Monday, October 29, 2012

သီတင်းကျွတ်. ရေကျော်။


by Khin Oo May on Monday, October 29, 2012 at 3:29am ·


မနက်ဖြန် ဆိုလျင် သီတင်းကျွတ် လပြည့်နေ့ဖြစ်မည်. မနစ်က ရန်ကန်ုမှာ ရှိသည် ဒီနစ်စကာပူမှာရှိသည်ပျော်စရာကြီးပေါ့တစ်နစ်တစ်နေရာနေခွင့်ရတာကံကောင်းသူလေးဖြစ်သသည်. လွမ်းသည် လွမ်းလျင် လွမ်းမည်ပေါ့ ဘာဖြစ်လဲ လွမ်းပါသည် အများကြီးလွမ်းပါသည် မနစ်က ဓါတ်ပုံများကို ပြန်ကြည့်သည်
ဒီနစ်လဲ ဒီအတိုင်းဘဲ နေမှာပါလေ. ရှိတဲ့သက်ပြင်း ဆွဲချက ဖြေတွေး ဟော စောစောက မိုးရွာတာတောင်ကြားမိသေး ရန်ကန်ုမိုးများပွဲဖျက်တော့မလား ဖျက်ချင်ဖျက် မဖျက်ချင်နေ. လွမ်းချင်သူကတော့လွမ်းပါမည်.
  
ခဥမသည် လူက စလုံးအိမ်တွင် ထိုင်နေသော်လည်း. ခဥမစိတ်သည် ရေကျော်သို့ရောက်သွားလေ သည်. ပျော်တတ်သူမို့လူကြားထဲတွေင်ပျော်ပါသည်။  ခြားကြီးကြည့်ကာ ပျော်သည်. မစီးရဲသော်လည်းပျော်သည် စီးရဲသူများကို အံသြဘနန်းပျော်သည်။



မောင်အေးဘေးတွင် တစ်ခု ဗိုလ်ချုပ်လမ်းပေါ်တွင်တစ်ခုဖြစ်သည်။ စည်ကားလေသည် မိုးချုပ် ညကိုးနာရီမှ လာသောခဥမသည် လူမတိုးရတော့ချေ. တိုးချင်သော်ငြားလည်းအတော်နောက်ကျနေဘီဖြစ်သည်။






မုန့်ဆိုင်မျာိးကု ကြည့်ရသည်မှာ ပျော်သည် ဘာပျော်စရာရှိလို့ဒုံးဟု မခံစားတတ်သူများက မေးလျှင်တော့အသာနေပါအေ ဟု ဆိုကာ ဆွဲဆိတ်လိုက်မည်ဖြစ်သည်။








ပန်းချီကား ဆွဲ နေသောလူကြီးကု သဘောကျသည် ကမှာတလွားစင်တင်ပြီး ယူကျုတင်လိုက်ရလျင် ငါတို့မြန်မာကွဆိုက ဂုဏ်ယူနိုင်သေးသည်. စကူဖြူတစ်ချပ်သည် ချက်ချင်း ပန်းချီကားတစ်ချပ်ဖြစ်သွားလေသည်။ နန်းခင်ဇေယျာကို ဗုတ်နိုင်ကျသော်လည်း နောက်လူများကို သိတ်ဗုတ်နိုင်ကျတော့ပုံမရချေ. ကောင်မလေးကံကောင်းသည်. မြန်မာတို့သည် အသစ်အဆန်းအချောအလှကလေးတစ်ခုကိုအားရပါးရ ဝိုင်းနိပ်လိုက်ကြသည်မှာပျော်သွားကြပြီး လက်အံကုန်သွားကြပြီထင်သည် မည်သုမည်သို့တို့တို့သိတ်လှူပ်နိုင်ကြပုံမရချေ.။





ကောက်ညှင်းကျည်တောက်ကြီးများကြည့်ရသည်မှာ အားရစရာကောင်းလှသည် စားမည် စားမည် အားလုံးစားမည် ဈေးလည်းသက်သာသည် နစ်ရာကျပ်သုံးရာကျပ်ထင်သည်. အဖြူလည်းစားမည် အမဲလည်းစာမည် သိကြာလဲးထည့်မည် အုန်းသီးခြစ်ကလေးများလည်းထည့်မည်.





မနု့်မျှိုးစုံ အစုံဝယ်မည် စားချင်းသောသူများစားချင်စားမစားချင်နေ တစ်ခုစီတစ်မျိုးစီလျောက်ဝယ်မည်။  အမျိုးများကို ပေးမည် အမျိုးများကလည်းဝမ်းသာကြပေမည်။





သူများတွေ မြင်ကုန်ရင် ရှက်စရာကြီုးဆိုမလား မရှက်ပါဘူးအေ. ငါတို့မဆင်းရဲပါဘု. ဒီလိုမုန့်မျိုးလေးက ဒီလိုစားရတာ အရသာရှိတာ နီတို့မစားဘူးပါဘူးဟု ပြန်ပြောလိုက်မည်. ပုဇွန်ကြော်ကြီးများကို ဆလပ်၇ွက်အများကြီးထည့်ခိုင်းပြီးစားမည် ရေနွေးပူပူသောက်မည်.





လမ်း ၅၀ လား ၄၉ လမ်းလား. ဗိုလ်ချုပ်လမ်း ရေကျော်ဈေးအနီးတွင်  လမ်း ဒေါင့်နားလေးတွ င် အရင်က လေးဆယ့်ခြောက်လမ်း က အမျိုးများေ ရာင်းသော မုန့်ဟင်းခါးဆိုင်ရှိသည် သိမ်းနေသော ဆိုင်ကို မျက်နာပြကာ မှတ်မိတယ်ဟုတ်. စားချင်လို့ ရှိတာလေး ကြံဖန်ပေးပါ ဟုဆိုကာ စားရသော မုန့်ဟင်းခါးတစ်ခွက်သည် လွမ်းသူ့ကို လွမ်းစိတ်ပိုလေသည်.  ခဥမ သည်  Verbery hill သို့မသွားလိုပါ. . မြန်မာပွဲတော်လေးများကို လွမ်းဆွတ်နေသူသာဖြစ်သည်. ပြန်ပါလား ဆိုရင်တော့  .. အဟ. အဟ. တစ်နေ့တော့ခင်ပြန်လာပါမည်။




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...