Tuesday, October 30, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၃ဝ-၁၀)


သစ်ထူးလွင်


Posted: 30 Oct 2012 06:24 AM PDT
ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly သို့ ဆက်သွယ် ပြောကြားသည်။

“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန် ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော လို့ပါ”ဟု ဆိုသည်။

ရွှေလီမြို့ ဆွေးနွေးပွဲ သည် ယနေ့ နေ့လည် ၁ နာရီ ၂ဝ မိနစ်တွင် ရပ်နား ခဲ့သည် ဟု The Voice Weekly သတင်းထောက် က သတင်း ပေးပို့ ပြီးနောက် နေ့လည် ၂ နာရီခွဲ ဝန်းကျင် အချိန်တွင် ဖားကန့် တွင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း ဒေသခံ များက ဆက်သွယ် ပြောကြားသည်။

The Voice Weekly




Posted: 30 Oct 2012 06:21 AM PDT
တစ်ကျော့ပြန် ပဋိပက္ခများ ဖြစ်ပွား နေသော ရခိုင်ပြည်နယ် တွင် ဘင်္ဂါလီ ရွာ များကို ဖယ်ရှား ပေးရန် တောင်းဆို သော ဒေသခံ တိုင်းရင်းသား များကို ရဲတပ်ဖွဲ့ က ပစ်ခတ် ထိန်းသိမ်း ရသည့် အတွက် တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိကြောင်း ဒေသခံ များက တူညီစွာ ပြောဆို ကြသည်။

ယင်းဖြစ်စဉ် မှာ ရခိုင် ပဋိပက္ခ အရေး စတင်ခဲ့သည် ဟု အစိုးရမှ တရားဝင် ပြောဆိုခဲ့သော ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာ ၌ ယနေ့ နံနက် ၇နာရီ အချိန် တွင် ဘင်္ဂါလီ ကျေးရွာ များကို ဖယ်ရှား ပေးရန် လူဦးရေ တစ်သောင်းကျော် က တောင်းဆို ခဲ့ပြီးနောက် အထက်ပါ အတိုင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းတို့ ၏ ပြောဆိုချက် များအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးမျိုးသန့် နှင့် ရမ်းဗြဲ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တို့ကို The Voice Weekly က ယနေ့ မွန်းလွဲ ၃နာရီ ခန့်တွင် ဆက်သွယ် မေးမြန်းခဲရာ တောင်းဆို မှုများ ဖြစ်ပွား နေသည်မှာ မှန်ကန် သော်လည်း သေဆုံး ဒဏ်ရာ ရရှိမှု နှင့် ဖြစ်စဉ် များကို အတိအကျ မသိ ရှိရ သေးကြောင်း ပြန်လည် ဖြေကြားသည်။

ယင်းကျေးရွာ တောင်ပိုင်း တွင် ရခိုင် တိုင်းရင်းသား များ နေထိုင်ကာ မြောက်ပိုင်းတွင် ဘင်္ဂါလီ များ နေထိုင် ကြသည့် အတွက် ပြဿနာ မဖြစ်ပွား စေရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြမှု တွင် ပါဝင်သူ တစ်ဦးက ဆိုသည်။
အထက်ပါ တောင်းဆိုမှု တွင် ပါဝင် ခဲ့သော ဦးထွန်ကြည် က “ ကျောက်နီမော် အုပ်စု ထဲမှာ ရှိတဲ့ ဘင်္ဂါလီ ရွာ အားလုံး ကို ပြောင်းပေးဖို့ တောင်းဆို တာပါ” ဟု ဆိုသည်။

ကျောက်နီမော် ကျေးရွာ မှ မွတ်ဆလင် လူမျိုး အမျိုးသား တစ်ဦး ကမှု ၄င်းတို့ နေထိုင်ရာ နေရာကို ရခိုင်တိုင်းရင်းသား များ ဝိုင်းရံ နေ သဖြင့် လုံခြုံရေး အခြေအနေ ကို စိုးရိမ် ရသည့် အနေအထား တွင် ရှိကြောင်း ပြောကြားသည်။
“နိုင်ငံတော် ၏ အမိန့် သြဇာ အောက်မှာ အမြဲတမ်း နာခံဖို့ အသင့်ပါ။ နိုင်ငံတော် က ထားတဲ့ နေရာမှာ နေမှာပါ။ ဒါပေမယ့် အခုလို အကြမ်းဖက် လုပ်ဆောင်မှု မျိုးကို လက်မခံ ဘူး၊ ဆက်လက် အကြမ်း ဖက်လာရင် ခုခံသွားဖို့ အသင့်ပါ” ဟု ၄င်းက ဆိုသည်။

ရခိုင် တိုင်းရင်းသား များ အနေဖြင့် လုံခြုံရေး အခြေအနေ လုံခြုံမှု မရှိအောင် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိကြောင်း ကျောက်နီ မော် ကျေးရွာ မှ အဆိုပါ မွတ်ဆလင် လူမျိုးက ထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသော ပဋိပက္ခ များကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ အင်အား ၅ဝဝဝကျော်၊ နစက တပ်ဖွဲ့ ဝင် အင်အား ၁ဝဝဝကျော်၊ တပ်မတော် တပ်ရင်း ၅၁ရင်း နှင့် ဆူပူ အကြမ်းဖက်မှု များကို ဖြိုခွဲ နှိမ်နင်းရန် အတွက် မျက်ရည်ယို ဗုံးများ အပါအဝင် အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ကိရိယာ များ လုံလောက်စွာ ဖြန့်ဖြူး ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး မှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာ တွင် အောက်တိုဘာ လ ၂၈ရက်နေ့ တွင် ဖော်ပြ ထားသည်။

