သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁၀)
သစ်ထူးလွင်
|
- လစ်ဗျားက အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှု ကလင်တန်တာဝန်ယူ
- ယနေ့ ည ပဲခူး ကား(၂)စီးတိုက်မှု ခရီးသည် တချို့ ဒဏ်ရာရ
- ပါတီလုပ်ငန်း မလုပ်ဆောင်ဘဲ ပါတီဥက္ကဋ္ဌ အဖြစ် ရှိနေခြင်း သည်လည်း မေးခွန်း ထုတ်ဖွယ်ဖြစ်
- ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ် သမ္မတကြီး ပြန်လည် ရွေးချယ်ခံရ
- နာမည်ပျက် ပယ်ဖျက်စာရင်း ဆက်ထုတ်ရန် သမ္မတရုံး တွန်းအားပေး ဆောင်ရွက်နေ
- ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ
- ဒီချုပ်က နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပမည်
- ကော့သောင်း ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြ
- လူရွှင်တော် ဇာဂနာ၏ စင်္ကာပူ အာလပသလာပ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့
- The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်း ဂျာနယ်တို့ကိုတရားစွဲဆိုသူ NLD ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း
- သောက်ရေခပ်တမံပိတ် ဆို့မှုကြောင့် ရေလျှံထွက်ပြီးဒေသခံများ ကူးသန်းရောင်းဝယ်ရန် အခက်ကြုံ
- ပြည်ခိုင်ဖြိုးဖွဲ့စည်းပုံအသစ်
အရ ထိပ်ပိုင်း ခေါင်းဆောင်များ နှုတ်ထွက်ပြီး ပြန်ရွေးမည် - အောက်တိုဘာ ၁၈ ရက်နေ့ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၃
- အောက်တိုဘာ ၁၆ ရက်နေ့ထုတ် မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၄)
- အောက်တိုဘာ ၁၆ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၀
- အိုအိုင်စီက နိုင်ငံတကာ အသိုင်းအဝိုင်း အကူအညီယူမယ်
- အမေရိကန်စစ်ဘက် ထိပ်တန်းအရာရှိများ မြန်မာနိုင်ငံ ရောက်ရှိ
- OICရုံးဖွင့်ခွင့် ပြည်တွင်း ငြိမ်းချမ်းမှု မထိခိုက်သင့်
- ရုံးဖွင့်ခွင့် သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်
- မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့်ပြုမည်မဟုတ်
- မြန်မာနဲ့ စစ်ရေးတိုးမြှင့်ဆက်ဆံဖို့ အမေရိကန်စဉ်းစား
- တရုတ်ဖက်စပ်သတ္တုတင်ကား ဒေသခံအမျိုးသမီးနှစ်ဦးအား တိုက်မိသေဆုံး
Posted: 16 Oct 2012 08:33 AM PDT
လစ်ဗျားနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကိ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 16 Oct 2012 08:19 AM PDT
ပဲခူးမြို့၊ လမ်း(၃၀)ထိပ်၊ ပဲခူး-ရန်ကုန် ကားလမ်းမပေါ်တွင် (16-10-2012)နေ့ ည (၈း၀၀)အချိန်တွင် ဘ/၆၁၃၁ ဘားအံဟိုင်းလတ် ယာဉ်ငယ်နှင့် ၈ဈ/၆၈၆၆ (၁၂)ဘီး နီဆန်းယာဉ်ကြီးတို့ တိုက်မိခဲ့ရာတွင် ဟိုင်းလတ်ယာဉ်ငယ်မှာ ကားလမ်းမပေါ်တွင် ကန့်လန့်တုံးလုံးလဲသွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်ဒဏ်ရာများရရှိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။
