Monday, October 29, 2012

((((((နောက်ကွယ်မှ ကြိုးကိုင်သူ . . . ဘယ်သူလဲ ))))))


Black Angle


Written by ဦးကျော်စိန် (ပညာရေး-ငြိမ်း)
Sunday, 28 October 2012 12:20



ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ “ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်” ဟ
ု ဖော်ပြပါရှိပါသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခသည် ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ တစ်စ တစ်စကျယ်ပြန့်လာခြင်း ဖြစ်ကြောင်း၊ အများသိပြီးဖြစ်ကြပါသည်။ ရခိုင် နှင့် မွတ်ဆလင်ပဋိပက္ခဟု ဆိုဆို၊ ဗုဒ္ဓ ဘာသာနှင့် အစ္စလမ်ပဋိပက္ခဟု ပြောပြော အရေးအခင်းကာလအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာတိုး၍သာ လာနေပါသည်။ အကြမ်းဖက်မှုများ ကြီးလာနေပါသည်။

ဖြစ်စဉ်အစ ရမ်းဗြဲ မုဒိမ်းမှု၊ တောင်ကုတ် အရေးအခင်းအလယ်၊ မောင်တောမြို့နယ်မှ လူသတ်၊ မီးရှို့မှု အဆုံးတွင်ဘူးပေါ်သလိုပေါ်လာသည် က ရိုဟင်ဂျာလူမျိုးဆိုသော အမည်သစ်တစ်ခု ဖြစ်ပါသည်။ ဤရိုဟင်ဂျာ ဆိုသောလူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခုမှအဘယ်ကြောင်းကြောင့် ထင်ပေါ်လို့ လာရပါသနည်း။ ယခုမှ လူမျိုးအသစ်တစ်ခု မွေးဖွားလာခြင်းလော။
ယခု ရခိုင်ပြည်နယ်အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော လူမျိုးရေး သတ်မှတ်ခြင်းကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြားသား စသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြား လွတ်လပ်သော ကိစ္စဟု ဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော်အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု . . .

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး လယ်ကူလီများ အခြေချ နေထိုင်လာကြသည်မှာ သမိုင်းမှတ်တမ်းများအရ အထင်အရှားရှိ၍ ငြင်းမရသော အချက်ဖြစ်ပါသည်။ ဘင်္ဂလားနယ်မှ လယ်ကူလီများသည် အလုပ်အကိုင်၊ အနေအစားချောင်သော ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်ခွင့် ရလာသောအခါ အစဉ်အဆက် နေထိုင်လာခဲ့ကြသည်။ မြို့ရွာအနှံ့ ဖြန့်ကြက်ကာ ကျပန်းအလုပ်များဖြင့် ရခိုင်လူမျိုးများအကြား အေးချမ်းစွာ နေထိုင်လာခဲ့ကြသည်။ ဘင်္ဂါလီ ကုလားလူမျိုး အများစုသည် ရိုဟင်ဂျာဆိုသော အမည်ကိုထိုစဉ်က သိဖို့ မဆိုထားဘိ၊ ကြားဖူးမည်ပင်မထင်ပါ။ အတူယှဉ်တွဲ နေထိုင်နေကြပါ လျက် အတူယှဉ်တွဲနေထိုင်နေကြကြောင်း သတိမထားမိကြသော လူမျိုးများဖြစ်ခဲ့ကြသည်ကို မည်သူမှ ငြင်း၍ရမည်မဟုတ်ပါ။

မွတ်ဆလင်ကမ္ဘာ ဖွံ့ဖြိုးလာသည် နှင့်အတူ ရခိုင်ပြည်နယ်မှ ပညာတတ် မွတ်ဆလင် လက်တစ်ဆုပ်စာ လူတစ်စု တို့၏ ကိုယ်ပိုင်လူမျိုး အတွေးအခေါ်တို့ လူးလွန့်လှုပ်ရှား လာခဲ့ကြသည်ကို တွေ့မြင်ကြရပါပြီ။ မွတ်ဆလင် ကမ္ဘာမှ အထောက်အပံ့တို့ဖြင့် စီးပွားဖွံ့ဖြိုးလာသော ဘင်္ဂါလီတို့သည် အာဏာပိုင် အုပ်ချုပ်သူတို့၏ အကူ ညီများစွာတို့ကို ရယူနိုင်လာခဲ့ကြ သည်။ သူတို့လိုအပ်သော အကူအညီတို့ကိုလည်း ဖောဖောသီသီရရှိခဲ့ကြသည်။ စီးပွားရေးပြေလည်မှုများမှသည် ဘာသာရေး၊ လူမှုရေးနယ် ပယ်များသို့တိုင် ထိုးဖောက်နိုင်လာ သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ညွှန့်နှင့် အတူ ဗမာ-မွတ်ဆလင်များလေယာဉ် စင်းလုံးငှား၍ လာရောက်ခဲ့ကြသည်ကိုလည်း စစ်တွေမြို့နေ ရခိုင်ရော မွတ်ဆလင်ပါ မေ့မရနိုင်သေးပါ။