The Voice Weekly

ကျောက်နီမော်ကျေးရွာ (ဓါတ်ပုံ- google images)



Posted: 30 Oct 2012 06:09 AM PDT
ယနေ့ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော် လူထုနှင့် ကျောက်နီမော် တစ်ဖက်ကမ်း စကုကျွန်းတို့မှ လူထုတောင်းဆိုချက် (၄)ချက်အနက် (၃)ချက်ကို ဒေသလုံခြုံရေး တာဝန်ယူထားသော အာဏာပိုင်တို့မှ ယနေ့ညနေ (၄)နာရီအချိန်တွင်သဘောတူ လိုက်လျောလိုက်ပြီ ဖြစ်သည်။

ကျောက်နီမော်ဒေသခံ ကိုသိန်းဇော်က အာဏာပိုင်တို့ သဘောတူသည့်အချက်များကို "၁။ ကျောက်နီမော်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂလီများအား(၇)ရက်အတွင်း ပြောင်းရွှေ့နေရာချထားရန် ၂။ မတရားပစ်သတ်ခံခဲ့ရသူ ဦးဟန်တင်သေဆုံးခဲ့ရမှုအတွက် တရားခံဖြစ်သူ ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် သန်းတင့်ကို ဥပဒေကြောင်းအရ အရေးယူရန် ၃။ ဒဏ်ရာရရှိသူ ဦးမောင်သန်းရွှေအတွက် အစိုးရဖက်မှ အပြည့်အဝ တာဝန်ယူရန်" တို့ဖြစ်ပါတယ်ဟု  Arakantimes သတင်းဌာနသို့ ပြောကြားသွားသည်။

ယနေ့နံနက်(၈)နာရီအချိန်မှစ၍ ကျောက်နီမော်လူထု တစ်သောင်းကျော်ပါဝင်သော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကိုပြုလုပ်နေစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်နီမော် ရဲစခန်းမှ ပစ်ခတ်နှိမ်နင်းခဲ့မှုကြောင့် ဦးဟန်တင်(ဘ)ဦးကျော်ဟန် အသက်(၅၇)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဦးမောင်သန်းရွှေ(ဘ)ဦးချမ်းတင် အသက်(၄၂)နှစ်မှာ သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သဖြင့် ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသည်။

အစိုးရ ရဲတပ်ဖွဲ့မှ သေနတ်ပစ်လူစုခွဲသော်လည်း လူစုမကွဲသွားဘဲ လူအင်အား ပိုမိုများပြားလာသည့်အတွက် ဒေသလုံခြုံရေး တာဝန်ယူထားသူ ခမရ(၃၂၆)မှ ဗိုလ်မှူးကျော်မင်းယု က ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခုလိုသဘောတူညီခဲ့ကြကြောင်း သိရသည်။ တောင်းဆိုချက်များကို အမြန်ဆုံးလိုက်လျောနိုင်စေရန်အတွက် သပိတ်စခန်းအဖြစ် ဆက်လက်ထားရှိရေးကိုမူ သဘောတူညီမှုမရရှိခဲ့ကြောင်း Arakantimes သတင်းဌာနမှ စုံစမ်းသိရှိရသည်။

by အာရ်ကန်တိုင်းမ်စ်




Posted: 30 Oct 2012 04:22 AM PDT
၃၀၊အောက်တိုဘာ။ ၂၀၁၂၊

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာတွင် ယနေ့မနက် အစောပိုင်းတွင် ၄င်းကျေးရွာရှိ ဘင်္ဂလီ မူဆလင်များက ရွာကို မီးရှို့ရန် စီစဉ်နေကြောင်း သတင်းရရှိသဖြင့် ယင်းကျေးရွာရှိ လူနည်းစု ရခိုင်များအား ကူညီပေးနိုင်ရန် ပတ်ဝန်းကျင် ကျေးရွာများမှ လူများရောက်ရှိလာ၍ တင်းမာမှုဖြစ်နေစဉ် ကျောက်နီမော် ရဲစခန်းမှ ဒုရဲအုပ် ကျော်လွင်မှ သေနပ်ဖြင့် ပစ်ခတ်သဖြင့် ရေမျက်ဝ ရွာသား၊ ဦးဟန်ရွှေ၊ (၅၅နှစ်) သည် နေရာတွင် သေဆုံးပြီး သပြေချောင်းရွာမှ မောင်သန်းတင် (၄၀နှစ်) သည် ပေါင်တွင်ဒဏ်ရာ ရရှိသွားသည်ဟု ကျောက်နီမော် ရွာသားတဦးမှ Coral Arakan အားပြောကြားသည်။