ဒဏ်ရာရရှိသူတွေကို ပဲခူးဆေးရုံသို့ ပို့ဆောင် ကုသနေပါတယ်။ ယာဉ်မောင်တွေကိုတော့ ပဲခူးမြို့အမှတ်(၁)ရဲစခန်းမှ အမှုဖွင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိခဲ့ပါတယ်။ By Myanmar News Now
| ||||
Posted: 16 Oct 2012 07:39 AM PDT
အခြေခံဥပဒေ ပုဒ်မ ၆၄ ဖော်ပြချက်အရ ပါတီအဖွဲ့အစည်း၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟုသာ ဖော်ပြထားခြင်းကြောင့် ပါတီ၏ ဥက္ကဋ္ဌရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရှိနေခြင်းဟု ဆိုလျှင် အဆိုပါ အခြေခံ ဥပဒေပုဒ်မ ၆၄ သည်လည်း လိုအပ်မည် မဟုတ်ကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 16 Oct 2012 04:31 AM PDT
ရန်ကုန် ၊အောက်တိုဘာ ၁၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ နေရာအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံတော်သမ္မတကြီး၏ သက်တမ်းအတွင်း ပါတီလုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်သည့်အတွက် သူရဦးရွှေမန်းက ပူးတွဲ ဥက္ကဋ္ဌ (ယာယီ) အဖြစ် တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကောင်မတီဝင် ၄၄ ဦးကို ပြန်လည် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ယင်းပါတီ ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ရွေးချယ်လိုက်သော ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၄၄ ဦးတွင် နိုင်ငံတော် သမ္မတကြီး အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီး ၁၁ ဦး ၊ ပြည်နယ် ဝန်ကြီးချုပ် ၁၁ ဦး ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ ၊ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ စသဖြင့် ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက် များ အရ သိရသည်။ The Voice Weekly | ||||
Posted: 16 Oct 2012 03:34 AM PDT
နာမည်ပျက် (Blacklist) ပယ်ဖျက်စာရင်း ဆက်လက်ထုတ်ပြန်သွားဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို တွန်းအားပေး လုပ်ဆောင်နေတယ်လို့ သမ္မတရုံးက ပြောပါတယ်။ ပထမအကြိမ် ထုတ်ပြန်ခဲ့တဲ့ ပယ်ဖျက်စာရင်းမှာ မပါသေးသူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုဒ်ကို အကြောင်းကြား ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 16 Oct 2012 03:24 AM PDT
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့၌ ကြေးဘုရား ရုပ်ပွားတော် တစ်ဆူ ပျောက်ဆုံးမှု ဖြစ်ပွားပြီး
