Wednesday, October 31, 2012

" ကမ္ဘာ ၏ နောက်ဆုံး ၉၉ ရက် "


by Myo Chit Myanmar on Friday, September 14, 2012 at 3:23pm 


ကမ္ဘာကြီးဟာ ...
ဒီဇင်ဘာ ၂၁ ရက်နေ့ နီးလာတာနဲ့အမျှ ..
တစ်စစနဲ့ သိသာစွာ .. ဖျားနာ လာခဲ့ပြီဘဲ ...


ကမ္ဘာကြီးရဲ့ နှလုံးရောဂါ .. ကြီးမားစွာ ဖေါက်ပြန်လာတဲ့အခါ ..
ငလျင်တွေဟာ .. ကမ္ဘာ့ရင်ခွင်အနှံ့အပြား .. တရစပ် လှုပ်ခတ် ပြန့်ပွားလာနေကြပါပေါ့ ..

လောဘရဲ့ ခုတ်ထစ်ခြင်း ခံရလွန်းတဲ့အခါ ...
အမြဲတမ်း စိမ်းစိုဖူးခဲ့တဲ့ နေရာတွေ ကန္တာရဖြစ်ခဲ့ပြီ ..

ထာဝရ ပြည့်လျှံနေခဲ့တဲ့ အင်းအိုင် ရေကန်ကြီးတွေ ထူးဆန်းစွာ ခမ်းခြောက် သွားခဲ့သလို..
အမြဲ ပူပြင်းခြောက်သွေ့နေခဲ့တဲ့ နေရာတွေမှာ မိုးရွာတာသိပ်များပြီး ရေကြီးလို့လျှံခဲ့ပြီ .. 

ရေထဲက ငါးတွေဟာ ကုန်းပေါ်မှာ ထူးဆန်းစွာ နေပူစာလာလှုံ .. တဖြုတ်ဖြုတ် သေကုန်ကြပြီ ..

အပူချိန်အမှတ်တွေဟာ ကမ္ဘာ့သက်တမ်းတစ်လျှောက်လုံးမှာ ဆိုးရွားစွာ အစွန်းရောက် .. ဖောက်ပြန်နေခဲ့ပြီ။

12.21.12 (Dec 21st, 2012) ဟာ
ကမ္ဘာ ရဲ့ နောက်ဆုံးနေ့ ဖြစ်တာ
သေချာသလောက်ရှိနေပြီဆိုတာကို
ကမ္ဘာဟာ ငါတို့ကို သက္ကရာဇ် နှစ်ထောင် နောက်ပိုင်းတွေထဲ
အကြိမ်ကြိမ် လဲ ကြိုနမိတ်ပြခဲ့ရှာပါတယ်။

ဒါပေမယ့် ...

ငါတို့အားလုံး ..
ကမ္ဘာ ရဲ့ တီးတိုးငိုရှိုက် သံ ကို ဥပေက္ခာပြုခဲ့ကြတယ်

ငါတို့အားလုံး ..
ကမ္ဘာ ရဲ့ အစိမ်းရောင် ဝတ်ရုံလွှာ ကို တစ်စဆီ ဆွဲခွာ ဆုတ်ဖြဲ ပစ်ခဲ့ကြတယ်  

ငါတို့အားလုံး ..
မောပန်းနေတဲ့ ကမ္ဘာ ကို မီးခိုးငွေ့များစွာ နဲ့ ကင်ဆာ ဖြစ်စေခဲ့ကြတယ်

ငါတို့အားလုံး ..
ကမ္ဘာ ကိုထွေးဖက်ထားတဲ့ ပင်လယ်တွေကို ကောင်းကင်ထက်မှာ လမ်းပျောက်သွားစေခဲ့ကြတယ်

ငါတို့အားလုံး ..
ကမ္ဘာ ရဲ့ Ozone ဆိုတဲ့ အပျိုလွှာကို သွေးအေးစွာ ထိုးဖေါက်ပစ်ခဲ့ကြတယ် ...

ခု ..

ငါတို့ ရဲ့ မုဒိန်းကျင့်ခံလိုက်ရတဲ့ ကမ္ဘာ ..
ဒါဏ်ရာဒါဏ်ချက်များစွာနဲ့ ကမ္ဘာ .. 
သွေးစိမ်းရှင်ရှင် ပန်းထွက်နေတဲ့ ကမ္ဘာ ..
နာကျင်အော်မြည်နေတဲ့ ကမ္ဘာ ..
ပင်ပန်းဆင်းရဲစွာ ထွက်သက်ငင်နေတဲ့ ကမ္ဘာ ..

နောက်ထပ် ၉၉ ရက် အကြာမှာ ..
လုံးဝ သေဆုံးသွားတော့မယ် ဆိုတာ ..
ဝမ်းနည်းစွာ လက်ခံရတော့မှာလား။

..... 

ခွင့်လွှတ်ပါ ကမ္ဘာရယ် 

တကယ်ဆို ..

ငါတို့ နင့်ကို ညှာတာခဲ့သင့်ပါတယ်။ 

.....


မျိုးချစ်မြန်မာ

Sep 14th, 2012

(ယနေ့မှ စတင်သော ကမ္ဘာ၏ နောက်ဆုံး ၉၉ ရက်အတွက် အမှတ်တရ နှုတ်ဆက်ခြင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...