ဒဏ်ရာ ရရှိသွားသည့် မောင်သန်းတင် အား ရမ်းဗြဲမြို့ ဆေးရုံသို့ ပို့ဆောင် လိုက်ရသည်ဟု သိရသည်။
သေနပ်ပစ်ခံရ၍ သေဆုံးသွားသည့် ဦးဟန်ရွှေ အလောင်းကို လူအုပ်ရှေ့ တွင်ထားပြီးဘင်္ဂလီမူဆလင်များအား ကျောက်နီမော်ကျေးရွာမှ ထွက်ခွာသွားရန် လူထုက တောင်းဆိုနေသည်ဟု သိရှိရသည်။
ကျောက်နီမော်တွင် ဘင်္ဂလီမူဆလင် ခြောက်ထောင်ကျော် ခန့်ရှိပြီး ရခိုင်လူဦးရေမှာ တစ်ထောင်ကျော်သာရှိသည်ဟသိရသည်။

လွန်ခဲ့သောမေလကကျောက်နီမော်ကျေးရွာမှ ဘင်္ဂလီလူငယ် သုံးဦးသည်သပြေချောင်းရွာသူ မသီတာထွေးအား လူသတ်၊ မုဒိန်းကျင့်၊ ပစ္စည်းလုယက်မှုဖြစ်ပွားခဲသည်။

Coral Arakan News (သတင်း) မင်းခရီ ရေးသည်။




Posted: 30 Oct 2012 04:10 AM PDT
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာ၌ အောက်တိုဘာ (၁၆) ရက်က  ကျောင်းသူ မိန်းကလေးတစ်ဦး အသတ်ခံ ရမှုဖြစ်ပွား ပေါ်ပေါက်ခဲ့ ရာ လူသတ်မှုမှ တရားခံကို အခင်း ဖြစ်ချိန်မှ စတင်ပြီးအချိန် ၆ နာရီ အကြာ၌ ပဲခူးအမှတ် (၂) ရဲတပ်  ဖွဲ့စခန်းက ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာ ၁၆ ရက်  နံနက် (၇) နာရီအချိန်ခန့်က ဦးတင်  မြင့် ဇိုင်းဂနိုင်းကြီးကျေးရွာ အရှေ့ ပိုင်းနေထိုင်သူ၏ သမီးဖြစ်သူမ (၁၃) နှစ်၊ ၈ တန်းကျောင်းသူ သည် အ.လ.က (၁) ကျောက် ကြီးစုကျောင်းသို့သွားရောက်ခဲ့ရာ ညနေ (၆)နာရီခန့် အချိန်အထိ နေအိမ်သို့ပြန်လည်၍ ရောက်မ  လာသောကြောင့် လိုက်လံစုံစမ်းရာ   ယင်းနေ့ကျောင်းမတက်ကြောင်း သိရသဖြင့် ဆက်လက်ပြီးရှာဖွေ  ကြရာမ(—)မှာ ဇိုင်းဂနိုင်း ကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးထွန်းမြင့်၏ စပါးခင်းအစပ်တွင် ညိုမည်းပုပ်ပွ၍ သေဆုံးနေသည် ကို အောက်တိုဘာ ၁၇ ရက် ည ၇ နာရီခွဲအချိန်၌တွေ့ရှိရသဖြင့်  ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရ သည်။

ရဲတပ်ဖွဲ့ကတရားခံဖော်ထုတ်  ဖမ်းဆီးရမိနိုင်ရေးအတွက် သတင်း  စုဆောင်းခဲ့ရာဇိုင်းဂနိုင်းကြီးကျေး ရွာနေမချော(ဈေးရောင်း)သည် အခင်းဖြစ်နေ့တွင် ဈေးရောင်းပြီး ဇိုင်းဂနိုင်းကြီးကျေးရွာသို့ပြန်လာ စဉ် နံနက် ၀၈း၃၀ နာရီအချိန်၌ အရပ်ပုပုဂင်တိုတိုအမျိုးသားတစ် ဦးရွှံ့နွံ့များပေကျံလျက်ကျောပိုး အိတ်တစ်လုံးကိုလွယ်ကာနောက်  လှည့်ကြည့်လှည့်ကြည့်နှင့်လာစဉ် ၎င်းင်းအားဝင်ရောက်တိုက်မိသွား ကြောင်း၊ ဇိုင်းဂနိုင်းကြီးကျေးရွာ နေမပုကြီးဆိုသူအမျိုးသမီးသည် အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် ဇိုင်းဂနိုင်းကြီးကျေးရွာနှင့် ရေစက် ကုန်းရွာအကြားအခင်းဖြစ်နေရာ အနီးလမ်းမပေါ်တွင် အရက်မူး နေသည့်အရပ်ပုပုဂင်တိုတိုအမျိုး သားတစ်ဦးကိုတွေ့ကြောင်း၊ ၎င်းင်း  အမျိုးသားသည်ရွှေလှေကျောက် ပုံစုကျေးရွာနေဈေးရောင်းသူမ၀ါဝါ ဆိုသူအမျိုးသမီးကိုတွေ့၍ နောက်ပြောင်ပြောဆိုသဖြင့် မ၀ါဝါ  က ၎င်းင်းအားဆဲရေးတိုင်းထွာသွား သည်ကိုတွေ့မြင်ရကြောင်း၊ ဈေး ရောင်းသူမ၀ါဝါသည်အခင်းဖြစ် နေ့ နံနက်ပိုင်းဈေးရောင်းထွက်လာ  စဉ်လမ်း၌အရက်မူးနေသူလူတစ် ဦးက ၎င်းင်းအားနောက်ပြောင်ပြော  ဆိုသဖြင့်ဆဲရေးတိုင်းထွားရန်တွေ့ ခဲ့ကြောင်း၊ ထိုအချိန်မှာ မြို့ပေါ် ကျောင်းသို့ကျောင်းသွားတက်ကြ သော ကျောင်းဝတ်စုံနှင့် ကျောင်း သား၊ ကျောင်းသူများသွားလာနေ  ကြသည်ကိုတွေ့ရကြောင်း၊ ၎င်းင်း  အားနောက်ပြောင်ပြောဆိုခဲ့သူမှာ   ရွှေလှေကျေးရွာ၊ ရွာမပိုင်းနေသူ  ဦးတွတ်နီ၏သမက်တော်စပ်သူမင်း မင်းထွန်းဆိုသူဖြစ်ကြောင်းသိရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည်ညတွင်းချင်း  ရွှေလှေကျေးရွာသို့သွားရောက်ကာ  မင်းမင်းထွန်းအား ဖမ်းဆီးခဲ့သည်။ မင်းမင်းထွန်း၏ အိပ်ရာအနီး ကျောပိုးအိတ်နှင့် ကျောင်းသုံးဘောပင် (၅) ချောင်း  ကို သက်သေခံပစ်္စည်းများအဖြစ် သိမ်းဆည်းခဲ့သည်။