နောက်တွင် ဘုရား စေတီများရှိ ကြေးဘုရားများ အတွက် ဒေသခံများက စိုးရိမ်ပူပန်မှုများလျှက်ရှိသည် ယင်းကဲ့သို့ ဘုရားရုပ်ပွားတော် ပျောက်ဆုံးမှုမှာ ကျောက်မဲမြို့တည်ရှိခဲ့ပြီး နှစ်ပေါင်း(၈၀)ကျော်အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ(၉)ရက်နေ့ညပိုင်းက ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 16 Oct 2012 08:00 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုညီလာခံ ကျင်းပပြုလုပ်ပြီးပါက တစ်နိုင်ငံလုံးဆိုင်ရာ လူငယ် အစည်းဝေး ကျင်းပသွားမည် ဖြစ်ကြောင်း ဒီချုပ်ပါတီ အတွင်းရေးမှူးထံက သိရှိရသည်။ ဒီချုပ်ပါတီ ဗဟိုညီလာခံကို၂၀၁၂ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ထား ကြောင်းနှင့် ကျင်းပပြုလုပ်မည့် နေရာနှင့်နေ့ရက်ကိုမှု အတိအကျ မသတ်မှတ်နိုင်သေးကြောင်း ကိုလည်း သိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ အမှား ပြင်ဆင်ချက် ။ ။ ဒီချုပ်ပါတီ အတွင်းရေးမှူး ဦးဟံသာမြင့် နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဟံသာမြင့် ဟု ပြင်ဆင်ဖတ်ရှုပါရန်။ | ||||
Posted: 16 Oct 2012 02:55 AM PDT
တနင်္သာရီ တိုင်း ကော့သောင်းမြို့ မြောက်ဘက် အေးရိပ်ငြိမ်နဲ့ ရွှေပြည်သာ ရပ်ကွက် အကြားမှာ စတင် လည်ပတ်နေတဲ့ ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းပေးဖို့ အတွက် မြို့ခံတချို့ဟာ ကျောက်မီးသွေး စက်ရုံ အလိုမရှိ၊ အစားထိုး လောင်စာ တည်ဆောက်ပေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဒီနေ့ မနက် ကြွေးကြော် ဆန္ဒပြ ခဲ့ကြပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 16 Oct 2012 02:29 AM PDT
ဒေါ်အောင်ဆန်းစုကြည်၊ NLDလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အကြောင်း အာလပသလာပပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။
''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။ ဦးဇာဂနာ ပြောကြားသော ရုပ်သံဖိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။ အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။ ''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။ လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။ By Messenger News Journal အဆိုပါ ရုပ်/သံ ဖိုင် ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 16 Oct 2012 02:10 AM PDT
The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်း ဂျာနယ်တို့အပေါ် ဘာကြောင့် တရားစွဲဆိုခဲ့တာလဲ။
ကျွန်တော့်ကို ဖယောင်းသုတ်တဲ့ကိစ္စနဲ့ မမှန် သတင်းပေးတယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲတယ်။ ဒီအမှုကို ကျွန်တော် ရင် ဆိုင်နေရတယ်။ ကျွန်တော် ရင်ဆိုင်နေရတဲ့ကာလမှာပဲ ဂျာနယ်နှစ်စောင်မှာ အဲဒီဆောင်းပါးတွေ တွေ့တယ်။ ကို(ဥပဒေ)ဆိုလား၊ သူက ကျွန်တော် အပြစ်ရှိတယ်လို့ ဆောင်းပါးမှာရေးတယ်။ ကျွန်တော်အပြစ် ရှိ၊ မရှိဆိုတာ တရားရုံးရောက်နေတဲ့ကိစ္စ၊ တရားရုံးကသာ ဆုံးဖြတ် ရမှာ။ ဒီလို ကာလမှာ အဲဒီလိုမျိုး တရားရုံးကို မလျော် သြဇာ သက်ရောက်စေတဲ့ ဒီအရေးအသားမျိုးတွေဟာ တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေ ၂ နဲ့ ၃ ငြိတယ်။ အဲဒီတော့ ကျွန်တော်က အဓိက က ဒီဆောင်းပါးကြောင့် စွဲတာ။ Messenger နဲ့ ကျွန်တော်တို့ကြားမှာ ဘာမှ မရှိဘူး။ ခင်ဗျားတို့ကလည်း ဂျာနယ်တစ်ခုအနေနဲ့ထည့် တယ်။ သို့သော် ဥပဒေအရကတော့ အဲဒီမထီမဲ့မြင်ပြုရာ ရောက်တဲ့ စာသားတွေကို ပုံနှိပ်ဖော်ပြတဲ့ ဂျာနယ်တွေ လည်း တာဝန်ရှိတယ်လို့သတ်မှတ်တယ်။ အခု ဂျာနယ် တွေမှာတွေ့တယ်။ တစ်ခါတည်းပြောလိုက်မယ်။ ကျွန် တော်တို့ကို ဘာဖြစ်လို့ မတိုင်ပင်တာလဲတို့ အမျိုးမျိုး ပဲရေးကြတာ တခြားဂျာနယ်တွေမှာတွေ့တယ်။ အဲဒါ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒီကာလမှာ အဲဒီကာလမှာပေါ့ ထုတ်တင်လား ဘာခေါ်လဲမသိဘူး။ အဲဒီ ခင်ဗျားတို့ကို စာပေစိစစ်ရေးက ထည့်ခိုင်းတဲ့ဟာတွေ ထည့်ခိုင်းရတဲ့ ကာလမှာ ထည့်ပေးနေတာ။ ဒါတွေက ခင်ဗျားတို့ တရားရုံးကိုရောက်တဲ့အခါတင်ပြပါ။ ကျွန်တော့်အနေနဲ့ ဘာမှကန့်ကွက်စရာမရှိဘူး။ ကျွန်တော်က ဘာမှမတတ် နိုင်ဘူး။ တရားရုံးကို ကျွန်တော့်အမှုနဲ့ပတ်သက်ပြီး တင်ရ တာ။ တင်ရတော့ ဂျာနယ်ပါတယ်ဆိုတာ ဥပဒေအရ ပါရတာ။ တခြားအကြောင်း ဂျာနယ်နဲ့ ကျွန်တော့်အ ကြောင်း ဘာမှမရှိဘူး။ အဓိက ကတော့ ဆောင်းပါး ကြောင့်ပဲ။ ဂျာနယ်နှစ်စောင်ကို တရားစွဲဖို့ အဖွဲ့ချုပ်မှာ အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်ခဲ့တာလား။ မဟုတ်ပါဘူး။ တရားစွဲခံရတော့ ကျွန်တော့်တစ် ယောက်တည်းကို စွဲတာ။ NLDကို စွဲတာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်ကလည်းတင်တော့ ကျွန်တော် တစ်ယောက်တည်းတင်တာ။ အစည်းအဝေး ဆုံးဖြတ် ချက်တွေ ဘာတွေမလိုဘူး။ လိုလည်းမလိုဘူး၊ ရှိလည်း မရှိဘူး။ ဒါဆို တရားစွဲတာက NLD အနေနဲ့ မဟုတ်ဘဲ ဦးဥာဏ်ဝင်းအနေနဲ့ စွဲတာပေါ့။ ဟုတ်တယ်။ ကျွန်တော့်နာမည်နဲ့ စွဲတာပါ။ တရားစွဲတဲ့အဆင့်မရောက်မီ ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်ဘဲနဲ့ ဘာဖြစ်လို့ တရားစွဲတဲ့နည်းလမ်းကိုပဲ ရွေး ခဲ့ရတာလဲ။ ကျွန်တော်က ဂျာနယ်နဲ့ ညှိလို့မရဘူး။ ဂျာနယ်နဲ့ ညှိစရာအကြောင်း ဘာမှလည်း မရှိဘူး။ ညှိခြင်းညှိ ကို(ဥပဒေ)နဲ့ညှိရမှာ။ သို့သော် ကို(ဥပဒေ) ဘယ်သူလဲ ဆိုတာ ကျွန်တော်မသိတာက တစ်ကြောင်း၊ နောက်တစ် ကြောင်းက ပုံနှိပ်ဖော်ပြပြီးပြီ။ ညှိလို့ ပျက်မသွားနိုင် တော့တာကတစ်ကြောင်း၊ ကျွန်တော်ကလည်း အမှုကြီး တန်းလန်း၊ ဒီအခြေအနေမှာ ကျွန်တော့်အနေနဲ့ ညှိဖို့ဆိုတာ ဘာကစရမှန်းမသိဘူး။ အခုထိလည်း ကို(ဥပဒေ) ဘယ် သူလဲဆိုတာ ကျွန်တော်မသိဘူး။ ခင်ဗျားတို့သိလား။ ခင်ဗျားတို့ ကိုယ်တိုင်ပွင့်လင်းမှုနည်းနည်း နည်းနေသေး တယ်။ ခင်ဗျားတို့သိပါတယ်။ ခင်ဗျားတို့ မသိဘူးဆို တာ ကျွန်တော်လက်ခံလို့မရဘူး။ ဂျာနယ်မှာ ဆောင်းပါး ရေးတဲ့လူကို မသိဘူးလို့ ဂျာနယ်အနေနဲ့ ပြောလို့လည်း မသင့်ပါဘူး။ ဂျာနယ်အနေနဲ့ ဒီလိုပြောဖို့ကို မသင့်ဘူး။ အဲဒီအချိန်တုန်းက ဒီဆောင်းပါးကိုဖော်ပြခဲ့တာ အဲဒီ ကာလရဲ့ အခြေအနေကြောင့်ဆိုရင်ရော။ မဟုတ်ဘူး။ ဒါကိုလည်း ကျွန်တော် မငြင်းဘူး။ ခင်ဗျားတို့ ဒီပြောပြချက်ကို မငြင်းဘူး။ ဒါ တရားရုံး တင်ပြ။ တရားရုံးက ဒီလို အခြေအနေကြောင့် ခင်ဗျား တို့ကို ဘာမှ အပြစ်မရှိဘူးလို့ပြောလည်း ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး။ ကျွန်တော်တို့နဲ့ ဂျာနယ်က ဒီလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ။ ဒီလိုသဘောရှိတယ်။ ကျွန်တော်တို့ တစ်စုံတစ်ရာ နစ်နာစေဖို့ တရားစွဲတာ မဟုတ်ဘူး။ ဥပဒေအရ စွဲတာ။ ကျွန်တော် နမူနာတစ်ခု ပြောမယ်။ ခင်ဗျားတို့ဂျာနယ်တွေ မှာ လုပ်နေတာကြာပြီ။ ခင်ဗျားတို့ သိလည်းသိမယ်။ ထည့်လည်း ထည့်မယ်။ ဦးအောင်ဆန်းဦးကို ကျွန်တော်တို့ စွဲတယ်။ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုရှိ တယ်။ အဲဒီအမှု ရှိနေတာ ဒီဥစ္စာ Major Issue တွေကို ကျွန်တော်တို့နိုင်ပြီး ပြီ။ ဒေါ်စုကသာ သူသုံးနေတဲ့စကားလုံး ဟိုဒင်းကပ်ပြီး တော့ ဟိုဒင်းလုပ်နေတာပေါ့။ သူတို့က ဒီလိုရေးလာ မယ်၊ တကယ်တော့ တရားရုံးမှာ Major Issue ရှိကို မရှိဘူး။ ချလည်းမချထားဘူး။ အဲတော့ ကျွန်တော်တို့က စွဲတာ ဦးအောင်ဆန်းဦးကိုစွဲတာ။ ဒါပေမဲ့ လျှပ်တစ်ပြက် ကို စွဲတာမဟုတ်ဘူး။ ဒါပေမဲ့ လျှပ်တစ်ပြက်ကို မထည့် လို့မရဘူး။ ဥပဒေအရ လျှပ်တစ်ပြက်ကို ထည့်ပေးရ တယ်။ အခုလည်း ခင်ဗျားတို့ကိုစွဲတာ အဲဒါကြောင့် စွဲတာ။ ခင်ဗျားတို့နဲ့ ကျွန်တော့်ကြားမှာ တစ်ခုခုရှိလို့ ထည့်တာမဟုတ်ဘူး။ ဒီကိစ္စကို ဥပဒေကြောင်းအရ ဘယ်လိုဆက်သွားမှာလဲ။ ဥပဒေအကြောင်းအရပဲသွားမှာ။ ဒါကိုတင်လိုက် တယ်။ သူတို့က လက်ခံထားပြီးပြီ။ အတင်ခံလိုက်ပြီးရင် အမှုအနေနဲ့ လက်ခံခြင်း ပြု မပြုဆိုတာ ဒါတစ်ဆင့် ရှိတယ်။ ဒါ ခင်ဗျားတို့ပါမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုပဲ အချက်အလက်နဲ့ ဥပဒေတွေမေးမယ်။ ကျွန်တော်တို့ ကလျှောက်လဲမယ်။ ပြီးလို့ တကယ်လက်ခံလိုက်ပြီးရင် ခင်ဗျားတို့ကို တရားရုံးက အကြောင်းကြားလိမ့်မယ်။ အကြောင်းကြားရင် ခင်ဗျားတို့ အခုပြောတာ ကျွန်တော် လက်မခံနိုင်စရာအကြောင်းမရှိပါဘူ တရားရုံးက ဆင့်ခေါ်မယ်ဆိုရင် ကို(ဥပဒေ)ကို သိချင် တာတစ်ခုတည်းနဲ့ လျှောက်မှာလား။ သိချင်တာတစ်ခု မဟုတ်ဘူးလေ။ ဥပဒေအရ ကျွန်တော့်အမှုမှာ ထိခိုက်နေပြီမဟုတ်လား။ ဂျာနယ်တွေ ကတောင် ပြောနေပြီ၊ အပြစ်ရှိတယ်၊ ဒီလိုဖြစ်လာမယ် လေ။ ကျွန်တော်ထိခိုက်နေပြီ။ ကို(ဥပဒေ)ကို သိချင်ရုံနဲ့ သက်သက်စွဲနေတာ မဟုတ်ဘူး။ ကျွန်တော့်အမှုကို တရားရုံးက ဆုံးဖြတ်ရမှာ။ တရားရုံးက မဆုံးဖြတ် ရသေးခင် အပြစ်ရှိတယ်လို့ ဂျာနယ်မှာပါလာပြီ။ ပါလာ တာ ဆောင်းပါးဆိုတော့ ကျွန်တော် သူ့ကို သိရုံသက် သက်နဲ့ စွဲနေတာ မဟုတ်ဘူး။ အမှန်အကန် တရားရုံးကို မထီမဲ့မြင်ရာ ရောက်မရောက် တင်ပြရမှာပေါ့။ ခင်ဗျား တို့ဘက်ကလည်း အခုနလိုတင်ပြပေါ့။ ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး။ လျှပ်တစ်ပြက်ဂျာနယ်အမှုကရော ခင်ဗျ။ သူက အပြစ်ပေးပြီးပြီ။ ဒဏ်ငွေ ချလိုက်တယ်။ နှစ်လလောက်ရှိပြီ။ အခု ပုဒ်မ ၃ ကရော ဥပဒေအကြောင်းအရ ရင်ဆိုင်ရင် ဘယ်လို ဖြစ်နိုင်လဲ။ ထောင်ဒဏ် ၄ လလောက်ထိ ချလို့ရတယ်။ ဒဏ် ငွေ ရိုက်လို့ရတယ်။ ဒီပုဒ်မနဲ့ တရားစွဲခံရတဲ့လူက ကျွန် တော်မှားသွားတယ်။ ကျွန်တော်တို့ တာဝန်ရှိပါတယ်လို့ တောင်းပန်လိုက်ရင် တရားရုံးက လုံးဝလွှတ်လိုက်လို့ ရတယ်။ အဲဒီတုန်းက ဒီဆောင်းပါးဖော်ပြခဲ့တာ ဂျာနယ်နှစ်စောင် တည်းမဟုတ်ဘူးဆိုတာကိုရော သိပါသလား။ ကျွန်တော်စွဲဖို့ ၁ဝ ခုလောက်ရှိတယ်။ ဒါနဲ့ ပတ် သက်ပြီး ကျွန်တော်က သိပ်ပြီးတော့ ဆတ်ဆတ်ထိမခံ လုပ်တာဖြစ်မှာစိုးလို့ ရွေးပြီးတော့ ဒီနှစ်ခုပဲ တင်တယ်။ ကျွန်တော့်မှာ တင်စရာတွေရှိတယ်။ သတင်းစာလည်း တင်စရာရှိတယ်။ ကျွန်တော်က အမှန်ကို ပေါ်ပေါက်ရုံ ပဲ တရားစွဲမှာ။ ကျွန်တော်က ပြန်ပြီးတော့ ငါ့ကိုလုပ် တယ်၊ ငါအကုန်လျှောက်ပြန်လုပ်ရမယ်လို့ ကျွန်တော် မလုပ်ဘူး။ ကျွန်တော်ရေးပြီးသားတွေရှိတယ်။ ကျွန် တော်မတင်ဘူး။ by Messenger News Journal
| ||||
Posted: 16 Oct 2012 01:56 AM PDT
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် မြန်မာအစိုးရနှင့် ရွှေ စွမ်းအင်(အေးရှားဝေါ)ကုမ္ပဏီတို့ ပူးပေါင်းသည့် သောက်ရေခပ် ရေ လှောင်တမံ ပိတ်ဆို့မှုကြောင့် ချောင်းရေစီးဆင်းမှု ရပ်တန့်ကာ ရေလျှံထွက်သည့်အတွက် တောင်သူဒေသခံ လူထုမှာ ကုန်စိမ်းများ ကူးသန်းရောင်းဝယ်ရန် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလျှက်ရှိသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 16 Oct 2012 01:33 AM PDT
နေပြည်တော်၊အောက်တိုဘာ၊၁၆
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီညီလာခံ ၂၀၁၂ တိတိယနေ့မြောက် ၁၆-၁၀-၂၀၁၂ အင်္ဂါနေ့နံနက် ၁၁နာရီ မိနစ် ၅၀ တွင် ပါတီ၏ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများ နုတ်ထွက်ကြောင်း ပါတီညီလာခံ သဘာပတိမှ တရားဝင်ကြေညာခဲ့သည်။ “ပြည်ခိုင်ဖြိုးဖွဲ့စည်းပုံအသစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလို နှင့်အရံဗဟိုကော်မတီဝင်တို့တွင် မူလအရေ အ တွက်အောက်(၁၄)ဦးလျော့ချဖွဲစည်း မူလဖွဲ့စည်းထားသည့် ဗဟိုကော်မတီဝင်နှင့်အရန်ဗဟိုကော ယင်းအရေအတွက်တွင် ဗဟိုကော်မတီဝင်ဦးရေစုစုပေါင်း ယနေ့အသစ်ဖွဲစည်းမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလို မတီဝင်များခွဲဝေမူလျာထားချက်မှာ စုစုပေါင်း(၂၈၆)ဦးဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ နာယကအဖွဲ့၊ အထွေထွေအတွင်းရေးမှုး တွဲဖက်အထွေထွေအတွင်းရေးမှုး၊ အတွင်းရေးမှုးများ ရွေးချယ်ခြင်းတို့ကိုပြုလုပ်မည် ပါတီ၊ ပြန်ကြားရေး ဆပ်ကော်မတီက တရားဝင်သတင်းထုပ်ပြန်ထားသည်။ စွမ်းရဲထွဋ် - Popular Myanmar News Journal | ||||
Posted: 16 Oct 2012 01:12 AM PDT
| ||||
Posted: 16 Oct 2012 01:09 AM PDT
မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၄)၊ အင်္ဂါနေ့၊ အောက်တိုဘာလ (၁၆) ရက်၊ ၂၀၁၂ ခုနှစ်