ထို့အတူပင် ရခိုင်လူမျိုးအနေဖြင့်ရော ဘင်္ဂါလီလူမျိုးများအတွက်ပါ အောက်မေ့ဖွယ် ဇာတ်လမ်းများရှိနေ ခဲ့ပါသည်။ ဘင်္ဂါလီလူမျိုးတို့၏ ဗလီကျောင်းတို့သည် ပြည်နယ်အနှံ့ တိုးလာနေသည်။ ခိုင်ခံ့လာနေသည်။ လွတ်လွတ်လပ်လပ် ရှိနေသည်။ ထိုစဉ်က ချင်းပြည်နယ်တွင် ခရစ်ယာန် ကျောင်းများဆောက်ခွင့် ပိတ်ထားပါသည်။ စီးပွားရေးပြည့်ဝလာသော ဘင်္ဂါလီလူမျိုးတို့၏ ထိုးစစ်ကို နိုင်ငံရေးလက်နက် တပ်ဆင်ခွင့်ပြု လိုက်သောအခါတွင် အရာရာသည် ရိုဟင်ဂျာဆိုသော စိတ်ကူးအိပ်မက်ကို အကောင်ထည်ဖော်ရန် အချိန်ကိုက် ဖြစ်နေပါတော့သည်။

ထို့ကြောင့်ပင် ရမ်းဗြဲကိစ္စ၊ တောင်ကုတ်ကိစ္စတို့နှင့် ဆက်စပ်မှု မရှိလှသော မောင်တောမြို့နယ်တွင် လူမျိုးရေးအဓိကရုဏ်း သဏ္ဌာန်၊ ဘာသာရေး အဓိကရုဏ်းပုံစံဖြင့် အကြမ်းဖက်မှု စတင်ခဲ့ကြပါသည်။ (ဘူးသီးတောင်၊ မောင်တောမြို့နယ် များတွင် အရေးအခင်း ဖြစ်ပွားနေစဉ် အတွင်း၊ ရန်ကုန်နှင့် ပြည်ပမှ မွတ်ဆလင်ဗလီဆရာများ အပါအ၀င် ဧည့် သည် ၃၀ ဦးတို့သည် ၎င်းမြို့နယ်များတွင် ရောက်ရှိနေကြပြီး အရေးအခင်းပြီးမှ ပြည်မသို့ ပြန်သွားကြကြောင်း ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်တွင် ဖော်ပြပါသည်။)
844a
အောက်တိုဘာလ ၂၄ရက်က သရက်အုပ်ကျေးရွာ မီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်

အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့၍ အရေးယူခြင်း ခံခဲ့ရသူများသည် မည်သည့်ကိစ္စကို ဦးစားပေး ဆောင်ရွက်ခဲ့ကြပါသနည်း။ လူ့အခွင့်အရေး အတွက်လော၊ ရိုဟင်ဂျာအရေးအတွက်လော။ သို့သော်လည်း အပြစ်ရှိ၍ တရားရုံးမှ အပြစ်ပေးခံထားရသူများသည် လွတ်ငြိမ်းခွင့်ရခဲ့ပါပြီ။ သို့သော် မီးစမှာ ငြိမ်းသွားရမည့်အစား ပို၍ပင် စည်ပင်လာနေပါသည်။ အဘယ်ကြောင့်ပါနည်း။

နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာ လူမျိုးသည် ရခိုင်ပြည်နယ်တွင် ယခင်ကပင် ရှိနေပြီးကြောင်း၊ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ပင် ရှိခဲ့ကြောင်း နိုင်ငံခြားအသံတစ်ခုတွင် ပြောနေဆဲပါ။ သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေပါသနည်း။ ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း။ ရခိုင်ပြည်နယ်တွင် အထက်ပိုင်းစီးပွားရေးသမား မွတ်ဆလင်တို့ စန်းပွင့်နေဆဲဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေဆဲဖြစ်သည်။ ရိုဟင်ဂျာ အရေး တိုက်ပွဲဝင်နေဆဲဖြစ်သည်။

ရခိုင်တို့အနေဖြင့် ဘင်္ဂါလီမွတ်ဆလင်တို့နှင့် ကာလတာရှည်နေထိုင်ခဲ့ ဖူးကြပြီ။ ရိုဟင်ဂျာလူမျိုးသည် ရခိုင် ပြည်နယ်တွင် ယခင်ကလည်း မရှိခဲ့။ ယခုမှ ရှိသည်ဆိုလျှင်လည်း လက်ခံမည်မဟုတ်။ မြန်မာနိုင်ငံသားတွင် လူမျိုးများအကြားတွင် လက်မခံနိုင် သော (ယင်းအမည်နှင့် လူမျိုးတစ်ခု မရှိခဲ့ဖူးသော)လူမျိုးအကြောင်း ထိုလူမျိုးများ၏ အရေးတို့ကိုဆောင်ရွက် နေသူသည်ပင် ယခုဖြစ်ပျက်နေသော အရေးတို့ကိုလှုံ့ဆော်သူ၊ သွေးထိုးသူများ ဖြစ်ပါသည်။ နောက်ကွယ်မှကြိုးကိုင် ခြယ်လှယ်နေသူများ ဖြစ်ပါသည်။