မင်းမင်းထွန်း  အား ရဲစခန်းက (ပ) ၂၆၂/၁၂ ပုဒ်မ ၃၀၂ အရ စစ်ဆေးခဲ့ရာ ၎င်း ၏ အစစ်ခံထွက်ဆိုချက်များအရ မင်းမင်းထွန်းမှာ အောက်တိုဘာ ၆ ရက်က ရေစက်ကုန်းကျေးရွာရှိ နာရေးတစ်ခုတွင် ဖဲရှုံး၍ ရေစက် ကုန်းကျေးရွာမှ ဇိုင်းဂနိုင်းကြီးကျေး ရွာဘက်သို့အခင်းဖြစ်နေ့ နံနက် ၀၇း၃၀ နာရီအချိန်ခန့် လမ်း လျှောက်လာစဉ်လမ်းတွင် ကျောင်း သူမိန်းကလေးအားတွေ့၍ ပိုက်ဆံ  တောင်းကြောင်း၊မပေးသဖြင့် ပါးစပ်  ပိတ်ပြီး နောက်လမ်းနံဘေးလယ် ကွင်းထဲသို့ဆွဲခေါ်သွားကာ သေသူ  မိန်းကလေးပါးကို နှစ်ချက်ရိုက်၍ မုဒိမ်းကျင့်၊လည်ပင်းညှစ်ပြီးသတ်ခဲ့ ကြောင်း ထိုနောက်ကျောပိုးအိတ် အတွင်းမှ စာအုပ်များကိုအခင်းဖြစ်  ရပ်တွင် သွန်ချခဲ့ပြီးအဆိုပါအိတ် ကိုယူ၍ထွက်ပြေးခဲ့ကြောင်း၊ လမ်း တွင်အမျိုးသမီးတစ်ဦးအား ၀င်တိုက် မိခဲ့ကြောင်း အစစ်ခံထွက်ဆိုခဲ့ သည်။

အဆိုပါလူသတ်မှုအား ထိုက် သင့်သောပြစ်ဒဏ်များရရှိစေရေး အတွက် အမှုကိုခိုင်မာတည်ဆောက်   ကာတရားစွဲဆိုသွားမည်ဟုသတင်း ရရှိသည်။

မင်းခဏ့် (The Hot News)




Posted: 30 Oct 2012 03:52 AM PDT
ပညာရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး စတဲ့ ထုတ်ဝေခွင့် လိုင်စင် စည်းကမ်း သတ်မှတ်ချက် ဘောင်ထက်ကျော်ပြီး ရေးသား ဖော်ပြနေကြတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကို အရင်စာပေစိစစ်ရေး လက်ထက်တုန်းကလို ခေါ်ယူသတိပေး
တာ၊ အရေးယူတာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ပြန်ကြားရေး ၀န်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ဒီဗွီဘီ ကို ပြောပါတယ်။

စာပေစိစစ်ဌာန မဖျက်သိမ်းခင် အချိန်ကထိ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စာပေနဲ့အနုပညာ စတဲ့ သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်မဂ္ဂဇင်းတွေဟာ လိုင်စင်ပါ အမျိုးအစား အကြောင်းအရာကိုသာ ဖော်ပြရမှာဖြစ်ပြီး အခြားနိုင်ငံရေး အပါအ၀င် သတင်းစုံဖော်ပြမှုတွေကို တားမြစ်ထားပါတယ်။

