မြန်မာပြည်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ် By U Myint
by Thanda Win on Monday, October 22, 2012 at 8:03am
( တိုက်ရိုက် ဘာသာပြန်ဆိုမှု မဟုတ်ပဲ နားလည်သလို အကျဉ်းပြန်ခြင်း ဖြစ်သောကြောင့် အဓိပ္ပါယ် လွဲမှားမှုများ ကွာဟချက်များရှိပါက ထောက်ပြနိုင်ပါသည်။)
မြန်မာပြည်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ်
စာတမ်းဧ။် ရည်ရွယ်ချက်
၁။ မြန်မာနိုင်ငံဧ။် စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု အများအပြား ၀င်ရောက်လာနိုင်ဖွယ်ရာရှိနေပါသည်။ ထိုသို့ဝင်ရောက်မှုကို မြန်မာနိုင်ငံတွင်းမှ ပါဝင်ပတ် သက်သူ အများစုက အကောင်းမြင်ထားကြသည်။
၂။ ထိုရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်ရ်ျ အကြေအလည်ဆွေးနွေးရန်ရှိသည်မှာ ထိုရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များ၊ စိန်ခေါ်မှုများ အပြင် ပြည်သူများအတွက် တန်းတူအခွင့်အရေးရရှိမှု၊ ရေရှည်တည်တံ့မှုများ ပါဝင်ခြင်း ရှိ မရှိတို့ ကို စဉ်းစားကြရမည်ဖြစ်သည်။
၃။ လက်ရှိဖြစ်ပေါ်နေသောမြန်မာ့စီးပွားရေး အခြေအနေ၊ လက်ရှိမြုပ်နှံမှုများ ကို အကျဉ်းတင်ပြပြီး နောက် ပြသနာများ၊ အငြင်းပွားဖွယ်ရာများကို ဆွေးနွေးပါမည်။ ထို့နောက် ဖြေရှင်းနိုင်မည့်နည်းလမ်းများ နှင့် အဖြေတချို့ရနိုင်သည်အထိ ဆွေးနွေးတိုင်ပင်နိုင်မှသာ ပင်မပါဝင်ပတ်သက်သူများနှင့် ဆုံးဖြတ်ပေးနိုင်သူများ အတွက် အကြံဥာဏ်ပေးချက်များနှင့် ကူညီပံ့ပိုးနိုင်မည်ဖြစ်သည်။
၎။( အာရှဖွံ့ဖြိုးရေးဘဏ်ဧ။် အဆိုပြုချက်များအရ) အိမ်နီးချင်းနိုင်ငံများတွင် စီးပွားတိုးတက်နှုန်း ၆-၁၀ % အထိနှစ်စဉ်တိုးတက်ခဲ့ပြီး ဆင်းရဲမွဲတေမှုကို ၁၀ နှစ်အတွင်း ထက်ဝက်လျော့ချနိုင်ခဲ့ပါသည်။ ( ဇယား - ၂ )။ မြန်မာနိုင်ငံအနေဖြင့် ထိုနိုင်ငံများကဲ့သို့ နှစ်စဉ် ၇-၈% တိုးတက်အောင်ဆောင်ရွက်နိုင်လျင် နိုင်ငံဧ။် တဦးချင်းဝင်ငွေသည် ၂၀၃၀ တွင် ဒေါ်လာ ၂၀၀၀-၃၀၀၀ အထိ ရောက်ရှိပြီး လက်ရှိအခြေအနေထက် ၃ ဆ ပိုများက အလယ်အလတ်အဆင့် ၀င်ငွေရှိသောနိုင်ငံများ စာရင်းသို့ ရောက်ရှိပါမည်။
၅။ ဇယား ၁ တွင်ဖော်ပြထားသော မြန်မာနိုင်ငံဧ။် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် လွန်ခဲ့သော ၁၀ နှစ်အတွင်းတွင် နှစ်စဉ် ၁၀ ဂဏန်းအထက်ရှိနေသည်မှာ ဒေသတွင်းနိုင်ငံများဧ။် ၂ ဆဖြစ်ကြောင်းတွေ့ရပါသည်။ ထိုအချက်သည် မြန်မာနိုင်ငံတွင် စီးပွားရေးကမ္ဘာ နှစ်ခု သီးသန့်ရှိနေကြောင်းဖော်ပြခြင်းဖြစ်သည်။ တခုမှာ တကယ့် လက်တွေ့စီးပွားရေး အခြေအနေဖြစ်ပြီး နောက်တခုမှာ စာရင်းဇယားနှင့် အစီရင်ခံစာများထဲတွင် ဖော်ပြထားသောအခြေအနေ ( စာရင်းလိမ်)များဖြစ်သည်။ ထိုမတူညီသောကမ္ဘာနှစ်ခုကို အမျိုးသားရင်ကြားစေ့ရေး ပြန်လုပ်ရန် ကာလအတန်ကြာအချိန်ယူခဲ့ရပါသည်။ ထိုအချက်သည် အလွန်အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ညွှန်းကိန်းများနှင့် ဖွံ့ဖြိုးမှုများ ကိုယ်တိုင်က မသေချာ မရေရာပါလျင် ရေရှည်ဖွံ့ဖြိုးရေးနှင့် တိုးတက်မှုများသည် အားတက်ဖွယ်မရှိသောကြောင့်ဖြစ်သည်။