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 16 Oct 2012 01:06 AM PDT
အောက်တိုဘာ ၁၆ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၀
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 15 Oct 2012 08:05 PM PDT
အိုအိုင်စီ ကတော့ တကယ်လို့များ အစိုးရဘက်က ဖွင့်ခွင့်မပြုဘူးလို့ တရားဝင်ပြောလာခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဆက်လက်လှုပ်ရှားဆောင်ရွက်မယ်လို့ ပြောပါတယ်။ အခုကိစ္စက လိုအပ်လို့ ဆောင်ရွက်ရမယ့် ကိစ္စပါ၊ အရေးတကြီး ဆောင်ရွက်ဖို့လည်း လိုပါတယ်၊ အခြေခံ လူသားချင်း စာနာထောက်ပံ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 15 Oct 2012 07:45 PM PDT
အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိတွေ နဲ့ အရပ်ဘက် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို ရောက်ရှိတယ်လို့ Financial Times သတင်းစာမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဖေါ်ပြပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်စစ်တပ်ရဲ့ ပစ္စဖိတ်ဒေသကွပ်ကဲမှု အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Francis Wiercinski လည်းပါဝင်တာကြောင့်---
သတင်အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 15 Oct 2012 07:26 PM PDT
မူဆလင် အသင်းအဖွဲ့တွေအနေနဲ့ အခု OIC ရုံးခန်းလာဖွင့်ဖို့ စီစဉ်တဲ့အပေါ်မှာဦးဝဏ္ဏရွှေတို့ရဲ
ဖြေ။ ။ OIC နဲ့ပတ်သက်လို့ ပြောရရင် နံပတ်တစ်က OIC နဲ့ ကျနော်တို့အဖွဲ့ချုပ်တွေနဲ့က အဆက်အသွယ်မရှိဘူးနော်။ OIC ဆိုတာ သိတဲ့အတိုင်းပဲ သူက အစ္စလာမ်နိုင်ငံ ၅၇နိုင်ငံနဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ်။ အစိုးရတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အန်ကယ်လ်တို့အဖွဲ့တွေနဲ့တော့ အဆက်အသွယ်တော့ မရှိဘူး။--- အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 15 Oct 2012 07:17 PM PDT
အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဆက်ဆံရေးရုံး ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန် လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့ အကြောင်း သူတို့ဆီကို တရားဝင် အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 15 Oct 2012 07:09 PM PDT
မြန်မာနိုင်ငံ အတွင်းမှာ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး တွေ ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန် လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် (OIC) ရုံးဖွင့်မဲ့ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်မြို့အပြင် တခြားမြို့တွေမှာ ဆန္ဒ ထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment