Saturday, October 13, 2012

ဒါနရှင်တို့၏ ပေါင်းကူးရာ


by Kyaw Thu on Saturday, October 13, 2012 at 7:30am ·

 

 ၁၁.၁ဝ.၂ဝ၁၂ ရက်နေ့ နေ့လည် (၂း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံမှ အရေးပေါ်လိုအပ်နေသည့် ဆေးရုံကြီး၏ အအေး ခန်းဋ္ဌာနတွင် အသုံးပြုရန်အတွက် Mitsubishi အမျိုးအစား လေအေးပေးစက်တစ်လုံး (တန်ဖိုး ၆၁၈ဝဝဝိ/- ခြောက်သိန်းတစ်သောင်းရှစ်ထောင်ကျပ်)နှင့် ဆေးဝါးပစ္စည်းမျိုးစုံ (တန်ဖိုး ၃၇၅ဝဝိ/- သုံးသောင်းခုနှစ် ထောင့်ငါးရာကျပ်) တို့အား သွားရောက်လှူဒါန်းပေးအပ်ခဲ့သည်။


          လှူဒါန်းမှုများအတွက် စံပြဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်း၊ သူနာပြုဆရာမကြီးနှင့် ဆေးရုံတာဝန်ရှိသူများတို့မှ လက်ခံခဲ့ကြပြီး ဒေါက်တာ ဇော်ထွန်းမှ ဆေးရုံ၌ ဆင်းရဲနွမ်းပါး လူနာများလည်း တက်ရောက်၍ ကုသနေကြသည့်အတွက် မည်သူမဆို လှူဒါန်းမှုများရှိပါက လက်ကမ်းကြိုဆိုနေပါကြောင်း ပြောကြားခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယခင်အချိန်များတွင်လည်း သင်္ဃန်းကျွန်းမြို့နယ် စံပြ ဆေးရုံကြီးအတွက် လိုအပ်သည့် ဆေးရုံသုံးကုတင်များ၊ ဆရာဝန်သုံးနားကြပ်များ၊ အောက်ဆီဂျင်အိုးများ၊ လက်တွန်းလှည်းများလည်း လှူဒါန်းပေးအပ်ခဲ့ဖူးသည်။

          အများပြည်သူတို့၏ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးလျှက်ရှိသည့် ပြည်သူ့ဆေးရုံအချို့ များသို့ ဆေးကူညီမှုအဖြစ်၎င်း၊ ဆေးကုခန်းများနှင့် ဆေးပေးခန်းများသို့ ဆေးဝါးပစ္စည်းများ ထောက်ပံ့မှု အဖြစ်၎င်း အစရှိသည့် လိုအပ်မှုအစုစုများအတွက် ကူညီထောက်ပံ့မှုများအား ၂ဝဝ၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှစ၍ ယနေ့အချိန်ထိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင်များတို့၏ ယုံကြည်စွာ လှူဒါန်း ခဲ့ကြသည့် လှူဒါန်းငွေများအား လိုအပ်သည့်နေရာများသို့ စနစ်ကျစွာဖြင့် ပေါင်းကူးတံတားသဖွယ် ကောင်းမှုကုသိုလ်ပွားများစေရန် ကူညီဆောင်ရွက်လျှက်ရှိပါသည်။









0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...