Wednesday, October 31, 2012

“ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်နေ ”


အမေရိက ကမ်းခြေတစ်ဝှိုက်ပြင်းထန်စွာ တိုက်ခတ်သွားတဲ့ မုန်တိုင်းဆန်ဒီကြောင့် voting peroid ကို နိုဝင်ဘာ ၂ ရက်နေ့အထိ တိုးမြှင့်လိုက
်ကြောင်းကြေငြာခဲ့ပြီးဖြစ်ပါတယ် ။ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်လျှက်ရှိပါတယ် ။ ယမုံမိုးမှာ မြန်မာဝတ်စုံနဲ့မရှိဘူး မြန်မာစကားမတတ်ဘူးလား မြန်မာလို မရေးတတ်ဘူးလားစသဖြင့် ဝေဖန်ချက်ပေါင်းများစွာကို လူမှုကွန်ယက် စာမျက်နှာများမှာ တွေ့ခဲ့ကြပြီးဖြစ်ပါတယ် ။
အဲဒီဝေဖန်ချက်တွေအတွက် ကျွန်တော်ဖြေရှင်းချက်လေးတွေပေးချင်ပါတယ် ။

၁ ။ ယမုံမိုးဟာ ကျွန်တော်တို့သိပ်မသိခဲ့ကြပေမယ့် အမေရိကမှာ ထင်ရှားကျော်ကြားလှတဲ့ Professional Model တစ်ဦးအဖြစ်အသက် ၁၄ နှစ်ကတည်းက ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာခဲ့သူတစ်ဦးဖြစ်တယ် ။

၂ ။ သူ့မှာ မြန်မာဝတ်စုံကိုမြတ်နိုးပြီး ရိုက်ထားတဲ့ပုံပေါင်းများစွာရှိပါတယ် ။ ကျွန်တော်အခွင့်သင့်တဲ့အခါ တင်ပေးမှာဖြစ်ပါတယ် ။ အမေရိက မှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်နေပေမယ့် မြန်မာကို ကမ္ဘာကသိအောင် မြန်မာ့စလွယ်ကို လွယ်လို့ ၀င်ပြိုင်တာဟာတကယ်တော့ ကဲ့ရဲ့စရာကိစ္စမဟုတ်ပါဘူးး။ ကျွန်တော်တို့ အားပေး ကူညီ ဂုဏ်ယူရမှာဖြစ်ပါတယ် ။



၃ ။ သူ့အင်တာဗျုးဗွီဒီယိုတွေ ယူကျု့မှာရော တခြားဆိုက်တွေနဲ့သူ့စာမျက်နှာတွေမှာရှိပါတယ် ။ အဲဒီမှာ သူမြန်မာလိုပြန်ဖြေထားတာတွေရှိပါတယ် စကားသံနည်းနည်းဝဲပေမယ့် မြန်မာလို ကျွန်တော်တို့လိုပဲ မြန်မာစကားကို မြန်မာလို သိမ်မွေ့စွာပြောတာတွေ့ရမှာဖြစ်ပါတယ် ။