ကန့်သတ်တားမြစ်ချက်ကို ဖောက်ဖျက်ရင် ခေါ်ယူ သတိပေးတာ ယာယီ ထုတ်ဝေခွင့် ပိတ်ပင်တာမျိုးအထိ အရေးယူအပြစ်ပေးလေ့ ရှိပါတယ်။

အခုနောက်ပိုင်း သီးသန့်ထုတ်ဝေခွင့် လိုင်စင်နဲ့ ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အကြောင်းအရာမျိုးစုံ “သတင်းစုံ” ပုံစံ ဖော်ပြလာကြပြီး ပြန်ကြားရေးဝန်ကြီးဌာနကလည်း တားမြစ်တာ မရှိတော့ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေ အသက်ဝင်နေဆဲ ဖြစ်တဲ့အတွက် ထုတ်ဝေသူတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ သူထင်မြင်ကြောင်း ဦးမျိုးမြင့်မောင်က ပြောပါတယ်။

By (ဒီဗွီဘီ)




Posted: 30 Oct 2012 06:26 AM PDT
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အရပ်ဘက် အုပ်ချုပ်ရေးကို အာဏာ တိုးမြှင့်ပေးဖို့နဲ့ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှား နေသူတွေကို အရေးယူဖို့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ရခိုင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ နိုင်ငံအတွင်း အခြားဒေသတွေဆီ မပျံ့နှံ့ဖို့နဲ့ အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အစည်းကို အထောက်အပံ့ ဖြစ်စေမယ့် လုံခြုံရေး အာဏာပေးဖို့ကို တောင်းဆိုထားပါတယ်။

ဒီမိုကရေစီ မိတ်ဆွေ ပါတီများထဲမှာ ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က “ပြဿနာတခုခုဖြစ်လာခဲ့ရင်၊ အများနဲ့ဆိုင်တဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေ ဖြစ်လာတဲ့အခါမျိုးမှာ အဲဒါတွေကို အတိုင်းအတာ တခုထက် ကျော်လွန်ပြီးတော့ ပြည်သူလူထုရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မယ်ဆိုရင် သက်ဆိုင်ရာအစိုးရများက ကာကွယ်ရတယ်၊ ထိန်းသိမ်းရတယ်။ ထိန်းသိမ်းတဲ့နေရာမှာ စစ်တပ်က ယူနီဖောင်းကြီးတွေ တကားကားနဲ့ မလုပ်ရဘူး။ Aid to civilian power ဆိုတာ ရဲတို့၊ လုံခြုံရေးတို့က မလုပ်နိုင်ရင် ဒါကို ကူညီဖို့ တပ်ကို အကူအညီတောင်းရတယ်။ သို့သော် တပ်က အရပ်ဘက်အုပ်ချုပ်ရေးရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိရတယ်” လို့ ပြောပါတယ်။

တည်ငြိမ်အေးချမ်းဖို့အတွက် စစ်တပ်ကို အသုံးပြုမယ်ဆိုရင် အဲဒီစစ်တပ်ဟာ အရပ်ဘက် အုပ်ချုပ်ရေးအောက်မှာ ရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ရခိုင်အရေး ကိစ္စမှာ အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်လုပ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ကိုလည်း ဦးမျိုးညွန့်က ထောက်ပြ ပြော ဆိုပါတယ်။

“တချို့ကိစ္စတွေက မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုတယ်။ မြန်မြန်လုပ်ဖို့လိုတာကို မလုပ်ရင် ဟန့်တားနိုင်လျက်သားနဲ့ မဟန့်တားဖြစ်တာတွေ ဖြစ်သွားနိုင်တယ်။ လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေ မရှိရင်လည်း အဲလိုဖြစ်သွားနိုင်တယ်။ မလိုအပ်ဘဲနဲ့ ပြဿနာတွေ ဖြစ်သွားနိုင် တယ်။ ဒါကြောင့် လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေကို မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်စုံစုံလုပ်ဖို့ပါ ကျနော်တို့ဖြစ်စေချင်တာက ဒါပါ။ ဘာသာရေး၊ လူမျိုးရေးကိစ္စ ဘာမှမရေးဘူး၊ ဒါကို တော်တော်သတိထားတယ်။ ဖြစ်နေတဲ့ ပဋိပက္ခများ ချုပ်ငြိမ်းသွားရေးအတွက် လုံခြုံရေးသေချာလုပ်ပါ။ အုပ်ချုပ်ရေးရှုထောင့်ကြည့်ရင်လည်း အုပ်ချုပ်ရေးကိစ္စများကို တင်းတင်းကျပ်ကျပ် လုပ်ပါလို့ ပြောချင်ပါတယ်။”

ဒီမိုကရေစီမိတ်ဆွေများပါတီက မထုတ်ပြန်ခင် ရက်ပိုင်းအတွင်းက နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က အကြမ်းဖက်မီးရှို့မှုဖြစ်စဉ် နောက်ကွယ် က ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကိုလည်း အမြန်ဆုံးဖော်ထုတ် အရေးယူမယ်လို သတင်းထုတ်ပြန်ထားပါတယ်။

by မင်းလွင် (ဒီဗွီဘီ)

