ကံစမ်းလိုလျှင် 2014 DV
by Naung Taw Lay on Saturday, October 13, 2012 at 3:52am ·
အမေရိကန် နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာ ကံစမ်းမဲ အစီအစဉ်ခေတ်စားနေတာ ကြာပါပြီ ။ ကျွန်တော်ကိုယ်တိုင်လည်း အွန်လိုင်းကနေပဲ လျှောက်ထားကြည့်တာ (၄) နှစ်လောက်ရှိပါပြီ။ တစ်ခါမှတော့ ကံမထူးသေးပါဘူး ။ ၂၀၁၄ အတွက်လည်း လျှောက်ထားပြီးပြန်ပါပြီ ။
အဲဒီတော့ သူငယ်ချင်းတွေအနေနဲ့လည်း အလကားနေအလကား ကံစမ်းကြည့်ပါလားလို့ တိုက်တွန်းရင်း အွန်လိုင်းကနေပဲ ကိုယ်တိုင်လျှောက်ထားလို့ ရမယ့် Link လေးတွေကို ထည့်ပေးလိုက်ပါတယ်။ အယုံအကြည်မရှိတာ ရှိတာတော့ တစ်ပိုင်းပေါ့နော် ။ သွားရပါမယ်လို့လည်း ဘယ်အာမခံလို့ ရပါ့မလဲ ။ သွားခွင့်ရတဲ့သူတွေ ရှိတယ် ဆိုတာတော့ ကြားဖူး နားဝါ ရှိပါတယ်။
အောက်ပါ လင့်ကို ၀င်လိုက်ပါ
အောက်ပါ ပုံကျလာပါလိမ့်မယ် ( page ပေါ့နော်)
အဲဒီအထဲကမှ Instruction တွေကို ဖတ်ကြည့်ချင်သေးသပဆိုလည်း သွားဖတ်ပါ ။ Form ဖြည့်မယ်လို့ စိတ်ကူးရင်တော့ Begin Entry (ဒီလင့် မှာ ရမရ နှိပ်ကြည့် https://www.dvlottery.state.gov/application.aspx
Form မှာဖြည့်ရမယ့် ဟာတွေကို မှန်မှန်ကန်ကန်ဖြည့်ပေါ့နော်
ဓာတ်ပုံထည့်တဲ့နေရာမှာတော့ သူက သတ်မှတ်ထားတဲ့အချိုးအစား ရှိပါတယ် ။
600 Px x 600 Px တဲ့နော် Resolution 72 နဲ့ပဲ ထားပြိး ကျွန်တော်တင်ပေးလိုက်တာ လက်ခံပါတယ်။
ဖောင်ဖြည့်ပြီး Entry လုပ်လိုက်တဲ့ အချိန်မှာ
နောက်တစ်ဆင့်ကို သွားဖို့ ပြောလိမ့်မယ် Cancel လား Continue လား (၃)ရွေးရလိမ့်မယ်ထင်တယ် ။ Continue ဆက်နှိပ်လိုက်ရင် ဖောင်ဖြည့်ထားတာလည်း မှန်မယ်ဆိုရင် Success! ဆိုပြီးတော့မှ ကိုယ်ထည့်ထားတည့် နာမည် Entrant Name , Confirmation Number ကိုပြန်ပေးလိမ့်မယ်။ နောက်ပြီးတော့ Year Of Birth ပေါ့ဗျာ ။ အဲဒီနောက်ဆုံးမှာမှ Digital Signature တွေပေးလိမ့်မယ် ။
Print ထုတ်ချင်လည်း ထုတ်ထားပေါ့နော် . . . . ဆိုင်တွေမှာ လွယ်လင့်တကူပဲ သွားလုပ်ချင်တယ်ဆိုလည်း ၁၅၀၀ သာ ကုန်ကျပါမည် ။
ကံစမ်းလိုသူများအတွက်သာ .................... :P
0 comments:
Post a Comment