၆။ သမ္မတကြီးဦးသိန်းစိန်မှ ၂၀၁၂ ခုနှစ် ဂျွန်လတွင် ၅ နှစ်စီမံကိန်း လျာထားချက် ဖွံ့ဖြိုးတိုးတက်မှု ကို မူလသတ်မှတ်ထားသော နှစ်စဉ် ၁၀.၅% မှ ယခုအခါ ၇.၇ % သို့ ပြောင်းလဲ ထုတ်ပြန်လိုက်ခြင်းကြောင့် ပိုမိုလက်တွေ့ကျသော အနေအထားသို့ရောက်ရှိလာပါသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ဧ။် ၂ နှစ်အတွင်း အာရှဒေသအတွက် လျာထားချက် ၆.၁ - ၆.၇% နှင့်လည်းနီးစပ်လာပါသည်။
၇။ စာရင်းဇယားများနှင့်စီးပွားရေးတွင် ကွာဟချက်များသည် နိုင်ငံရေးတွင် အမျိုးသားရင်ကြားစေ့ရေးကဲ့သို့ လျှပ်တပြက် ပြန်လည်ရင်ကြားစေ့နိုင်ခဲ့သည်မဟုတ်ပါ။ မည်သူမှလည်း သတိမထားမိခဲ့ကြပါ။ ယခုအခါ ထိုပြသနာပြေလည်သွားသဖြင့် စာရင်းအင်းများနှင့် အလုပ်လုပ်ရသော ကျွန်တော်တို့မှာ နှစ်မျိုး နှစ်ခါတွက်ချက်ခဲ့ရခြင်းများမှ အတော်ပင်သက်သာရာရခဲ့ကြပါသည်။
၈။ အာရှဖွံ့ဖြိုးရေးဘဏ်ဧ။် ရည်မှန်းချက်ဖြစ်သော မြန်မာနိုင်ငံစီးပွားရေး နှစ်စဉ် ၇-၈ % တိုးတက်ရေးနှင့် ၂၀၃၀ တွင် တဦးချင်းဝင်ငွေ ဒေါ်လာ၂၀၀၀-၃၀၀၀ ရရှိရေးသည် ကြိုဆိုသင့်သောအချက်ဖြစ်ပါသည်။ သို့သော် ထို ၂၀၃၀ တွင် အိမ်နီးချင်းများ အထူးသဖြင့် အာဆီယံနိုင်ငံများတွင် မည်သည့်အခြေအနေသို့ ရောက်ရှိနေကြမည်ကို စူးစမ်းလေ့လာသင့်သည်။
၉။ ဇယား ၂ တွင်ကြည့်ပါက ၂၀၀၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် အနိမ့်ဆုံးတွင်ရှိနေပြီး နှစ်စဉ် ၁၀% ကျော်တိုးတက်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် အနိမ့်ဆုံးတွင်သာရှိနေဆဲဖြစ်ပါသည်။ ထိုကဲ့သို့ပင် ၂၀၃၀ တွင်လည်း အာဆီယံ ၅ နိုင်ငံနှင့် အချို့သည် မြန်မာနိုင်ငံရည်မှန်းထားသော နှစ်စဉ်တဦးချင်းဝင်ငွေ ဒေါ်လာ ၂၀၀၀-၃၀၀၀ အခြေအနေနှင့် အလွန်အမင်းကွာခြားသော ကမ္ဘာတဖက်သို့ ရောက်ရှိနေမည်ဖြစ်ပါသည်။
၁၀။ ထို့ကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ရည်မှန်းထားသော ၇-၈% နှင့်မလုံလောက်ပဲ အိမ်နီးချင်းတရုတ်နိုင်ငံလက်တွေ့လုပ်ကိုင်ပြခဲ့သော နှစ် ၂၀ဆက်တိုက် တိုးတက်မှု ၁၀.၄ % အထိရည်မှန်းသင့်သည်။ လူဦးရေ ၁% တိုးတက်မည်ဆိုလျှင် စီးပွားရေးတိုးတက်မှု ၉.၄% ရှိမည်။ ထိုသို့ဆောင်ရွက်နိုင်သည့်တိုင်အောင် ထိုင်း၊မလေးရှား၊ ဘရူနိုင်းနှင့် စကာင်္ပူ တို့ထက်နောက်ကျနေဦးမည်ဖြစ်သည်။
၁၁။ အာဆီယံနိုင်ငံများအချင်းချင်းနှိုင်းယှဉ်ရာတွင် ငွေလဲနှုန်း အမေရိကန်ဒေါ်လာပေါ်တွင် အခြေခံတွက်ချက်ထားခြင်းသည် မသင့်လျော်လှပါ။ ဇယား ၃ တွင် ဖော်ပြထားသကဲ့သို့ Purchasing power parity ( PPP) ပေါ်တွင်အခြေခံတွက်ချက်သင့်သည်ဟု ယူဆပါသည်။ ထိုသို့တွက်ချက်သည့်တိုင်အောင်လည်း ၂၀၃၀တွင် မြန်မာနိုင်ငံသည် အထက်ပါနိုင်ငံများထက် နိမ့်ပါးသောအဆင့်တွင်သာရှိဦးမည်ဖြစ်သည်။
၁၂။ ထို့အပြင် ၂၀၃၀ တွင် အလယ်အလတ်ဝင်ငွေအဆင့်ရှိသောနိုင်ငံများစာရင်းဝင်မည်ဆိုရာတွင်လည်း အလယ်အလတ်အဆင့်ဟု သတ်မှတ်ချက်များသည် မြင့်သထက်မြင့်လာနေပါသည်။ ကမ္ဘာ့ဘဏ်ဧ။် သတ်မှတ်ချက်အရ ၂၀၀၀ ခုနှစ်တွင် ၁၉၇၀ ဒေါ်လာဝင်ငွေရှိသောနိုင်ငံများသည် အလယ်အလတ်အဆင့်ဖြစ်သော်လည်း ၂၀၁၀ တွင် ၃၇၆၄ ဒေါ်လာဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ၂၀၃၀ တွင်လည်း မြန်မာနိုင်ငံသည် ၀င်ငွေနိမ့်နိုင်ငံများစာရင်းထဲတွင် ပါဝင်မြဲပါဝင် နေဦးမည်ဖြစ်သည်။ ကောင်းကျိုးများမှာ ကမ္ဘာ့ဘဏ်မှ နှစ်ရှည်ချေးငွေများ၊ ဈေးနှုန်းလျော့ချပေးခြင်းများကို ရရှိနိုင်သည်။ ဆိုးကျိုးများမှာ ၁၉ နှစ်လုံးလုံးအပြင်းအထန်ကြိုးစားပြီးနောက် ၀င်ငွေနည်းနိုင်ငံများထဲတွင် ဆက်လက်ပါဝင်နေသေးခြင်းမှာ တိုင်းပြည်ကို ဂုဏ်ငယ်စေသကဲ့သို့ ကိုယ့်ကိုယ်ကို လေးစားမှုလည်း လျော့ကျနိုင်သည်။ သို့သော် ထိုအချိန်တွင် ကျွန်တော်ရှိတော့မည်မဟုတ်သည့်အတွက် မပူပင်နေနိုင်တော့ပါ။ ကျွန်တော်ပိုစိုးရိမ်မိသည်မှာ မြန်မာတယောက်အဖြစ်ပြန်လည်မွေးဖွားပြိး လက်ရှိပညာရေးစနစ်ကို ဖြတ်သန်းရမည်ဆိုလျှင် အတွေးနှင့်ပင် တော်တော်ကြောက်မိပါသည်။ ဒီနေရာမှာ မြန်မာပညာရေးစနစ်သည် အလွန်ဆိုးရွားနိမ့်ကျနေပြီး ပြန်လည်ပြုပြင်ရန်လိုအပ်သည်ဟု ပြောနေကြသူများကို အငြိမ်းစား ကျောင်းဆရာအိုကြီးတဦးအနေဖြင့် များစွာကျေးဇူးတင်ကြောင်းပြောလိုပါသည်။ ဒီစနစ်ကြီးပြန်လည်ပြုပြင်ဖို့အတွက် ကျွန်တော်တို့အားလုံး ပူးပေါင်းပါဝင်ပြီး အမြန်ဆုံး စွန့်စားဆောင်ရွက်ဖို့လိုအပ်ပါသည်။ ၂၀၃၀ မှာတော့ ကျွန်တော်က ပြန်လည်မွေးဖွားပြီး မြန်မာပြည်တောရွာကလေးမှာ သူငယ်တန်းတက်နေသော ကျောင်းသူလေးလည်း ဖြစ်နေနိုင်ပါသည်။
၁၃။ ဇယား ၄တွင်ဖော်ပြထားသော ၁၉ နိုင်ငံများထဲမှာ ၀န်ဆောင်မှုလုပ်ငန်းကို ပင်မစီးပွားရေးအဖြစ်လုပ်ကိုင်ကြတဲ့နိုင်ငံများမှာ ၁၅ နိုင်ငံဖြစ်ပြီး ၉ နိုင်ငံသည် ၀န်ဆောင်မှုကို ၅၀%ကျော်လုပ်ကိုင်ကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အားထားသောနိုင်ငံ ၃ နိုင်ငံထဲတွင် ပါဝင်နေပြီး စိုက်ပျိုးရေးက ၃၅% နှင့် ၀န်ဆောင်မှုလုပ်ငန်းက ၃၈% ဖြစ်ပါသည်။ ၁၉၈၀ မတိုင်မီကာလက ၀န်ဆောင်မှုလုပ်ငန်းက ၄၀%ရှိခဲ့သောကြောင့် အနှစ် ၄၀ အတွင်း သိသိသာသာ စီးပွားရေးလုပ်ငန်းများ အပြောင်းအလဲမရှိခဲ့ကြောင်း ပြသနေပါသည်။
၁၄။ ထို့ကြောင့်လည်းမြန်မာနိုင်ငံအနေဖြင့် အရေအတွက်ဖြစ်သော GDP အားဖြင့်သာမက အရည်အသွေးဖြစ်သော လုပ်ငန်းအမျိုးအစားများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။
၁၅။ ၁၉၄၈ တွင် လွတ်လပ်ရေးရရှိခဲ့စဉ်က စက်မှုနိုင်ငံဖြစ်ရန်အလားအလာအရှိဆုံးနိုင်ငံအဖြစ်ရှူမြင်ခြင်းခံခဲ့ရသည်။ သို့သော် ၁၉၆၀ နောက်ပိုင်းတွင် တံခါးပိတ်စီးပွားရေးဝါဒကြောင့် အဆင်းရဲဆုံးအခြေအနေသို့ရောက်ခဲ့သည်။ ယခုအခါ တံခါးဖွင့်ဝါဒ ပြန်လည်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
၁၆။ ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များတွင် စီမံကိန်းဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ပြန်လည်စီစစ်ခြင်း၊ သုံးသပ်ခြင်းများကို ကြီးကြီးငယ်ငယ် ပြန်လည်ပြုပြင်ရေးသမားများအတွင်း ပူးပေါင်းဆောင်ရွက်ကြရတော့မည်ဖြစ်သည်။
၁၇။ အရေးကြီးသော အပိုင်းတခုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေဖြစ်ပါသည်။ ထိုအကြောင်းကို မီဒီယာများတွင် လွန်ခဲ့သည့်တနှစ်လုံးပြောဆိုနေကြသည်မှာ အားရစရာကောင်းပါသည်။ အရေးကြီးသောအကြောင်းအရာဖြစ်သလို ဒွိဟဖြစ်စရာကောင်းသော အငြင်းအခုံများနှင့် ပိုမိုပွင့်လင်းသော လူထုသဘောထားကိုလည်း ရရှိနိုင်ခဲ့သည်။ ထိုမှတဆင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက်လည်း အကျိုးရှိ။ တိုင်းပြည်နှင့်လူထုအတွက်လည်း အကျိုးရှိမည့် ရလာဒ်ကောင်းများ ဖော်ထုတ်နိုင်ရေးသည် အရေးပါလှပါသည်။ ထိုအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အချက်အလက်အချို့ကို တင်ပြလိုပါသည်။