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ


Posted: 30 Oct 2012 03:46 AM PDT
၃၀.၁၀.၂၀၁၂ ရက် နံနက် (၈)နာရီလောက်မှ စတင်သော ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ ဆန္ဒဖော်ထုတ်မှုမှ ဆက်လက်ဖြစ်ပွါးလျှက်ရှိနေပါသည်။

 ဆန္ဒပြလူအုပ်သည် တဖြည်းဖြည်း တိုးလာလျှက်ရှိပြီး လုံခြုံရေးဖက်မှာလည်း တပ်ရင်းတစ်ရင်းတိုးချပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းကို စုံစမ်းသိရှိရပါသည်။

 အခင်းဖြစ်ပွါးရခြင်းမှာ ရဲလုံခြုံရေးမှ မလိုလားအပ်ဘဲ လူအုပ်ထဲသို့ သေနပ်ပစ်ဖောက်မှုကြောင်း ရခိုင်တိုင်းရင်းသား (၁) ယောက်သေဆုံးပြီး (၂) ယောက်မှာ ဒဏ်ရာရရှိကာ ကျောက်နီမော်ဆေးရုံးသို့ တင်ထားရပါသည်။

ထိုပစ်ခတ်မှုကို ဒေသခံများမှ မကျေမနပ်ဖြစ်ပွါးလျှက်ရှိပြီး ယခုအခါ ကျောက်နီမော် ဘင်္ဂလီကျေးရွာနှင့် ကျောက်ထရံ ဘင်္ဂလီကျေးရွာနှစ်ရွာကို ရခိုင်များနှင့် ဝေးရာသို့ ရွေ့ပြောင်းပေးရန် ညအိပ် သပိတ်ဆင်းနွှဲသွားမည်ဟု သိရှိရပါသည်။

ကျောက်နီမော် ကျေးရွာတွင် ဘင်္ဂလီရွာတ၀က်နှင့် ရခိုင်ရွာတ၀က် တခြမ်းစီနေထိုင်လျှက်ရှိကြပါသည်

၂၀၁၂ ခုနှစ် မေ ၂၈ ရက်နေ့က ဘင်္ဂလီမူဆလင်သုံးယောက်မှ မြန်မာတိုင်းရင်းသူ ကျောက်နီမော်ကျေးရွာ အုပ်စု၊ သပြေတော ကျေးရွာမှ မသီတာထွေးကို မုဒိန်းကျင့်၊ ပစ္စည်းလု၊ လူသတ်မှုဖြင့် ရခိုင်အရေးကို စတင်ခဲ့သည် နေရာတခုဖြစ်ပါသည်။

ယခုအခါ ရမ်းဗြဲမြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ကို ထုတ်ပြန်ထားလျှက်ရှိပါသည်။

Rakhine Straight Views


Posted: 30 Oct 2012 02:07 AM PDT
ဧရာမ ဟာရီကိန်းမုန်တိုင်း ဆန်ဒီဟာ အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းခြေကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ အတွက် အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံတွေမှာ မနေ့က အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရပြီး သစ်ပင်တွေ၊ လျှပ်စစ် မီးကြိုးတွေ ပြိုလဲပျက်စီး ခဲ့ပါတယ်။

နယူးယောက်၊ နယူးဂျာစီ၊ မေရီလန်း၊ ပင်ဆယ်ဗေးနီးယား၊ ဗာဂျီးယား အနောက်ပိုင်းနဲ့ မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေက ဒေသခံတာဝန်ရှိသူတွေရဲ့ သတင်းအစီရင်ခံချက် တွေအရ အင်အားကြီးမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ သူတို့တွေဟာ သစ်ပင်ပိတာ၊ အိမ်ပြိုတာ၊ လေထဲလွင့်ပါပြီး တခုခုနဲ့ တိုက်မိ၊ ဆောင့်မိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုရွန်တို ရဲတပ်ဖွဲ့ ပြောကြားချက်အရ ကနေဒါအမျိုးသမီးတဦးကတော့ လွင့်ပျံလာတဲ့ အပျက်အစီးတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

နယူးဂျာစီပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ ကိုလှဌေးက “State of Emergency ဆိုပြီး ကြေညာထားပြီ။ အခု ၀င်နေပြီ။ ကျနော်တို့နေတဲ့ မြို့အတွင်းပိုင်းတောင်မှ တံခါးဖွင့်လိုက်ရင် တ၀ုန်းဝုန်းနဲ့ ၀ုန်းဝုန်းနဲ့ လေတွေတိုက်နေတာ။ ကျနော်တို့တောင် အပြင်မထွက်ရဲဘူး။ ပင်လယ်ကမ်းခြေဒေသတွေဆိုရင် အပျက်အစီးတော်တော်များနေလောက်ပြီ။ လျှပ်စစ်မီးတွေလည်း ပြတ်သွားပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ကာရစ်ဘီယံဒေသတလျှောက် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဆန်ဒီကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံးခဲ့ရပြီး တနင်္လာနေ့မှာ ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

အသက်အိုးအိမ် စည်းစိမ်ကို မကြုံစဖူး ခြိမ်းခြောက်မှုလို့ အာဏာပိုင်တွေက သတိပေးထားပြီး နယူးအင်္ဂလန်မှ မြောက်ကယ်ရိုလိုင်းနားအထိ ဒေသခံပေါင်း ထောင်သောင်းကို အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံကြဖို့လည်း အမိန့်ထုတ် ညွှန်ကြားထားပါတယ်။

