Sunday, October 28, 2012

ဖက်ပေါ်ဆူးကျလည်း ဆူးပဲနာ၏။ ဆူးပေါ်ဖက်ကျလည်း ဆူးပဲနာ၏


  
ဤပိုစ့်ခေါင်းစီးကိုဖက်ကြားလိုက်ရသော စာဖက်ပရိသတ်သည် ကျနော်ကိုဟာသလူသားတစ်ယောက်အနေဖြင့် ရယ်ဖွယ်ပြု၍ ရယ်ပေလိမ့်မည်။ ရယ်ကောင်းလည် ရယ်ရာ၏။ရယ်ပြီးသော အဆုံးသော် အမျိုးမျိုးသော ထင်ကြေးပေးနိုင်ပါ၏။အပြစ်ဟုမဆိုသာသေချေ။အကြောင်းကား........  
       

“ဖက်ပေါ်ဆူးကျလည်း ဆူးပဲနာ၏။ဆူးပေါ်ဖက်ကျလည်း ဆူးပဲနာ၏” ဟူသော သဘောသက်သော စာရေးသူ၏ ခေါင်းစီးသည် အရပ်စကား၊အရူးစကား၊ကလေးစကား၊သဘင်သည်များ ပြောကြားသော စကားအသုံးအနှုန်းကြောင့်ဖြစ်ပါသည်။စစ်စစ်စာဖက်ပရိသတ် သိထား ခံယူ ထားကြသော ၎င်းစကားဝါကျကား--လက်ဦးဆရားမည်ထိုက်စွာ အမိအဘတို့က မိမိတို့၏ ချစ်လှစွာသော သမီးလှကို နောက်ဆုံးအနေဖြင့်မာန်ချလက်လျော့၍ ဆင်ခြင်နေ ထိုင် ဖို့ရန် အဆုံးစွန်ဆုံးမလိုက်သော (တိုတိုဖြင့် အထိဆုံးဖြစ်သော) စကားပုံ တစ်ခုပင် ဖြစ်ပါသည်။        

မှန်၏။ပြာချပ်ချပ်သဘောရှိသော ဖက်ရွက်သည် ထက်ချွန်ခြင်းသဘောရှိသော ဆူးပေါ်သို့ ကျရောက်မိပါက ဖက်ရွက် သာပေါက် ရုံဖြစ်သည်။ထို့အတူ ဖက်ရွက်ပေါ်သို့  ဆူးကျရောက်မိပါက လည်း ဖက်သာပြဲရိုးဖြစ်ပါသည်။

စာဖက်ပရိသတ်တို့သည်လည်း ဤသို့ သတိထားသိရှိကြပါ၏။လက်ခံကြပါ၏။  ပို၍သိရှိခံစားကြသည်ကား ဤစာပုဒ်စကားပုံသည် “ယောင်္ကျားနှင့်မိန်းမတို့၏ မတူညီပုံ၊မတူညီသော အချင်အရာ၊ တစ်သက်တာ ဘဝ၏ ပျက်စီးဆုံးရှုံးမှု စသည်တို့ကို ဥပမာပြုထားသော ယောင်္ကျားနှင့်မိန်းမတို့၏ ပမာပြုဥပမာစကားပုံဟု လူတို့သိထားကြပါသည်။ဤသို့ လည် လက်ခံထားကြပါသည်။       ဥပမာ ဥပမေယျအရ မိန်းကလေးသည် ဖက်ရွက်၊ယောင်္ကျားလေးသည်ဆူးဟု ဖက် မိ မှတ်မိကြားမိကတည်းကစ၍ ကြီးကြီးငယ်ငယ်ရွယ်ရွယ် လတ်လတ်စိတ်ရှိသော လူသားတို့သည် မျက်ရိတ်သမ်းလိုက်မိကြ၏။         မိန်းကလေးသည် ဖက်၊ ယောင်္ကျားလေးသည် ဆူးဟုသိကြ လက်ခံကြ၏။ “ဆူပေါ်ဖက်ကျတာ ဖက်ပြဲ၍ ဖက်ပေါ်ဆူးကျကလည်း ဖက်ပဲပြဲရသည်” ဟူသော အဆိုသည် အပေါ်ယံ ရွှေမှုံကြဲအနေဖြင့်(လောကအမြင်ဖြင့်)လက်ခံဖွယ်ဖြစ်၍ အဓိပ္ပါယ် ကောက်ယူ ရသော် လည်း တကယ်တမ်း စေ့စေ့ငင နက်နက်နဲနဲ(ကျမ်းဂံ)နှင့် ကြံဆနှိုင်းယှဉ်လိုက်သောအခါ ...........                                        

