Tuesday, October 30, 2012

ပူရ်နိမာ



by Zay Ya on Tuesday, October 30, 2012 at 1:03pm 

The Moon said tonight, "Let me in!"

“ပူရ်နိမာ” ဆိုတာ “လပြည့်ည” ကို ပြောတာ..။ ချမ်းမြေ့စရာကောင်းတဲ့ လပြည့်ညကို ဆိုလိုတာ..”

လ- ဟာ ကမ္ဘာ လောကဓာတ်တစ်ခွင် အတွက် ချမ်းမြေ့ဖွယ် အကောင်းဆုံး အလှပဆုံး ပြယုဂ်..။ ဆွတ်ပျံ့ ကြည်နူးစရာ ဖြစ်စေ လွမ်းဆွတ် ငေးမောစရာပဲ ဖြစ်စေ ညအခါမှာ သာတဲ့ လ- တစ်စင်းတည်းနဲ့ ဒီခံစားချက် အားလုံးကို ကိုယ်စားပြုပေး နိုင်တယ်..။ လရိပ်ဟာ ကျနော်တို့ နှလုံးသားထဲမှာ ရှိတယ်..။
လရောင်ဟာ ကျနော်တို့ စိတ်နှလုံးကို လွှမ်းခြုံထားပြီးသား ရှိတယ်..။

“လဝန်းကို ကျနော်တို့ နှလုံးသားထဲမှာ သိမ်းထားနိုင်ခွင့် ရှိတယ်..”

အဲ့သလို လဝန်းကို စိတ်နှလုံးထဲ သိမ်းခေါ်နိုင်တဲ့ ဖြစ်စဉ်ဟာ ချမ်းမြေ့ဖွယ် အကောင်းဆုံးနဲ့ အထူးခြားဆုံး ဖြစ်စဉ် ဖြစ်ပါတယ်..။ လရောင်ကို ဖိတ်ခေါ်နိုင်တယ်..။ မိမိရဲ့ နှလုံးသားဟာ အိမ်ရှင်အဖြစ် အဆင်သင့် ဖြစ်မယ်ဆိုရင်- လမင်းဟာ ဧည့်သည်ဖြစ်ဖို့ အချိန်မရွေး အဆင်သင့် ရှိတယ်..။

“ကျနော်တို့သာ အဆင်သင့်ဖြစ် - သူ အဆင်သင့် ဝင်လာလိမ့်မယ်..”
“ကျနော်တို့သာ လက်ကမ်းပြီး ကြို - သူလည်း ဆန့်တန်းထွေးပိုက် လိမ့်မယ်..”

တကယ်စင်စစ် လဝန်းဟာ ညချမ်းအခါ ကောင်းကင်ပြင်ရဲ့ အဝေး တစ်နေရာမှာ ရှိပါတယ်..။ လဝန်း က ဝေးနေပေမယ့် လရိပ်က ကျနော်တို့ အနားမှာပဲ ရှိတယ်..။ အားလုံးကို ဖြန့်ကျက် မိုး၊ အဝေးတစ်နေရာက စိုးမိုးနေပေမယ့် ကျနော်တို့ အားလုံးရဲ့ နှလုံးအိမ် အတွင်းမှာ နက်နက်ရှိုင်းရှိုင်း ခိုအောင်း နေရာယူထားပြန်တယ်..။ ဒါ့ကြောင့် စိတ်နှလုံး ရေးရာ အထင်ကရ ဖြစ်ရပ်တွေ အများစု ဟာ လပြည့်ည- မှာ ဖြစ်ပေါ်လေ့ ရှိတယ်..။ လုပ်ရမှာ တစ်ခုတည်းပါ..။

“ကျနော်တို့ရဲ့ နှလုံးအိမ် တံခါးကို ဖွင့်ပြီး လရောင်ကို ဝင်ခွင့်ပေးလိုက်ယုံလေး..”
“ကျနော်တို့ စိတ်ဘဝင်မှာ လ- အရိပ်ကို ထင်ခွင့် ပေးလိုက်ယုံလေး..”

ဒါဟာ ဘာဝနာ တစ်ခုလုံးရဲ့ အကျဉ်းချုပ် ဖြစ်စဉ်ပါပဲ..။ အဲ့ဒီအခါ ကျနော်တို့ရဲ့ အတ္တ ဥခွံ ပြိုကွဲလာတယ်..။ တစ်ဒင်္ဂခဏရဲ့ ထာဝရ အဖြစ်ကို သိမြင်လိုက်ရ လိမ့်မယ်..။ မမြဲခြင်းတို့ရဲ့ မြဲခြင်းတရားကို သိမြင်လာတယ်..။ အမှောင်ကမ္ဘာ တစ်ခုလုံးကြားက ဖြူဝင်း လှပနေတဲ့ “လပြည့်ည” ကို ကျနော်တို့ ကျကျနန ခံစား လိုက်လိမ့်မယ်..။

“ကျနော်တို့အတွက် လရောင်ရွှန်းမြ ဝင်းပနိုင်ဖို့ ကောင်းကင်တစ်ခုလုံး အမှောင်ချ ပေးခဲ့တာကို ကောင်းကောင်း ကျေးဇူးတင်သွား ပါလိမ့်မယ်..”

.................................
Oct 30th 2012 at 7:45 AM
.................................
Edited: My beloved Lin Lin Latt
Photo: Jagdish Bharti

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...