မုန်တိုင်းကြောင့် အမေရိကန် လူဦးရေ ၅ ပုံ ၁ ပုံ လောက် ဖြစ်တဲ့ သန်း ၆၀ ကျော်ကို ထိခိုက်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးလောက်အထိ ပျက်စီးဆုံးရှူံးနိုင်တယ်လို့ ဘေးအန္တရာယ် ခန့်မှန်းရေး ကုမ္ပဏီ Eqecat က ကြိုတင်တွက်ချက် ခန့်မှန်းထားပါတယ်။

by ပီတာအောင် (ဒီဗွီဘီ)





Posted: 30 Oct 2012 12:52 AM PDT
ရန်ကုန် ၊ အောက်တိုဘာ ၃

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် သမ္မတကြီး၏ အမိန့်ကို နာခံရန် ကတိ ပေးထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။

ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့ရှိ JING CHENG ဟိုတယ်၌ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင် ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် စစ်ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များ ဆွေးနွေးမည်ဟု ဆိုသော်လည်း ကေအိုင်အေ (ကချင် လွတ်လပ်ရေး တပ်မတော်) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား တက်ရောက် လာမည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ တက်ရောက်လာခြင်း မရှိကြောင်း တွေ့ရသည်။

The Voice Weekly






Posted: 30 Oct 2012 12:39 AM PDT
ရန်ကုန်၊ အောက်တိုဘာ၃၀

ယနေ့ ကျင်းပနေသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းသည့် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ တပ်မတော်မှ ၁၀၅ မမ အမြောက်ဖြင့် ၁၄ လုံး ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေ ဘက်က ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းကလည်း “ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆွေးနွေးပြီး စစ်ရေးကို ဖြေလျှော့ဖို့ လိုတယ်" ဟု ဆိုသည်။

ထို့အတွက် နှစ်ဦးနှစ်ဖက် အောက်ခြေတွင် သံသယ အမှန်ဖြစ်သော်လည်း တွေ့ဆုံဆွေးနွေး၍ စစ်ရေးလျှော့ချရန် လိုအပ်ကြောင်း
ထပ်မံ ပြောကြားလိုက်သည်။

The Voice Weekly




Posted: 29 Oct 2012 02:19 PM PDT
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့လောက် အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ သေဆုံးသူ ၈၈ ဦး နဲ့ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ရသူပေါင်း နှစ်သောင်း ခြောက်ထောင် လောက်ရှိ နေပြီလို့ ဒီကနေ့ အစိုးရက ထုတ်ပြန်ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြပါတယ်။

မနေ့က ထုတ်ပြန်တဲ့ စာရင်းအရ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၂၂၀၀၀ လောက်ရှိမယ်လို့ ပြောတဲ့အတွက် ဒီကနေ့ ထုတ်ပြန်ချက်ဟာ နောက်ထပ် များလာတာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ၄၉ ဦး နဲ့ အမျိုးသမီး ၃၉ ဦးဖြစ်တယ်လို့ အစိုးရ အရာရှိ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပေါက်တော ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ ၊ ရသေ့တောင် စတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတွေမှာ အိမ်ခြေ ရာပေါင်းများစွာ ဆုံးရှုံးတယ်လို့လည်း သိရပါတယ်။ ပေါက်တောမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုမှာ အိမ်ခြေ အလုံးရေ ၃၀၀ မီးလောင်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၇၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ကယ်ဆယ်ရေး စခန်းတွေမှာ ရှိပြီးသားဖြစ်တာကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အရေအတွက်ဟာ တစ်သိန်းတစ်သောင်းကျော်လောက် ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးခွဲအဆိုအရ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပြီး ကူညီနေပေမယ့် ရေရှည် ထောက်ပံ့ကူညီနိုင်ဖို့ ငွေကြေး နဲ့ တခြား လိုအပ်ချက် အခက်အခဲတွေ များလာမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

RFA Burmese

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရသူများအား တွေ့ရစဉ်။ RFA




Posted: 29 Oct 2012 01:16 PM PDT
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရွာ ဗလီကို ည ၁၁ နာရီလောက်မှာ ဆိုက္ကယ်နဲ့လူတယောက် က လက်ပစ်ဗုံး တလုံးနဲ့ ပစ်ပြေး သွားပြီးတော့၊ ကော့ကရိတ်မြို့ ရေနံဆီကုန်းရပ် က ဗလီကို လည်းဆိုက္ကယ်နဲ့ လူနှစ် ယောက် က ည ၁၂ နာရီခွဲလောက် မှာ ဗုံးနှစ်လုံး နဲ့ပစ်ခတ်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကော့ကရိတ်ဗလီ လက်ပစ်ဗုံးခွဲခံရ



Posted: 29 Oct 2012 01:11 PM PDT
ရခိုင်ပြည်နယ်ရှိ မငြိမ်မသက်မှု ဖြစ်ပွားခဲ့သည့် မြို့များသို့ သွားရောက်လျှက်ရှိသည့်  ဒု-ဗိုလ်ချုပ်ကြီး လှမင်း ယနေ့ညနေပိုင်း သံတွဲမြို့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မျိုးချစ်စိတ်ရှိဖို့ လိုအပ်သည်မှာ မှန်သော်လည်း ရခိုင်အမျိုးသားများ အနေဖြင့် အရှိ လွန်နေသည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူတဦးက ပြောကြားသည်။
၎င်းက “အခုတခေါက် ရမ်းဗြဲကိုသူရောက်တော့ ရခိုင်အမျိုးသား အိမ်တွေမှာ ဘင်္ဂလီတွေ ထွက်သွားဆိုတာတွေ ရေးထားတာ ထူးထူးခြားခြား တွေ့ရတယ်လို့ ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးလည်း မျက်ကန်းမျိုးချစ်ဆိုတဲ့ စကားလုံးလည်း သုံးသွားတယ်” ဟု -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး
စစ်တွေလေဆိပ်သို့ ရောက်ရှိလာစဉ်။ ဓါတ်ပုံ - Messenger News Journal



Posted: 29 Oct 2012 08:34 AM PDT
အမေရိကန် ပြည်ထောင်စုမှာ ကြုံဖူးသမျှ မုန်တိုင်းတွေထဲမှာ အကြီးမား ဆုံးဖြစ်မယ့် စန်ဒီ ဟာရီကိန်း မုန်တိုင်းဟာ ဒီကနေ့ တနင်္လာနေ့မှာ ကုန်တွင်းပိုင်းကို ၀င်ရောက်ဖို့ ရှိတာနဲ့အမျှ နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်တဲ့ အရှေ့ဘက် ကမ်းရိုးတန်း ဒေသတလျှောက် မိုးကြီးရွာပြီး လေပြင်း တိုက်မှာ ဖြစ်တာကြောင့် အခြေအနေတွေ ဆိုးဖို့ရှိနေ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Sandy မုန်တိုင်း Atlantic Ocean ကို စတင် တိုက်ခိုက်နေပုံ ( အောက်တိုဘာ ၂၉၊၂၀၁၂)



Posted: 29 Oct 2012 08:27 AM PDT
ရှမ်းပြည် တပ်မတော်SSA တောင်ပိုင်းခေါ် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီRCSSနဲ့ အစိုးရ အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘော တူညီချက် မရတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်းဖက်က အချက် ၁၀ချက် တင်ပြဆွေးနွေးခဲ့ပြီး နောက်ဆုံးအချက် ၂ချက်မှာ သဘောတူညီချက် မရခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီRCSSနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တို့ဟာ ဘိန်းအစားထိုး စိုက်ပျိုးရေးအတွက် စံပြစီမံကိန်းဖော်ဆောင်ဖို့ ဒီလ ၂၇ရက်နေ့ကစတင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့က မြိုတော်ခမ်းမမှာ ၂ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ တိကျတဲ့ သဘောတူညီချက်တွေ မရခဲ့တဲ့အကြောင်းကိုတော့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဆိုင်းက အခုလို ပြောပါတယ်။

“သဘောထားချင်းတိုက်ဆိုင်တာတွေတော့ရှိတယ်။ သဘောထားချင်းမတိုက်ဆိုင်တာတွေလည်း ရှိတယ်ဆိုတော့ မနေ့က ကျနော်တို့ ဆွေးနွေးပွဲက အထမမြောက် တဲ့ ဆွေးနွေးပွဲလို ဖြစ်သွားပါတယ်ခင်ဗျ။ သဘောထားချင်း မတိုက်ဆိုင်တဲ့ကိစ္စကတော့ စိုက်ပျိုးရေးသီးနှံအစားထိုးစီမံကိန်းမှာ လုံခြုံရေးတာဝန်ခွဲဝေတဲ့ အပိုင်းမှာပါခင်ဗျ။”

နှစ်ဖက်သဘောထားချင်းမတိုက်ဆိုင်တဲ့အခြေအနေကို သူက အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ RCSS ရယ်၊ နိုင်ငံတော်အစိုးရရယ် အချိုးညီမျှတဲ့ လုံခြုံရေး တပ်တွေကို ဖွဲ့စည်းဖို့ တင်ပြတောင်းဆိုခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စကို အစိုးရဖက်က လုံခြုံရေးကို တပ်မတော်နဲ့ ပြည်သူ့ရဲ ကသာ တာဝန်ရှိတဲ့အကြောင်း၊ ကျနော်တို့ ပူးပေါင်းပြီးလုပ်ဆောင်ချင်တဲ့ ကိစ္စရပ်ကို ကျနော်တို့ ဆန္ဒအတိုင်း အစိုးရဖက်က မလိုက်လျောနိုင်တဲ့ အတွက်ကြောင့် ဆွေးနွေးပွဲကြီးက အထမမြောက်ရခြင်းပဲ ဖြစ်တဲ့ပုံစံမျိုးရှိပါတယ်။”

SSA တောင်ပိုင်းဖက်ကတင်ပြတဲ့အချက် ၁၀ချက်မှာ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအတွက် မိုင်းပန်နဲ့ မိုးနဲဒေသမှာ အစိုးရ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံ
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...