FDI ဧ။် နောက်ခံအကြောင်းခြင်းရာများ
(က) ပြည်သူလူထုမှ ရင်းနှီးမြုပ်နှံမှုများ
၁၈။ ဇယား ၅ တွင် ဖော်ပြထားသကဲ့သို့ပင် ပြည်သူလူထုမှ ရင်းနှီးမြုပ်နှံမှုမှာ လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ၁၃ %သာရှိပါသည်။ ထိုမျှနည်းပါးလှသော ပြည်တွင်းရင်းနှီးမြုပ်နှံမှုဖြင့် လိုချင်တောင့်တနေသော စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်ရန် မလွယ်ကူပါ။ နိုင်ငံသားတို့ဧ။် ရင်းနှီးမြုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဲ့သို့ပင် အရေးပါလှပါသည်။သို့ပါရ်ျ ထိုအချက်ကိုလည်း အလေးထားဆွေးနွေးတိုင်ပင်ကြစေလိုသည်။ဒီစာတမ်းတွင်မူ နိုင်ငံခြားမြုပ်နှံမှုကိုသာ အလေးထားဆွေးနွေးသွားမည်ဖြစ်သည်။
(ခ) ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ
၁၉။ ဇယား ၆ တွင် ဖော်ပြထားသည့်အတိုင်း တကမ္ဘာလုံးဧ။် ရင်းနှီးမြုပ်နှံမှုသည် ၂၀၀၇ ခုနှစ်တွင် အမြင့်ဆုံးအနေဖြင့် ၁.၉၈ ထရီလီယံ ဒေါ်လာရှိခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင်မူ ၁.၁၉ ထရီလီယံရှိပြီး ၂၀၁၁ တွင် ၁.၅၂ ထရီလီယံသာရှိသဖြင့် ၂၀၀၈ စီးပွားပျက်ကပ်မှ လုံးဝလွတ်မြောက်ခြင်းမရှိသေးကြောင်းပြဆိုပါသည်။ အာရှတိုက်တွင်မူ စီးပွားပျက်ကပ်ကြောင့် ရင်းနှီးမြုပ်နှံမှုများ ကျဆင်းသွားသော်လည်း ၂၀၁၁ တွင် ပြန်လည်မြင့်တက်လာကြောင်းတွေ့ရသည်။ သူတို့ဧ။် မြန်မြန်ဆန်ဆန်လုပ်ကိုင်နိုင်စွမ်းကြောင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြုပ်နှံမှုတွင်လည်း ၂၀၀၀-၂၀၁၀ အတွင်း အာရှတိုက်ဧ။် ဝေစုများတိုးတက်လာသည်မှာ ၁၀.၅%မှ ၂၇.၈% အထိဖြစ်သည်။ အရှေ့ပိုင်းနှင့် အရှေ့တောင်အာရှတွင်မူ ၁၀.၁% မှ ၂၂% အထိပင်တိုးတက်ခဲ့သည်။
(ဂ) မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံငွေ စီးဝင်မှုများ
၂၀။ ဇယား ၆ တွင်ဖော်ပြထားသည့်အတိုင်း နိုင်ငံပေါင်း ၂၀ ကို အစဉ်လိုက်စီထားရာတွင် တရုတ်နိုင်ငံသည် နိုင်ငံခြားမြုပ်နှံမှုလက်ခံရရှိမှုတွင် ၁၂၄ ဘီလီယံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ မြန်မာနိုင်ငံသည် ဒေါ်လာသန်းပေါင်း ၈၅၀ ဖြင့် နံပါတ် ၁၇ နေရာတွင်ရှိနေပြီး ကမ်ဘောဒီယားနှင့် ဘင်္ဂလားဒေ့ရှ်တို့ထက်အနည်းငယ်သာ လျော့သော်လည်း ဗီယက်နမ်၊ထိုင်း၊မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ၇ ဘီလီယံမှ ၁၉ ဘီလီယံအထိရှိကြသောကြောင့် များစွာနောက်ကျကျန်နေကြောင်း တွေ့ရသည်။
အာရှ၊ အရှေ့အာရှနှင့် တောင်အာရှဒေသတို့မှ ပြည်ပတွင် ရင်းနှီးမြုပ်နှံငွေ စီးထွက်မှုများ
၂၁။ အာရှဒေသမှ ပြည်ပတွင် သွားရောက်မြုပ်နှံမှုများမှာလည်းတိုးတက်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ၇.၁%မှ ၂၀၁၁ တွင် ၁၆.၆%အထိရှိသည်။ အရှေ့အာရှနှင့် တောင်အာရှတို့တွင် ၆.၇% မှ ၁၄.၂ % အထိပင်ရှိသည်။ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ စင်္ကာပူ၊ တောင်ကိုရီးယား အပါအ၀င် အာရှ ၁၀ နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင်အရေးပါလာကြသည်။ အင်ဒိုနီးရှား၊ထိုင်း၊အန္ဒိယနှင့် မလေးရှားတို့သည်လည်း ၇ ဘီလီယံမှ ၁၅ ဘီလီယံအထိ ပြည်ပတွင် ရင်းနှီးမြုပ်နှံကြသည်။