ပြည်ပရောက် ရိုဟင်ဂျာဆရာကြီးများသည် လည်းကောင်း၊ ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများနှင့် အခါတော်ပေး စီးပွားရေးသမားများသည် လည်းကောင်း၊ ယခုဖြစ်ပျက်နေသော သေကျေ၊ ဒဏ်ရာရ အိုးအိမ် မဲ့စာရင်းများတွင် ပါဝင်ကြမည် မဟုတ်ပါ။ သူတို့သည် ရူးသွပ်သော အိပ်မက်တစ်ခုကို အသက်ပေါင်းများစွာ စတေးပြီး အကောင်အထည် ပေါ်အောင် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ သူတို့သည် လူ့အခွင့်အရေး နှင့် ဘာသာရေးကို အကြောင်းပြပြီး ကိုယ်ကျိုးအမြတ် ထုတ်ကြပါမည်။ ယခုလည်းထုတ်နေ၊ ရနေ၊ ခံစားနေကြပါပြီ။

တရားခံဟူသည် တရားခွင်ထဲမှာပင် ရှိနေပါသည်။ ယခုရခိုင်ပြည်နယ် အရေးသည် မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်နေသော လူမျိုးရေးသတ်မှတ်ခြင်း ကိစ္စဖြစ်သည်။ နိုင်ငံသား၊ နိုင်ငံခြား သားစသော ကိစ္စတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံစီ၏ သီးခြားလွတ်လပ်သော ကိစ္စဟုဆိုရပါမည်။ ဤကိစ္စကြီးသည် နိုင်ငံတော် အစိုးရမှ ကိုင်တွယ်ဖြေရှင်းမှရမည့် ကိစ္စဟု ထင်မြင်ပါသည်။ ယခုတည်မြဲနေပြီးဖြစ်သော အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့သည် နိုင်ငံသား၊ နိုင်ငံခြားသားဖြစ်မှုကိစ္စ ကို တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပါသည်။ ထိုဥပဒေ ပြတ်သားလျှင် ရိုဟင်ဂျာ အရေးကို ပြတ်သားစွာ ဆုံးဖြတ်လာနိုင်ပါလိမ့်မည်။ ထိုအခါ ရခိုင်ပြည်နယ်အရေး သည် သူ့သဘောသူဆောင်သော အဆင့်သို့ ရောက်သွားပါလိမ့်မည်။

ရခိုင်ပြည်နယ်တွင် ယခင်ကာလရှည်ကြာ အတူနေထိုင်ခဲ့ကြသော လူမျိုးတို့အကြား ယခုလို အမုန်းတရား ပေါများလာစေခဲ့သည့် နောက်ကွယ်မှ တရားခံကိုပါ ဖော်ထုတ်ပြလာနိုင်ခဲ့ပါ မူကား အတူယှဉ်တွဲ နေထိုင်နိုင်ရေးသည်ပင် မဖြစ်နိုင်စရာမရှိပေ။ ယခုကား အပြစ်မဲ့ရန်ငြိုးမဲ့ လူသားတစ်ဦး ကိုတိရစ္ဆာန်တစ်ကောင်ပမာလည်လှီး သတ်ခဲ့ပြီ။ အိုးအိမ်များစွာတို့ ပြာပုံ ဘ၀ရောက်ခဲ့ကြပြီ။ အိမ်မဲ့ယာမဲ့ ဘ၀ရောက်ခဲ့သူများသည် ရိုဟင်ဂျာဆိုတာ ဘာလဲဟုမေးလျှင် ဖြေနိုင်မည့်၊ ဖြေတတ်မည့်သူများ မဟုတ်မှာတော့ သေချာသည်။ သို့သော်လည်း သူတို့မှာပါ ဒဏ်ရာကရှိနေပြီ။ ဤဒဏ်ရာတို့သည် နှစ်ဦးနှစ်ဖက်ရရှိ သွားကြသည့် ဒဏ်ရာများဖြစ်သည်။ ဤဒဏ်ရာဒဏ်ချက်တို့ကို လူ့အခွင့်အရေးဆေး၊ ဘာသာရေး လွတ်လပ်ခွင့်ဆေးများ တိုက်ကျွေးရုံဖြင့် ကောင်း ပျောက်မည်မထင်ပါ။ ရောဂါ၏ အကြောင်းရင်းသည် လူသားမျိုးနွယ် အမည်သစ် ဖန်တီးလိုသည့် စိတ်ဝေဒနာသည် ပညာတတ်လူတစ်စု တို့၏ သွေးထိုး မြှောက်ပင့်မှုများကြောင့်သာ ဖြစ်ရသည်ဟု ယူဆမိပါသည်။http://www.news-

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...