၎ ။ သူ့မှာ ဇော်ဂျီဖောင့် လက်ကွက်မရှိတာမှန်ပါတယ် ။ ဒါပေမယ့် ဇော်ဂျီဖောင့်တော့သွင်းထားတယ်လို့သိရပါတယ် ။ ဒီတော့ ဝေဖန်အားပေးမှုမှန်သမျှ သူ မြင်နေရပါတယ် ။ တိုက်ခိုက်ဝေဖန်ခံရမှုပေါင်းများစွာအောက်မှာ မျက်နှာမပျက်ပဲ စိတ်အားမငယ်ပဲ . . .ရသမျှ ပရိတ်သတ်လေးကိုပဲ အားတက်အောင်လုပ်လို့ သူ့ကိုယ်သူရပ်တည်နေခဲ့တာလည်း သူ့ပရိတ်သတ်များ အသိဆုံးဖြစ်ပါလိမ့်မယ် ။ နောက်တစ်ခုပြောချင်ပါသေးတယ် လူတစ်ယောက်မကောင်းကြောင်းကို ကွယ်ရာမှာ ပြောရင်တောင်အရမ်းအားနာဖို့ကောင်းတာ အခု လို စာမျက်နှာထက်တွေမှာ ရုပ်ဆိုးလိုက်တာ သံပုရာသီးစုပ်ထားတဲ့ရုပ် လုံးဝအားမပေးဘူး စသဖြင့်ပြောနေကြတာ ကာယကံရှင်အတွက် လုံးဝကို အထိနာစေပါတယ် . .တကယ်အားမပေးချင်ရင်တောင်ကျော်ဖတ်သွားလို့ ရတာပဲမဟုတ်လား အခုလို မျိုး ၀ိုင်းနှိမ်ကြတာတော့ မကောင်းဘူးလို့ ကျွန်တော်မြင်ပါတယ် နန်းခင်နဲ့ သူနဲ့ယှဉ်ပြီးပြောနေကြတာ ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် အခြေအနေခြင်းမတူပါဘူး ကွာခြားချက်ပေါင်းများစွာထဲမှာ ကျွန်တော်တို့ MYANMAR ကိုသာအားပေးရမှာဖြစ်ပါတယ် ခေါင်းစဉ်တစ်ခုတည်းအောက်က အကြောင်းအရာတွေကို ရှုပ်ရှုပ်ထွေးထွေးမတွေးစေချင်ပါဘူး ။ ရုပ်လှခြင်းမလှခြင်းဆိုတာ ဘ၀ပေးကုသိုလ်ကံနဲ့သာဆိုင်ပါတယ် ။ ဘယ်လို ထိုးနှက်နှက်မယိုင်လဲသွားတဲ့ စိတ်ဓါတ်ကသာ မြန်မာပီသကြောင်းပြနေတာပါ ။


၅ ။ သူ့အားသာချက်ကို ကျွန်တော်ပြောပြီးပါပြီ ။ သူ့မှာ ပရိတ်သတ်ကို လေးစားတယ် ပြန်အဖက်လုပ်တယ် ကွန်းမန့်ပြန်ရေးတယ် မက်ဆေ့ကနေ ပြန်ဖြေတယ် ဒါဟာ Keep in touch ဖြစ်တဲ့သဘောပါ အားပေးရတဲ့သူလည်း အားတက်ဖို့ကောင်းပါတယ် ။

အခုပြိုင်နေတဲ့ ပွဲဟာအ မေရိကကို အကြောင်းအမျိုးမျိုးကြောင့်လာရောက်ခိုလှုံနေကြတဲ့ကမ္ဘာအရပ်ရပ်က မော်ဒယ်တွေပြိုင်တဲ့ပွဲ နိုင်ငံတကာအဆင့်မှီပွဲဖြစ်သလို MI 2012 တုန်းကလိုပဲ လှတာတစ်ခုတည်းမဟုတ် အထွေထွေဗဟုသုတသာမက . . .ယဉ်ကျေးမှုထုံးတမ်းစဉ်လာ လျှပ်တပြတ်မေးခွန်းတွေ Personaility တွေ Attitude တွေပါ ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။

စစချင်း အယောက် ၅၀ ပြိုင်တဲ့အခါ အခု ဇကာတင် ၂၄ ယောက်ထွက်ပေါ်လာပါပြီ ။ မြန်မာ က ယမုံမိုးဟာ အခြေအနေအရမ်းကောင်းနေပါတယ် ။ သူ့ကြိုးစားမှုက အံ့မခန်းလိလိနဲ့ Professional ဆန်လှပါတယ် ။ တဖြည်းဖြည်း လူတွေပြုတ်လာလိုက်တာ အာရှ မှာ မြန်မာက ယမုံမိုးတစ်ယောက်ပဲကျန်ပါတော့တယ် ။ ကဲ ကျွန်တော်တို့ အားမပေးသင့်ဘူးလား ။


အသက် ၁၄ နှစ်ကတည်း ဒီအလုပ်နဲ့ရပ်တည်ခဲ့သူပီပီ အခု အွန်လိုင်း voting ကလည်း သူ့ဖိုင်နယ်အဖြေအတွက် ၁၀ %အထောက်အကူပေးမှာဖြစ်ပါတယ် ။ ကျန်တဲ့ ၉၀% ကတော့ သူ့ကြိုးစားမှုအပေါ်မူတည်ပါတယ် ။ မကြာခင် နိုဝင်ဘာ ၃ ရက်နေ့မှာ ဖိုင်နယ်ပွဲစဉ်ရောက်လာတော့မှာဖြစ်ပါတယ် ။ ကျွန်တော်တို့ အခြေအနေ ကောင်းနေတယ်ဆိုပေမယ့် ဂျော်ဂီယာကို လျှော့တွက်လို့လုံးဝမရတော့ပါဘူး ။

