Sunday, October 28, 2012

ဝင်းဒိုး ၈ အကြောင်း သိကောင်းစရာ



by Ko Baloi on Sunday, October 28, 2012 at 12:44am ·

ဝင်းဒိုး 8 အကြောင်းသိကောင်းစရာ Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။
Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။ Windows 8 ၏ Minimum System RequirementMicrosoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-• 1 GHz or faster 32-bit (x86) or 64-bit (x64) processor• 1 GB RAM (32-bit) or 2 GB RAM (64-bit)• 16 GB available hard disk space (32-bit) or 20 GB (64-bit)• DirectX 9 graphics device with WDDM 1.0 or higher driver• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။ Metro User Interface Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်. တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။ Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile based interface) ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို အသုံးပြုရာတွင် ရိုးရိုးရှင်းရှင်းနဲ. လျှင်လျှင်မြန်မြန် အသုံးပြု နိုင်စေရန် ပင်ဖြစ်ပါသည်။ Windows 8 ၏ Task Manager အကြောင်းWindows 8 ရဲ. Task Manager ကိုတော့ အရင်ထွက်ရှိခဲ.တဲ. windows တွေရဲ. Task manager နဲ.မတူဘဲ လွယ်ကူ ရိုးရှင်းစွာ ဖြင့် design ဆွဲထားပါတယ်။အောက်ဘက်ရှိ ပုံတွင် Windows 8 ရဲ့ Task Manager ကိုဖော်ပြထားပါ သည်။ Windows 8 ၏ Cloud စနစ်အကြောင်းWindows 8 မှာ Cloud စနစ်ကို build in အနေနဲ့ ပါဝင်ပါတယ်။ထိုကဲ့သို့ပါဝင်မှု့ဟာ Microsoft ရဲ. SkyDrive cloud storage က running Windows 8 run ထားတဲ. tablets, PCs နဲ.phones တွေကို မြန်မြန်ဆန်ဆန် နဲ. သင်.ရဲ. personalization, desktop background settings Data တွေ ကို access လုပ်နိုင်အောင် ထောက်ပံပေးမှာ ဖြစ်ပါတယ်။ Windows 8 ၏ power usage အကြောင်းWindows 8 မှာဆိုရင် Power အသုံးပြုမှု့ ဟာလည်း တခြား windows အဟောင်းများ ထက်လျော.နည်းပြီး data တွေရဲ့ transfer နှုန်းလဲ ပိုမိုမြန်လာပါတယ်။ Windows TO GO Windows 8 ကို မိမိ ၏ USB device (such as a flash drive) ပေါ်တွင်လည်း တင်ထားနိုင်ပြီး portable window သဖွယ် လည်း အသုံးပြုနိုင်ပါသည်။ Windows 8 may be 128 bitWindows 8 က 128 bit processor တွေကို ထောက်ပံပေးနိုင်သော ပထမဦးဆုံး operating System တစ်ခုဖြစ်ပါသည်။Window 8 128bit iso တွေ ကို အောက်ဖော်ပြပါ link မှာ download ယူနိုင်ပါတယ်။http://www.forumswindows8.com/windows-8-download/