FDI ပြသနာ အငြင်းပွားဖွယ်ရာ အချက်များ
လက်တွေ့အရှိတရားများ
၂၂ - ၁။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် လူတဦးချင်းဝင်ငွေအနိမ့်ဆုံးဖြစ်သော ဒေါ်လာ ၈၀၀ -၈၅၇ သာရှိသည်။ ဆင်းရဲချမ်းသာကွာဟချက်မှာလည်း ကြီးမားသထက်ကြီးမားနေသည်။
၂၂ -၂။ ထုတ်ကုန်နည်းရခြင်းမှာ နိုင်ငံသားရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နှစ်မျိုးစလုံး နည်းပါးလွန်းသောကြောင့်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှု တိုးတက်မလာလျှင် ပန်းတိုင်ရောက်မည် မဟုတ်။
၂၂ - ၃။ ထိုသို့ အလွန်နိမ့်ပါးသောအခြေအနေမှ စတင်ရခြင်းကြောင့် နှစ် ၂၀ ကြာ တိုးတက်မှုရရှိစေကာမူ ထိုင်းနှင့်မလေးရှားတို့ကို မှီနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အရည်အတွက်သာမက အရည်အသွေးမြှင့်တင်မှုများကိုပါ ပြည်သူလူထုအတွက် ဗဟိုပြုလျက် ရေရှည်တည်တံ့အောင် ဆောင်ရွက်ရမည်။
၂၂ - ၄။ လူထုဗဟိုပြု ဖွံ့ဖြိုးရေးများကို ဆောင်ရွက်ရာတွင် ဆင်းရဲသားလူတန်းစားများလည်း ပါဝင်ရမည်။ စား ၀တ် နေရေးအတွက်သာမက ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ အညစ်အကြေးနှင့်အမှိုက်စွန့်မှုများကောင်းမွန်ရေး၊ သယ်ယူပို့ဆောင်ရေး၊စွမ်းအင်အလုံအလောက်ရရှိရေး၊ ကောင်းမွန်သောဆက်သွယ်ရေးစနစ်များသုံးစွဲနိုင်ရေး၊ ငြိမ်းချမ်းသာယာသောလူမှုပတ်ဝန်းကျင်ဖန်တီးရေး တို့အပါအ၀င် ပန်းခြံများ၊ ရုပ်ရှင်ရုံနှင့် ပြဇတ်ရုံများ၊ စာကြည့်တိုက်များ၊ အားကစားကွင်းများ နှင့် အပန်းဖြေနေရာများကိုလည်း ဦးစားပေးဆောင်ရွက်ရမည်။ အလုပ်ချိန်များပြားလွန်းခြင်းကြောင့် ပင်ပန်းဆင်းရဲမှုကို လျှော့ချရန် သင့်တော်သော အလုပ်ချိန်သတ်မှတ်ချက်များရှိရမည်။သို့မှသာ ယဉ်ကျေးမှု၊လူမှုရေး၊ ဘာသာရေးနှင့် အပန်းဖြေရေးတို့အတွက် အချိန်ပိုရရှိမည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသည် ထိုသို့ဖန်တီးဆောင်ရွက်ပေးနိုင်စေရန် ကူညီနိုင်သည်။ ယခုလက်ဝယ်ရောက်ရှိနေသော ထိုအခွင့်ကောင်းကို လက်လွတ်မခံသင့်ပါ။
၂၂ - ၅။ ထိုအခွင့်ကောင်းကို အကြောင်း ၂ ခုကြောင့်လက်လွတ်မခံသင့်ပါ။ တခုမှာ အိမ်နီးချင်းနိုင်ငံထိုင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၀င်ရောက်ခြင်းမှာ မြန်မာနိုင်ငံထက် ၁၁ ဆပိုများသည်။ မလေးရှားတွင် ၁၄ ဆနှင့် အင်ဒိုနီးရှားတွင် ၂၂ ဆ ဖြစ်သည်။ ထိုနိုင်ငံများ တိုးတက်ဖွံ့ဖြိုးကြသဖြင့် မြန်မာလည်း ၄င်းတို့ကဲ့သို့ ဖွံ့ဖြိုးနိုင်သည်။ ဒုတိယအချက်မှာ အိမ်နီးချင်းများသည်လည်း အထက်တွင်ဆိုခဲ့သကဲ့သို့ပင် ရင်းနှီးမြုပ်နှံသူများဖြစ်ကြသည်။ ဦးသိန်းစိန်ဧ။် ချစ်ကြည်ရေးခရီးစဉ်များမှ အပြုသဘောရလာဒ်များပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။
အခွင့်အရေးများ ပေးကမ်းခြင်း
၂၃။ အခွင့်အရေးများပေးအပ်ရာတွင် အခွင့်ထူးခံများကို ပိုမိုအခွင့်ကောင်းရရှိသွားခြင်းမျိုး မဖြစ်စေရ။ ထိုအုပ်စုများကို အကာအကွယ်ပေးရန်မလိုအပ်။ အခွင့်အရေးများသည် သာမာန်လူတန်းစားနှင့် ဆင်းရဲသားလူတန်းစားများသို့သာ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်သော ရင်းနှီးမြုပ်နှံမှုမျိုးသို့သာ ဦးတည်စေရမည်။
