Tuesday, October 30, 2012

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၁)


by U U Mhaw Sayar on Tuesday, October 30, 2012 at 8:13pm ·

Politicide  ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်းလူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။ Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။ 

Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ စာဖတ်သူများ ရှင်းလင်းစွာသဘောပေါက်စေရန် အလွယ်တကူ သိမြင်နိုင်သော ကမ္ဘာကျော် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ ရေးသားပါမည်။
အစ္စရေး-ပါလက်စတိုင်း အရေးနှင့် ပက်သက်ပြီး ဂဃနဏ မသိသူများကမူ “ ဦးဦး မှော်ဆရာ ဒီတခါလည်း ပါလက်စတိုင်းဘက်က ပါပြန်ပြီ။ အစ္စရေးက သူတို့နိုင်ငံကို သူတို့ ကာကွယ်ဖို့အတွက်ကလွဲပြီး ပါလက်စတိုင်းကို ဘာများဆိုးဆိုးရွားရွား လုပ်ခဲ့လို့လည်း” ဟု တွေးနိုင်ပါသည် ။ - ဟုတ်ကဲ့ပါခင်ဗျာ ။ အစ္စရေးနိုင်ငံ စတင်တည်ထောင်သည့် ၁၉၄၈ ခုနှစ်မှစ၍ ယနေ့ချိန်ထိ သူတို့နိုင်ငံကို သူတို့ကာကွယ်ဖို့အတွက်ရော ၊ စိတ်ကူးထဲမှ ဂျူးသမ္မတနိုင်ငံစစ်စစ်အဖြစ် ထူထောင်ဖို့ အတွက်ပါ ပါလက်စတိုင်းလူမျိုးများအပေါ်တွင် Politicide ခေါ်  နိုင်ငံရေးအရ အသေသတ်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့သာ ဖြေရပါမည်။ ယခုဆောင်းပါးတွင် အစ္စရေး၏လုပ်ရပ်များ အောင်မြင်သည်၊ မအောင်မြင်ဘူးဆိုတာကို ဆန်းစစ်ဝေဖန်လိုသည်မဟုတ်ဘဲ Politicide လုပ်ခြင်း အကြောင်းကိုသာ သီးခြားဖေါ်ပြလိုသော ရည်ရွယ်ရင်းသာဖြစ်ပါသည် ။


Politicide လုပ်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းစေရန် ခေါင်းစဉ်ခွဲ၍ ရေးသားပါမည်။

(၁) လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲ ?

(၂) Politicide ဘယ်လိုလုပ်တာလဲ ?

(၃) လူအဖွဲ့အစည်းတစ်စုအပေါ် Politicide လုပ်တာကို ပြည်သူတွေယုံကြည်လက်ခံအောင်
        ဘယ်လိုဝါဒဖြန့်သလဲ?

ဤ မေးခွန်းများကိုဖြေရန် အစ္စရေးနိုင်ငံကို ဥပမာပြရင်းရေးသားပါမည် ။

(၁) လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲ ?
ဤအချက်ကိုအရှင်းဆုံးဖြေရလျှင် လူမျိုးရေး ၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့်နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့် ဖြစ်သည်။



ပါလက်စတိုင်းဒေသမှ ဂျူးများအတွက်နယ်မြေအား ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြင့် ၁၉၄၇ ခုနှစ် ၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သတ်မှတ်ပေးခဲ့သည် ။ သို့ရာတွင် ၁၉၄၈ ခုနှစ်ရောက်သောအခါ ယင်းနယ်မြေမှာ ကုလသမဂ္ဂသတ်မှတ်ပေးထားသည်ထက် များစွာပင် နယ်ကျော်နေပြီဖြစ်သည် ။ ထိုစဉ်က ပါလက်စတိုင်းဒေသ တွင် အခြေချနေထိုင်သော ဂျူးတို့၏အမြင်၌ မိမိတို့အတွက် သတ်မှတ်ပေးထားရာ နယ်မြေအတွင်း အာရပ်များ မရှိစေရ ဟူ၍လည်းကောင်း ၊ ဂျူးတို့နယ်မြေတွင် မူလရှိနှင့်ပြီးသော အာရပ်နှင့်ပါလက်စတိုင်းများ လူမှုရေး အင်အားစုတစ်ရပ်အဖြစ် လည်းကောင်း၊ နိုင်ငံရေးအင်အားစုတစ်ရပ် အဖြစ်လည်းကောင်း ရပ်တည်နေခြင်းကို လက်မခံနိုင်ကြချေ ။ အစ္စရေးနိုင်ငံ၏ ဒီမိုကရေစီဆိုသည်မှာလည်း ဂျူးလူမျိုးများအတွက်သာ သီးသန့်ပြဌါန်း ထားသော လူမျိုးရေးခွဲခြားသည့် ဒီမိုကရေစီသာ ဖြစ်သည် ။



(၁၉၄၇ခုနှစ်တွင် ကုလသမဂ္ဂမှ သတ်မှတ်ပေးခဲ့သော အစ္စရေးနိုင်ငံ)



( ၁၉၄၈ခုနှစ်နောက်ပိုင်း  နယ်မြေချဲ့ထွင်ခဲ့သောအစ္စရေးနိုင်ငံ)


ဤနေရာတွင် အစ္စရေးနိုင်ငံရေးလောက၌ ရေပန်းစားခဲ့သော အဆိုနှစ်ရပ်ကို ဆွေးနွေးရန် လိုအပ်လာပေသည် ။

တစ်အချက်မှာ အစ္စရေးနိုင်ငံရေးသမားများနှင့် ပညာတတ်ပုဂ္ဂိုလ်များ၏ လက်သုံးစကားဖြစ်သော အစ္စရေးနိုင်ငံ မြေပုံပေါ်မှ ပျောက်ကွယ်သွားသည်အထိ ချေမှုန်းခံရနိုင်သည်ဟူသော အန္တရာယ်သတိပေးချက် ဖြစ်သည်။ (အမှန်တကယ်လည်း ရန်သူအာရပ်နိုင်ငံများအလယ်တွင် ရပ်တည်နေသော အစ္စရေးနိုင်ငံအဖို့ ထိုသို့သော သတိပေးချက်သည် လွန်ကျူးသည်ဟု မဆိုသာပေ)


ဒုတိယအချက်မှာမူ အစ္စရေးနိုင်ငံအတွင်းရှိ ဂျူးတို့၏လူဦးရေ အချိုးအစားအရ အသာစီးရမှုသည်ပင် အစ္စရေးနိုင်ငံအား ဂျူးနိုင်ငံဖြစ်သည်ဟူသော အမျိုးသားရေးလက္ခဏာဖြစ်ရာ၊ လူဦးရေအချိုးအစား၌ ဂျူးတို့လျော့နည်းလာသည်နှင့်အမျှ အစ္စရေးနိုင်ငံမှ ဂျူးတို့၏ လူမျိုးရေးစရိုက်လက္ခဏာများ တိမ်းပါး သွားနိုင်သည်ဟူသော အယူအဆဖြစ်သည် ။


ယင်းအချက်နှစ်ချက်ကို ပြန်လည်ပေါင်းစပ်လိုက်သော် အစ္စရေးနိုင်ငံတွင်း၌ ဂျူးတို့၏လူဦးရေအချိုးအစား လျော့ပါးလာခြင်းသည်ပင် အစ္စရေးနိုင်ငံ လုံးဝပျက်သုဉ်းခြင်းသို့ ဦးတည်သွားစေနိုင်သည်ဟူသော ယူဆချက် ဖြစ်သည်။ ထိုအကြောင်းကြောင့်လည်း သိမ်းပိုက်ရရှိသောအာရပ်နယ်မြေတစ်ချို့ကို ငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြ၍ ပြန်လည်ပေးအပ်ခဲ့သည် ။ အမှန်မှာ ထိုသိမ်းပိုက်ခံဒေသများမှ သန်းပေါင်းများစွာသော ပါလက်စတိုင်းလူမျိုးများကိုပါ အစ္စရေးနိုင်ငံသားများအဖြစ်ထည့်သွင်းခြင်းဖြင့် လူဦးရေအချိုးအစား ကွာခြားသွားနိုင် သောကြောင့် ဖြစ်သည်။