Windows 8 ၏ မြန်မာစနစ်အကြောင်း မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင် အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှ၂၀၁၁ စက်တင်ဘာလ ၂၀ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့သည်။Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ Internet Explorer 10မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် ပါဝင်သော IE 10 ဟာ အသစ်အသစ်သော programming language များဖြစ်သော HTML5, CSS3 နှင့် more powerful web application တွေကိုအထောက်အပံပေးနိုင်ပါသည်။ Virtualizationမိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာ စနစ်တွင် virtualization အတွက် Hyper-V ကို ထည်.သွင်း ပေး ထား ပါသည်။Hyper-V ကို default အနေနဲ.ဖြင့် တော့ တွေ.ရမည် မဟုတ်ပါ။ထို့ကြောင့် ရှေးဦးစွာ install ပြုလုပ်ပေးရမည် ဖြစ်ပါသည်။Install လုပ်ရန်မှာ- Control Panel\Programs\Programs and Features\Turn Windows features on or off မှာ hyper-v ကို install လုပ်ရမည်ဖြစ်ပါသည်။ Windows 8 Hyper-v အနိမ်.ဆုံး system လိုအပ်ချက်တွေကတော့ • 64-bit version of Windows 8• 64-bit processor နှင့် • 4 GB of RAM တို့ဖြစ်ပါသည်။Touch screen ကို အထောက်အပံ့ပြုသော Windows 8Windows 8 ၏ အဓိကအပြောင်းအလဲကိုကြည့်လျှင် user interface ၌ပင် စ၍တွေ့ရပါသည်။ စက်ကိုဖွင့်သည့်အခါ စတွေ့ရမည့် Metro interface သည်ဒီဇိုင်းအသစ်ဖြစ်ပြီး touch ဖြင့် အလုပ်လုပ်နိုင် အောင် အထူးရေးဆွဲထားပါသည်။ 
Windows 7 သည်လည်း Touch များခေတ်မစားသေးသလို Tablet ပေါ်တွင် OS အလုပ်လုပ်နိုင်မည့် အရေးကိုလည်း မစဉ်းစားခဲ့ပါ။ ထို့ကြောင့် ထိုစဉ်ကထွက်ရှိခဲ့သော All-in-on PC များဖြင့်သာ အသုံးပြုခဲ့ကြရသည်။ Touch ကြီးစိုးရာနယ်မြေသည် Tablet နှင့် Smart phone များဖြစ်ပါသည်။ ထို့ကြောင့် Windows 8 ထုတ်လုပ်မည်ဟုဆိုသည့်အခါ Touch ကြီးစိုးရာ ပစ္စည်းများပေါ်၌ အလွယ်တကူသုံးစွဲနိုင်ရေးကို စဉ်းစားလာရပါသည်။ Touch သုံးစွဲနိုင်သည့် ပစ္စည်းမရှိသေးသူဖြစ်ပါက Windows 8 ကိုဝယ်ယူရင်း Hardware အသစ်ဝယ်ယူရေးကို စဉ်းစားကောင်း စဉ်းစားရပါမည်။ သို့သော် OS အသစ်သည် သမာရိုးကျ Keyboard နှင့် Mouse ကို အထောက်အပံ့ပြုမည်ဖြစ်ရာ ကွန်ပျူတာအဟောင်းသုံးသူများ ပစ္စည်းအသစ်မ၀ယ်ဘဲ အဆင်ပြေနိုင်ပါသည်။ Touch Screen ပါသည့် Tablet သုံးသူများအနေဖြင့်လည်း Keyboard နှင့် Mouse ၏ပံ့ပိုးမှုကိုပါ တွဲဖက်ရရှိမည်ဖြစ်ရာ ကွန်ပျူတာသုံးစွဲမှုတွင် ပို၍ပြည့်စုံလာစရာ အကြောင်းရှိပါသည်။Metro