၂၄။ ပြည်ပရင်းနှီးမြုပ်နှံသူများက ထောက်ပြသည်မှာ အခွင့်ကောင်းများပေးလျက်ဆွဲဆောင်ခြင်းကိုသာမက ပြည်တွင်းရှိ မကောင်းသော မလိုလားအပ်သော အခြေအနေများကိုလည်း ဖယ်ရှားထားသင့်ကြောင်းပြောကြသည်။ အရေးကြီးလွန်းသည့်အချက်ဖြစ်သောကြောင့် သီးသန့်စာတမ်းတခုဖြင့် နောင်တွင် တင်ပြမည်။
၂၅။ ဆွေးနွေးငြင်းခုံကြရာမှ ရရှိလာသော စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တခုမှာ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် မမျှတသော ပေါ်လစီကို မဖြစ်မနေရေးဆွဲရမည် ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် စက်မှုနိုင်ငံတည်ဆောက်ခဲ့သော နိုင်ငံများအားလုံးသည် ပထမဆုံးခြေလှမ်းတွင် ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
၂၆။ ၁၈ ရာစုနှစ်များအတွင်းက ဗြိတိန်နိုင်ငံအပါအ၀င် စက်မှုတော်လှန်ရေးဆင်နွှဲခဲ့သောနိုင်ငံများအားလုံး နိုင်ငံခြားသားများကို မမျှမတဆက်ဆံခဲ့တယ်ဆိုတာ ကျွန်တော်သဘောတူပါသည်။ သူတို့ဘယ်လိုလုပ်ကိုင်ခဲ့ကြသလဲဆိုတာ အနည်းငယ်တင်ပြလိုသည်။
(၁) လူဦးရေတိုးပွားလာသောအခါ မြေလွတ်မြေရိုင်းပေါများသော အမေရိကန်၊ ကနေဒါ၊ သြစတေးလျား တို့တွင် နယ်မြေချဲ့ထွင်ခဲ့သည်။ ဒေသခံများကို မျိုးတုန်းသတ်ဖြတ်ခြင်း သို့မဟုတ် သီးသန်ဖယ်ထုတ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
(၂) စွမ်းအင်နှင့် ကုန်ကြမ်းများရရှိရန် နယ်မြေသစ်များကို ကျွန်ပြုသိမ်းပိုက်ခဲ့ကြသည်။
(၃) နယ်မြေသစ်များကို စက်မှုလုပ်ငန်းဈေးကွက်များအဖြစ်ချဲ့ထွင်ခဲ့သည်။ ယခင်ရှိပြီးဖြစ်သော စက်မှုလုပ်ငန်းများကိုမူ ပစ်ပယ်ခဲ့သည်။
(၄) ကလေးလုပ်သားများ၊ ကျွန်လုပ်သားများ၊ လူကုန်ကူးမှုများ၊ အဓ္ဓမခိုင်းစေမှုများကို ကျင့်သုံးခဲ့သည်။
(၅) ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများကိုလည်း ဂရုမစိုက်ခဲ့ကြ။ စက်ရုံများမှ ကာဘွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ထုတ်လွှတ်မှုများကို အပြစ်မတင်ရုံသာမက စက်ရုံခေါင်းတိုင်မီးခိုးထွက်ခြင်းကိုပင် ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။
( ၆) နောက်ဆုံးအချက်မှာ ထိုအချိန်က မိမိဧ။် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဒီမိုကရေစီကျင့်စဉ်နှင့် မလျော်ညီမှုများကြောင့် အခြားနိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများမပြုလုပ်ခဲ့ကြပါ။
၂၇။ ယနေ့မြန်မာနိုင်ငံကြုံတွေ့နေရသော အခြေအနေမျိုးကို ၄င်းနိုင်ငံများမှ ပွဲဦးထွက်ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ သို့သော် အထက်တွင်ဖော်ပြထားသော ၄င်းတို့ဖြေရှင်းခဲ့သည့်နည်းလမ်းများကိုကား ယခုအခါသုံးစွဲနိုင်တော့မည် မဟုတ်ပါ။
၂၈။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို မမျှမတ သာခွင့်ပြုသင့်သည်ဟူသော အကြောင်းပြချက်နောက်တခုမှာ မြန်မာမိန်းကလေးဘောလုံးအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ကစားသကဲ့သို့ ဖြစ်မည်စိုးသောကြောင့် ဟုဆိုသည်။ ကျေးဇူးပါခင်ဗျာ။ ကျွန်တော်တို့ အဓိက စိုးရိမ်နေသည်မှာ အပြင်မှလာသော မန်ချက်စတာယူနိုက်တက်အသင်းမဟုတ်ပဲ အတွင်းထဲတွင်ရှိနေသည့် ခရိုနီများဧ။်မန်ယူအသင်းနှင့် ကစားနေရမည့်ကိစ္စဖြစ်သည်။ အခုအတိုင်းသာဆက်သွားပါက ခရိုနီအုပ်စိုးသော စီးပွားရေးဆက်ဖြစ်နေပြီး ဆင်းရဲချမ်းသာကွာဟချက် ပိုကြီးလာပေမည်။ ထိုအခါ မငြိမ်မသက်မှုများသည် ရှေးကထက်ပိုဆိုးလာပေလိမ့်မည်။ ဤသည်မှာ မလိုလားအပ်ဆုံးသော အခြေအနေဖြစ်သည်။
