Tuesday, October 16, 2012

လီဆာရန်းဒေါနှင့် စကားစမြည် စိုက်ခင်း.


by ရင် နင့် အောင် on Monday, October 15, 2012 at 10:09pm ·


တခြားတခြားသော စကြ၀ဠာများဟာ
ခင်ဗျားတို့ကျုပ်တို့ရဲ့ လက်မအနည်းငယ်အတွင်းမှာ
ရှိခဲ့သလား လီဆာရန်းဒေါ............

ငါတို့ ပြိုပျက်ခဲ့သမျှ.. အမှုန်ဖြစ်စဉ်တွေရဲ့ အလင်းအလျဉ်
ဟင်းလင်းပြင်ရဲ့ ဒိုင်မင်းရှင်းများကြား.. ငါတို့ဟာ
သဘာဝအမှန်တရားရဲ့ မဟာ ပေါက်ကွဲမှု Big Bang တွေလား လီဆာရန်းဒေါ ..
ပြိုပျက် စကြာဝဠာလမ်းကူးများ စာအုပ်ကို ပိတ်လိုက်ပါ
ကြိုးမျှင် သီအိုရီဟာ အရာအားလုံးရဲ့ သီအိုရီပဲ ..
ငါတို့ရဲ့ အပို ဒိုင်မင်းရှင်းတွေကြား ငါတို့ကိုယ်တိုင် မေ့လျော့နေတဲ့
အချိန်အပိုတွေကို ဖြန့်ကျဲစိုက်ပျိုးပစ်ခဲ့သလား လီဆာရန်းဒေါ
ဒါဟာ ငါတို့အားလုံးရဲ့ မသိချင်ဆုံး မေးခွန်းတွေပဲ
ဟင်းလင်းပြင်ရဲ့ အချိန်အစုအထုံးတွေ ပေါက်ကွဲ
ငါတို့အားလုံး လွဲနေကြတာက ခင်ဗျားပြောနေတဲ့ M သီအိုရီ မဟုတ်ဘူး
ငါတို့ဝယ် ... OIC ကိစ္စရှိတယ်
ငါတို့ဝယ် ငါတို့ရဲ့ အညံ့တရား ကာကွယ်မှု သီအိုရီရှိတယ်
ငါတို့ဝယ် ဒီမိုကရေစီ အသွေးအသားနဲ့ ကိုယ့်စည်းသူ့စည်း ရောနှောမှုသံသရာရှိတယ်
လီဆာရန်းဒေါ .. ခင်ဗျားဟာ ဖိုတွန်တွေနဲ့ နယူထရီနိုတွေ ရဲ့ ခရီးသွားဟန်ကို လွဲစေခဲ့
အလင်းထက် သုညဒဿမ သုည သုည နှစ်ငါးရာခိုင်နှုန်း ပိုမြန်စေခဲ့
ခင်ဗျားဟာ ဟင်းလင်းပြင် ဓါတ်ခွဲခန်းတစ်ခုထဲ အလင်နှစ်တွေကို တွက်ချက်နေချိန်
ငါတို့မယ် ... ပြက္ခဒိန်သေးသေးလေးထဲ ... စကားလုံး စာလုံး သေးသေးလေးထဲ ...
စိတ်ကူး သင်္ကေတ သေးသေးလေးထဲ ... အိုးအိမ်သေးသေးလေးထဲ ...
ထမင်းပန်းကန်ပြားသေးသေးလေးထဲ .. ငါတို့လိုအပ်ချက်တွေ စိုက်ပျိုးမပြီးသေးကြဘူး
အလင်းကို ငြင်းဖို့ ခင်ဗျား သက်သေတွေ မျိုးစေ့ကျဲလိုက်ပါ လီဆာရန်းဒေါ
ချီကာဂိုရဲ့ ဖာမီဓာတ်ခွဲခန်းထဲက အမှုန်အရှိန်မြင့်စက်ထဲ
ငါတို့ အကြောက်တရားတွေကို ထည့်သွင်းအတည်ပြုကြည့်ပါ လီဆာရန်းဒေါ
အလင်းထက်မြန်တဲ့အရှိန်တွေဟာ အချိန်တွေကို နောက်ပြန်မဆုတ်ကြောင်း
အိုင်းစတိုင်းကို ငြင်းဆိုကြည့်ဖို့ ငါတို့မယ် လုံလောက်တဲ့ စကားလုံးတွေ မပွင့်သေး
လီဆာရန်းဒေါ ခင်ဗျား စိုက်ပျိုးကြည့်ပါ
မြေကြီးပေါ်က သံမှိုလေးကို သံလိုက်ငယ်တစ်ခုနဲ့ စွဲမ နိုင်ရင်
ကမ္ဘာကြီးရဲ့ ဒြပ်စွဲအားက သံလိုက်ငယ်ကို ဘာကြောင့် မငြင်းဆန်နိုင်ရလဲ။
လီဆာရန်းဒေါ ခင်ဗျား လွဲမှားပေးပါ
အတိမ်အနက်ကင်းတဲ့ လက်ကျန် ဒိုင်မင်းရှင်းတွေထဲ ...........


ရင်နင့်အောင်
---------------------------------------------------------------------------
ကမ္ဘာ့ ပထမဆုံး စကြာဝဠာဗေဒ ပညာရှင် (သို့မဟုတ်) လီဆာရန်းဒေါ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...