မှတ်သားဖွယ်ရာတစ်ချက်မှာ ယခင်ကတည်းက ပါလက်စတိုင်းဒေသ၌ နေထိုင်လာခဲ့သော ဂျူး လူ့အဖွဲ့အစည်းများမှာ သီးသန့်စီတည်ထောင်ထားခဲ့ခြင်းဖြစ်ပြီး ဒေသခံပါလက်စတိုင်းများနှင့် ရောရောနှောနှော မရှိခဲ့ဟူသော အချက်ဖြစ်သည် ။ နောင်တွင် ထူထောင်ကောင်း ထူထောင်နိုင်ဖွယ်ရှိသည့် ဂျူးနိုင်ငံဆိုသည်ပင် ဂျူးများအတွက်သာ သီးသန့်ဖြစ်ပြီး၊ ယင်းနယ်မြေဒေသအတွင်း မူလထဲကနေထိုင်ခဲ့ကြသည့် ပါလက်စတိုင်းများ အရေးကို လုံးဝထည့်သွင်းစဉ်းစားထားခြင်း မရှိချေ ။ ဤမျှမက အစ္စရေးနိုင်ငံမပေါ်ပေါက်မှီကတည်းက ယင်းဒေသတွင် ဂျူးလူမျိုးစုအပြင် အာရပ်လူမျိုးများပါ အခြေချနေထိုင်ခဲ့သည် ဆိုသည်ကိုပင် လုံးဝလက်မခံနိုင်ဘဲ ကျူးကျော်သူများအဖြစ်သာ ယူဆထားကြသည် ။ ဤသည်မှာပင် ယနေ့ပြဿနာများ၏ အခြေအမြစ်ဟု ဆိုကောင်း ဆိုနိုင်ပေသည် ။


၎င်းတို့၏အယူအဆအရဆိုလျှင် ဂျူးနိုင်ငံတစ်နိုင်ငံ ရှင်သန်လွတ်မြောက်ရေးဟူသည်မှာ နိုင်ငံတွင်းမှဒေသခံ ပါလက်စတိုင်းများကို အမြန်ဆုံး ရှင်းလင်းနိုင်ရေးအပေါ်တွင် မူတည်သည်ဆို၏။ တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ အစ္စရေးစစ်ဦးအရာရှိချုပ် မိုရှေယာလွန်က ပါလက်စတိုင်းတို့အား ကင်ဆာရောဂါနှင့်တူသည်ဟု ခိုင်းနှိုင်းခဲ့သည်။ ၄င်းပြင် သိမ်းပိုက်နယ်မြေများအတွင်း အစ္စရေးတို့၏ စစ်ရေးအရလုပ်ဆောင်မှုများအား ကင်ဆာရောဂါသည် များကို ကုသသည့် ကီမိုဆေးသွင်းနည်း (Chemotheraphy)
နှင့် နှိုင်းယှဉ်ခဲ့သည် ။ ၄င်းဆိုလိုသည်မှာ ပါလက်စတိုင်းတို့အား ပို၍ပြင်းထန်သော နည်းလမ်းများဖြင့် ကိုင်တွယ်သင့်သည် ဆို၏။ ဤသည်ကို ထိုစဉ်က ၀န်းကြီးချုပ်ဖြစ်သူ ရှာရွန်ကလည်း ထောက်ခံခဲ့သည် ။ ထို့ကြောင့်လည်း အစ္စရေးနိုင်ငံအတွင်းရှိ ဒေသခံပါလက်စတိုင်းတို့မှာ အခွင့်အခါကောင်းနှင့်ကြုံပါက
ပြင်းထန်စွာဖိနှိပ်ခံရရုံမျှမက နိုင်ငံအတွင်းမှပင် မောင်းထုတ်ခံရမည့် အလားအလာများ ရှိနေပေသည် ။



(ပါလက်စတိုင်းဒုက္ခသည်မြေးအဘိုးနှစ်ဦးပုံ)



The body of 6-month-old Palestinian baby Mohammed al-Borai who was killed when an Israeli aircraft blasted Hamas government offices and metal shops in the Gaza Strip late Wednesday, lays on the ground in a mosque before his funeral in Gaza City, Thursday, Feb. 28, 2008. Seventeen Palestinians and one Israeli man were killed in the last two days of fighting between Israel and the Palestinians. The bloodshed threatened to worsen the ongoing violence in the area, which involves near-daily Palestinian rocket attacks from Gaza and harsh Israeli reprisals. (AP Photo/Khalil Hamra) AP
(အစ္စရေးတို့တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရသော ပါလက်စတိုင်းကလေးငယ်)



ပါလက်စတိုင်းလူမျိုးများအပေါ် Politicide လုပ်ခဲ့ရာတွင် အလွန်ရက်စက်သည်ဟု နာမည်ကြီးသော
အစ္စရေးဝန်ကြီးချုပ်ဖြစ်ခဲ့သူ အေရီယယ် ရှာရွန်


(ဒုတိယပိုင်းဆက်လက်ဖတ်ရှုပါရန်)

ဦးဦး မှော်ဆရာ

--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
----------o00o-- (_)--o00o------------
         ======ஜ۩۞۩ஜ=======
◄██▓░  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======    
------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...