၂၉။ ထို့ကြောင့် မြန်မာမိန်းကလေးအသင်းအား ကာကွယ်သင့်သလောက်သာ ကာကွယ်၍ အလွန်အမင်းကာကွယ်ခြင်းကိုကား မပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက မြန်မာမိန်းကလေးအသင်းကစားသော စီးပွားရေးမျိုးနှင့် တိုင်းပြည်ဘယ်ကိုမှ ရောက်မည်မဟုတ်ပါ။
ရှေ့လုပ်ငန်းစဉ်များ
၃၀။ သဘာဝဓါတ်ငွေ့လုပ်ငန်းဆိုင်ရာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် မြန်မာပြည်အတွက်ကော ကမ္ဘာ့နိုင်ငံများကပါ စိတ်အ၀င်စားဆုံးအပိုင်းဖြစ်ပါသည်။ ထိုလုပ်ငန်းသည် ပြုပြင်ပြောင်းလဲရေးများ၊ ပြန်လည်တည်ဆောက်ရေးများကို ကောင်းစွာထောက်ပံ့နိုင်စေရမည် ဖြစ်သည်။
၃၁။ ၂၀၁၀-၂၀၁၁ အတွင်း သဘာဝဓါတ်ငွေ့ထုတ်ကုန်မှ ၂.၅ ဘီလီယံဒေါ်လာရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်ဧ။် ၃၂.၆% ဖြစ်ပါသည်။ ထိုသဘာဝဓါတ်ငွေ့သည် ဓါတ်မြေသြဇာထုတ်လုပ်ခြင်း၊ ဓါတုဗေဒစက်ရုံနှင့် တိုင်းပြည်တွင်လိုအပ်နေသော စွမ်းအင်ကို ဖြည့်ဆည်းနိုင်ပါသည်။
၃၂။ သဘာဝဓါတ်ငွေ့ပို့ကုန်လုပ်ငန်းအတွက် အဓိကစိန်ခေါ်မှုမှာ မည်မျှကြာကြာထုတ်ယူသုံးစွဲနိုင်မည်နည်း ဟူသောမေးခွန်းဖြစ်သည်။ သဘာဝဓါတ်ငွေ့ဆိုသည်မှာ မြေအောက်မှ ထုတ်ယူသုံးစွဲရခြင်းဖြစ်သည်။ ထို့ကြောင့် ရရှိသောအကျိုးအမြတ်ကို မြေပေါ်တွင် လမ်း၊တံတားများဆောက်လုပ်ခြင်း၊ စက်ရုံများတည်ဆောက်ခြင်း၊ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြုပ်နှံခြင်းတို့ဖြင့် လက်ရှိမျိုးဆက်အတွက် ရေရှည်တည်တံ့ရုံသာမက နောင်မျိုးဆက်များကိုပါ သဘာဝဓါတ်ငွေ့အရင်းအမြစ်ဧ။် အကျိုးကျေးဇူးကို ရယူခံစားစေနိုင်ပါသည်။
၃၃။ အထက်တွင်ဖော်ပြထားသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ မြေပေါ်တွင်ပြန်လည်ရင်းနှီးမြုပ်နှံခြင်း မရှိသဖြင့် “ သဘာဝအရင်းအမြစ် ကျိန်စာသင့်ခြင်း “ ဟုပင်ဆိုတတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော်
(၁) ထိုဝင်ငွေများသည် ဆင်းရဲသားများထံမရောက်ပဲ ချမ်းသာသူများအိပ်ကတ်ထဲရောက်ခြင်း၊ ခမ်းနားကြီးကျယ်သောနန်းတော်ကြီးများဆောက်လုပ်ခြင်း၊ ကြီးမားသောရုပ်ပြစီမံကိန်းများတွင် အလဟသဖြုန်းတီးခြင်း။
(၂) အစိုးရသည် နိုင်ငံခြားဝင်ငွေရရှိနေခြင်းကြောင့် တိုင်းပြည်ဧ။်ပင်မစီးပွားရေးကို တိုးတက်အောင်မလုပ်ဆောင်ကြခြင်း။ ပြည်ပအခွန်အကောက်များကြောင့်လည်း အကျင့်ပျက်ခြစားမှုများဖြစ်ပေါ်လာခြင်း။
(၃) ထုတ်လုပ်ရေးကော်ပိုရေးရှင်းများသည် တရားမ၀င်နည်းလမ်းများဖြင့် နိုင်ငံတော်အစိုးရကိုလာဘ်ထိုးခြင်း။ ဒေသခံပြည်သူများဧ။် နစ်နာမှုများကို လစ်လျှူရှူခြင်း။
(၄)သဘာဝအရင်းအမြစ်များသည် အုပ်စုများအချင်းချင်း၊ အစိုးရဌာနများအချင်းချင်း၊ ဒေသခံများအချင်းချင်းတို့တွင် အကျိုးအမြတ်ခွဲဝေခွင့်၊ ရပိုင်ခွင့်များအတွက် မညီမညွတ်ဖြစ်စေခြင်း။ ထိုမှတဆင့် အစိုးရဧ။် စွမ်းဆောင်ရည်ကို လျော့ကျစေခြင်း။