 “ဆူးပေါ်ဖက်ကျပါက ဖက်မပြဲဘဲ ဆူးသာကျိုးရပါသည်။ ဖက်ပေါ်ဆူးကျပါလည်း ဆူပဲနာပါသည်”    ဆူးဟူသော ယောင်္ကျားသည် ဖက်ဟူသော မိန်းမအပေါ်သို့ ကျမိကျူးလွန်မိပါက ယောင်္ကျားသည်သာ ဆုတ်ယုတ်၍ အကျိုးယှတ်ရပါသည်   မကောင်းသော အကုသိုလ်(ငရဲ)မှာ ယောင်္ကျားသည် လည်စင်း၍ခံရမည်သာ။ဖက်ဟူသောမိန်းမကား ကျင့်ကျူးလွန်မိသော်လည်း သက်သာရာရသေ၏။ယောင်္ကျားကဲ့သို့လည်စင်း၍မခံရပါ။ စိတ်ရှိသောယောင်္ကျားသည် မိန်းကလေးကိုအနိုင့်ကျင့်ပါသော်လည်း မိန်းကလေးသည် နောင် ဘ၀ ၌ အရှုံးပေ။ယောင်္ကျားလေးသည် ဘ၀ဆက်၍ ရှုံးနိမ့်ရာ၏၊ဆင်ခြင်ကြပါရန်သာ။ဗဟုသုတရှာမှီးကြပါစေ။       အကြောင်းမူကား အသို့နည်း။

“မကောင်းမူ ဒုစရိုက် ၁၀ပါး (သို့မဟုတ်)လူပုဂ္ဂိုလ်တို့ သီးခြားဆောက်တည်ရသော ငါးပါးသီးလထဲ၌ တစ်ပါးအပါဝင်ဖြစ်သည့်“ကာမေသုမိစ္ဆာစာရဟူသော တစ်ပါးသောကံကြောင့်ပေတည်း”     ဆက်မပေါက်ဘဲ ဆူးနာ၍ ဖက်မပေါက် ဆူးညှောက်ကျိုးရခြင်းသည် ဤကံကိုထောက်၍ဖြစ်ရပါသည်။ဤကာမေသုမိစ္ဆာစာရကံသည်  ပြားချပ်ချပ်ဖက်ရွက်ကို တခါတရံ တချို့တစ်နေရာသာ ပေါက်ပြဲစေသည်။(မိန်းကလေးသည် ယောင်္ကျားလေးအပေါ်ကျူးလွန်မိပါက ၎င်းမိန်းကလေးသည်တစ်ခါတရံသာ ကံထိုက်သည်ဟူလို့)ဆူးချွန်ချွန်ဟူသော ယောင်္ကျားသည်ကား တခါတရံမဟုတ်(မိန်းမအမျိုးစား အယောက် ၂၀တို့တွင် မည်သည့်မိန်းကလေးဖြစ်စေ ကျူးလွန်မိပါကဆူးကျိုးသည်သာ။                

(ယောင်္ကျားလေးသည်သာ ကံထိုက်သည်ဟူလို့) ကျမ်းဂံအရ..................“ကာမေသုမိစ္ဆာစာရကံ” ဟူသည် အဂနီယ (မသွားလာမဖောက်ပြားအပ်သော ယောင်္ကျား၊မိန်းမတည်းဟူသော) ၀တ္ထု၌ သွားလာဖောက်ပြားမှီဝဲကြောင်းဖြစ်သော စိတ်သည် လောဘမူစိတ်တခု၌ တစ်ခုခုနှင့် သမ္ပယုတ်ဖြစ်၍ ကာယဒွါရ၌ဖြစ်သော (ကိုယ်ထိလက်ရောက် ပြုမူသော)မှားသော      မေထုန်အကျင့် မသူတော်တို့ အကျင့်ဖြစ်၏။ အရကားသေ၀နစေတနာတည်း။         ထို့မသွားလာအပ်၊ မသွားလာကောင်း၊ မပြုအပ်/မပြုကောင်း၊    မကျင့်အပ်/မကျင့်ကောင်းသော(အဂမနီယ ၀တ္ထုကိုပြုကျင့်သည် ကိုပင် မိစ္ဆာစာရကံထိုက်၏ဟု ဆို၏။  