ငါးမိနစ်အတွင်းမှာ မြန်မာက like ၅၀ တက်ပြီး ဂျော်ဂီယာက ၁၀၀ တက်နေပါတယ် ။ ဒီနှုန်းအတိုင်းသာဆို ကျွန်တော်တို့ကို ခဏလေးအတွင်းမှီသွားနိုင်ပါတယ် ။ ပြိုင်ပွဲကျင်းပသူတွေက တစ်ယောက်ချင်းစီကို မက်ဆေ့ပို့ထားတာလည်းရှိပါတယ် ။အဲဒါကတော့ fake account တွေမသုံးဖို့နဲ့ real account ကိုသာသုံးကြဖို့ဖြစ်ပါတယ် ။ ကျွန်တော့်အမြင်တော့ created date ရယ် Insufficient data တွေကိုမူတည်ပြီး အကောင့်စစ်ဟုတ်မဟုတ်ကို စုံစမ်းတဲ့အဖွဲ့သူတို့မှာ ဖွဲ့ထားပြီးဖြစ်ပါတယ် ။

ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ ။ အခုအချိန်မှာ သိပ်မကျန်တော့တဲ့ အချိန်မှာ ကျေးဇူးပြုပြီး အမြင်မတူတာတွေကို ခဏအသာချထားလို့ ငါတို့ မြန်မာ့စလွယ်လေး ငါတို့နိုင်ငံကိုကိုယ်စားပြုနေတယ်ဆိုတဲ့ မြန်မာဆိုတဲ့အတွေးလေးနဲ့ like လေးတွေပြုလုပ်ပေးကြပါ ။

အရေးအကြီးဆုံးက like ပြုလုပ်ပြီးသူများလည်း ဒီပို့စ်လေးကို ရှဲပေးကြပါလို့ လေးစားစွာတောင်းဆိုပါတယ် ။


----------------------------------

အဆင့်၁ ။ https://www.facebook.com/DiasporaModels ကိုသွားပြီး Like လုပ်ပါ ပြီးတော့ မြန်မာပုံကိုရှာပြီး like လုပ်ပေးရမှာပါ ကျွန်တော်လိုက်ရှာတာတော့အောက်ပါလင့် ၂ ခုကိုတွေ့ပါတယ် အဆင်သင့်ဖြစ်အောင် အောက်မှာဖော်ပြပေးထားပါတယ် ။

အဆင့် ၂ ။ https://www.facebook.com/photo.php?fbid=10151123454943892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ Like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

အဆင့် ၃ ။ https://www.facebook.com/photo.php?fbid=10151136887763892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

--------------------------------

၅း၂၃ update

မြန်မာ - ၁၀၀၄၀+၈၇၈၀ = ၁၈၈၂၀
ဂျော်ဂီရာ - ၅၇၉၅ +၈၅၂၇ = ၁၄၃၂၂

----------------------------

တချို့လူတွေ ပြောသလို သိပ်ပြီး မကြီးကျယ်ဘူး မခမ်းနားဘူးဆိုပါစို့ . . ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် မြန်မာဆိုတာ ဒီလိုအားပေးကြပါလား မြန်မာဆိုတာ ဒီနိုင်ငံလေးပါလားဆိုတာ သိသွားရင်ပဲ ကျွန်တော်တို့အချိန်ကုန်ခံရကျိုးနပ်တယ်လို့မြင်မိပါတယ် ။ တိုက်တစ်လုံးလုံးမဆောက်နိုင်ပေမယ့် အုတ်တစ်ချပ် သဲတစ်ပွင့်လေး ကူလိုက်ရင်ပဲ . . တကယ့်ကို အကျိုးရှိလှပါတယ် ။

သက်တန့်ချို
၃၁ အောက်တိုဘာ ၂၀၁၂

MYANMAR ကို အားပေးကူညီကြစို့ ။

ယမုံမိုးရဲ့ပါစင်နယ်အကောင့် - https://www.facebook.com/nidataylor.m
ယမုံမိုးရဲ့ ဖန်ပေ့ခ်ျ - https://www.facebook.com/fanpage.nidataylor

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...