(၅) အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း ကြာရှည်စွာ မညီမညွတ်ဖြစ်စေခြင်း။
(၆) စီးပွားရေးတွင် အတက်အကျ အပြောင်းအလဲများကို လျင်မြန်စွာဖြစ်ပေါ်စေခြင်း။ မတည်ငြိမ်မှုများကြောင့် တရားဥပဒေစိုးမိုးမှုလျော့ပါးခြင်း၊ ထောက်ခံမှုကျဆင်းခြင်း။
(၇) အစိုးရသည် ၀င်ငွေကောင်းနေသဖြင့် ချေးငွေများများချေးယူခြင်း။ ထိုမှတဆင့် ရေနံဈေးကျဆင်းသောအခါ ပေးရန်ရှိသော ကြွေးမြီများကို မပေးဆပ်နိုင်ခြင်း။
(၈) ထိုလုပ်ငန်းများသည် လစာဝင်ငွေကောင်းသဖြင့် နိုင်ငံဧ။်အတော်ဆုံးသူများကို ရရှိသွားခြင်း၊ ထိုအတွက် အခြားသောလုပ်ငန်းများတွင် လူအင်အားဆုံးရှူံးခြင်း၊ ထိုလုပ်ငန်းများသည် ၄င်းတို့အတွက် မလိုအပ်သောကြောင့် ပညာရေးတွင်ရင်းနှီးမြုပ်နှံမှုမပြုကြခြင်း။
(၉) သဘာဝအရင်းအမြစ်ကြွယ်ဝသောနိုင်ငံများတွင် လူ့အခွင့်အရေးကို ဂရုမထားခြင်း၊ လုံးဝမရရှိခြင်း၊ အာဏာရှင်များအုပ်ချုပ်ခြင်း၊ အာဏာရှင်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းများသာ အခွင့်ထူးခံရခြင်း။
(၁၀) နောက်ဆုံးအချက်မှာ နိုင်ငံခြားဝင်ငွေအမြောက်အမြားစီးဝင်လာခြင်းကြောင့် မြန်မာငွေတန်ဖိုးမာသွားခြင်း။ အခြားသောပို့ကုန်များဖြစ်သည့် ဆန်၊ပဲ၊ရေထွက်ပစ္စည်းလုပ်ငန်းများအား ထိခိုက်ခြင်း။ ( Dutch disease ဟုခေါ်သည်။)
၃၄။ မြန်မာနိုင်ငံဧ။် အဓိကနိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ သဘာဝအရင်းအမြစ်များတွင်သာ အခြေခံမည်ဖြစ်သောကြောင့် သတိကြီးစွာဖြင့် အရင်းအမြစ်ကျိန်စာသင့်ခြင်း မခံကြရလေအောင် ကာကွယ်ကြရပါမည်။ မြန်မာနိုင်ငံတွင် ခေတ်စားသော ယတြာချေခြင်းဖြင့် ဖယ်ရှားနိုင်လျင်ကောင်းပေမည်။ ကျွန်တော်ကတော့ ဤကိစ္စများကို အကျွမ်းတ၀င်မရှိပါ။ ဒုတိယအချက်မှာ အစိုးရဧ။် ဘတ်ဂျက်ကိုကြည့်ရန်လိုအပ်ပါသည်။ ဓါတ်ငွေ့မှရသောဝင်ငွေ မည်မျှရှိသည်၊ မည်သည့်နေရာတွင်သုံးသည်၊ သုံးသင့်သည့်နေရာဟုတ်မဟုတ်၊ သုံးချင်သည့်နေရာမဟုတ်လျင် မည်သို့ပြင်ဆင်ကြမည်၊ စသည်တို့ကို စစ်ဆေးသင့်သည်။
၃၅။ အရင်းအမြစ်ကျိန်စာသင့်ခြင်းကြောင့် ပေါ်ပေါက်လာသောပြသနာများကို အဖြေရှာရာတွင် ကျွန်တော်တို့တွင် ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် အားတက်မိပါသည်။
၃၆။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများသည် အရေးကြီးသည်မှန်သော်လည်း သိကြားမင်းကြီးပေးခဲ့သော လက်ဆောင်များမဟုတ်ကြပါ။ ဥပဒေများကို ပြုနိုင်သကဲ့သို့ ပယ်ဖျက်နိုင်သည်။ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ပါသည်။
၃၇။ နိဂုံးချုပ်အနေဖြင့် ဒီတနှစ် သိကြားမင်းကြီး ဆင်းလာသည့်အခါ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြီး ပြီးစီးနေပါလိမ့်မည်။ သိကြားမင်းကြီးသည် ဤဥပဒေအတွက် အလုပ်ကြိုးစားလုပ်ကိုင်သူများကို ရွှေပုရပိုက်တွင်မှတ်တမ်းတင်ပါလိမ့်မည်။ မျှော်လင့်မိသည်မှာ သိကြားမင်းကြီးသည် ပြည်တွင်းမန်ယူအသင်းဝင်များ (ခရိုနီများ) ဧ။် ဤဥပဒေအတွက် ပူးပေါင်းဆောင်ရွက်မှု၊နားလည်လိုက်လျောမှုများအတွက် ခွေးသားရေပုရပိုက်ပေါ်မှ နာမည်ကိုဖျက်၍ ရွှေပုရပိုက်ပေါ်တွင် မှတ်တမ်းတင်ခံရပါစေဟုသာ ဖြစ်ပါသည်။
0 comments:
Post a Comment