user interface ဖြင့် လာမည့် Windows 8Metro user interface သည် Windows 8 အတွက် အသစ်ပြင်ဆင်ရေးဆွဲပေးထားသောအရာ ဖြစ်ပါသည်။ Windwos Phone 7 သုံးစွဲသူတို့အနေဖြင့်မူ ဤ interface ဖြင့် ယဉ်ပါးပြီး ဖြစ်ကောင်းဖြစ် နိုင်ပါသည်။ Windows 8 အသုံးပြုသူသည် ကွန်ပျူတာဖွင့်လိုက်သည့်အခါ ယခင်ကလို Windows Logo ဖြင့် Start button ကို တွေ့ရမည်မဟုတ်ပါ။ Live tile ဟုခေါ်သော အကွက်ငယ်များဖြင့် ဖွဲ့စည်း ထားသည့် လေးထောင့်ကွက်ကြီးကို တွေ့ရပါမည်။ Live tile အကွက်ငယ်များတွင် ပြထားသော icon များသည် Desktop ပေါ်ရှိ icon များကဲ့သို့ပင်ဖြစ်ပါသည်။ အဆိုပါ နေရာမှနေ၍ သက်ဆိုင်ရာ Application ကို တိုက်ရိုက်ဖွင့်နိုင်ပါသည်။ သို့သော် Live tile က desktop icon ထက်အားသာချက်မှာ ယင်းကိုဖွင့်ကြည့်ရန်မလိုဘဲ mouse ဖြတ်တင်ရုံဖြင့် Information ရနိုင်သည့်ကိစ္စဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် mail application ပေါ် mouse ဖြတ်တင်ပါက အီးမေးလ်အသစ် မည်မျှဝင်နေသည် မည်သူ့ထံမှလာသည် စသည်တို့ကို သိနိုင်ပါသည်။ မိုးလေ၀သအခြေအနေဆိုလျှင်လည်း အင်တာနက်ချိတ်ထားပါက သက်ဆိုင်ရာ Live tile သည်လက်ရှိအခြေအနေကို ဖော်ပြနိုင်ပါသည်။ ယင်း Interface သည် နားလည်ရလွယ်သလို အသုံးပြုရလည်း လွယ်ပါသည်။ Touch screen ဖြင့် ပို၍အဆင်ပြေပါသည်။ သို့သော် mouse ဖြင့်လည်း သုံးနိုင်ပါသည်။ Touch ဖြင့်ဖြစ်စေ၊ mouse ဖြင့်ဖြစ်စေ close application, access menu အပါအ၀င် လုပ်ငန်းပေါင်းများစွာကို လုပ်ပေးနိုင်ပါသည်။Application store ကို ခေါ်ဆောင်လာမည့် Windows 8သာမန်သုံးစွဲသူတို့အတွက် Windwos 8 သည် Windows RT (Windows Run Time) နှင့် Windows Pro ဟူ၍ အမျိုးအစားနှစ်မျိုးခွဲ၍ ထွက်ရှိမည်ဖြစ်ပါသည်။ ယင်းအပေါ်မူတည်၍ Application သုံးစွဲပုံ၊ သုံးစွဲနည်းကွဲပြားသွားပါသည်။ RT သည် ယခင် Desktop application အဟောင်းများကိုမူ တစ်ပါတည်းထည့်သွင်းပေးလိုက်မည်ဖြစ်၍သာ သုံးစွဲနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် RT သုံးစွဲသူတို့သည် အသစ်ပေါ်ပေါက်လာမည့် Windows Store မှနေ၍ application အဟောင်းများကို ဆက်လက်သုံးစွဲနိုင်ပါသည်။ 
သို့သော် Metro Interface တွင် ထည့်၍သုံးစွဲလိုသည့် application များကို store မှနေ၍ ၀ယ်ယူရပါလိမ့်မည်။ ကွန်ပျူတာပေါ်မှနေ၍ အင်တာနက်ချိတ်ဆက်ပြီး Windows store မှ application များကို browse လုပ်နိုင်သည်။ Download လုပ်နိုင်သည် Install တင်နိုင်သည်။ လောလောဆယ် Application အရေအတွက် အကန့်အသတ်ရှိနေသော်လည်း Windows 8 အပြီးသတ်ထွက်သည့်အခါ အရေအတွက်များပြားလာပါမည်။ Application အများစု (ဥပမာ - Maps) သည် full screen ဖြင့် ကြည့်နိုင်ပါမည်။ နေရာဒေသတစ်ခုကိုရှာရန်၊ တစ်နရာသို့သွားနိုင်မည့် လမ်းကြောင်းရှာရန် ကိစ္စတို့အတွက် Big Map ကိုအသုံးပြုပါသည်။ သို့သော် Windows 8 RT တွင်ရော Pro တွင်ပါ People, Calendar, Photo, Music, Messaging နှင့် Video ဟူသော Metro application များအသင့်ပါလာပါမည်။Cloud service ကို အထောက်အပံ့ပေးမည့် Windows 8Windows 8 သည် Cloud ကိုအသုံးပြုရန်လည်း ဦးတည်ချက်ထားသည်။ ယင်းသည် လူအများနှစ်ခြိုက်မည့် feature တစ်ခုလည်း ဖြစ်နိုင်ပါသည်။ အင်တာနက်ချိတ်ဆက်ထားမည်ဟုဆိုလျှင် Microsoft Store သည် ကွန်ပျူတာသုံးစွဲသူ၏ setting များကို Cloud ထဲတွင် သိမ်းဆည်းပေးပါမည်။ ထို့ကြောင့် အင်တာနက်ချိတ်ထားသော Windows 8 ကွန်ပျူတာကို ဖွင့်သုံးသည့်အခါ ယခင်ကမြင်တွေ့သည့် အတိုင်း လုပ်နေကျအတိုင်း ရှိပါလိမ့်မည်။ Cloud ဖြင့်ဆောင်ရွက်ပေးမည့် Microsoft ၏လုပ်ငန်းစဉ်များတွင် Gmail ထဲမှနေ၍ အသုံးပြုသူ၏အီးမေးလ်များကို ဆွဲယူပေးခြင်း၊ facebook ပေါ်တင်ထားသမျှ ဓာတ်ပုံအားလုံးကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်စေခြင်း စသည်တို့ပါဝင်လာပါမည်။Screen ကို Lock ချနိုင်ပြီး ဓာတ်ပုံဖြင့် Password ပေးနိုင်မည့် Windows 8 စမတ်ဖုန်းသုံးစွဲသူတို့အတွက်မူ lock screen ကို အသားကျပြီးဖြစ်နေပါလိမ့်မည်။ ဖုန်းသုံးလိုလျှင် lock ကိုဖြည်ပေးရမည်။ Password သုံးပြီး lock လုပ်ထားလျှင် password ဖြည့်ထည့်ပေးဖို့လည်း လိုပါမည်။ Windows 8 တွင်လည်း စမတ်ဖုန်းမှာကဲ့သို့ picture lock screen ကိုအသုံးပြုနိုင်ပါမည်။ Lock ကိုဖြည့်ရန်အတွက် လက်ရွှေ့လျားမှုပုံစံသုံးမျိုးကို လုပ်ရန်လိုပါသည်။ အဆိုပါရွေ့လျားမှုတို့ကို straight lines, circles နှင့် taps များထဲမှ ရွေးချယ်နိုင်ပါသည်။ Lock screen ကိုလည်း မိမိ၏ ဓာတ်ပုံ၊ အချိန်၊ နာရီ၊ ရက်စွဲ၊ application notification စသည့် အရာတစ်ခုခုဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။ပစ္စည်းကိရိယာအမျိုးအစား စုံလင်စွာအသုံးပြုနိုင်စေမည့် Windows 8Windows 8 ကို PC ပေါ်တွင်သာမဟုတ် အခြားသော ပစ္စည်းအတော်များများပေါ်တွင် အသုံးပြုနိုင်ရန်လည်း ဒီဇိုင်းဆွဲထားပါသည်။ (၂၇) လက်မမြင်ကွင်းရှိသော PC ဖြစ်စေ၊ (၁၅) လက်မမြင်ကွင်းရှိသော Notebook ဖြစ်စေ၊ (၁၀) လက်မမြင်ကွင်းရှိသော Tablet ဖြစ်စေ Windows 8 သည် အမှားအယွင်းမရှိ အလုပ်လုပ်ပေးပါလိမ့်မယ်။ Metro interface သည် ပုံဖော်မျက်နှာပြင်အရွယ်အစားနှင့် resolution အမျိုးမျိုးပေါ်တွင် အဆင်ပြေစွာ ချိန်ညှိလုပ်ဆောင်နိုင်ရန် ဒီဇိုင်းလုပ်ထားပါသည်။ ကွန်ပျူတာအကြီးအသေးပေါင်းစုံပေါ်တွင် တသမတ်တည်ငြိမ်မှုဖြင့် အလုပ်လုပ်လိုသည်ဟုဆိုလျှင် Windows 8 သည် အလွန်တရာ ရွေးချယ်သင့်သော အရာဖြစ်ပါသည်။