အဂမနီယ၀တ္ထုမည်သည် သရုပ်အားဖြင့် ဖော်ပြအပ်ခဲ့သော မိန်းမအမျိုးစာအယောက်၂၀ ပင်တည်း။၎င်းတို့ကား-------
၁။အမိစောင့်သောမိန်းမ
၂။အဖစောင့်သောမိန်းမ
၃။မိဘနှစ်ပါးစောင့်သောမိန်းမ
၎။မောင်ကြီးမောင်ငယ်စောင့်သောမိန်းမ
၅။အစ်မကြီး အစ်မငယ်စောင့်သောမိန်းမ
၆။ဆွေမျိုးစောင့်သောမိန်းမ
၇။အနွယ်တူစောင့်သောမိန်းမ
၈။သီတင်းသုံးဖော်စောင့်သောမိန်းမ
၉။ထိမ်းမြားထိုက်သူအစောင့်ရှိသောမိန်းမ
၁၀။မင်းတို့ထားအပ်ပြီးသော ဒဏ်ရှိသောမိန်းမ
၁၁။ဥစ္စာဖြင့်ပယ်အပ်သောမိန်းမ
၁၂။အလိုတူ၍ ပေါင်းသင်းနေသောမိန်းမ
၁၃။စည်းစိမ်ပေး၍နေသောမိန်းမ
၁၄။ပုဆိုးပေး၍နေသောမိန်းမ
၁၅။ရေခွက်၌လက်ချ၍ မိဘနှစ်ပါး ထိမ်းမြားသော မိန်းမ
၁၆။ခေါင်းခုကို ချ၍နေသော မိန်းမ
၁၇။ကျွန်းလည်ဖြစ်သော၊မယားလည်းဖြစ်သော မိန်းမ
၁၈။အမူလုပ်လည်းဖြစ်သော၊မယားလည်းဖြစ်သော မိန်းမ
၁၉။စစ်မြေမှ အောင်ခဲ့သော မိန်းမ
၂၀။တမုဟုတ်မျှ ပေါင်းဖော်သော မိန်းမဤအယောက်နှစ်ဆယ်သော မိန်းမတို့ကား ယောက်ျားတို့   မသွားလာ မကျူးလွန်အပ်သော အဂနီယ၀တ္ထု ၂၀ပင်တည်း။        

အစကနဦး မိန်းမတို့၏ မိစ္ဆာစာရကံထိုက်ပုံကိုပြအံ့။အဂမနီယ၀တ္ထုဟူ၍ နာမသညာဖြင့် ပညတ်သမုတ်အပ်သော မိန်းမအယောက် ၂၀တို့တွင် တစ်မှ ရှစ်တိုင်အောင်သော မိန်းမတို့သည် အခြားသောယောင်္ကျားကြီး၊ယောက်ျားငယ်ရွယ် ယောက်ျားလတ်တို့အား ကာမဂုဏ်အမှု မေထုံပြု၍ မှီဝဲခံစားပါသော်လည်း မိစ္ဆာစာရကွမထိုက်ပါ။(ကျမ်းအဆိုတည်း)         (အထောက်-မာတုရက္ခိတာဒိနံ အဋ္ဌန္နံပုရိ သန္တရဂမနေ မိစ္ဆာစာရော။မထိုက်ပုံကို ကျမ်းအဆို၌ကြည့်)ထို့ကြောင့် ဆူးပေါ်ဖက် ကျသော် လည်းဖက်မပေါက်။ ၎င်းမိန်းမရှစ်ယောက်တို့သည် ယောက်ျားအပေါ် ကျင့်ကျူးမှီးဝဲသော ယောက်ျားသည် ကံထိုက်ပါသည်။ထို့ကြောင့် ဖက်ပေါ်ဆူးကျသော်လည်း ဖက်မပေါက် ဆူးညှောင့်သာကျိုးရပါသည် ကြွင်းသော တစ်ဆယ်နှစ်ယောက်သော မိန်းမတို့သည် မိမိအား ပစ္စည်း၊ အရာဝတ္ထုဖြင့် ပိုင်ထားဆိုင်ထားသူ(သို့မဟုတ်)စေ့စပ်ထားသူ(သို့မဟုတ်) မိမိလင်စသည်ဖြင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားသော ယောက်ျားတစ်ပါး၌ သွားလာလျှင်(မှီဝဲလျှင်)၎င်းမိန်းမသည် မေစ္ဆာစာရကံထိုက်၏။(အထောက်-သေသနံပန ပုရိသန္တရဂမနေ မိစ္ဆာစာရော ဟောတိတည်း)သို့ဖြစ်သော် ဤတစ်ဆယ့်နှစ်ယောက်သော မိန်းမတို့နှင့်အခြားယောက်ျားတစ်ပါးတို့ သွားလာမှီဝဲရာ၌ ဖက်လည်းပေါက် ဆူးလည်းကျိုးဖြစ်၏။            

သို့လျှင် ဆူးတည်းဟူသော ယောက်ျားလေးတို့သည်ကား ဤအယောက်၂၀သော မိန်းမသား မိန်းမလှတို့အား ပြုကျင့်မှီဝဲရာ၌ မိစ္ဆာစာရကံ      ထိုက်သည်ချည်း။ထို့ကြောင့် ဖက်ပေါ်ဆူးကျသော်လည်း ဆူးပဲနာရသည်။ဆူးပေါ် ဖက်ကျသော်လည်း ဆူးပဲကျိုးရပေ သည်။တစ်အရ....နှစ်အရ....နှစ်ခုပေါင်းသော် သုံးအရမိန်းမဖြစ်၏။၎င်းသုံးအရ အမိအဖစောင့်သောမိန်းမဟူသည် အိမ်ထောင်မကျ၊လင်မယူသောသမီးပျိုဖြစ်၏။ယောက်ျားတစ်ယောက်သည်၎င်းသမီးပျိုနှင့် ကြိုက်၍သော်လည်းကောင် ချစ်၍သော်လည်းကောင်း နှစ်ဦးသဘောတူချစ်သွေးမြူးလိုသော်ကြောင့်လည်းကောင် ယောက်ျာသည်သမီးပျို၏ ခွင့်ပြုချက်အရ မေထုန်အမှုပြုကျင့်၏။

သို့ကျင့်လျှင် ယောက်ျားသည် မိစ္ဆာစာရကံထိုက်၏။သမီးပျိုသည် မိစ္ဆာစာရမထိုက်။(မထိုက်ရခြင်းအကြောင်းကို နရသာသနကျမ်းမှာ ယူနိုင်ပါသည်။)     ထို့ကြောင့် ဖက်နှင့်ဆူးနှစ်ဦး သဘောတူသော်လည်း ဆူးပဲနာရသည်ဟု ဆိုရပါသည်။         သို့ဖြစ်၍- ကျားမနှစ်ဦး၊ ပျော်မြူးချစ်ကြည်၊ ရမ္မက်စီ၍ ပွေ့ချီနမ်းဖက်၊ပြုလျှက်မေထုန်၊ လုပ်လျက်တုံ စုံစုံယောက်ျားရှုံး ဟုသံဝေဂ တစ်ရပ်အဖြစ် စားရေးသူလက်ဆင့်ကမ်း မှတ်တမ်းပြုလိုက်ပါသည်။သို့လျှင် ယခုအခါ ကာလသားယောက်ျားကြီး၊ယောက်ျားငယ်တို့ သည်မိန်းကလေးတစ်ဦးအပေါ် စိတ်တူသဘောတူ ညီမျှ၍သော်လည်းကောင် ၊အချစ်ကြီး၍သော်လည်းကောင်း၊မကြီး ၍သော် လည်းကောင်းအမှောင်ကျ၍သော်လည်းကောင်၊ အချောင်ရ၍သော်လည်းကောင်၊မကောင်းသောသူတော်အကျင့် မေထုန်ယဇ်ကို မပြုကျင့်ကြပါလေနှင့်။                    

ထိုမကောင်းသော မိစ္ဆာစာရကံသည် မကောင်းမှု(အပြစ်ကြီးသည့်အလျောက်)စုတိ၏အခြားမဲ့၌ ဒုဂ္ဂတိနန်း ငရဲပြည်လမ်းသို့ အရောက်ပို့နိုင်၏၊ထို့ကြောင့် ဓမ္မမိတ်ဆွေတို့သည် မိစ္ဆာစာရကံ အပျက်မှ ရှောင်ရှားပါလေး။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...