Sunday, October 28, 2012

အစားထိုးမှု


အစာထိုးခြင်းဆိုတဲ့ စကားစုလေးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားနေရတတ်ပါတယ် ။ ဒါပေမယ့် လေးလေးနက်နက် မခံစားမိခဲ့သလို အတွေးထဲကိုလည်း မထည့်ခဲ့မိပါဘူး ။ လူတိုင်း ဘ၀မှာ တစ်ကြိမ်တစ်ခါတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံဖူးကြမယ်လို့ ထင်မြင်မိပါတယ် ။
ကိုယ်သိပ်မြတ်နိုးတဲ့ သက်ရှိသက်မဲ့ တစ်စုံတစ်ခုကို ဆုံးရှုးရတဲ့အခါတိုင်း ရင်နင့်အောင် ကြေကွဲခံစားရတတ်ပါတယ် ။ အဲဒီခံစားမှုလေးကို
 အစာထိုး ဖြေသိမ့်ခြင်းဆိုတဲ့ အရာလေးနဲ့ အစားထိုးတတ်ကြပါတယ် ။ အစားထိုးတယ်ဆိုတဲ့ အရာလေးကို တကယ်အစစ်တစ်ခုလို ပြန်လည်ခံစားနိုင်လို့လားလို့ ကျွန်မတွေးမိလာတယ် ။ အစားထိုးတယ်ဆိုထဲက အစစ်တော့ မဟုတ်တော့ပါဘူး ။ ဘယ်လိုတွေ အစားထိုးပါစေ အစစ်လိုတော့ ဘယ်လိုမှ ခံစားလို့ရနိုင်မယ် မထင်ပါဘူး ။ ကျွန်မအတွေးလေးပါနော် ။ မှန်တယ်လို့ ကျွန်မ မဆိုလိုပါဘူး ။ လူတိုင်းမှာ မိမိတို့ အမြင်လေးကို လွတ်လပ်စွာ တင်ပြခွင့်တော့ ရှိမယ်လို့ ထင်ပါတယ် ။ ကျွန်မလည်း ကျွန်မအမြင်လေးကို ဆွေးနွေးကြည့်တာပါ ။ ကိုယ်သိပ်ကို တန်ဖိုးထားမြတ်နိုးတဲ့ သက်ရှိဖြစ်စေ ၊ သက်မဲ့ဖြစ်စေ မိမိအနားမှာ ရှိနေစဉ်မှာ တန်ဖိုးထားတတ်ဖို့ အထူးလိုအပ်ပါတယ် ။ လူတော်တော်များများဟာ မိမိနားမှာ ရှိနေတဲ့ အရာတွေကို မြတ်နိုးပေမယ့် အနားမှာ ရှိနေစဉ်မှာတော့ တန်ဖိုးထားရဖို့ကို မေ့လျော့နေတတ်ကြပါတယ် ။ အဲဒီအရာတွေ မိမိဘေးကနေ ရုတ်တစ်ရက် ပျောက်ဆုံးသွားကြပြီဆိုကာမှ အရူးမူးတမ်းတ တတ်ကြပြန်ပါတယ် ။ တမ်းတမှု တွေများလာတော့ ဆင်တူယိုးမှားဆိုတာလေးတွေကို အစားထိုးခြင်းဆိုတဲ့ ခေါင်းစဉ်လေး တပ်ပြီး ခံစားမှုတွေကို ဖြေဖျောက်တတ်ကြပါတယ် ။ဒါပေမယ့် အတုဟာ ဘယ်တော့မှ အစစ်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့လျော့နေတတ်ကြပြန်ပါတယ် ။ ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ နေရတဲ့ အချိန်ခဏလေးမှာ တန်ဖိုးထားရမယ့် အရာလေးတွေကို တန်ဖိုးထားကြခြင်းဖြင့် မိမိတို့ ဂုဏ်သိက္ခာတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ အနားမှာ ရှိစဉ်တန်ဖိုးထားတတ်ခြင်းဖြင့် အစားထိုးမှုတွေ ကင်းဝေးကြပါစေ ။ အတုဟာ ဘယ်သောအခါမှ အစစ်ဖြစ်မလာနိုင်ဘူးဆိုတာကို သတိမူမိကြပါစေ ။ တိုတောင်းလှတဲ့ လူဘ၀လေးအတွင်း မိမိတို့ ဘ၀လေးတွေကို အလှပဆုံး ပုံဖော်ဖန်တီးခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။

ခိုင်လေး (ရွှေတောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...