Friday, October 26, 2012
Box ဝက်ဆိုဒ် (သို့ မဟုတ်) ဖိုင်၊သီချင်း၊ဆော့ဝဲလ် တွေ သိမ်းဆည်းလို့ ရတဲ့နေရာ
by Moenge Aung on Friday, October 26, 2012 at 10:16pm ·
သူငယ်ချင်းတို့ ရဲ့ ဖိုင်တွေ၊သီချင်းတွေ၊ဗွီဒီယိုတွေ ..အစရှိသည်တို့ ကို အွန်လိုင်းပေါ်မှာ သိမ်းဆည်းထားနိုင်တဲ့ဝက်ဆိုဒ်လေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်လို့ ပါ။ သိမ်းဆည်းနိုင်တဲ့ ဖိုင် ပမာဏ ကတော့ 5GB ထဲပါ။
ထုံးစံအတိုင်းပေါ့ သိပြီးသား ညီအစ်ကိုမောင်နှမ များက ကျော်သွားကြပါ...ကျွန်တော့်လို မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက်ရည်ရွယ်ပါတယ်။
ပထမဦးဆုံး ဒီနေရာလေးကနေသွားလိုက်ပါ။
Register လုပ်ဖို့ လိုပါတယ်။ Register လုပ်ဖို့ အတွက် Sign Up ကိုနှိပ်လိုက်ပါ။
ပြီးရင် Personal အောက်နားမှာရှိတဲ့ Sign Up Now ကို ဆက်ကလစ်ပေးပါ။
ဖြည့်ရမဲ့နေရာလေးတွေမှာဖြည့်ပြီး Continue ကို ဆက်နှိပ်ပေးပါ။
အောက်ကပုံလေးတွေ အတိုင်းဆက်ကြည့်သွားလိုက်ကြပါ။
အဲ...စာပါရေးမှ.....တစ်ခါ အပြောခံထားဖူးလို့  ကြောက်၏။
Select a Box plan: အောက်ရှိ Personal ရှေ့က အဝိုင်းတွင် မောက်စ်နှင့်ကလစ်ပြီး အစက်လေးထည့်ပေးလိုက်ပါ။ထည့်ပြီးသားဆိုရင်တော့မထည့်ပေးနဲ့ ပေါ့လေ။
ဒါဆိုရင် မိမိ အကောက်ဖောက်တာ အောင်မြင်သွားပါပြီ။ မိမိအကောက်ကို Verify လုပ်ဖို့ အတွက် မိမိ ဂျီမေးလ်ကို ပြန်ဖွင့်ပြီး Box က ပို့ ထားတဲ့ မေးလ်ကို ဖွင့်၍ သူပေးထားသော လင့် (သို့ မဟုတ်)Verify Your Email ကို ကလစ်ပြီး activate လုပ်လိုက်ပါ။
အောက်ကပုံကတော့ Verify လုပ်ပြီးသွားရင် ပေါ်လာမဲ့ပုံပါ။ပုံထဲရှိ Log in and Get Started ကိုကလစ်ပြီးဆက်သွားလိုက်ပါ။Welcome to Box ဆိုပြီး Box တစ်ခု တက်လာပါလိမ့်မည်။ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် လေးကို ကလစ်ပြီး ပိတ်လိုက်ပါ။
Upload ကို နှိပ်ပြီးတော့ မိမိ တင်ချင်သော ဆော့ဝဲလ်၊သီချင်း၊ဓါတ်ပုံ အစရှိသည်တို့ ကို 5GB မပြည့်မချင်းတင်နိုင်ပါပြီ။
Upload ကို နှိပ်ပြီး လျှင် File Upload ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။မိမိတင်ချင်သော ဖိုင်ရှိသောနေရာ သို့ သွားပြီး ရွေးပြီးလျှင် အောက်ခြေမှာရှိသော Open ကို နှိပ်ပါ။
Open ကိုနှိပ်လိုက်ရင် Upload Files ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ထပ်ပြီးတော့ ဖိုင်တွေ တင်ချင်သေးရင် +Add more files ကို ကလစ်ပြီးတင်ပါ။ ပြီးလျှင် အောက်ခြေမှာရှိတဲ့ Upload ကို နှိပ်လိုက်ပါ။
အောက်ကပုံကတော့ Upload လုပ်နေတဲ့ပုံပါ။ Upload လုပ်ပြီးတဲ့အထိ စောင့်လိုက်ပါ။:P
အောက်ကပုံကတော့ Upload လုပ်တာပြီးသွားရင် ပေါ်မဲ့ပုံပါ။ မိမိတင်လိုက်သော ဆော့ဝဲလ် ကို ပြန်ရှယ်ချင်လျှင် Share ကို နှိပ်ပါ။
ထိုအခါ Link to this file ဆိုသော စာတန်းရဲ့ ညာဘက်ရှိ အကွက်ထဲတွင် မိမိ တင်ထားသော ဆော့ဝဲလ်ရဲ့လင့်ပေါ်လာပါလိမ့်မည်။ထိုလင့်ကို ကူးပါ။ကျွန်တော်တို့ ရွှေမြန်မာဥယျာဉ်မှာ မျှဝေမယ်ဆိုလျှင် လိုအပ်တာများ ထည့်သွင်းမည် ဘေးရှိ Link ကို နှိပ်ပြီး Link URL နေရာမှာ မိမိ Copy ကူးထားတဲ့လင့်ကို ထည့်ပြီး Link TEXT နေရာမှာ “ဒီနေရာမှာဒေါင်းပါ“ “ဒီကိုသွားပြီးဒေါင်းပါ“  အစရှိသဖြင့်ရေးပြီး မျှဝေနိုင်ပါတယ်။
အဆင်ပြေကြပါစေ.......
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...