Oct 2013 04:00 AM PDT

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ ဇီးချောင် ကျေးရွာ အုပ်စု အတွင်းရှိ လယ်သမား ရေလုပ်သားများနှင့် အင်းလုပ်ငန်းရှင်တို့ ပဋိပက္ခများ နှစ်စဉ် ဖြစ်ပွားနေသော “ရှင်ပြန်” ရေနုတ်မြောင်း အား ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် HRWDN တို့၏ ညှိနှိုင်း ပေးမှုဖြင့် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ၂၀၁၄-၂၀၁၅ခုနှစ်မှ စ၍ အဆိုပါ ရေနုတ်မြောင်းအား လေလံတင် ရောင်းချခြင်း မပြုလုပ် တော့ဘဲ ဘုံစားအင်း အဖြစ်ထား ရှိရန် သဘောတူ စာချုပ်ကို တိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးသန်းဝင်းက လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 03:57 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်း ရပ်ကွက်၊ အောင်ရတနာခရီး သည်တင်ကား ဂိတ်၌ အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က မခိုင်စုဝေ (၃၇) နှစ် (ဘ) ဦးအောင်မြင့်၊ ကျောင်းဆရာမ၊ ၀ဲလာကျေးရွာ၊ ပင်လည်ဘူး မြို့နယ်နေသူသည် မန္တလေးသို့သွားရောက်ရန် ကား လက်မှတ်အား ငွေကျပ်တစ်သောင်း တန်သုံးရွက်ဖြင့် ၀ယ်ယူခဲ့သည်ဆို ၏---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Oct 2013 03:56 AM PDT
တရားဝင်အိမ်အကူလုပ်ငန်းလုပ် ကိုင်ခွင့်ကို အစိုးရမှတရားဝင် သွား ရောက်ခွင့်မပြုသည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူလုပ်ကိုင်လိုသူ များသည် စင်ကာပူသို့ တရားမ ဝင်သွားရောက်လုပ်ကိုင်မှု ပိုမို များပြား လာကြောင်း အေဂျင်စီ အချို့၏ပြောကြားချက်အရ သိ ရသည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မှ အိမ်အကူစေလွှတ်မှုကို စတင် ပိတ်လိုက်ပြီးနောက် ကျန်ရှိသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ သည် အလုပ်အကြိုးစားနိုင်ဆုံးနှင့် အလုပ်ရှင် စိတ် ကျေနပ် မှုကို ပေး နိုင်သည့်အတွက် စင်ကာပူနိုင်ငံ က ယင်းကဲ့သို့စိတ်ဝင်တစား ခေါ် ယူလိုမှုများလာခြင်းဖြစ်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စင်ကာပူတွင်ဒုက္ခရောက်နေသော နိုင်ငံခြားသား အိမ်ဖော်တစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ
Posted: 17 Oct 2013 09:54 PM PDT

မြန်မာပြည်အတွင်း နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်အတွင်း ကားလမ်း၊ ရေလမ်းစတဲ့ လူအဝင်အထွက်များနေတဲ့နေရာတွေမှာ လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။ ဒါ့အပြင် လုံခြုံရေးတာဝန်ရှိသူတွေဟာ အဲဒီလို တင်းကြပ်ထားတာအပြင် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 09:43 PM PDT

အသက် ခုနစ်နှစ်ခွဲသာ ရှိသေးသည့် နှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျောင်းဆရာကို ဖမ်းဆီးရမိပြီဖြစ်ပြီး တရားစွဲတင်ထားသည်ဟု ထန်းတပင်ရဲစခန်းက ဆိုလိုက်သည်။ အဆိုပါ အမှုကို ကိုင်တွယ်နေသည့် ရဲအုပ် ၀င်းညွန့်က “အဲဒီကျောင်းဆရာကို မိထားပြီးပါပြီ၊ အခု တရားစွဲတင် ဆောင်ရွက်ထားပါတယ်” ဟု အောက်တိုဘာ ၁၇ ရက်က မဇ္ဈိမ၏ မေးမြန်းမှုကို အတည်ပြုပြောခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 09:16 PM PDT

ဧရာဝတီတိုင်း ဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာစိုက်ပျိုးရေး ကုမ္ပဏီ၌ အလုပ်သွားလုပ်ရင်း ဒုက္ခရောက်နေသူ ရွှေ့ပြောင်းလုပ်သား ၆၄ဦးအား သာသနာရေး ၀န်ကြီးဌာနက ကူညီကယ်ဆယ်၍ မူလနေရပ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာ အုပ်စုရှိ ဒေသခံများအား ထူးကြီးကျေးရွာမှ အငယ်လေး (ခေါ်) ဌေးလင်း၊ လှဟန်နှင့် မိုးဇော်တို့က ကော့သောင်းရှိ ရာဘာခြံ၌ ဆေးဖျန်းသည့် အလုပ် ရှိကြောင်း၊ တစ်ရက်လျှင် ၄၅၀၀ ကျပ် လုပ်ခပေးမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ လူပေါင်း ၁၁၄ ဦးကို ၂ သုတ်ခွဲ၍ ထူးကြီးမှ ကော့သောင်းသို့ အဆင့်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း၊---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း- ဓါတ်ပုံ - မြန်မာသံတော်ဆင့်


Posted: 17 Oct 2013 09:11 PM PDT

အောက်တိုဘာလ (၁၈)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ



Posted: 17 Oct 2013 09:09 PM PDT

အောက်တိုဘာလ (၁၈)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ



Posted: 17 Oct 2013 09:05 PM PDT

အောက်တိုဘာလ(၁၆)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၃၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 17 Oct 2013 07:10 AM PDT

ဩစတြေးလျ အခြေစိုက် လွတ်လပ်စွာ လျောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်းကျော်ဟာ ခေတ်သစ်ကျေးကျွန်အဖြစ် ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။ ကမ္ဘာတ၀န်းလုံးမှာ လူ ၂၉.၈ သန်းဟာ လိင်ကျွန်တွေအဖြစ် လူကုန်းကူးခံရတာ၊ အလုပ်ကြမ်းတွေ အတင်းအကြပ် စေခိုင်းခံရတာ၊ အကြွေးကြောင့် ကျွန်ဘ၀ကို ကျရောက်တာတွေ ရှိနေတယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာက ရေးပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 07:07 AM PDT

အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေနဲ့ ဗုံးလန့်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရန်ကုန်မြို့မှာ လူသွားလူလာ နည်းပါးလာတာကြောင့် ခရီးသည်တွေကို မှီခိုပြီး ၀င်ငွေရှာဖွေနေတဲ့ တက္ကစီယာဉ်မောင်းတွေ ၀င်ငွေနည်းပါးလာမှုနဲ့ ကြုံတွေ့နေရပါတယ်။ တက္ကစီမောင်းသမား ဦးအေးကျော်က “နည်းနည်းတော့ ပါးသွားတာပေါ့။ လမ်းပေါ်မှာလူတွေ သိပ်မတွေ့ရဘူး။ အစ်ကိုတို့လည်း နည်းနည်း အခက်အခဲတော့ ရှိသွားတာပေါ့။ ကားစီးတဲ့သူ နည်းနည်း နည်းသွားတာပေါ့။ တော်တော်လေးတော့ သိသာပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...