Friday, October 26, 2012

ကွမ်းတံတွေးကိစ္စဖြေရှင်းရန် အထူးအစီအစဉ်မရှိဟု ရန်ကုန်စည်ပင်ဆို


win lay winchitlay@gmail.com

အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ကွမ်းတံတွေး ထွေးသည့်ဖြစ်ရပ်မှာ လူတစ်ဦးချင်းစီ၏ အမျိုသားယဉ်ကျေးမှုအပါအ၀င် စည်းကမ်းရှိမှုနှင့် သက်ဆိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ကွမ်းတံထွေးထွေးတာနဲ့ပတ်သက်လို့တော့ အဲ့ဒီကိစ္စက ဟိုးအရင် အင်္ဂလိပ်ခေတ်ကတည်းက ဥပဒေတော့ ရှိနေတာပါ၊ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့တော့ target ထားပြီး ဆောင်ရွက်တာတော့ မရှိသေးဘူး၊ ပညာပေး လုပ်တာတွေ ဘာတွေပဲ ရှိတယ်” ဟု ရန်ကုန်မြို့တော်စည်ပင် မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
ကွမ်းတံတွေးများမှာ မြန်မာနိုင်ငံအနှံအပြားရှိ လမ်းမပေါ်၊ ပလက်ဖောင်းဘေးများ၊ လူအများစုပေါင်း နေထိုင်ကြသော တိုက်ခန်းလှေကားထောင့်များတွင်လည်း စည်းကမ်းမဲ့ထွေးထားကြသည်ကို တွေ့ရှိ ရသည်။
ထိုကဲ့သို့ ကွမ်းစားသူများ ကွမ်းတံတွေးမဆင်မခြင်ထွေးနေမှုများကြောင့်လည်း လမ်းသွား လမ်းလာ ပြည်သူများ ဒုက္ခရောက်လျက်ရှိနေကြောင်းကိုလည်း သိရသည်။
 “ပလက်ဖောင်းပေါ်မှာလမ်းလျှောက်ရင်းနဲ့ ရှေ့က လူကဘေးကို ကွမ်းတံထွေးလိုက်ရင် ခြေထောက်ကို လာစင်တာတို့ဘာတို့ရှိတယ်၊ တချို့လူတွေကလည်း ဆောရီးဆောရီးပြောပြီး သွားခဲ့တာတွေရှိတယ်၊ တချို့ကျတော့လည်း သိတောင်မသိဘူး   အေးအေးဆေးဆေးလျှောက် သွားတယ်” ဟု ရန်ကုန်မြို့နေ အသက်(၂၀) အရွယ် လူငယ်တစ်ဦးက ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကလည်း စက်တင်ဘာလ (၇) ရက် မန္တလေးထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် မန္တလေးမြို့၏ အဓိကလမ်းမကြီး တစ်လျှောက်ရှိ လမ်းဆုံ၊ လမ်းခွ၊ လမ်းထောင့်များတွင် ကွမ်းယာရောင်းချခြင်း လုံးဝခွင့်မပြုတော့ကြောင်း  သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် မန္တလေး၌ သမိုင်းဝင် စေတီပုထိုး၊ သိမ်ကျောင်းများ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများအတွင်း စည်းကမ်းမဲ့ ကွမ်းတံထွေး စွန့်ပစ်ခြင်း မပြုရန်၊ ယာဉ်ပေါ်မှ ကွမ်းတံထွေး စွန့်ပစ်ခြင်း မပြုရန်၊ ကွမ်းစားသူများ ကွမ်းတံထွေးစွန့်ရန် အိတ် အပိုဆောင်ထားပြီး ယင်းအိတ်ကို အမှိုက်ပုံးထဲစွန့်ရန် အသိပေးကြေညာမှု ရှိနေပြီး လိုက်နာ ဆောင်ရွက်မှု မရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေများအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်။
ယခုအချိန်၌ကွမ်းရွက်ဈေးမှာ တစ်သောင်းဝန်ကျင်ခန့်တွင်ရှိနေပြီး ကွမ်းသီးဈေးမှာလည်း ခုနှစ်ထောင်ဝန်းကျင်ခန့်တွင်ရှိကာ ကွမ်းယာ(၃)ယာလျှင် ငွေကျပ်တစ်ရာနှုန်းပေးနေရသည်။
ကွမ်းစားသောဓလေ့မှာ မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနှင့် တောင်ပစိဖိတ်ဒေသများ အပါအ၀င် အိန္ဒိယနိုင်ငံများ၌ပါ အဆိုပါဓလေ့အား တွေ့ရှိရသည်။
 “ ကြိုက်တတ်လို့ စားပေမဲ့၊ ဒီမိုကရေစီခေတ်မှာ လူအများအနှောက်အယှက် မဖြစ်အောင်း စားဖို့တော့ လိုတယ်၊ ကွမ်းစားတဲ့သူအများစုက သတိလွတ်တတ်ကြလို့ စည်းကမ်းရှိရှိ ကွမ်းထွေးနိုင်ဖို့ နေရာလေး တွေ စီစဉ်ထားပေးရင်တော့ အကောင်းဆုံးပေါ့ ဟု နှစ်(၃၀)ကျော် ကွမ်းစွဲလမ်းစွာ စားသုံးခဲ့သူ တစ်ဦး က ပြောသည်။

From -မြစ်မခ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...