ဆော့ဖ်ဝဲအဟောင်းများနှင့် တွဲ၍သုံးနိုင်စေမည့် Windows 8OS တစ်ခု၏ အသွင်အပြင်နှင့် တည်ဆောက်ပုံသည် အလွန်တရာပြောင်းလဲသွားသည့်အခါ ယခင်ကအသုံးပြုခဲ့သော ဆော့ဖ်ဝဲအဟောင်းများနှင့်တွဲဖက်၍ ရမှရပါတော့မည်လားဟု စိုးရိမ်ဖွယ်ရှိလာပါသည်။ Windows Vista ထွက်သည့်အခါ XP နှင့်တွဲသုံးနိုင်သည့် ဆော့ဖ်ဝဲအချို့ အလဟသဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သို့သော် ဤတစ်ကြိမ်တွင် ကံကောင်းသည်မှာ Windows 7 တွင် တွဲဖက်သုံးနိုင်သော application အားလုံး Windows 8 တွင် သုံး၍ရမည့်ကိစ္စဖြစ်ပါသည်။ Microsoft သည် Metro interface ကိုပွဲထုတ်ခဲ့သော်လည်း ယင်း၏အောက်တွင် ယခင်မြင်တွေ့နေကျ desktop ရှိနေပြီး ယခင် application အဟောင်းများကို (Install တင်ထားခဲ့လျှင်) ခေါ်ယူသုံးစွဲနိုင်ပါမည်။ Windows 8 RT ကမူ Metro application များကို သီးခြားဝယ်ယူသုံးစွဲနိုင်ပါမည်။ Pro တွင်မူ application အဟောင်းများကို တင်၍သုံးနိုင်သလို Metro application အသစ်များကို ၀ယ်ယူသုံးစွဲနိုင်ပါသည်။ ထို့ကြောင့်သုံးစွဲသူအနေဖြင့် Application နယ်ပယ်နှစ်မျိုးလုံးကို တဖြည်းဖြည်းယဉ်ပါးသွားပါလိမ့်မည်။Task and file management အသစ်ကို ယူဆောင်လာမည့် Windows 8Windows 8 တွင် Task နှင့် file များ ကိုင်တွယ်ဆောင်ရွက်ရာတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကိစ္စအချို့ပါဝင်လာပါသည်။ Multiple file operation တို့ကို Windows တစ်ခုတည်းတွင် ခိုင်းစေနိုင်ပါမည်။ ဖိုင်လုပ်ငန်းတစ်ခုစီကိုခွဲ၍ pause နှင့် cancel လုပ်နိုင်ခွင့်ရှိပါမည်။ file လွှဲပြောင်းမှု အမြန်နှုန်းကိုဖော်ပြပေးမည့် real-time graph တစ်ခုလည်း ပါဝင်လာပါမည်။ Task management အတွက်မူ application နှင့် background process ဟူ၍ အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော အပိုင်းနှစ်ပိုင်းခွဲပြီး အလုပ်လုပ်ပါမည်။ Application History ဟုခေါ်သော Tab အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ ယင်းထဲတွင် Metred Network section ကိုတွေ့ရမည်ဖြစ်ပြီး မည်သည့် Application က data အများစုအား ကိုင်တွယ်ဆောင်ရွက်နေသည်ကို ကြည့်ရှုနိုင်ပါသည်။
ရေးသားသူ -ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓါတ်ပုံ),http://www.mmcert.org.mm/
မူရင်းနေရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...